KK - Turmeric Powder

KK - Turmeric Powder

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK - Turmeric Powder, Health/Beauty, No. 4, Ground Floor, Aung Thukha Street, Tamwe.

02/06/2026

💁🏻‍♀️ အရည်အသွေးကောင်းတဲ့ နနွင်းမှုန့်ရှာနေလား ?

ဟင်းလျာတစ်ပွဲရဲ့ အရသာကောင်းမွန်မှုဟာ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးပေါ်မှာ များစွာမူတည်ပါတယ်။ အထူးသဖြင့် နနွင်းမှုန့်က ဟင်းအရောင်လှပစေသလို အနံ့အရသာကိုလည်း ပိုမိုပြည့်စုံစေတဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။🤗

🔶 𝐊𝐊 နနွင်းမှုန့်ကို သဘာဝနနွင်းစစ်စစ်များမှ ထုတ်လုပ်ထားပြီး သန့်ရှင်းမှုနှင့် အရည်အသွေးကို ဂရုတစိုက် ထိန်းသိမ်းထားတာကြောင့် နေ့စဉ်ချက်ပြုတ်မှုတိုင်းမှာ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

မီးဖိုချောင်ထဲမှာ အမြဲဆောင်ထားသင့်တဲ့ အခြေခံပါဝင်ပစ္စည်းတစ်ခုအဖြစ် 🔶 𝐊𝐊 သဘာဝနနွင်းမှုန့်က ဟင်းတိုင်းကို အရောင်ပိုလှ၊ အရသာပိုကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မိသားစုကျန်းမာရေးကို အလေးထားပြီး အရည်အသွေးကောင်းတဲ့ နနွင်းမှုန့်ကို ရွေးချယ်ချင်တယ်ဆိုရင် 🔶 𝐊𝐊 သဘာဝနနွင်းမှုန့်က သင့်အတွက် ယုံကြည်စိတ်ချရတဲ့ အဖော်မွန်တစ်ခု ဖြစ်လာမှာပါ။

🔶 𝐊𝐊 အမှတ်တံဆိပ် သဘာဝနနွင်းမှုန့်ကို မှီဝဲလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။

28/05/2026

✨ သဘာဝနနွင်းရဲ့ အသုံးဝင်မှုက အရမ်းများပါတယ်။ 🔶 𝐊𝐊 သဘာဝနနွင်းကတော့ မိသားစုဟင်းချက်ရာမှာသာမက အလှအပရေးရာမှာပါ အထောက်အကူဖြစ်စေပါတယ်။

🍛 ချက်ပြုတ်ရေးမှာ ဟင်းတိုင်းကို အရောင်လှစေပြီး အနံ့မွှေးကြိုင်စေသလို ဟင်းတစ်ခွက်ကို ပိုပြီးပြည့်စုံစေပါတယ်။ ကြက်သားဟင်း၊ ငါးဟင်းနှင့် ဟင်းချိုအမျိုးမျိုးမှာ မရှိမဖြစ်အသုံးပြုလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

💆‍♀️ အလှအပရေးမှာ ဆိုရင်တော့ သဘာဝနနွင်းကို အသုံးပြုထားတဲ့အတွက် မျက်နှာအသားအရေထိန်းသိမ်းရာမှာလည်း အသုံးဝင်ပါတယ်။ 𝐅𝐚𝐜𝐞𝐦𝐚𝐬𝐤 ဖန်တီးရာမှာ သဘာဝအခြေခံ 𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 တစ်ခုအနေနဲ့ လူကြိုက်များပါတယ်။

🔶 𝐊𝐊 သဘာဝနနွင်းက သန့်ရှင်းမှု၊ အရည်အသွေးနဲ့ ယုံကြည်မှုကို ပေါင်းစပ်ထားတာဖြစ်လို့ လူတိုင်းသဘောကျနှစ်သက်ကြတာ ဖြစ်ပါတယ်။

🔶 𝐊𝐊 အမှတ်တံဆိပ် သဘာဝနနွင်းကို ဝယ်ယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။

