Aung San Pinlon Library

Aung San Pinlon Library

Share


အောင်ဆန်းပင်လုံ စာဖတ်ခန်းဟာ သင်္ကန်းကျွန်းမြို့နယ်၊ ခတ်ချီးယား မှတ်တိုင်မှာ တည်ရှိပါတယ်။ အောင်ဆန်းပင်လုံ စာကြည့်တိုက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အောင်ဆန်းပင်လုံ စာဖတ်ခန်းကို သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ နှင့် မြို့ခံလူငယ်များမှ စုပေါင်း တည်ထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ စာကြည့်တိုက်လေး၏ ရည်ရွယ်ချက်သည်

Photos from Aung San Pinlon Library's post 15/02/2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဟောပြောပေးသော ဆရာ ဇာဂနာ ၊ဆရာ နေဘုန်းလတ် ၊ ဗန်းမော်မှ အချိန်မှီပြန်လာ၍ ဟောပြောပေးရန် ကြိုးစားသော်လည်း အခက်အခဲအချို့ကြောင့် မလာရောက်နိုင်သော ဆရာ အကြည်တော် အစား လာရောက်ပြောကြားပေးသော ဆရာမ နီမိုလှိုင် နှင့်တကွ ဝိုင်းဝန်းကူညီကြသူများ အားလုံး အထူးပင်ကျေးဇူးတင်ပါသည် ။

Mobile uploads 14/02/2015

အောင်ဆန်းပင်လုံစာဖတ်ခန်းနှင့် ရွှေကိန္နရီအိမ်ရာ တို့ မှ ကြီးမှူးသော ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၄ ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက် ရွှေကိန္နရီအိမ်ရာ ၌ ကျင်းပသွားမည် ဖြစ်၍ လာရောက်ကြပါရန် ဖိတ်ခေါ်ပါသည်။
ဟောပြောမည့် စာရေးဆရာများ-
ဆရာ ဇာဂနာ
ဆရာ အကြည်တော်
ဆရာ နေဘုန်းလတ်

17/02/2013

ကာလအပိုင်းအခြားတစ်ခုမှာ အောင်ဆန်းပင်လုံဟာ အားလုံးနဲ့ ကင်းကွာသလို ဖြစ်နေခဲ့ပါတယ်... အခုတော့ စာဖတ်ခန်း လူငယ်တွေ ပြန်လည်စုစည်းမိပါပြီ... အဲဒါကြောင့် ဒီစာအုပ်ရောင်းပွဲက အစပြုပြီး အောင်ဆန်းပင်လုံရဲ့ လှုပ်ရှားမှုတွေ ပြန်လာပါပြီ... စာဖတ်ခန်းအတွက် သုတ ရသ စာအုပ်များ ၀ယ်ဖြည့်ထားသလို အပတ်စဉ် စာပေဆွေးနွေးပွဲလေးတွေကိုလဲ မတ်လကစပြီး ပုံမှန်ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်... အားလုံး ပါဝင်ပေးကြမယ်လို့လဲ မျှော်လင့်ပါတယ်။

17/02/2013

ဖေဖော်ဝါရီ ၁၇ မှာ စမယ့် ကျိုက္ကဆံဘုရားပွဲမှာ အောင်ဆန်းပင်လုံ စာဖတ်ခန်း ရံပုံငွေအဖြစ် နိုင်ငံရေး၊ လူမှုရေး၊ သုတ ရသ စာအုပ်များကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်... ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီးတို့လို ၈၈ လူငယ်များရဲ့ စာအုပ်များအပါအ၀င် ဦးဇာဂနာ၊ ကိုနေဘုန်းလတ်တို့ရဲ့ စာအုပ်များနဲ့ ငါတို့စာပေ မှ ထုတ်ဝေသော စာအုပ်များလဲ စုံစုံလင်လင် ပါရှိမှာ ဖြစ်တဲ့အတွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်... ။

MIDO | Beta   » အောင်ဆန်းပင်လုံစာကြည့်တိုက်လူငယ်များအား ကွန်ပြူတာသင်တန်းပို့ချပေးခဲ့ 02/05/2012


MIDO | Beta » အောင်ဆန်းပင်လုံစာကြည့်တိုက်လူငယ်များအား ကွန်ပြူတာသင်တန်းပို့ချပေးခဲ့

02/05/2012

အောင်ဆန်းပင်လုံ စာဖတ်ခန်း နှင့် MIDO မှ ပူးပေါင်း ဖွင့်လှစ်သော Computer basic, Internet & e-mail ပညာဒါန သင်တန်း အောင်မြင်စွာ ပြုလုပ်နိုင်ရေး အတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီကြသော သူငယ်ချင်းများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

01/05/2012

ကျေးဇူးတင်လွှာ

10/04/2012

ASPL နှင့် MIDO အဖွဲ့ ပူးပေါင်း၍ April 23 မှ April 27 အထိ ကွန်ပျူတာအခြေခံနှင့် အင်တာနက် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ နေရာက သင်္ဃန်းကျွန်း ကမ္ဘောဘဏ်ဘေးလမ်း ( Junction Zawana အနီး ) ရှိ Xtreme Internet & Gaming မှာ ဖြစ်ပြီး သင်တန်းအချိန်ကတော့ မနက် ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိပါ။ သင်တန်းသား ၁၅ ဦးသာ လက်ခံမှာ ဖြစ်ပြီး April 20 နောက်ဆုံးထား စာရင်းပေးသွင်းကြဖို့ အသိပေးလိုက်ပါတယ်။

26/03/2012

Summer holiday for Kids မစီအစဉ်အဖြစ် နွေရာသီကျောင်းပိတ်ရက် ၁၃ မှ ၁၆ နှစ်အတွင်း ကလေးတွေအတွက် ကွန်ပျုတာ အင်တာနက်သင်တန်းများကို ဖွင့်လှစ်သင်ကြားနိုင်ဖို့ စီစဉ်သွားမည်ဖြစ်ပါကြောင်း

18/03/2012

18.03.2012 (တနင်္ဂနွေ) ညနေ ၅ နာရီတွင် အောင်ဆန်းပင်လုံစာဖတ်ခန်း၌ ကော်မီတီအမာခံအဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်မည် ဖြစ်ပါသောကြောင့် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

စာပေဟောပြောပွဲ ၂ 15/01/2012
15/01/2012

ဒီကနေ့ စာဖတ်ခန်းမှာ စာပေဟောပြောပွဲလုပ်ပါမယ်။ ကိုနေဘုန်းလတ် လဲတက်ရောက်မှာြုဖစ်ပါတယ်။

Want your organization to be the top-listed Government Service in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Address

Lay Dount Kan Road
Thingangyun
11071

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00