All BANK Information
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from All BANK Information, Public Figure, Yangon.
13/04/2026
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ငွေသားထုတ်ယူနိုင်မည့် uab ATM များ
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် (ဧပြီ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ) uab ဘဏ်ခွဲတွေ ခေတ္တပိတ်ထားမှာဖြစ်ပေမယ့် Customers များရဲ့ ငွေသားဝန်ဆောင်မှုအတွက် uab ATM က 24/7 အမြဲအသင့်ရှိနေပါတယ်။✨
ပိတ်ရက်များအတွင်း uab ATM, CRM နဲ့ 24/7 digital ဘဏ်ဝန်ဆောင်မှုများဖြစ်တဲ့ uab online, uabpay နဲ့ uabpay+ များကိုလည်း ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။
uab ATM တွေမှာဆိုရင် uab bank ရဲ့ Card တွေသာမက၊ အခြားဘဏ်တွေရဲ့ Debit/Credit Card တွေနဲ့ပါ ငွေသားကို လွယ်လွယ်ကူကူ ထုတ်ယူနိုင်တဲ့အပြင် uab bank card မေ့ကျန်ခဲ့တယ်ဆိုရင်တောင် uabpay App ထဲက Cardless Withdrawal ကိုအသုံးပြုပြီး ငွေသားအလွယ်တကူ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
📍 သင်္ကြန်ကာလအတွင်း အနီးဆုံး ATM Location တွေကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇
https://www.uab.com.mm/location/atms/
သင်္ကြန်ပိတ်ရက်များအတွင်း သိရှိလိုသည်များရှိပါက Contact Center 0 99 4000 5000 (သို့) uab page Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အားလုံးပဲ သင်္ကြန်ရက်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ✨
(English Content)
uab ATM Services During Myanmar New Year Holidays
Although uab bank branches will be temporarily closed for the Myanmar New Year holidays (April 11th to 19th), our ATMs are available 24/7 to meet your cash needs. ✨
During the holidays, uab ATM and CRM services, as well as 24/7 digital banking services including uab online, uabpay, and uabpay+, will remain available as usual.
At uab ATMs, you can easily withdraw cash using uab bank cards as well as Debit/Credit cards from other banks. Even if you forget your uab card, you can still withdraw cash effortlessly using the Cardless Withdrawal feature in the uabpay App.
📍 Find your nearest ATM location via this link:
https://www.uab.com.mm/location/atms/
For any inquiries during the holidays, please contact our Call Center at 099 4000 5000 or message the uab page.
Wishing you a very happy and peaceful Thingyan! ✨
13/04/2026
A BANK ATM
13/04/2026
08/12/2025
KBZPay နှင့် AYAPAY Wallet များ Update တွေ ပြုလုပ်ထားပါတယ်။
KBZPay ရဲ့ နောက်ဆုံး Version သည် " 5.8.4 " ဖြစ်ပါတယ်။
