Info Raptor
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Info Raptor, News Personality, Kaytumati, Taungoo.
08/10/2023
အစ္စရေးနိုင်ငံ နယ်ခြားစစ်စခန်းအများအပြားကို ဟားမက်စ်အဖွဲက Oct 7ရက်နေ့မှာ suprise attack
လုပ်ဆောင်ခဲ့ကြပါတယ်။ပါလက်စတိုင်းနိုင်ငံ အတွင်းကနေ အစ္စရေးနိုင်ငံ အတွင်းသို့ တာဝေးပစ် ဒုံး 5000ကျော်ပစ်လွှတ်ခဲ့ပါတယ်။
ဟားမက်အဖွဲ့ suprise attack လုပ်ဆောင်ခဲ့တဲ့ အချိန်ဟာ 2 နာရီကျော်သာကြာမြင့်ခဲ့ပြီးတော့ အစ္စရေးတို့ဘက် က ပေးဆပ်လိုက်ရတာတွေကတော့ အတော်ကိုများပြားပါတယ်။
လက်ရှိအချိန်အထိအစ္စရေးစစ်သည်ချည်းပဲ 250ကျော်ကျဆုံးပြီ အများအပြားလည်းဖမ်းဆီးခံခဲ့ရပါတယ်။ ထို့နောက် အရပ်သား50ကျော်လည်းဟားမက်စ်တို့ရဲ့ ပစ်thatခြင်းကိုခံခဲ့ရပါသေးတယ်။
အရပ်သားများကိုတိုက်ခိုက်ခြင်းဟာစစ်ရာဇ၀တ်မှုကျူးလွန်ခြင်းသာဖြစ်ပါတယ်။စစ်သုံးယာဉ်ပျက်စီးမှုအနေ နဲ့ အစ္စရေးပြည်တွင်းထုတ် Merkava Mk-4 10 စီးနှင့်Merkava Mk-3အချို့ ထို့နောက် Namer စစ်သည်တင်သံချပ်ကာယာဉ် အချို့တို့လည်းဆုံးရှုံးထားရပါသေးတယ်။
ဟားမက်အဖွဲ့ရဲ့ အကျည်းတန်တဲ့လုပ်ရပ်တခုကတော့အစ္စရေး အမျိုးသမီး(စစ်သည်တစ်ဦးလို့ ယူဆရတဲ့ )တစ်ဦးရဲ့ DB ကို၀တ်လစ်စလစ်ပြုလုပ်ပြီးကားပေါ်တင်ကာအောင်ပွဲခံတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ထိုလုပ်ဆောင်ချက်တွေအတွက် ပါလက်စတိုင်းတို့အနေ နဲ့ ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုကိုခံရမှာ အသေအချာပင်ဖြစ်နေပါပြီ။
ဟားမက်အဖွဲ့ တိုက်ခိုက်ပြီး မကြာမှီ အစ္စရေးဖက်မှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံး 16တန်ကျော်ကြဲချခဲ့ပြီးဖြစ်ပါတယ်။
အစ္စရေးလေတပ်ဟာ Lockheed Martin ကုမ္ပဏီထုတ် F-16 170 စီးအထိရှိတာကြောင့် အမေရိကန်ပြီးလျှင် F-16အုပ် ဒုတိယအများဆုံးရှိတဲ့နိုင်ငံပဲဖြစ်ပါတယ် ထို့နောက်ခေတ်မီ F-35I 39စီး အထိရှိတာကြောင့် လေတပ်ရဲ့ စစ်ဆင်နိုင်မှုက အတော်ပင်ကြောက်စရာကောင်းနေပါပြီ ။ဟားမက်အဖွဲ့ အနေ နဲ့ ကျားမြှီးဆွဲ သလိုအခြေအနေ ဖြစ်နေပြီပဲဖြစ်ပါတယ်။ နှစ်ဖက်လုံးစစ်ရေးကတင်းမာနေလျှက်ရှိပြီး အကျအဆုံးကဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
အစ္စ၀န်ကြီးချုပ်Benjamin Netanyahu ကတော့ The country was at war ဆိုပြီးပြောကြားခဲ့ပါတယ်။ထို့နောက်တနိုင်ငံလုံးကိုစစ်ဖြန့်ထားခဲ့ပြီး စစ်မှုထမ်းဟောင်းများကိုလည်းပြန်လည်ခေါ်ယူခဲ့ပါသေးတယ် ဘယ်လိုပဲဖြစ်ဖြစ် အစ္စရေးတို့အနေ နဲ့ ဂါဇာကမ်းမြှောင်ကိုစိတ်ရှိသလို လုပ်ခွင့်ကတော့အပြည့်အ၀ရရှိသွားခဲ့ ပြီးပဲဖြစ်ပါတယ်။
အမှားတစ်စုံတစ်ရာပါလျှင်လည်းထောက်ပြပေးကြဖို့တောင်းဆိုပါတယ်။အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်
Source -Google ,X, Telegram,Facebook.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taungoo
09665382561