18/05/2026

✨ သဘာဝနနွင်းစစ်စစ်က မီးဖိုချောင်အတွက်တင်သာမက အသားအရေလှပဖို့ နုပျိုဖို့အပြင် အမဲစက်တွေသက်သာပျောက်ကင်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။

🧏‍♀️ မျက်နှာပေါ်က သိသာထင်ရှားနေတဲ့ အမဲစက်အတွက် နနွင်းမှုန့် အနည်းငယ်ကို သံပုရာရည် အနည်းငယ်နဲ့သေချာရောမွှေပါ။ ဒီအရောကို အမဲစက်တွေရှိတဲ့ နေရာတွေမှာလိမ်းပေးပါ။ အမဲစက်တွေ တစ်ပတ်အတွင်း သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

👉 အမည်းစက်တွေအတွက်တင်မဟုတ်ပဲ သွေးလည်ပတ်မှု မကောင်းတာကြောင့် မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာ တွေကို သက်သာစေဖို့အတွက်လည်း နနွင်းကို အသုံးပြုပေးလို့ရပါတယ်။

အဓိကဂရုစိုက်ရမှာက သဘာဝနနွင်းစစ်စစ်ဖြစ်ဖို့တော့ လိုပါမယ်နော်။ ဒါမှသာ ဘေးဥပါဒ်ကင်းကင်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 🤗

✅ 𝐅𝐃𝐀 ထောက်ခံချက်ရရှိထားသည့် ✨ 𝐊𝐊 အမှတ်တံဆိပ် သဘာဝနနွင်းစစ်စစ်ကို 🍀 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှတင်သွင်းဖြန့်ဖြူးလျက်ရှိပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်နော်။

13/05/2026

✨ နနွင်းကို ချက်ပြုတ်ရာတွင်သာမက ကျန်းမာရေးရော အလှအပရေးရာမှာပါ အသုံးပြုလိုတယ်ဆိုရင်တော့ အရောအနှောကင်းပြီး သဘာဝနနွင်းစစ်စစ်ဖြစ်ဖို့ လိုအပ်ပါတယ်။

👉🏻 သဘာဝနနွင်းက ဝက်ခြံ၊ အမဲစက်နှင့် အမာရွတ်များကို သက်သာစေနိုင်ခြင်း၊ နေလောင်ဒဏ်ကို သက်သာစေနိုင်ခြင်း၊ အကြောပြတ်ရာများကို သက်သာစေခြင်းနှင့် အသားအရေခြောက်ခြင်းများကိုလည်း သက်သာစေသည့်အပြင် အဆစ်အမြစ်ရောင်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ်နာခြင်းများကိုလည်း သက်သာစေပါတယ်။

🔶 𝐊𝐊 အမှတ်တံဆိပ် နနွင်းမှုန့်ဟာ နနွင်းစစ်စစ်ကို အခြေခံပြုလုပ်ထားပြီး အရောအနှောများမပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးစိတ်ချရပြီး သုံးစွဲရန်သင့်တော်တဲ့ နနွင်းမှုန့်ဖြစ်ပါတယ်။

🔰 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး ✅ 𝐅𝐃𝐀 ထောက်ခံချက်ရရှိထားသည့် 𝐊𝐊 အမှတ်တံဆိပ် နနွင်းမှုန့်ကို ဝယ်ယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်နော်။

07/05/2026

အိမ်ရှင်မတိုင်း ယုံကြည်တဲ့ 𝐊𝐊 သဘာဝနနွင်းမှုန့် 💛

💁🏻‍♀️ အရသာကောင်းတဲ့ ဟင်းတစ်ပွဲဖြစ်ဖို့ဆိုတာ ပါဝင်ပစ္စည်းကောင်းတွေ ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်ရှင်မများစွာက ဟင်းချက်တိုင်းမှာ နနွင်းမှုန့်ကို မပါမဖြစ်အသုံးပြုကြလေ့ရှိသလို အိမ်တိုင်းမှာလည်း ဆောင်ထားလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုလည်း ဖြစ်ပါတယ်။