AYAPAY နောက်ဆုံး Version သည် " 3.3.11 " ဖြစ်ပါတယ်။
Play store ကနေ မိမိဘာသာ Application Update ပြုလုပ်နိုင်ပါတယ်။
06/12/2025
မသိတဲ့ နံပါတ်တွေက ဝင်လာတတ်တဲ့
“ကံထူးရှင်ဖြစ်ဖို့ လင့်ခ်ကို နှိပ်ပါ”
“ဆုကြေးငွေထုတ်ယူဖို့ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပါ” စတဲ့ မက်ဆေ့ချ်တွေဟာ မယုံကြည်သင့်တဲ့ လိမ်လည်မက်ဆေ့ချ်တွေပဲဖြစ်ပါတယ်။
❌❌မစဥ်းစားဘဲ အယုံလွယ်ပြီး လင့်ခ်ထဲဝင်မိတာ၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးမိလိုက်တဲ့အခါ ကြီးမားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရမှာပါ။
✅ ဒီလိုမျိုး မသိတဲ့နံပါတ်များမှ လိမ်လည်တဲ့ မက်ဆေ့ချ်တွေဝင်လာတဲ့အခါ ချက်ချင်းတုံပြန်တာမျိုးမပြုလုပ်ဘဲ သတိနဲ့ယှဥ် ပြန်စဥ်းစားကာ လိမ်လည်မှုများကို ရှောင်ရှားလိုက်ရအောင်။
#သတိနဲ့ယှဥ်ပြန်စဥ်းစား
#လိမ်လည်မှုများသတိထား
06/12/2025
ကမ္ဘောဇဘဏ်မှာ ရက် (၃၀) စာရင်းသေအကောင့်ဖွင့်ထားပြီး
“ကြာကြာစု များများယူ” အစီအစဥ်မှာ ပါဝင်မယ့် လူကြီးမင်းများအနေနဲ့ ပုံမှန်ငွေအပ်နှံချိန်မှာရွေးချယ်ထားတဲ့ရက် (၃၀) သက်တမ်းပြည့်ပြီးတဲ့အချိန်ကိုရောက်ရှိလာပြီဖြစ်လို့ နောက်ထပ် ရက် (၃၀) စီသက်တမ်းဆက်လက်တိုးသွားပါက
✦ ပထမအကြိမ် ရက် (၃၀) သက်တမ်းတိုးခြင်းအတွက်→ မူရင်းအတိုးနှုန်းအပြင် ၀.၀၅% ထပ်ဆောင်းအတိုးနှုန်းကို ရယူနိုင်မှာဖြစ်ကြောင်းသတင်းကောင်းပေးချင်ပါတယ်။
✦ ဒါ့အပြင် ဒုတိယအကြိမ် ရက် (၃၀) ထပ်မံသက်တမ်းတိုးခြင်းအတွက် → ၀.၁% ထပ်ဆောင်း နှင့် ရက်ပေါင်း (၉၀) သက်တမ်းအပြည့် စုဆောင်းနိုင်ပါက ဘဏ်မှ အပိုဆုကြေးအဖြစ် - ၀.၁% ထပ်ဆောင်း ရှိသွားမှာဖြစ်ပါတယ်။
အမြင့်ဆုံးအတိုးနှုန်း- ၉.၇၅% အထိရရှိနိုင်ဖို့နဲ့ စုဆောင်းငွေများကို လုံခြုံစိတ်ချစွာနှင့် တည်ငြိမ်စွာ တိုးပွားစေဖို့ ကြာကြာစု များများယူအစီအစဥ်မှာ အခုပဲပါဝင်လိုက်ပါ။
ယခုအစီအစဥ်ကို - စက်တင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် ၂၀၂၅ ခုနှစ်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။
အစီအစဥ်အကြောင်းပိုမိုသိရှိလိုပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်မေးမြန်းနိုင်သလို Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်နိုင်ပါတယ်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။
06/12/2025
အသက် (၆၀) နှင့်အထက်လူကြီးမင်းများအတွက် စုဆောင်းငွေလေးတွေကို အတိုးနှုန်းမှန်မှန်ရပြီး ယုံကြည်စိတ်ချစွာငွေအပ်နှံလိုတဲ့အခါ Senior Care Savings အကောင့်ဟာ အားကိုးရာပါပဲ။ ကမ္ဘောဇဘဏ်ရဲ့ Senior Care Savings အကောင့်ကို ဖွင့်ထားလိုက်မယ်ဆိုရင် အောက်ပါအထူးခံစားခွင့်တွေရရှိမှာဖြစ်သလို မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်အထိပြုလုပ်မယ့် အထူးအစီအစဥ်ကိုလည်း ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
အသက် (၆၀) နှင့်အထက်လူကြီးမင်းများ Senior Care Savings အကောင့်ကိုဖွင့်ထားတဲ့အခါ
