Everything You May Prefer
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Everything You May Prefer, Artist, Sagaing.
20/03/2026
၁။ ချွေးထွက်လွန်ခြင်း 🤍
ချွေးထွက်များပါက အငန်နှင့် အစပ် လျှော့စားပါ။ မျက်နှာချွေးထွက်တတ်လျှင် မိတ်ကပ်မလိမ်းပါနှင့်။ သနပ်ခါးမြစ်ကို သံပုရာရည်ဖြင့် သွေးလိမ်းပါ။ (ညဘက်လိမ်းအိပ်နိုင်သည်)။ မျက်နှာသစ်ဆေးတွင် ဆားအနည်းငယ်ရော၍ သစ်ပေးပါ။ ရှားစောင်းလက်ပတ်အနှစ်ဖြင့်လည်း ပွတ်လိမ်းပေးနိုင်ပါသည်။
၂။ တင်းတိတ် 😊
အရက်၊ ဘီယာ၊ လှော်စာနှင့် ထန်းလျက်တိုကို ရှောင်ကြဉ်ပါ။ ထန်းလျက်တွင် သံဓာတ်များ၍ တင်းတိတ်ကို ပိုမည်းစေတတ်သည်။ ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်နှင့်ရော၍ မျက်နှာတွင် လိမ်းပေးပါ။ ခေတ္တအကြာတွင် မျက်နှာသစ်ပြီး သနပ်ခါးနှင့် သံပုရာရည်ရော၍ သွေးလိမ်းပါ။
၃။ ရင်ကျပ်၊ ဇက်တောင့်၊ မူးဝေခြင်း 😊
မုန်ညင်းဆီထဲ ကွမ်းရွက်ချေထည့်၍ မီးဖြင့်ချက်ပါ။ ရင်ဘတ်နှင့် ဇက်တွင် လိမ်းပေးပါ။ စပါးလင်မြစ်ထောင်းထားသော အရည် တစ်ဇွန်း တိုက်ပေးပါ။ အချိုမှုန့်နှင့် အချိုရည်များ လုံးဝမစားရပါ။
၄။ ခံတွင်းနံ့နံခြင်း
လေးညှင်းပွင့် ဝါးပေးပါ။ တမာရွက်နှင့် ဆားပြုတ်ရည်ဖြင့် ငုံပေးပါ။ ညအိပ်ခါနီး မန်ကျည်းမှည့်ဖျော်ရည်ထဲ ဆားခါး ၁ ဇွန်းထည့်သောက်ပါက အပုပ်ကင်းစင်စေသည်။ ဂုံခါးမှုန့်၊ ရှောက်ရည်နှင့် ပျားရည်၊ ဆီးဖြူသီး သိုမဟုတ် မက်လင်ချဉ် လျက်ဆားတိုကို အသုံးပြု၍ ခံတွင်းနံ့ ကောင်းမွန်အောင် ပြုလုပ်နိုင်ပါသည်။
၅။ လူကြီးများ ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
ထောပတ်ထမင်း သိုမဟုတ် ထမင်းပူပူကို ထောပတ်၊ ငါးကြော်တိုဖြင့် နယ်စားပါ။ ငချိတ်ပေါင်းကို နှမ်းဆီရွဲရွဲဖြင့် စားပါကလည်း ဝမ်းချုပ်စေသည်။ ရေအေးရှောင်၍ ရေနွေးကြမ်း (အဖန်ရည်) သာ သောက်ပါ။ မြင်းခွာရွက်ကို ထန်းလျက်နှင့် ကျိုသောက်ပါကလည်း ဝမ်းထိန်းစေသည်။
၆။ အသားယားယံခြင်း
ကြက်သွန်နီ မီးဖုတ်စားပါ။ တမာရွက်ပြုတ်ရည်နှင့် ရေချိုးပြီး ကရမက်နှင့် ဆားသွေးလိမ်းပါ။ လေစာများဖြစ်သော မျှစ်၊ ကုလားပဲ၊ မှိ၊ ပင်လယ်စာနှင့် ရေခဲရေတိုကို ရှောင်ကြဉ်ပါ။ နေရောင်ခြည်ရရှိသော နေရာတွင် နေထိုင်ပေးပါ။
၇။ မျက်စိနာ၊ မျက်လုံးရောင်ခြင်း
ကျားမနိုင်နွယ်မြစ် သိုမဟုတ် မန်ကျည်းခေါက်ကို သွေးလိမ်းပါ။ ရှားစောင်းလက်ပတ် ကပ်ပေးပါ။ ဆရာဝန်မပြနိုင်မီ ဆားရည်ကြည် ခပ်ပေးနိုင်ပါသည်။
၈။ အသားအရေပူ၍ ပိန်သူများ
ရှားစောင်းလက်ပတ်အနှစ်ကို သကြားနှင့် ခေါက်စားပါ။ ရေချိုးလျှင် ဆားခါး ၃ ဇွန်း ထည့်ချိုးပါ။ နံနက်တိုင်း ဆန်ဆေးရည် တစ်ဖန်ခွက် သောက်ပေးပါက ကိုယ်အပူ ငြိမ်းစေပါသည်။