သဘာဝနနွင်းစစ်စစ်ကို အသုံးပြုထားတဲ့ 🔶 𝐊𝐊 နနွင်းမှုန့်က

💛 အရောင်လှပစေတယ်
💛 မွှေးကြိုင်တဲ့ အနံ့အရသာကို ပေးစွမ်းတယ်
💛 ဟင်းတိုင်းကို ပိုပြီးစားချင်စရာကောင်းစေတယ်
💛 သန့်ရှင်းစိတ်ချရတဲ့ အရည်အသွေးနဲ့ ထုတ်လုပ်ထားတယ်

မိသားစုအတွက် အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းလက်ရာတွေ ဖန်တီးချင်တယ်ဆိုရင်တော့

“ယုံကြည်စိတ်ချရတဲ့ 🔶 𝐊𝐊 နနွင်းမှုန့်” ကို ရွေးချယ်လိုက်ပါ။

🔰 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် 🔶 𝐊𝐊 နနွင်းမှုန့်ကို ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။

#နနွင်းမှုန့်

27/04/2026

✨ နေလောင်ခြင်းနှင့် သဘာဝနနွင်း

💁🏻‍♀️ နေလောင်ခြင်းအတွက် သဘာဝနနွင်းက ၎င်းတွင်ပါဝင်သော 𝐂𝐮𝐫𝐜𝐮𝐦𝐢𝐧 ဓာတ်ကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အရေပြားကို ပြန်လည်ကောင်းမွန်စေပါတယ်။ နနွင်းမှုန့်ကို ပျားရည်၊ ဒိန်ချဉ် (သို့) နွားနို့တို့နှင့် ရောစပ်၍ နေလောင်ထားသောနေရာတွင် လိမ်းပေးခြင်းဖြင့် ယားယံခြင်းနှင့် နီမြန်းခြင်းကို သက်သာစေကာ အသားအရေကို ကြည်လင်စေရန်၊ အသားအရောင်ညီစေရန် ကူညီပေးနိုင်ပါတယ်။🤗

နေလောင်ခြင်းအတွက် နနွင်းအသုံးပြုနည်းတွေကတော့ 👇🏻

🔶 နနွင်းနှင့်ဒိန်ချဉ်/နွားနို့

နနွင်းမှုန့်ကို ဒိန်ချဉ် (သို့) နွားနို့အစိမ်းနှင့် ရောစပ်ကာ နေလောင်ထားသောနေရာတွင် ၁၅-၂၀ မိနစ်ခန့် လိမ်းပြီးနောက် ရေအေးဖြင့် ဆေးချပါ။

🔶 နနွင်းနှင့်ပျားရည်

မျက်နှာတွင် နေလောင်ပါက နနွင်းနှင့် ပျားရည်ရောစပ်၍ 𝐌𝐚𝐬𝐤 အဖြစ် အသုံးပြုနိုင်ပါသည်။

ကဲ နေလောင်ခြင်းတွေကြောင့် စိတ်မပူနဲ့တော့နော် သဘာဝနနွင်းနဲ့သာ ကုသလိုက်ပါ။🤗

🔶 𝐊𝐊 အမှတ်တံဆိပ် နနွင်းက အရောအနှောကင်းတဲ့ သဘာဝနနွင်းဖြစ်တာကြောင့် ဝယ်ယူလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်နော်။

#နနွင်းမှုန့်

04/04/2026

✨ 𝐆𝐥𝐨𝐰 𝐒𝐤𝐢𝐧 ရဖို့ နနွင်းစစ်စစ်ကို ဘယ်လိုသုံးမလဲ...?

𝐆𝐥𝐨𝐰 ဖြစ်ပြီး ကျန်းမာတဲ့ အသားအရေကို ရချင်တယ်ဆိုရင်တော့ ဈေးကြီးပေးစရာမလိုပဲ နနွင်းစစ်စစ်ကို မှန်မှန်ကန်ကန် သုံးပေးရုံနဲ့တင် သဘာဝအတိုင်း လှပစေနိုင်ပါတယ်နော်။🤗

ဘယ်လိုအသုံးပြုရမလဲ ဆိုရင်တော့ 👇🏻

✔️ နနွင်းစစ်စစ် + ပျားရည် + ဒိန်ချဉ် (သို့) နို့ ကို ရောပြီး မျက်နှာပေါ်မှာ 𝟏𝟎-𝟏𝟓 မိနစ်ခန့်လိမ်းပေးပါ။ ဒါကတော့ မျက်နှာအသားအရေကို တောက်ပစေပြီး ဝက်ခြံနှင့် အမည်းစက်တွေကို လျော့ပါးစေကာ သဘာဝအတိုင်း ကြည်လင်လာစေပါတယ်။