✔️ မြင့်မားတဲ့ အတိုးနှုန်းနဲ့အတူ လူကြီးများလိုအပ်သည့်အခါတိုင်း ငွေသွင်းခြင်း သို့မဟုတ် ငွေထုတ်ယူခြင်း
✔️ လစဥ်အသုံးပြုလိုတာတွေကို သုံးနိုင်ဖို့အတွက်လစဉ်အတိုး ရရှိနိုင်ခြင်း
✔️ QMS စနစ်မှတစ်ဆင့် ဦးစားပေးဝန်ဆောင်မှုများကိုရရှိနိုင်မှာဖြစ်ပါတယ်။
အစီအစဥ်မှာ ပါဝင်ဖို့အတွက်-
✦ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများသို့ သွားရောက်ပြီး Senior Care Savings အကောင့်ဖွင့်ပါ။
✦ အကောင့်စတင်ဖွင့်ချိန်မှာ အနည်းဆုံး ၁၀၀,၀၀၀ ကျပ်ထားရှိပါ။
✦ အပ်နှံထားတဲ့ ၁၀၀,၀၀၀ ကျပ်တိုင်းအတွက် Lucky Draw ကူပွန်တစ်ခုတစ်ခုရရှိမှာဖြစ်ပြီး Customer တစ်ဦးလျှင် အများဆုံး ကူပွန် ၅၀ အထိ ရယူနိုင်မှာဖြစ်ပါတယ်။
ရရှိနိုင်မယ့်ဆုများကတော့
♥︎ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် ကံထူးရှင်များအတွက် - တန်ဖိုး ၅၀,၀၀၀ ကျပ် ရှိတဲ့ Medical Check-up Coupon တစ်စောင်ရရှိမှာဖြစ်ပြီး Strand Square တွင်လာရောက်ထုတ်ယူဖို့လိုအပ်ပါတယ်။
♥︎ ရန်ကုန်တိုင်းဒေသကြီးပြင်ပတွင်နေထိုင်သည့် ကံထူးရှင်များအတွက်- တန်ဖိုး ၅၀,၀၀၀ ကျပ် ရှိတဲ့ Nutritional Supplements ကို မိမိအကောင့်ဖွင့်ခဲ့တဲ့ ကမ္ဘောဇဘဏ်ခွဲတွင်သွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။
ကံထူးရှင်များကို လစဉ်တိုင်းရဲ့ပထမပတ်မှာ ကျပန်းရွေးချယ်ပေးမှာဖြစ်တဲ့အတွက် အတိုးနှုန်းမြင့်မားစွာခံစားနိုင်ပြီး အကျိုးအမြတ်များစွာရှိတဲ့ Senior Care Savings အကောင့်ကို အခုပဲလာရောက်ဖွင့်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။
05/12/2025
Wave အသုံးပြုသူတွေအတွက် Wave Page ကနေ ငွေလွှဲခ နှုန်းထားတွေကို ကြေညာထားတာ ဖြစ်ပါတယ်။
Wave ဆိုင်တွေမှာ ငွေလွှဲငွေထုတ်တဲ့အခါ ဆိုင်က ငွေလွှဲခနှုန်းထားပိုစတာတွေကို ကြည့်ဖို့မမေ့နဲ့နော် 🔔
Wave ဆိုင်တွေက ပိုစတာတွေမှာ မှန်ကန်တဲ့ ငွေလွှဲ၊ ငွေထုတ်ခ နှုန်းထားတွေကို မိမိလွှဲလိုတဲ့ပမာဏအလိုက် အသေးစိတ် ကြည့်ရှုနိုင်တာမို့ ⚠️ အပိုနှုန်းထားကောက်ခံမှုတွေရှိလာခဲ့ရင် သိရှိရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
WAVE ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အကူအညီရယူလိုပါက WAVE ရဲ့ Official Hotline Number ဖြစ်တဲ့ ၀၉-၇၉၀၀၀ ၉၀၀၀ ကို ဆက်သွယ် အကြောင်းကြားဖို့ တိုက်တွန်းလိုက်ပါတယ်။
#ငွေလွှဲခနှုန်းထား ွှဲခ #အေးဂျင့် ေးဂျင့်
29/10/2025
ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု
စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့တော်တော်နီးစပ်နေပြီလို့လည်း သိထားတယ်။
ခု project က ဘယ်လိုလာမလည်းဆိုတော့ 18 + ပုံစံတွေရယ်
VPN ပုံစံတွေနဲ့ လာမယ်လို့ သိထားတယ်။ ယခင် E Banking
Wave Pay KBZ Pay ပုံစံတွေ၊ ဆုမဲ လက်ဆောင် ကံစမ်းမဲပေါက်တဲ့ပုံစံတွေက တော်တော်များများက သိလာပြီး လုပ်ရကိုင်ရတာ ထင်သလောက် မရတော့ အခု project အသစ်နဲ့ scram လုပ်ဖို့ကြိုစားနေတယ်လို့ သိထားတယ်။
