Set Hlay Gyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Set Hlay Gyi, Kyaiklat.
11/12/2024
30/03/2024
ဝင်ကြည့်ရန် ဒိလင့်ကိနှိပ်ပါ 👇👇👇👇
https://youtu.be/Roue7vT6n3g
07/03/2024
06/02/2024
YAMAHA နော်ဇယ်/HONDAနော်ဇယ်မျိုးစုံရပါပီ
09440399627
02/01/2024
** စက်ဆရာဆိုတာ **
-စက်ဆရာဘဝတွေဟာလည်း ထင်သလောက်မလွယ်ကူတဲ့အပိုင်းတွေ အများကြီးပါပဲ
-တစ်ခါတစ်လေ အစ်ကိုရေ တိုင်ပင်ချိန်းလေးလဲထားလိုက်ပါဦး ဆိုပြီးထားခဲ့တယ်
သံလိုက်တုံးချွတ်မရလို့ တစ်နေကုန်ဒစ်လည် ရသွားတော့ တိုင်ပင်ချိန်းလဲ ပြန်တပ်ပေးပြီး
-ဖုန်းလှမ်းဆက် ရပြီညီရေ ဘီးလာယူပေါ့ တစ်နေကုန်ဒစ်လည်သွားတာသူတို့မသိ
- Carburator လေးဆေးဖို့တောင် ကာဗာနပ်ချွတ်မရလို့ အများကြီး အချိန်ပေးရတာ
-ကျွတ်လဲဖို့တောင် ဝင်ရိုးချွတ်မရလို့ တိုင်ပတ်တာ စသည်ဖြင့် အများကြီး တချို့အရာတွေက လွယ်ကူပေမယ့် တိုင်ပတ်တဲ့အပိုင်းတွေဟာလည်း တစ်ပုံကြီးပါ
-ဘီးတွေ စက်တွေကြောင်ရင် လူပါကြောင်ချင်သလိုဖြစ် ထမင်းငတ်ခံပြီးချ ညဘက်တွေတောင်မအိပ်ရပဲ ခေါင်းခြောက်တဲ့အပိုင်းတွေဟာလည်းအများကြီးကြုံရပါတယ် သိသွားတော့တာ ဒါလေးပဲဆိုပြီးလွယ်သွားတာပါ
-ပိုင်ရှင်တွေ မသိနိုင်တဲ့ ထားပေးလိုက်ရတဲ့ စေတနာတွေဟာလည်းအများကြီးပါ
စေတနာရယ် ဝါသနာရယ် အနစ်နာခံမှုရယ် ပေါင်းပြီးလုပ်နေရင်း ပျော်နေတဲ့ဘဝတွေပါ
-ခုခေတ်ကတော့ ဒီလောကထဲစဝင်လာတဲ့ညီကိုတွေဟာ ကံအရမ်းကောင်းကြပါတယ်
ယူတတ်ရင် ယူတတ်သလောက် ပညာတွေရနိုင်မယ့် Social Platform တွေအများကြီးပါ
-အတွေ့ကြုံတွေကိုလည်းလက်ဆင့်ကမ်းယူလို့ရနိုင်ပါတယ် ဆရာတစ်ယောက်က ၅နှစ်လောက်အတွေ့ကြုံကိုစာရေးလိုက်တယ်
-လေ့လာစ ညီကိုတွေက ဖတ်လိုက်တယ် ၅နှစ်လောက်ရှာမှ ရမယ့်အတွေ့ကြုံတစ်ခု အတွေးခေါ်တစ်ခု ရသွားတယ်ပေါ့
-လေ့လာလို့ မဆုံးနိုင်တဲ့ပညာတွေအတွက် လေ့လာသင်ယူလိုက် ပြန်လည်မျှဝေလိုက်နဲ့ပဲ ရှေ့ဆက်နေရဦးမှာပါပဲ
Online class GP အကြောင်း Comment ကLinkမှာဖတ်ကြည့်လို့ရပါတယ်။
** Khant Hmhwe Swe **
02/01/2024
** ဆိုင်ကယ် နဲ့ စက်ပစ္စည်း **
-ဆိုင်ကယ်နဲ့စက်ပစ္စည်း အကြောင်းတွေကိုဘယ်လိုသူတွေ လေ့လာသင့်လဲ? ဘယ်လောက်ထိလေ့လာသင့်လဲ?
