Busy Kidz

Busy Kidz

Share

Play is our brain's favorite way of learning.

24/05/2026

Diaper လွတ်အောင် လေ့ကျင့်မယ် 🚽


#ကလေးပြုစုပျိုးထောင်ခြင်းအနုပညာ
#ကလေးစာအုပ်
#ကတ္ထူစာအုပ်


I do not own the audio/music in this video. All credit goes to the rightful owners.

24/05/2026

🔮

“ငါဆူမိလိုက်ပြန်ပြီ၊ အော်မိလိုက်ပြန်ပြီ” ဆိုပြီး အပြစ်ရှိသလို ခံစားနေရရင် ဘယ်လိုဆက်လုပ်မလဲ… 😔

ကျွန်မတို့ မေမေအများစုအတွက် အခက်ခဲဆုံးအချိန်က "ဒီနေ့တော့ ငါမအော်တော့ဘူး"၊ "အေးဆေးပြောဖို့ ကြိုးစားမယ်" လို့ စိတ်ကူးထားလျက်နဲ့ တကယ်တမ်းမှာ အော်မိသွားတဲ့ အချိန်ပါပဲ။

ဆူမိအော်မိပြီးလို့ စိတ်ဆိုးပြေသွားတဲ့အခါ... ကိုယ့်ကြောင့် ကလေးရဲ့ရင်ထဲမှာ ဟာခနဲ၊ လန့်ခနဲ ဖြစ်သွားပြီး စိတ်ဒဏ်ရာများရသွားလားဆိုပြီးစိတ်ပူကြတာ ကျွန်တော်တို့ မေမေတိုင်းပါပဲ။

Rupture & Repair Cycle Research အရ ကလေးတစ်ယောက်ရဲ့ စိတ်လုံခြုံမှုကို ပုံဖော်ပေးတာဟာ "ဖြစ်သွားခဲ့တဲ့ ဆူမိအော်မိတဲ့ ပြဿနာ" ကြောင့် မဟုတ်ပါဘူး။ အဲ့ဒီပြဿနာ ပြီးသွားတဲ့အခါ "မိဘက ဘယ်လိုပြန်ပြီး အဆင်ပြေအောင် ပြုပြင်လဲ" ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်နေတာပါ။

ကလေးငယ်တွေကို ရိုးရိုး "Sorry" လို့ပဲ ပြောလိုက်တာက လူကြီးအချင်းချင်း ပြောသလောက် ထိရောက်မှု မရှိပါဘူး။ သူတို့လေးတွေက ရှည်ရှည်ဝေးဝေး ရှင်းပြတာထက် မိဘရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ထိတွေ့မှု၊ ပွတ်သပ်မှုနဲ့ ဘေးမှာ ရှိနေပေးမှုကို ပိုပြီး လိုအပ်တာပါ။

ဒါကြောင့် အော်မိ၊ ဆူမိ၊ ငေါက်မိပြီးတဲ့အခါ ရိုးရိုး Sorry တစ်လုံးတည်းနဲ့ မပြီးစေဘဲ

၁။ ဖြစ်ပျက်ခဲ့တာကို အသိအမှတ်ပြုပါ 🗣️
"မေမေ စောစောက အသံကျယ်ကျယ်နဲ့ ပြောမိသွားတယ်။ ဒါက သမီးလေး/သားသားအတွက် ကြောက်စရာကောင်းသွားတယ်ဆိုတာ မေမေနားလည်ပါတယ်နော်။"

၂။ နွေးထွေးတဲ့ အထိအတွေ့ကို သုံးပါ 🫂
ကလေးရဲ့ နီးနီးကပ်ကပ်မှာ ရှိပေးပါ။ တင်းတင်းလေး ပွေ့ဖက်ပေးပါ။ တကယ်လို့ ကလေးက စိတ်ကောက်ပြီး ပွေ့ဖက်မခံဘူးဆိုရင်တောင် ဘေးနားမှာ အေးအေးဆေးဆေးလေး ထိုင်နေပေးပါ။

