Smart Goals Myanmar

Smart Goals Myanmar

Share

ISO Consultancy Services and Training

12/03/2024

Smart Goals Myanmar မှ မျှဝေပေးချင်တာလေးကတော့

ထိန်းချုပ်အစားအသောက်ဆိုသည်မှာ……

ထိန်းချုပ်အစားအသောက်ဆိုတာကို 1997 ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားအစားအသောက်ဉပဒေ၏ အခန်း (၁)၊ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဆိုထားပါတယ်။

“ထိန်းချုပ်အစားအသောက်ဆိုသည်မှာအာဏာပိုင်အဖွဲ့က အခါအားလျော်စွာ အမိန့်ကြောငြာစာထုတ်ပြန်၍ ထိန်းချုပ်အစားအသောက် ဟု သတ်မှတ်သော အစားအသောက်ကို ဆိုသည်” ဟု ဖော်ပြထားပါသည်။

ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာက ဘယ်အချိန်က ထုတ်ပြန်လိုက်တာလဲ သိချင်သွားမယ် ထင်ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ တွင် အောက်ပါအစားအသောက်များကို ထိန်းချုပ်အစားအသောက်အဖြစ် ထုတ်ပြန်လိုက်သည်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။

၁) အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်
၂) အမှတ်တံဆိပ်ပါ စားသုံးဆီ တို့ ဖြစ်ပါတယ်။

ထိန်းချုပ်အစားအသောက်လို့ သတ်မှတ်လိုက်ရင် ဘာတွေဖြစ်သွားမလဲ။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ FDA ထောက်ခံချက် မဖြစ်မနေ ယူရမည့် သဘောဖြစ်သွားပါတယ်။ အခြားထောက်ခံချက် ထုတ်ပေးနိုင်သော စည်ပင်၊ စက်မှု အစရှိတာတွေကလဲ FDA ရမှသာ၊ FDA ထောက်ခံချက်ပါမှသာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

အခြားသော စားသောက်ကုန်များဖြစ်ပါက FDA မလျှောက်ဘဲ အသေးစားအလက်စားစက်မှုလုပ်ငန်းဉီးစီးဌာနမှ ထုတ်ပေးသော ထောက်ခံချက် ရယူနိုင်ပါတယ်။ ဒါသည်လဲ တရားဝင်ဖြစ်ပါတယ်။

ရှင်းရှင်းနဲ့ဘွင်းဘွင်းပြောရရင် ရေသန့်လုပ်ငန်းတွေ၊ စားဆီလုပ်ငန်း (မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ စားအုန်းဆီ) တွေသည် FDA မဖြစ်မနေ လျှောက်ရတော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သောက်ရေသန့်စက်ရုံများ၊ စားသုံးဆီစက်ရုံများ အနေဖြင့် FDA မှ ထုတ်ပေးသော အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မတိုင်ခင် လျှောက်ထားရမယ်ဟု ဆိုကာ ထုတ်လုပ်သူများ လိုက်နာရန်အမိန့် ဆိုပြီး ထွက်ရှိလာပါတယ်။

ထပ်ပြီးတော့ဆိုရရင် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ထက်နောက်မကျစေဘဲ FDA မှာ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် မဖြစ်မနေ လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။ မလျှောက်ထားခဲ့ဘူး ဆိုပါက FDA မှ ဘယ်လိုအရေးယူမှု၊ ဆောင်ရွက်မှုတွေ ထွက်ရှိလာမယ်ဆိုတာ မသိနိုင်သေးပါဘူး။

အချိန်အားဖြင့်တော့ မလိုတော့ပါဘူး။ အချိန်တိုအတွင်း လျှောက်ထားနိုင်ရန်၊ မိမိ စက်ရုံသည် GMP (ကောင်းမွန်သောကုန်ထုတ်လုပ်မှုကျင့်စဉ်) နှင့် ကိုက်ညီစေရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။ မကျွမ်းကျင်သူများနှင့် လုပ်ဆောင်ခဲ့ရင် FDA မှ ၎င်းတို့ သတ်မှတ်ချက်နှင့် မကိုက်ညီဘူးဟု သတ်မှတ်ပါက ပြန်လည်ပြင်ဆင်ရတာမျိုး ရှိနိုင်ပါတယ်၊ ထိုအခါ အချိန်ကုန်၊ ငွေကုန် ဖြစ်တက်ပါတယ်။