-ဘယ်လိုသူတွေ လေ့လာသင့်လဲဆိုရင်
-ဆိုင်ကယ်ပြင်ဆရာတွေလုပ်ကြမယ့်
သူတွေကတော့ အဓိကပေါ့
-စက်ပစ္စည်းကို အပိုပစ္စည်းရောင်းချင်တဲ့သူတွေ
-စက်ပစ္စည်းတွေနဲ့ ဆက်နွယ်တဲ့အသက်မွေးဝမ်းကြောင်း တစ်ခုခုလုပ်ကိုင်ချင်သူတွေ
-ဝါသနာကြောင့် ကိုယ့်ဘီးကြောင်း ကိုယ်သိအောင် မပြင်တတ်ရင်တောင် ဘာဖြစ်နေတယ်ဆိုတာသိအောင်လေ့လာချင်သူတွေ
လေ့လာသင့်ပါတယ် ပညာတွေဆိုတာ လေ့လာထားရင် အကျိုးရှိတာတွေချည်းပါပဲ
** ဘယ်လောက်ထိ လေ့လာသင့်လဲ **
-အလုံးစုံသိသွားမှ အဆင်ပြေမှာမဟုတ်ပါဘူး သိရင်တော့ ကောင်းတာပေါ့ဗျာ
-ကိုယ်က တရုတ်ဘီးလောက်ပဲ ပြင်မယ်ဆို တရုတ်ဘီးကိုသေချာသိရင်ရပြီ
-ယိုးဒယားဘီးလေးတွေ Efiတွေထိပဲပြင်မယ်ဆို အဲ့လောက်ထိသိရင်ရပြီပေါ့
-မဆုံးနိုင်တဲ့ပညာတွေအတွက် စိတ်ဓါတ်ကျစရာတော့ မလိုဘူးဗျ ဖြည်းဖြည်းဆက်လေ့လာပေါ့
-နောက်တစ်ဆင့်က ဆရာဖြစ်သိတာနဲ့ ပြင်နိုင်ရုံသိတာတွေလည်းရှိပါတယ် ကိုယ်ကပြင်မယ်ဆို ပြင်နိုင်ရုံသိရင် အိုကေတာပဲမလား
-ကျန်တဲ့အပိုင်းတွေကတော့ ဆက်ပြီး လေ့လာသင်ယူရမှာပေါ့ အဓိကပြောချင်တာကစိတ်ဓါတ်မကျဖို့ပါ တစ်ဆင့်ဆီသွားဖို့ပါ အောင်မြင်မှုကို သေးသေးလေးတွေကစပြီး တည်ဆောက်ဖို့ပါ
-လက်ရှိမှာလည်း ကျွန်တော် ရိုးရိုးဘီးတွေအတွက် Online class GP တွေလုပ်ထားပါတယ် အတတ်နိုင်ဆုံးလည်း ဆရာစား မချန်ပြောပြထားတယ်
-ဒါပေမယ့် ကျွန်တော်ပေးတဲ့ ပညာတွေက ညီကိုတို့ဘဝအတွက် လုံလောက်ချင်မှ လုံလောက်မယ် ဒါပေမယ့် လုံလောက်အောင်ဆက်ပြီးလေ့လာဖို့အတွက် အမြင်တွေကျယ်သွားအောင် Guide line ပေးတာပါ အမြင်ကျယ်သွားရင် တစ်ဘဝလုံးအတွက်လုံလောက်ပါပြီ
--ကျွန်တော်ကောင်းတာတွေ ဘာတွေလုပ်လုပ် ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူရှိမယ် တိုက်ခိုက်တဲ့သူက သပ်သပ်ကိုရှိမယ်
-ဒါကြောင့် စိတ်တူကိုယ်တူ ညီကိုတွေနဲ့ လက်တွဲပြီး အတတ်နိုင်ဆုံး ကြိုးစားပါဦးမယ်
-Gpအကြောင်းကို Comment ကLink မှာဖတ်ပြီး ဝင်ရောက်လေ့လာလို့ရပါတယ်ဗျ။
** Khant Hmhwe Swe **
Click here to claim your Sponsored Listing.