PNYK - Computer Training Center

PNYK - Computer Training Center

Share

Since 2011

20/07/2024

ဝါဆိုလပြည့်နေ့

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။


#ကွန်ပြူတာသင်တန်း
#သန်လျင်

19/07/2024

အာဇာနည်နေ့

အာဇာနည်နေ့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့သော မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု ခေါင်းဆောင် အများအပြား သေဆုံးခဲ့သည့် အောက်မေ့ဖွယ် နေ့ထူးနေ့မြတ်ဖြစ်သည်။ အာဇာနည်နေ့ကို နှစ်စဉ် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျင်းပလေ့ရှိပြီး မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများကို
အစဉ်မြဲ အောက်မေ့သတိရစေရန် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြခြင်းသည်၊၊ ယင်းခေါင်းဆောင်များ မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဉီးဘဝင်း၊ မန်းဘခိုင်၊ စဝ်စံထွန်း၊ ဉီးရာဇက်၊ ဒီးဒုတ်ဉီးဘချို၊ သခင်မြ၊ ဉီးအုန်းမောင် နှင့် ရဲဘော်ကိုထွေးတို့ ဖြစ်သည်။
အာဇာနည်နေ့တွင် ကျဆုံးခဲ့သော သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုရန်အတွက် မြန်မာနိုင်ငံသည်၏ အချက်အချာကျသောမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ဂူဗိမာန်ကို တည်ဆောက်ခဲ့ကြသည်၊၊ အဆိုပါ အားလပ်ရက်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပြီး ပြည်သူများသည် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား ပြန်လည်အောက်မေ့သတိရသည့် အချိန်အခါဖြစ်သလို နိုင်ငံ၏ ကျဆုံးခဲ့သော သူရဲကောင်းများကို ဂုဏ်ပြုရမည့်အချိန်လည်း ဖြစ်ပါသည်။


#ကွန်ပြူတာသင်တန်း
#သန်လျင်

16/06/2024

Happy Father's Day


#ကွန်ပြူတာသင်တန်း

22/05/2024

ကဆုန်လပြည့်‌နေ့အကြောင်းသိကောင်းစရာ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရသေ့သည်ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရားစင်စစ်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာ ဘုရားထံ နိယတဗျာဒိတ်ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ဖြစ်ပြီး ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်သောနေ့သည် မဟာသက္ကရာဇ် (၆၈) ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရားလောင်းတော် ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော်မူသည့်နေ့သည် မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့သည် မဟာသက္ကရာဇ် (၁၄၈) ခု၊ကဆုန်လပြည့်နေ့ ဖြစ်သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အားဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်၌ အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ဤအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

Training centre

30/04/2024

May day ( အလုပ်သမားနေ့ )

အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်၊၊ ၁၉ရာစုနှောင်းပိုင်းတွင် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားလှုပ်ရှားမှုများ ကြီးထွားလာသည်နှင့်အမျှ အလုပ်သမားနေ့ ကျင်းပရန် တောင်းဆို ချက်များရှိလာ ခဲ့သည်၊၊ Central Labor Unino နှင့် Knights Of Labor တို့သည်. New York City တွင်ပထမဆုံးအလုပ်သမားနေ့ ချီတတ်ပွဲကို ကျင်းပခဲ့ကြသည်၊၊ထိုမှတစ်ဆင့်အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က အလုပ်သမားများအား ထောက်ပံ့ကူညီရေးနေ့အဖြစ်.မေလ(1)ရက်နေ့ကို သတ်မှတ်ခဲ့ကြသည်၊၊ အလုပ်သမားများက အလုပ်ချိန် 8နာရီ တောင်းဆိုသည့် (1886)ခုနှစ်တွင် ရှီကာဂိုရှိ Haymarket Riot အထိမ်းအမှတ်နေ့ကို ရွေးချယ်သတ်မှတ်ခဲ့ကြသည်၊၊.
May day နေ့သည်အလုပ်သမားများစည်းလုံးညီညွှတ်မှု၊ လူမှုရေးတရားမျှတမှုနှင့်အလုပ်သမားအခွင့်အရေးတိုက်ပွဲများကို ကိုယ်စားပြုသည်၊၊ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ မ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။