အချိန်ကုန်၊ ငွေကုန်သက်သာစေရန် GMP (ကောင်းမွန်သော ကုန်ထုတ်လုပ်မှုကျင့်စဉ်) အား ဖော်ဆောင်နိုင်ရန် နှင့် FDA လျှောက်ထားလိုပါက ကျွန်တော်တို့နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည် ခင်ဗျာ။

06/03/2024

Congratulations to Shine International Co., Ltd (SSI Pharmaceutical Factory) for successful ISO 9001:2015 Quality Management System Certification.

SSI မှ ဝန်ထမ်းများအားလုံး၏ စိတ်ဝင်တစား ကြိုးစားအားထုတ်မှု နှင့် Directors များ၏ပံ့ပိုးမှုတို့​ကြောင့် ယခုလို​ US based certificate ကို ​အောင်မြင်စွာ ရယူနိုင်ခဲ့ပါပြီ။

Consultant အဖြစ်ပူး​ပေါင်း​ဆောင်ရွက်ခွင့် ရခဲ့သည့်အတွက် အထူး ဂုဏ်ယူဝမ်း​မြောက်ပါတယ်ရှင်။

https://www.facebook.com/silvershineinternational?mibextid=ZbWKwL

Silver Shine International Co.,Ltd. medicine

22/02/2024

Smart Goals Myanmar မှ ဘယ်လို ဝန်ဆောင်မှု အမျိုးအစားတွေ ရှိလဲ။

အပိုင်း (၂) ပိုင်း ရှိပါတယ် ခင်ဗျာ။

😊 သင်တန်းများပို့ချခြင်း

❤️ အကြံပေးခြင်းဝန်ဆောင်မှုလုပ်ငန်းများ

ဖြစ်ပါတယ်။

ဘာသင်တန်းတွေ ပေးသလဲ 🤔🤔။

1. ISO 9001 Quality Management System (QMS)

2. ISO 22000 Food Safety Management System (FSMS)

3. Hazard Analysis & Critical Control Point (HACCP)

4. Good Manufacturing Practice (GMP)

ဘယ်လိုအကြံပေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရှိသလဲ 🤔🤔။

1. ISO 9001 Quality Management System Consultancy Services

2. ISO 22000 Food Safety Management System Consultancy Services

3. HACCP Consultancy Services

4. Government Regulatory Services (Food Industry / Import / Export Recommendation)

အကြံပေးဝန်ဆောင်မှုလို့ ဆိုရာတွင် နောက်ဆုံး Certificate ရရှိသည့်အထိ လုပ်ဆောင်ပေးပါတယ်။

နောက်တခုအနေနဲ့ကတော့ Certificate တော့ မလိုချင်သေးဘူး၊ System Setup ချထားချင်တယ်၊ Certificate ရယူတဲ့အခါ လွယ်လင့်တကူ ဖြစ်သွားမယ်၊ မိမိလုပ်ငန်းကို International Standard နှင့် အညီ စနစ်တကျလည်ပတ်နေစေချင်တဲ့ ကုမ္ပဏီများအတွက်လည်း ဝန်ဆောင်မှုပေးနေပါတယ်။

ကျွန်တော်တို့ဝန်ဆောင်မှုများ နှင့် လူကြီးမင်းတို့ အောင်မြင်ရန် မည်သို့ကူညီနိုင်သည်ကို ပိုမိုသိရှိနိုင်ရန် ယနေ့ပင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။

+95 9 269 775 567

14/02/2024

Congratulations to Co., Ltd for successful ISO 9001:2015 Quality Management System Certification.