✔️ နနွင်းစစ်စစ်တစ်ဇွန်း + ရေနွေး + ပျားရည် တို့ကို မနက်ခင်းမှာ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေကာ သွေးလည်ပတ်မှုကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

✔️ နနွင်းနည်းနည်းကို ရေ (သို့) 𝐀𝐥𝐨𝐞 𝐕𝐞𝐫𝐚 𝐆𝐞𝐥 နှင့်ရောပြီး ဝက်ခြံပေါ်မှာ လိမ်းပေးခြင်းဖြင့် ဝက်ခြံရောင်ရမ်းမှုတွေကို လျော့ကျစေကာ အသားအရေနီမြန်းခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ အသားအရေက 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်လွယ်တယ်ဆိုရင်တော့ သေချာလေးစမ်းသပ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။🤗

နနွင်းစစ်စစ်ကို လိုချင်တယ်ဆိုရင်တော့ 🔶 𝐊𝐊 အမှတ်တံဆိပ် သဘာဝနနွင်းလေးရှိပါတယ်။ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်နော်။

#နနွင်းမှုန့်

26/03/2026

🔶 နနွင်းစစ်စစ် သုံးခြင်းရဲ့ ကောင်းကျိုး

နနွင်းက ရှေးယခင်ကတည်းက ‌ဆေးဘက်ဝင်အဖြစ်အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အဓိကပါဝင်တဲ့ ✨ 𝐂𝐮𝐫𝐜𝐮𝐦𝐢𝐧 ကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ နနွင်းစစ်စစ်သုံးခြင်းရဲ့ အဓိက ကောင်းကျိုးတွေကတော့ 👇🏻

💢 ရောဂါပိုးနှင့် အဆိပ်အတောက်များကို တားဆီးနိုင်ခြင်း

နနွင်းတွင်ပါဝင်သော 𝐂𝐮𝐫𝐜𝐮𝐦𝐢 က 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 နဲ့ 𝐚𝐧𝐭𝐢-𝐢𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐨𝐫𝐲 အားကောင်းစေတာကြောင့် ကိုယ်တွင်းရှိ အဆိပ်အတောက်များကို လျော့ချပေးခြင်း၊ အရိုးအဆစ်နာ၊ အရေပြားရောင်ရမ်းခြင်းများကို သက်သာစေပြီး ခန္ဓာကိုယ်တွင်းဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

💢 ကိုယ်ခံအားကို တိုးတက်စေခြင်း

နနွင်းကို အသုံးပြုခြင်းကြောင့် အအေးမိ၊ ဖျားနာမှုများကို လျော့နည်းစေပြီး ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ကာ ကိုယ်ခံအားကို တိုးစေပါတယ်။

💢 နှလုံးကျန်းမာရေးကို ကာကွယ်ပေးခြင်း

နနွင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးတိုး၊ သွေးခဲခြင်းများကို လျှော့ချပေးတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။

💢 အစာချေစနစ်ကို ကောင်းမွန်စေခြင်း

နနွင်းကို အစားအစာထဲထည့်သုံးခြင်းက အစာချေမှုကို အထောက်အကူပြုနိုင်ကာ အစာမကြေမှုကို သက်သာစေပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

💢 အရေပြား အလှအပအတွက် အသုံးဝင်ခြင်း

နနွင်းကို 𝐌𝐚𝐬𝐤 အဖြစ်အသုံးပြုပါက ဝက်ခြံ၊ အမာရွတ်များကို လျော့နည်းစေပြီး အသားအရေကို သန့်ရှင်းစေကာ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

နနွင်းစစ်စစ်ဖြစ်တဲ့ 🔶 𝐊𝐊 အမှတ်တံဆိပ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်နော်။