၃။ စိတ်လုံခြုံမှု ခံစားချက်ကို ပေးပါ 🤍
"မေမေ သမီးကို/သားကို အမြဲတမ်းချစ်တယ်နော်။" လို့ ပြောပေးပါ။

ဒီအရွယ်ကလေးတွေကို အလွန်အကျွံ လိုက်လံရှင်းပြနေတာ၊ ထပ်ပြီး ဆုံးမနေတာထက်... မိဘကိုယ်တိုင်ရဲ့ အာရုံကြောစနစ်က တည်ငြိမ်အေးချမ်းနေဖို့ကသာ ကလေးတွေအတွက် အကြီးမားဆုံး စိတ်လုံခြုံမှုကို ရရှိစေတာ ဖြစ်ပါတယ်။ 🥰

23/05/2026

#စာရေးကိရိယာ
#ကျောင်းသုံး

23/05/2026

ကျန်သေးတယ်နော် 💥

Photos from Dr Kyal Sin - Mom & Nutritionist's post 23/05/2026

သတိ ⚠️

23/05/2026

တစ်ချောင်းရှိရင် ပြည့်စုံပြီ 😍
#စာရေးကိရိယာ #ကျောင်းသုံး

22/05/2026

မီးမီးလေးတွေအတွက် 😍

#စာရေးကိရိယာ
#ကျောင်းသုံး

21/05/2026

❤️ နောက်ဆုံးအကြိမ် ဆိုတဲ့ စာလေးတစ်ပုဒ်ဖတ်ပြီး ဖေဖေမေမေတို့ကို မျှဝေပေးချင်စိတ် ဖြစ်လာလို့ပါ။

🤦🏻‍♀️ အိမ်မှာ လူခွဲမရှိဘဲ ကလေးကိုယ်တိုင်ထိန်းရတဲ့ ဖေဖေမေမေတို့မှာ စိတ်ဖိစီးမှုဆိုတာ ရှိကိုရှိပါတယ်။ လူသားသဘာ၀မို့ အော်ဟစ်ညည်းညူမိတာရှိမယ်။ တခါတလေ လက်ပါမိတာ၊ အမှားလုပ်မိပြီး နောင်တရတာမျိုးတွေလည်း နေ့စဉ်ကြုံ‌တွေ့နေရမှာပါ။

💁🏻‍♀️ ဒီစာလေးက အဲ့ဒီလိုခံစားနေရတဲ့ ဘ၀တူ
ဖေဖေမေမေတို့ကို မလုပ်ခင် စိတ်လေးလျှော့ သတိကပ်နိုင်ဖို့ရယ် တခါတလေ စိတ်မထိန်းနိုင်လို့ လုပ်ခဲ့မိရင်ဝောာင် ကလေးကိုတောင်းပန်ပြီး အားတင်းကျော်ဖြတ်သွားနိုင်ဖို့အတွက်ရယ် ရည်ရွယ်ပါတယ်။

👩‍❤️‍👨 ဖေဖေမေမေဆိုတဲ့ ခေါင်းစဉ် အောက်ကနေ နေ့စဉ် သားသားမီးမီးတို့ကို ပြုစုပျိုးထောင်ကြတဲ့အခါ ပျော်ရွှင်ကြည်နူးစရာ၊ စိုးရိမ်ထိတ်လန့်စရာ အခိုက်အတန့် မျိုးစုံကို ကြုံတွေ့ နေရမြဲပါ။ အဲ့ဒီထဲကမှ ဖေဖေမေမေနဲ့ သားသားမီးမီးတို့ရဲ့ အနက်ရှိုင်းဆုံး မှတ်ဉာဏ်ထဲအထိ ပျော်ရွှင်ကြည်နူးစေတဲ့ ...