VDM ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ISO 9001 လက်မှတ်ကို ယခုလို​အောင်မြင်စွာရယူနိုင်​အောင် Consultant အဖြစ်ပူး​ပေါင်း​ဆောင်ရွက်ခွင့် ရခဲ့သည့်အတွက် ဂုဏ်ယူဝမ်း​မြောက်ပါတယ်ရှင်။

ထိုင်းကို အလုပ်သွားလုပ်မယ်ဆို VDM ကို ဆက်သွယ်ပါရှင်

https://www.facebook.com/vdminternationalservices?mibextid=ZbWKwL

VDM CO.,LTD Oversea Employment agency

Photos from Smart Goals Myanmar's post 06/11/2023

👩‍🌾 မိတ်​ဆွေ၏ အစားအသောက် ဘေးကင်းရေး ကျွမ်းကျင်မှုကို ၂ ရက်​လေးပဲ အချိန်​ပေးပြီး အများထက်သာ​အောင် ဒီသင်တန်းဖြင့် မြှင့်တင်ပါ။ 👌

🍤 သင်သည် အစားအသောက်ဘေးကင်းမှုကို အာမခံရန်/ စီမံခန့်ခွဲနိုင်ရန် စိတ်အားထက်သန်နေပါသလား?

🍱 GHP နှင့် HACCP ၏ relationship ကို သိသာထင်ရှားစွာ သိရှိလိုပါသလား?

🍹အန္တရာယ်ကင်းသော အစားအစာထုတ်လုပ်သည့်ပတ်ဝန်းကျင်အတွက် အထိရောက်ဆုံးနည်းပညာများကို လေ့လာလိုပါသလား?

🍾 နောက်ထပ်မကြည့်ပါနဲ့ - ကျွန်ုပ်တို့၏ GHP & HACCP သင်တန်းသည် မိတ်​ဆွေ လိုအပ်သောအရာသာဖြစ်သည်။

🌟 ကျွန်ုပ်တို့၏ Hazard Analysis and Critical Control Points (HACCP) သင်တန်းကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။ 🌟

1️⃣ Expert Instructors - ကျွန်ုပ်တို့၏ နည်းပြဆရာများသည် အစားအသောက်ဘေးကင်းရေးနှင့် HACCP နယ်ပယ်တွင် အတွေ့အကြုံများစွာရှိသော လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြစ်သည်။ အကောင်းဆုံးတွေ သင်ယူရမှာပါ။

2️⃣ Comprehensive Curriculum - ကျွန်ုပ်တို့၏လေ့ကျင့်ရေးအစီအစဉ်သည် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သောအခြေခံမူများကို ပြည့်စုံစွာနားလည်သဘောပေါက်စေရန်အတွက် HACCP ၏ ကဏ္ဍအားလုံးကို အကျုံးဝင်ပါသည်။

3️⃣ Hands-on Training - ကျွန်ုပ်တို့၏ အပြန်အလှန်အကျိုးပြုသော ဆွေးနွေးပွဲများသည် လက်တွေ့ကျသော အသိပညာနှင့် လက်တွေ့ကမ္ဘာအခြေအနေများကို ပေးစွမ်းနိုင်ပြီး သင့်ကိုယ်ပိုင်လုပ်ငန်းခွင်တွင် သင်ကြုံတွေ့ရနိုင်သည့် အခြေအနေအမျိုးမျိုးတွင် HACCP စည်းမျဉ်းများကို အသုံးချနိုင်စေမည်ဖြစ်သည်။

4️⃣ Certified Credential- သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သောအခါ၊ သင်သည် သင်၏ အသက်မွေးဝမ်းကြောင်း အလားအလာများကို မြှင့်တင်ပေးမည့် HACCP လက်မှတ်ကို ရရှိမည်ဖြစ်ပြီး အစားအသောက် ဘေးကင်းရေးတွင် သင်၏ ကတိကဝတ်ကို သက်သေပြနိုင်မည်ဖြစ်ပါသည်။