ဘယ်လိုပုံစံတွေ လာမလည်းဆိုရင် ဆန့်ကျင့်ဘက် s*x ကို Dummy (အသုံးချခံပစ္စည်း) အဖြစ်ထားပြီး ယောက်ျားလေးဆို မိန်းကလေး Dummy နဲ့၊ မိန်းကလေးဆို ယောက်ျားလေး Dummy နဲ့ ဗန်းပြပြီး ဉပမာ 18 + movies/side စတာမျိုးတွေကို ကြည့်ဖို့ဆွယ်တာ
18 + character ေတွပါတဲ့ Game မျိုးတွေ ဆော့ဖို့ download link ချပေးတာ ဒါမျိုးတွေနဲ့ လာလိမ့်မယ်။
နောက်တစ်ခုက VPN..မြန်မာနိုင်ငံက မဖြစ်မနေ VPN သုံးရတဲ့အတွက် VPN APK Link ကို download ဖို့ link ပေးတာမျိုးတွေ စတဲ့ပုံစံတွေနဲ့လုပ်ဖို့ ကြိုးစားနေတယ်လို့ သိထားပါတယ်။
ဒီ Project မှာ သူတို့သုံးမယ့် နည်းပညာပိုင်းက အရင်ကဟာတွေထက်မြင့်မားပြီး ပစ်မှတ်သားကောင်တွေက အဲဒီ link ကို ဝင်လိုက်တာနဲ့ အရင်လို့ မိမိတို့ရဲ့ ဖုန်းကို fully control လုပ်ဖို့ code တွေ နှစ်ဆင့် သုံးဆင့်ရဖို့ ကြိုးပမ်းနေစရာမလိုဘဲ ပထမဆုံး link ကို ဝင်ပြီးသွားတာနဲ့တင် ပစ်မှတ်ရဲ့ ဖုန်းတွေဟာ နောက်ထပ် ဘာ code မှ ရအောင်လုပ်ဖို့မလိုဘဲ ပထမအဆင့်မှာတင်ဘဲ အပြည့်အဝ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။
VPN တွေကိုလည်း ကိုယ် Download လုပ်နေကျ play store Apk downloader တွေကနေဘဲ download လုပ်ဖို့
သတိပေးချင်ပါတယ်။ ကိုယ် down နေကျ VPN ဆိုရင်တောင်ပုံစံတူပြီးကွဲလွဲမှု ရှိ/မရှိ သေချာစစ်ဖို့ သတိပေးချင်ပါတယ်။
ကျားဖြန့်တွေ အခု ကြိုးပမ်းနေတဲ့ project မှာ E banking တွေကိုတောင်အရင်လို OTP တွေ ရယူဖို့မလိုဘဲ အပြည့်အဝ အသုံးချနိုင်အောင် လုပ်နေတယ်လို့လည်း သိထားပါတယ်။ ဒီလို နည်းပညာမျိုးက နည်းနည်းမြင့်တဲ့အတွက် မဖြစ်နိုင်ပါဘူးလို့ တွေးစရာရှိပေမယ့်ကျားဖြန့်တွေဆိုတာ သာမာန် လူ့သဘောသဘာဝနဲ့ အတွေးကိုအသုံးချပြီး လုပ်နေကြတာဖြစ်တဲ့အတွက် ဒီလိုတွေးလိုက်ရင် ကျွန်တော်တို့ ခံသွားရမယ်ဆိုတာ သတိထားဖို့ပြောချင်ပါတယ်။
ဒီအချက်အလက်တွေဟာ ၉၀ ရာခိုင်နှုန်းနီးပါး ခိုင်လုံတဲ့ သတင်းအချက်အလက် ရင်းမြစ်ဆီကနေ ရထားတာမလို့ အားလုံးကို သတိထားဖို့ ထပ်ပြီး အသိပေးပါရစေ....
မှတ်ချက်။ ကျားဖြန့်တွေရဲ့ project အသစ်က အရမ်းအန္တရာယ်များတဲ့အတွက် လူများများ သိနိုင်သမျှ သိအောင် မျှဝေပေးကြဖို့ ဖြန့်ဝေပေးကြဖို့တောင်းဆိုပါတယ်.....
28/10/2025
KBZPay MMQR သုံးနေပြီလား ? ။ KBZPay ကနေတဆင့် MMQR အသုံးပြုနိုင်ဖို့ ဘာတွေလိုအပ်လည်း ဘာကြောင့်သုံးသင့်တာလည်း သုံးကြည့်မှသိလိမ့်မယ်နော် ...
- ငွေသွင်း/ငွေထုပ် ဆောင်ရွက်ချင်တယ်ဆို ဆိုင်ရှိလား
- Bank Account စာအုပ်ဖွင့်ထားတာ ရှိလား
- မိမိက နေရာစုံအောင် လှည့်လည်ရောင်းချနေတဲ့ ဈေးရောင်းနေတာလား
- အရင်းနှီးနည်းနည်းနဲ့ ဈေးဆိုင်(သို့) ရပ်ကွက်ကျေးရွာမှာ လှည့်လည်ရောင်းချနေတာလား
ဘယ်လိုဘဲ ဖြစ်နေပါစေ လူကြီးမင်းတို့က ဈေးရောင်းနေတဲ့သူ ဖြစ်နေရင် KBZPay ရဲ့ MMQR ကို သင်ပိုင်ဆိုင်နိုင်တဲ့ အခွင့်ရေးရှိနေပါပြီ ။
KBZPay MMQR ကနေ ငွေသွင်း/ငွေထုပ်ကို ပြုလုပ်မယ်ဆိုရင် သုံးကြည့်မှ သိလိမ့်မယ် ...