🍃 ကလေးအနံ့လေး ရှူရှိုက်ခွင့်ရချိန်
👩‍🍼 နို့တိုက်ကျွေး ရချိန်
🩲 Diaper လဲ ပေးရချိန်
🥣 ကလေးထမင်းခွံ့ချိန်
🤱 ကလေးချီပြီး ချော့သိပ်ချိန်
🪇 ဖေဖေ မေမေနဲ့အတူ ကစားချိန်
🦼 Stroller ထဲထည့် တွန်းပေးချိန်
🫂 ကလေးနဲ့အတူ ဖက်အိပ်ချိန်
📖 အိပ်ရာ၀င် ပုံပြင်ဖတ်ပြချိန်
🛁 ရေချိုးပေးချိန်
💩 အီအီးဆေးပေးချိန်

စတဲ့ နေ့စဉ် ထပ်ခါထပ်ခါ လုပ်ပေးရတဲ့ အမှတ်တမဲ့အရာတွေ အားလုံးကို လုပ်ခွင့်ကြုံကြိုက်တုန်းလေး တန်ဖိုးထား လုပ်ပေးခဲ့ပါလို့ သတိပေးပါရစေ။

📅 ဘာ့ကြောင့်လဲဆို ကလေးတွေနဲ့ အတူရှိချိန်ဆိုတာမွေးကင်းစရက်တွေမှာသာ အရမ်းကြာတယ်လို့ ခံစားရစေတာ။ နောက်ပိုင်းမှာ အချိန်တွေ အရမ်းကို မြန်လာပါလိမ့်မယ်။ ကိုယ်မသိလိုက်ချိန်မှာ သူတို့ဖွံ့ဖြိုးမှုတွေက တစ်ရက်ပြီး တစ်ရက် ပြောင်းလဲတိုးတက် လာတာမျိုးပါ။ ဒီနေ့မထိုင်တတ်သေးတဲ့ ကလေးတစ်ယောက်ဟာ နောက်နေ့မှာ ထိုင်တတ်သွားတဲ့ အလားတူ ဖြစ်စဉ်မျိုးတွေကို အရှေ့မှာ အံ့ဩစွာ တွေ့မြင်ရအုံးမှာပါ။

⏳ကလေးတွေ ကြီးလာလေလေ ဖေဖေမေမေတို့ လုပ်ပေးခွင့်ရတဲ့အချိန် ပိုနည်းသွားလေလေ ဆိုတာကို သတိလေး ကပ်ထားစေချင်ပါတယ်။ ဖေဖေမေမေတို့ ဒီလို လုပ်ပေးခွင့်ရတဲ့ နောက်ဆုံးအကြိမ်ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်မှာ ရောက်လာမလဲ ကြိုမသိနိုင်ပါဘူး။ မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်း ဖေဖေမေမေတို့ အဆင်သင့်မဖြစ်ခင်မှာ လုပ်ခွင့်မရတော့ဘဲ ရပ်ပေးလိုက်ရတာမျိုးပါ။

💔 ကလေး‌တွေအရွယ် ရောက်လာတာနဲ့အမျှ သူ့အလိုလို အရာရာတိုင်းကို ကိုယ်တိုင် စူးစမ်းလုပ်ကြည့်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ကိုယ့်အနားက တဖြည်းဖြည်း ထွက်ခွာသွားပါလိမ့်မယ်။ အဲ့ဒီအချိန်ကြမှ နောင်တရတဲ့ ခံစားချက်မျိုးထက် လုပ်ပေးခွင့်ရတုန်းမှာ မိဘက အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးပြီ။ ကလေးအတွက် အချိန်ပေးခဲ့ရလို့ ကျေနပ်တယ်ဆိုတဲ့ ကြည်နူးလွမ်းဆွတ်တဲ့ ခံစားချက်လေး ဖြစ်စေဖို့အတွက် အခုချိန်မှာ အားတင်းထားကြပါလို့ တိုက်တွန်းပါရစေ....