5️⃣ Flexible Learning Options - အွန်လိုင်းသင်တန်းကို သင့်ကိုယ်ပိုင် အဆင်ပြေစွာ သင်ယူရန် လိုက်လျောညီထွေရှိစေရန် ရွေးချယ်နိုင်ပါသည်။

💡 ဘယ်သူတွေ တက်ရောက်သင့်လဲ။

👨‍🔬 QA QC ပညာရှင်များနှင့် အစားအသောက် ဘေးကင်းရေး consultants/auditors များ

🏭 Food processing, production, packaging and warehousing ဝန်ထမ်းများ

👩‍🍳 စားဖိုမှူးများ နှင့် မီးဖိုချောင်ဝန်ထမ်းများ အပါအဝင် အစားအသောက်လုပ်ငန်းကျွမ်းကျင်ပညာရှင်များ

🛒 စူပါမားကတ်နှင့် စားသောက်ဆိုင် ဝန်ထမ်းများ

🎯 ကျွန်ုပ်တို့၏ HACCP သင်တန်းကို ယခုပင်ဝင်ရောက်ပြီး အစားအသောက်ဘေးကင်းရေးအလေ့အကျင့်များတွင် ဦးဆောင်လိုက်ပါ။

🧀 သင့်ဖောက်သည်များ၊ သင့်အမှတ်တံဆိပ်နှင့် သင့်လုပ်ငန်းကို အစားအသောက်အန္တရာယ်များမှ ကာကွယ်ပါ။

📞 09 269775567 တွင် အခုပဲဆက်သွယ်လိုက်ပါ သို့မဟုတ် page messenger သို့ ဝင်ရောက်၍ လာမည့်သင်တန်းများတွင် သင့်နေရာကို စာရင်းသွင်း လိုက်ပါစို့။

👉 သင်၏အစားအစာဘေးကင်းရေးစွမ်းရည်မြှင့်တင်ရန် ဤအခွင့်အရေးကို လက်လွတ်မခံပါနှင့်။ ယခုစာရင်းသွင်းပြီး သင့်အဖွဲ့အစည်းတွင် HACCP ၏ချန်ပီယံဖြစ်ပါစေ။

​သြော် ပြီး​တော့ သင်တန်းတက်ထားသူ​တွေအတွက် HACCP Singapore Standard ​လေးကို တချိန်သီးသန့် အခမဲ့ sharing လုပ်​ပေးဦးမှာဖြစ်ပါတယ်လို့ သတင်း​ကောင်းပါးလိုက်ပါတယ်။ ​

https://m.facebook.com/story.php?story_fbid=288519810696901&id=100086166530622&mibextid=Nif5oz

06/11/2023

သင်တန်းရက်ကလေး နီးလာသလို မိမိရရှိမဲ့ အခွင့်အရေး လက်လွှတ်မှာ စိုးတာကြောင့် Remind လုပ်ပါရစေ ခင်ဗျာ

ဖောင် မပိတ်ခင် အမြန်စာရင်းသွင်းလိုက်ပါ။

29/10/2023

ယနေ့ ကျရောက်သော သီတင်းကျွတ် အခါသမယ မှ စ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်စုံပါစေကြောင်း Smart Goals Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

22/10/2023

🍜 လူတိုင်းလူတိုင်းသည် အစားအစာကို စားသုံးသည့်အခါ ဘေးကင်းပြီး သင့်တော်ဖို့ မျှော်လင့်ပိုင်ခွင့်ရှိသည်။

🥜 အစာကြောင့်ဖြစ်သော ဖျားနာမှုနှင့် အစာကြောင့်ဖြစ်သော ထိခိုက်မှု/ ဒဏ်ရာများသည် ပြင်းထန်နိုင်သည် သို့မဟုတ် သေဆုံးနိုင်သည် သို့မဟုတ် ရေရှည်တွင် လူ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်။

🍱 ထို့အပြင် အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားမှုသည် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သည်။

🍯 Food Spoilage အစားအသောက် ပျက်စီးခြင်းသည် ဖြုန်းတီးခြင်းဖြစ်ပြီး၊ ငွေကုန်ကြေးကျများခြင်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်ကာ ကုန်သွယ်မှုနှင့် စားသုံးသူများ၏ ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