computer training centre

02/03/2024

တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ပုဂံခေတ်မတိုင်မီကစ၍ နှစ်ပေါင်းများစွာရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်ေမွးကြသူများဖြစ်သည်။ တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များသည်ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ (၂) ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ(၂)ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။မတ်လ (၂) ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိသည်။တောင်သူလယ်သမားများ စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

Computer Training Centre

15/02/2024

ကွန်ပျူတာသင်တန်း အပတ်စဉ် (၅၆) အတွက် သင်တန်းအပ် လက်ခံနေပါပြီ။
* * * * * * * * * * * * * * * * * *
** ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်များ **

1 # I-Office Course (Microsoft Word, Microsoft Excel, Microsoft PowerPoint)
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၅၀၀၀၀ ကျပ်

2 # Desktop Publishing (DTP) (Adobe PageMaker, CorelDraw, Microsoft Publisher)
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၅၀၀၀၀ ကျပ်

3 # Advanced Photoshop Course
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၈၀၀၀၀ ကျပ်

4 # Graphic Design Course (Photoshop, Illustrator, InDesign)
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၃ လ
သင်တန်းကြေး - ၁၂၀၀၀၀ ကျပ်
(တနင်္ဂနွေ တစ်ရက်တည်း /တစ်ယောက်တည်း သီးသန့် တက်ရောက်လိုသူများအတွက် သင်တန်းကြေး ၁၅၀၀၀၀ ကျပ်။)

5 # Advanced Excel
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၅၀၀၀၀ ကျပ်

6 # Practical A+ Course
သင်တန်းရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - တစ်ရက် ၂ နာရီ
သင်တန်းကာလ - ၂ လ
သင်တန်းကြေး - ၁၂၀၀၀၀ ကျပ်

----------------------------------------------
မှတ်ချက်။ ။ သင်တန်းလာအပ်ပါက ဓာတ်ပုံ ၂ ပုံ ယူလာရန်။
(Saturday only Class ၊ Sunday only Class နှင့် Online Class များ ၊ One on One Class များလည်း တတ်ရောက်နိုင်ပါသည်။)

=> သင်တန်းရက် - စနေ ၊ တနင်္ဂနွေ
=> သင်တန်းအချိန် - (၇း ၃၀ - ၉း၃၀) ၊ (၉း၃၀ - ၁၁း၃၀) ၊ (၁၁း၃၀ - ၁း၃၀) မိမိကြိုက်နှစ်ရာအချိန်ကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
=> နှစ်လ တစ်ကြိမ် တန်းခွဲသစ်များရှိသည်။
=> သင်တန်းတစ်ချိန်တွင် သင်တန်းသား/သင်တန်းသူ (၁၀) ယောက် သာ လက်ခံပါသည်။
=> သင်တန်းသို့ မလာရောက်နိုင်သော သင်တန်းသား/သင်တန်းသူများအတွက် Online Class များလည်း ရှိပါသည်။

သင်တန်းတည်နေရာ - သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကွမ်းခြံကုန်းကျေးရွာ ၊ သန်လျှင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (စစ်စီးတောမှတ်တိုင်အနီး)

ဆက်သွယ်ရန် ဖုန်း - 09 425027535 ၊ 09 260193733
* PNYK ကွန်ပျူတာသင်တန်း *

12/02/2024

🇲🇲 77th Union Day of Myanmar 2024 🇲🇲

04/01/2024

Happy 76th Independence Day of Myanmar!

Telephone

Website

Address

Thanlyin

Opening Hours

Monday 07:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:30 - 17:30
Thursday 08:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Alerts

Be the first to know and let us send you an email when PNYK - Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Thanlyin.