ချစ်တဲ့
မင်မင်
Busy Kidz

#ဗဟုသုတစာပေ #ကလေးပြုစုပျိုးထောင်ခြင်းအနုပညာ #ကလေးများအတွက်

18/05/2026

မေမေတို့ ကျန်းမာဖို့အတွက် ❤️

👩‍⚕️ ဒီနေ့ Sunday Tips အနေနဲ့ ကျွန်မတို့လို အရွယ်ရောက်ပြီး လူကြီး ၁ ယောက်ရဲ့ အရပ်အလိုက် ရှိသင့်တဲ့ BMI (Body Mass Index) နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ပမာဏလေးတွေ မိမိကိုယ်တိုင် ဆန်းစစ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်ရှင်…

BMI ဆိုတာ Body Mass Index လို့ခေါ်ပြီး လွယ်ကူတဲ့ ပုံသေနည်းနဲ့ တွက်ကြည့်လို့ ရပါတယ်။

မိမိရဲ့ BMI ကို သိခြင်းအားဖြင့်
👉 မိမိ ဝ နေလား
👉 ပိန်နေလား
👉 အနေတော်ပဲလား သိနိုင်တဲ့အပြင် BMI ညွှန်းကိန်း ရလဒ်ကိုကြည့်ပြီး

မိမိမှာ ရောဂါဖြစ်နိုင်ခြေရှိမှုတွေကို ခန့်မှန်းနိုင်ပါတယ်။

လူ ၁ ဦးမှာ ရှိသင့်တဲ့ BMI ဟာ 18.5 ကနေ 25 kg/m2 ကြားမှာ ရှိသင့်ပြီး

မိမိရဲ့ BMI ဟာ 25 kg/m2 ထက်ကျော်နေပြီဆို…

♦️ လေဖြတ်ခြင်း
♦️ ဆီးချို
♦️ နှလုံး
♦️ သွေးတိုး
♦️ နှလုံးသွေးကြောကျဉ်း ရောဂါတွေ ဖြစ်ဖို့ များလာပါမယ်လို့ Research လေ့လာမှုတွေမှာ ဖော်ပြထားတာပါတယ်။

✡️ ရှိသင့်တဲ့ BMI အောက် ရောက်သွားလည်း မကောင်းပါဘူးရှင်။ 18.5 Kg/m2 အောက် ရောက်သွားရင်လည်း Under weight လို့ သတ်မှတ်ပြီး လိုအပ်နေတဲ့ Nutrition နဲ့ အာဟာရတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

ဒါဆို မိမိရဲ့ BMI ကို မိမိ ကိုယ်တိုင်တွက်ကြည့်ရအောင်…

ပုံသေနည်း Formula အရ ပေါင်ချိန် နဲ့ လက်မ နဲ့ တွက်မယ်ဆိုရင်

မိမိရဲ့ ပေါင်ချိန်ကို တည်ပြီး မိမိအရပ် square ( ၂ ခါ မြှောက်ခြင်း) နဲ့စား ပြီးရင် (၇၀၃) နဲ့ မြှောက်ရပါမယ်။

🍀🍀🍀

ဆိုပါစို့ ၅ ပေ ၁၀ လက်မ (၇၀ လက်မ) ပေါင် ၁၆၀ ဆိုရင်

BMI = 703 × မိမိအလေးချိန် mass (lbs) / height2 (in)

703 × 160ပေါင် / 70လက်မ x 2
= 22.96 lb/in2

ကိုယ်အလေးချိန် ကီလိုနဲ့ အရပ် cm ဆို
BMI = mass (kg)/ height2 (m)
BMI = 72.57/1.78x2 = 22.90 kg/m2

✅ ရလဒ်က 22.9 ဖြစ်လို့ ရှိသင့်တဲ့ BMI အတွင်းမှာ ရှိနေပါတယ်။

🍀🍀🍀

BMI ပြီးသွားပြီဆိုတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်လေးတွေပါ ဖေါ်ပြပေးလိုက်ပါတယ်။