🍤 အစားအသောက်များ ပျက်စီးခြင်းမှ ကာကွယ်ရန် မှန်ကန်သော ကိုင်တွယ်မှု၊ သိုလှောင်မှု၊ ထိန်းသိမ်းမှု နည်းလမ်းများသည် အရေးကြီးပါသည်။

13/10/2023

Wow!😯 GHP & HACCP Training - Online class ​တောင်းဆိုသူများအတွက် ​လာပါပြီ။ 💫💫💫

🧃 ဒီသင်တန်း​လေးကို စားသုံးသူ ​ဘေးအန္တရာယ်ကင်းရှင်း​ရေးအတွက် """စား​သောက်ကုန်နှင့် စား​သောက်ကုန်ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်​နေ​ကြတဲ့ လုပ်ငန်းရှင်များ နှင့် ဝန်ထမ်းများအားလုံး""" တက်​ရောက်သင့်ပါတယ်။

ဥပမာ- production, packaging, warehousing, QA, QC, Engineer, transportation and distribution ပိုင်း လုပ်ငန်းများနှင့်ဆက်စပ်သူများ

🙋‍♀️ကဲ မိမိရဲ့လုပ်ငန်း အနာဂတ် လှပဖို့၊ career အခွင့်အလမ်း​ကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့၊ ဗဟုသုတ​တွေ အများကြီးရဖို့ အတွက် အခုပဲ စာရင်းသွင်းလိုက်ကြရ​အောင်​​နော်။

👩‍🎓သင်ကြား​ပေးမည့်သူက​တော့ Smart Goals Myanmar ၏ CQI-IRCA Certified Course ISO 22000:2018 Lead Auditor (and ISO 9001 Lead Auditor Exemplar Global Certified) အောင်မြင်ထား​သော Trainer & Consultant မှ သင်ကြား​ပေးမှာဖြစ်ပါတယ်။ ​

👷‍♀️စား​သောက်ကုန် နှင့် ​ဆေးဝါးလုပ်ငန်းပိုင်း အပြင် ISO & Food Safety Consultant and Trainer ပိုင်း​​တွေမှာ လုပ်ငန်းအ​တွေ့အကြုံ 15 နှစ် ရှိ​ပြီး Company များစွာအတွက် GHP, HACCP, FSSC 22000 နှင့် ISO 9001 certificates များ ​အောင်မြင်စွာ ရယူ​ပေး​နေသူဖြစ်ပါတယ်။

🏭 Regulation ပိုင်းများလည်း Sharing လုပ်​ပေးသွားမှာ ဖြစ်ပါတယ်။

🏠 👨‍💻 သင်ဘယ်​နေရာမှာပဲရှိရှိ internet ရရုံနဲ့ ဆရာမနဲ့ face to face ​​လေ့လာမေးမြန်းလို့ရတဲ့ zoom class တက်ရမှာ ဖြစ်ပါတယ်။

သင်တန်းရက်- NOV 11 and 12 (စ​နေ၊တနဂ်​နွေ)
သင်တန်းချိန်- 09:00 am to 4:30 pm
သင်တန်း​ကြေး- 70,000 ks

👩‍💻 ​နောက် မိနစ် ၃၀ စာ မေးခွန်း​လေး​တွေ​ဖြေပြီး certificate ရရှိမှာ ဖြစ်ပါတယ်။

Online training ဖြစ်တဲ့အတွက် သင်တန်းတက်​ရောက်သူများကို Zoom link ​ပေးပို့သွားမှာ ဖြစ်ပါတယ်။

မင်မင် ​ချော​ချော​လေး​တွေနဲ့ ဆက်သွယ်ချင်ပါက Messenger က ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိူင်ပါတယ်။