- အဆင်ပြေတယ်
- လွယ်ကူတယ်
- မြန်ဆန်တယ် ငွေပမာဏ များများလည်း လွှဲပြောင်းနိုင်တဲ့အပြင်
- ဘဏ်အကောင့်တွေနဲ့လည်း ချိတ်ဆက်ပြီ အသုံးပြုနိုင်တဲ့အတွက် လိုသလို အသုံးပြုနိုင်တဲ့ KBZPay MMQR ကို ပိုင်ဆိုင်သင့်တယ်နော် ....
သတိထားရမှာ ဘာတွေလည်း
- မသိတဲ့ Link တွေ မဝင်ပါနဲ့
- Viber ကနေ မဆက်သွယ်ပါ
- Facebook, Messenger ကနေ KBZ BANK,KBZPay မှ အရင်ဆုံး မဆက်သွယ်ပါ မပြောပါ ၊ ကုတ်နံပါတ် ၊ Password ၊ ကိုယ်ရေးအချက်လက် မတောင်းပါ။
- ကိုယ်ရေးအချက်လက်တွေ မပြောပါနဲ့
- KBZPay ကနေ ပို့လိုက်တယ် အဆင့်မြင့်ဖို့ Code နံပါတ် တခါသုံးနံပါတ် တောင်းခံခြင်း ( ဥပမာ - [KBZPay] သင်၏ SMS ကုဒ်မှာ 028551 ဖြစ်ပါသည်။မိမိ KBZPay အကောင့်လုံခြုံမှုရှိစေရန်နှင့် လိမ်လည်မှုများမှ ကာကွယ်ရန် ဤ SMS ကုဒ်ကို အခြားသူများထံ အသိပေးခြင်း ) မည်သူကိုမှ မပေးရပါ။
- ဘဏ်ဝန်ထမ်း၊ KBZPay Call Center ဟန်ဆောင်ပြီ ကိုယ်ရေးအချက်လက်နဲ့ Password , PIN နံပါတ် တောင်းခံခြင်းများ မရှိပါ မည်သူကိုမှ မမျှဝေရပါ။
လူကြီးမင်းတို့ ဖုန်းထဲတွင် မှတ်သားထားရမည့် ဖုန်းနံပါတ်ကို ပုံမှာ ပြထားပါတယ် Post ကို မြင်တာနဲ့ တခါတည်း မှတ်ထားလိုက်ပါ။
တခြားဖုန်းနံပါတ်တွေသည် KBZ BANK, KBZPay က ဆက်သွယ်တဲ့ ဖုန်းများ မဟုတ်ပါ။ တခြားသူတွေကို Share ပြုလုပ်ခြင်းဖြင့် ကူညီပါ။ မိမိ မိသားစုတွေကိုလည်း ပြောပြပြီ ဖုန်းထဲမှာ တခါတည်း Contact မှာ ထည့်ထားပေးဖို့ တိုက်တွန်းချင်ပါတယ် ...
KBZ BANK မှာဝန်ဆောင်မှုယူရာတွင် အချိန်စောင့်စရာမလိုဘဲ ကြိုတင် Booking ရယူထားလို့ရနေပါပြီ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘဏ်ခွဲမှာ ဝန်ဆောင်မှုကို ရယူမယ်လို့ လုပ်ထားရင် လူကြီးမင်းရဲ့ ကိုယ်ပိုင် KBZPay Application ဖွင့်ပြီးတော့ Booking လုပ်ထားလိုက်ပါ။
KBZPay အသုံးပြုတဲ့ Phone Message ကိုဝင်တဲ့ SMS ကို ဘဏ်ခွဲပြလိုက်တာနဲ့ လူဘယ်လောက်ဘဲများများ အချိန်ကုန်သက်သာပြီးျတာ့ ဝန်တောင်မှုကို အမြန်ဆုဲးရရှိနိုင်မှာ ဖြစ်ပါတယ်။ Booking တင်တဲ့ ဘဏ်ခွဲနဲ ရောက်ရှိနေတဲ့ ဘဏ်ခွဲက တူညီနေဖို့တော့ လိုအပ်ပါတယ်။
နေ့ချင်း Booking တင်ချင်လည်းရပါတယ်။ KBZPay Application ဖွင့်ပြီး နေ့ချင်း အချိန်ကို ကြိုတင်ပြီးတော့ ရယူနိုင်ပါတယ်။
KBZPay ရဲ့ Online Booking ကို သုံးတဲ့သူတွေနဲ့ ဒီPost တွေမှ သုံးကြည့်တဲ့အခါ ရရှိတဲ့ အတွေ့ကြုံတွေကိုလည်း Comment မှာ ရေးသွားနိုင်ပါတယ်။
Click here to claim your Sponsored Listing.