** အမျိုးသမီးများ အတွက် စံသတ်မှတ်ထားသည့် ကိုယ်အလေးချိန်များ **

🌼 ၄ ပေ ၈ လက်မ
အရှိသင့်ဆုံးသော ကိုယ်အလေးချိန် - ၉၄ ပေါင်

🌼 ၄ ပေ ၉ လက်မ - ၉၇ ပေါင်

🌼 ၄ ပေ ၁၀ လက်မ - ၁၀၁ ပေါင်

🌼 ၄ ပေ ၁၁ လက်မ - ၁၀၅ ပေါင်

🌼 ၅ ပေ - ၁၀၈ ပေါင်

🌼 ၅ ပေ ၁ လက်မ - ၁၁၂ ပေါင်

🌼 ၅ ပေ ၂ လက်မ - ၁၁၆ ပေါင်

🌼 ၅ ပေ ၃ လက်မ - ၁၁၉ ပေါင်

🌼 ၅ ပေ ၄ လက်မ - ၁၂၃ ပေါင်

🌼 ၅ ပေ ၅ လက်မ - ၁၂၇ ပေါင်

🌼 ၅ ပေ ၆ လက်မ - ၁၃၀ ပေါင်

🌼 ၅ ပေ ၇ လက်မ - ၁၃၄ ပေါင်

🌼 ၅ ပေ ၈ လက်မ - ၁၃၈ ပေါင်

🌼 ၅ ပေ ၉ လက်မ - ၁၄၂ ပေါင်

🌼 ၅ ပေ ၁၀ လက်မ - ၁၄၆ ပေါင်

🌼 ၅ ပေ ၁၁ လက်မ - ၁၄၉ ပေါင်

🌼 ၆ ပေ - ၁၅၃ ပေါင်

** အမျိုးသားများအတွက် **

💎 အရပ် ၅ ပေ မှာ အရှိသင့်ဆုံး ကိုယ်အလေးချိန် - ၁၁၅ ပေါင်

💎 ၅ ပေ ၁ လက်မ - ၁၁၉ ပေါင်

💎၅ ပေ ၂ လက်မ - ၁၂၃ ပေါင်

💎 ၅ ပေ ၃ လက်မ - ၁၂၇ ပေါင်

💎 ၅ ပေ ၄ လက်မ - ၁၃၁ ပေါင်

💎 ၅ ပေ ၅ လက်မ - ၁၃၆ ပေါင်

💎 ၅ ပေ ၆ လက်မ - ၁၄၀ ပေါင်

💎 ၅ ပေ ၇ လက်မ - ၁၄၄ ပေါင်

💎 ၅ ပေ ၈ လက်မ - ၁၄၈ ပေါင်

💎 ၅ ပေ ၉ လက်မ - ၁၅၂ ပေါင်

💎 ၅ ပေ ၁၀ လက်မ - ၁၅၇ ပေါင်

💎 ၅ ပေ ၁၁ လက်မ - ၁၆၁ ပေါင်

💎 ၆ ပေ - ၁၆၅ ပေါင်

အစရှိသဖြင့် တွက်ချက်ရရှိပါတယ်ရှင်။

✅ ကိုယ်အလေးချိန် စံသတ်မှတ်ချက်များကို Robinson Formula (1983) အပေါ် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပြီး ယေဘုယျတွက်ချက်မှုများသာဖြစ်ပါတယ်။

👩‍⚕️ တစ်ယောက်ချင်းစီ၏ ကျန်းမာရေးအပေါ် မူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးလိုအပ်ချက်များကိုပါ ထည့်သွင်းစဥ်းစားချင်တယ် ဆိုရင်တော့ တတ်ကျွမ်းနားလည်သည့် ဆရာဝန် ပညာရှင်များနှင့်သာ တိုင်ပင်ဆွေးနွေးကြဖို့ အကြံပေးပါရစေရှင်...

လေးစားချစ်ခင်လျက်

ဒေါက်တာထား





#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

Telephone

Website