09 269775567, 09 455746660 ကို ဖုန်းဆက်၍လည်း အ​သေးစိတ်​မေးမြန်းနိုင်ပါတယ်။

Photos from Smart Goals Myanmar's post 05/10/2023

HACCP Training သင်တန်းလေးဖွင့်ဖြစ်အောင် ဖွင့်လိုက်တယ်။

ထင်မှတ်ထားတာထက် ပိုပြီး ပျော်ရွင်ခဲ့ရတယ်။

စာသင်ရတာ မောတယ်၊ ဒါပေမဲ့ ပျော်တယ်။

သင်တန်းသားတွေကော၊ သင်တန်းပေးသူတွေကော အားလုံးက ရင်းနှီးဖော်ရွေ့ကြတယ်။

ငြင်းခုန်ကြတယ်။ ဆွေးနွေးကြတယ်။ မျှဝေကြတယ်။

ဘာပဲဖြစ်ဖြစ် နောက်လှမ်းမဲ့ခြေလှမ်းတွေ အတွက် အဆင့်သင့် ဖြစ်ခဲ့ပြီ။

ကျွန်တော်တို့နဲ့အတူ သင့်တို့ရဲ့ခြေအစုံဟာလည်း ရှေ့ဆက်လှမ်းဖို့ အသင့်ဖြစ်နေပြီ ဆိုတာ ယုံကြည်ပါတယ်။

သင်တန်းလာ​ရောက်ကြ​သော လုပ်ငန်းရှင်များ၊ လုပ်ငန်းသစ်စတင်မည့်သူများ၊ QA/QC များ၊ Food safety trainer၊ Engineer, ဌာနတာဝန်ခံများနှင့်အတူ ​ဆေးဝါးပိုင်းမှ ပညာရှင်များ အားလုံးကို အထူး ​ကျေးဇူးတင်ပါ​သည်။

27/09/2023

သင်တန်း​လေးကို မနက်ဖြန် နောက်ဆုံးထား၍ messenger မှာ​ပဲဖြစ်​စေ ဖုန်းဆက်၍ဖြစ်​စေ အပ်​ပေးပါရှင် သင်တန်း​ကြေးလွှဲရန် အခက်ခဲရှိသူများ သင်တန်း​နေ့မှ cash သွင်းလို့ရပါတယ်ရှင့်

😮 ဒီလိုသင်တန်းမျိုး ဒီ​နေရာမှာ ဒီ​စျေးနဲ့ ဒီအချိန်ပဲ ရနိုင်မဲ့ ​​ပေးရတာထက် ပိုတန်ပိုရမဲ့ သင်တန်းကို Smart Goals Myanmar မှ ဖွင့်လှစ်လိုက်ပါပြီ။
🏠 Classroom Training - 2 days course

🏭 မိမိရဲ့ လုပ်ငန်းမှာ HACCP System ကို Implement လုပ်​တော့မယ်ဆိုရင် Pre-requisite program (PRP) ​ကိုပါ လိုက်နာလုပ်​ဆောင်ရပါတယ်။ ဒီသင်တန်း ၂ ရက်မှာ PRP လုပ်​ဆောင်ဖို့အတွက် Good Hygiene Practices (GHP) requirements များကိုလည်း သင်ကြား​ပေးသွားမှာ ဖြစ်တဲ့အပြင်
👨‍💻 FDA regulation & registration
ပိုင်းများလည်း ပြည့်ပြည့်စုံစုံ Sharing လုပ်​ပေးမှာဖြစ်ပါတယ်။ ***

🧃 ဒီသင်တန်း​လေးကို စားသုံးသူ ​ဘေးအန္တရာယ်ကင်းရှင်း​ရေးအတွက် စား​သောက်ကုန်နှင့် စား​သောက်ကုန်ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်​နေ​ကြတဲ့လုပ်ငန်းရှင်များ နှင့် ဝန်ထမ်းများ တက်​ရောက်သင့်ပါတယ်။
(အထူးသဖြင့် production, packaging, warehousing, QA, QC, Engineer, transportation and distribution ပိုင်းလုပ်ငန်းများ)