#နနွင်းမှုန့်

21/03/2026

✨ နနွင်းကို အသား၊ ငါးများနှင့် နယ်ခြင်းသည် မပုပ်မသိုးပဲ အသားများလတ်ဆတ်စေရန်၊ တာရှည်ခံစေရန်အတွက်အပြင် ဟင်းလျာများမွှေးကြိုင်စေရန်၊ ဟင်းလျာရဲ့အရသာကိုမြှင့်တင်စေရန်နှင့် အရောင်ထွက်လှပသော ဟင်းလျာတစ်ခွက်ဖြစ်စေရန် မီးဖိုချောင်ရေးရာတွင် မပါမဖြစ် အသုံးပြုကြခြင်းပဲ ဖြစ်ပါတယ်။ နနွင်းက မီးဖိုချောင်အတွက်အရေးပါသည့်အပြင် ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။

✨ နနွင်းမှာပါသည့် 𝐂𝐮𝐫𝐜𝐮𝐦𝐢𝐧 ဓာတ်သည် 📌 ကင်ဆာကိုကာကွယ်ပေးနိုင်ခြင်း၊ အစာအိမ်ရောဂါကိုသက်သာစေခြင်း၊ သွေးတွင်းအဆီဓာတ်ကိုကျစေခြင်း၊ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေခြင်းအပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း သက်သာစေပါတယ်။

💁‍♀️ မိတ်ဆွေတို့ အသုံးပြုတဲ့ နနွင်းက သဘာဝနနွင်းစစ်စစ်ဖြစ်ဖို့တော့ လိုပါတယ်နော်။ အရောအနှောကင်းတဲ့ နနွင်းစစ်စစ်ဖြစ်မှသာ ကျန်းမာရေးအတွက် ပိုသင့်တော်နိုင်မှာ ဖြစ်ပါတယ်။

✅ 𝐅𝐃𝐀 ထောက်ခံချက်ရရှိထားသည့် 🔶 𝐊𝐊 အမှတ်တံဆိပ် သဘာဝနနွင်းစစ်စစ်ကို 🍀 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးပေးလျက်ရှိပြီး နီးစပ်ရာ 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 တိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

#နနွင်းမှုန့်

16/03/2026

💁🏻‍♀️ နနွင်းကို နေ့စဉ်စားသုံးရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ..?

🔶 နနွင်းရဲ့ အသုံးဝင်ပုံတွေကတော့ အမျိုးမျိုးရှိပါတယ်။ နနွင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကောင်းကျိုးတွေများစွာ ရှိသလို ဟိုးယခင်ကတည်းက အသုံးပြုခဲ့ကြတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

🔶 နနွင်းကို ပမာဏမှန်ကန်စွာ နေ့စဉ်စားသုံးပါက ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

✔️ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်

နနွင်းမှာပါဝင်တဲ့ 𝐂𝐮𝐫𝐜𝐮𝐦𝐢𝐧 က 𝐀𝐧𝐭𝐢-𝐢𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐨𝐫𝐲 ဖြစ်လို့ ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

✔️ ကိုယ်ခံအားတိုးစေနိုင်တယ်

ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး‌ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

✔️ အစာချေစနစ် ကောင်းမွန်စေနိုင်တယ်

အစာချေမှုကို ကူညီပေးပြီး အစာအိမ်ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။

✔️ အရေပြားကျန်းမာရေးကို ကူညီနိုင်တယ်

ဝက်ခြံ၊ အသားအရောင်မညီတာတွေကို လျှော့ချပေးနိုင်ပါတယ်။

✔️ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တယ်

သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။

သဘာဝနနွင်းက ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးပေးစွမ်းနိုင်သော်ငြား အလွန်အကျွံမသုံးမိဖို့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း သင့်တော်တဲ့ ပမာဏကိုသာ အသုံးပြုသင့်ပါတယ်။🤗

သဘာဝနနွင်းစစ်စစ်ဆိုရင်တော့ 🔶 𝐊𝐊 အမှတ်တံဆိပ် နနွင်းကိုသာ သုံးစွဲကြဖို့ အကြံပြုလိုပါတယ်နော်။

#နနွင်းမှုန့်

Want your business to be the top-listed Beauty Salon in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Address

No. 4, Ground Floor, Aung Thukha Street
Tamwe
11211