👩‍🎓သင်ကြား​ပေးမည့်သူက​တော့ Smart Goals Myanmar ၏ CQI-IRCA Certified Course ISO 22000:2018 Lead Auditor (and ISO 9001 Lead Auditor Exemplar Global Certified) အောင်မြင်ထား​သော Trainer & Consultant မှ သင်ကြား​ပေးမှာဖြစ်ပါတယ်။ ​

👷‍♀️စား​သောက်ကုန် နှင့် ​ဆေးဝါးလုပ်ငန်း ပိုင်းအပြင် ISO & Food Safety Consultant and Trainer ပိုင်း​​တွေမှာ လုပ်ငန်းအ​တွေ့အကြုံ 15 နှစ် ရှိ​ပြီး Company များစွာအတွက် GHP, HACCP, FSSC 22000 နှင့် ISO 9001 certificates များ ​အောင်မြင်စွာ ရယူ​ပေးခဲ့သူဖြစ်ပါတယ်။

🙋‍♀️ကဲ မိမိရဲ့ career အခွင့်အလမ်း​ကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့ဗဟုသုတ​တွေ အများကြီးရဖို့ အတွက် အခုပဲ စာရင်းသွင်းလိုက်ကြရ​အောင်​​နော်။

🍝 ​နေ့လည်စာ နှင့် coffee/tea များလည်းစီစဥ်​ပေးထားပါတယ်။ ပျော်​ပျော်ပါးပါးသင်တန်းတက်ရင်း အကျိုးထူးများစွာရရှိမှာ ​သေချာပါတယ်။

👍အထူးအစီအစဥ် အ​နေဖြင့် သင်တန်းသား နှစ်​ယောက်အပ်နှံလျှင်
1. တစ်ဦးလျှင် 10000 ကျပ် cash back ရရှိပါမည်။ သို့မဟုတ်
2. မိမိတို့ ကုမ္ပဏီ/လုပ်ငန်းတွင် GHP/GMP training ကို အခမဲ့ သင်ယူပေးနိုင်မည့် အခွင့်အ​ရေး ရရှိမှာဖြစ်ပါတယ်။

👩‍💻၃၀ မိနစ်စာ ​မေးခွန်း​လေး​တွေ​ဖြေပြီး certificate ယူကြမယ်။

သင်တန်းရက်- Sep 30 and Oct 1 (စ​နေ၊တနဂ်​နွေ)
သင်တန်းချိန်- 09:00 am to 4:30 pm
သင်တန်း​ကြေး- 70,000 ks
သင်တန်း​နေရာ- Prestige Myanmar Business Training Center - PMM (မြင်သာ​ကျောင်းခွဲ)

110, ၅ လွှာ၊ သံသုမာလမ်းမကြီး​ပေါ်၊ (တက်လမ်း​ဆေးရုံ မျက်​စောင်းထိုး)၊ ​တောင်ဥက္ကလာပမြို့နယ်။

6,13,14,26,27,29,38,42,84,92,97,103,128 ကား​တွေတိုက်ရိုက်​ရောက်ပါတယ်။
*** မြင်သာ​စျေးမှတ်တိုင် ***

Taxi နှင့်လာမည့်သူများတက်လမ်း​ဆေးရုံသို့ငှားလာပါ။
တက်လမ်း​ဆေးရုံ​ရှေ့က အဖြူ​ရောင်နှင့် ​ချောကလက်​ရောင် ကွန်ဒို 110 မှာဖြစ်ပါတယ်။
ဓါတ်​လှေကား​ရောက်ရင် နံပါတ် 5 ကိုနှိပ်ပြီး တက်ခဲ့ပါ။
ဆက်သွယ်ရန်- 09 269775567, 09 455746660

Messenger ကနေလည်း ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိူင်ပါပြီ။

05/09/2023

The core messages of the Five Keys to Safer Food are:

1. keep clean;
2. separate raw and cooked;
3. cook thoroughly;
4. keep food at safe temperatures; and
5. use safe water and raw materials.

Want your business to be the top-listed Business in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address

San Pya 5 Street
Thingangyun

Opening Hours

Monday 09:00 - 05:00