၉။ အစာအိမ်ရောဂါ
အစာအိမ်ရောင်ချိန်တွင် မာသောအစာများရှောင်၍ ဆန်ပြုတ် (ပဲနီလေး၊ ကြက်သွန်နီပါသော) သောက်ပါ။ အပူအစပ်နှင့် ကော်ဖီမစ်များ ရှောင်ပါ။ ပျားရည်ကို ရေအေးဖြင့်ဖျော်၍ နံနက်/ည သောက်ပေးပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားခြင်းသည်လည်း အနာကျက်စေပါသည်။ စိတ်တိုခြင်းနှင့် သောကများကိုလည်း ရှောင်ရှားရပါမည်။
၁၀။ ကလေးငယ် နှာစေး၊ ချောင်းဆိုးခြင်း
ကွမ်းရွက်နှင့် ချင်း ပါးပါးလှီး၍ ရေနွေးစိမ်ထားသော အရည်ကို တိုက်ပေးပါ။ ကွမ်းရွက်မီးကင်၍ ရင်ဘတ်တွင် ကပ်ပေးပါ။ တိုင်းရင်းဆေး အမှတ် (၄၇) ကိုလည်း အသုံးပြုနိုင်ပါသည်။
၁၁။ အမျိုးသား ဆီးအောင့်ခြင်း
ရေကျက်အေး များများသောက်ပါ။ ကြက်သွန်နီအရည်ကို သကြားနှင့် စပ်သောက်ပါ သိုမဟုတ် ကြက်သွန်နီပါးပါးလှီး၍ ဆီးခုံတွင် ကပ်ပေးပါ။ ဆန်ဆေးရည်ထဲ သံပုရာရည်ညှစ်၍ သောက်ခြင်း သိုမဟုတ် လောက်သေရွက်ပြုတ်ရည် သောက်ခြင်းကလည်း ထိရောက်ပါသည်။
၁၂။ သွားကိုက်ခြင်း
ခရေပွင့်အစို ကြိတ်ထည့်ခြင်း၊ ပုဏ္ဍရိတ်ရွက်ပြုတ်ရည် ငုံခြင်း သိုမဟုတ် ကြက်သွန်နီအူတိုင်ကို သွားပေါက်တွင် ထည့်ကိုက်ထားခြင်းတို ပြုလုပ်နိုင်ပါသည်။ သွားနှဲပါက တမာခေါက် သိုမဟုတ် သရက်ပင်ကျီးပေါင်းပြုတ်ရည် ငုံပေးပါ။
၁၃။ ထိပ်ကပ်နာနှင့် နှာခေါင်းပိတ်ခြင်း
ရေရှူပေးပါ။ ချင်းရေနွေးကြမ်းကို တစ်နေကုန် သောက်ပေးပါ။ တိုင်းရင်းဆေး အမှတ် (၄၃) ကို မီးခဲပေါ်ဖြူး၍ မှိင်းရှူပေးပါ။ ထိပ်ကပ်နာ ပြင်းထန်ပါက မရိုးပင် (ငဖြူကြီးပင်) အရွက်ခြောက်ကို မီးရှိ၍ အငွေ့ရှူပေးပါ။
၁၄။ ခြေကျင်းဝတ် နာကျင်ရောင်ရမ်းခြင်း
ရဲယိုရွက်ကို မီးကင်၊ နှမ်းဆီသုတ်၍ ရောင်သည့်နေရာတွင် ၆ နာရီခန့် စည်းထားပါ။ သစ်ကြံပိုးမှုန့်နှင့် ကြက်ဥအကာ ရောလိမ်း၍လည်း ပတ်တီးစည်းထားနိုင်ပါသည်။
၁၅။ ခြေသလုံးပူ၍ ကိုက်ခဲခြင်း
မုန်ညင်းဆီထဲ ချင်းထည့်ချက်၍ တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ဝမ်းမှန်အောင် ဂရုစိုက်ပါ။ ညအိပ်ခါနီး မန်ကျည်းမှည့်ဖျော်ရည် သောက်ပေးပါ။
၁၆။ ခြေဖျားထုံကျဉ်ခြင်း
ဆင်တုန်းမနွယ် ပါဝင်သော ဆေးဝါးများကို စားပေးပါ။ ဆင်တုန်းမနွယ်မှုန့်ကို ပျားရည်၊ နှမ်းဆီတိုနှင့် ရောစပ်၍ နံနက်/ည တစ်ဇွန်းစီ စားပေးခြင်းက အကြောလေလျှောက် ကောင်းစေပါသည်။
၁၇။ အမျိုးသမီး ဓမ္မတာ ရက်ရှည်ခြင်း
ပန်းလည်းပွင့်ခြောက် ပြုတ်သောက်ပါ။ ရေနွေးကြမ်းထဲ သကြားထည့်သောက်ခြင်း၊ ဆန်ဆေးရည် သောက်ခြင်း သိုမဟုတ် မီးကွင်းဂမုန်း၊ ဧကရာဇ်ရွက်၊ တရုတ်စကားပွင့်တိုကို အသုတ်လုပ်စားခြင်းဖြင့် သွေးအေးစေပါသည်။
၁၈။ သွေးဆုံးခါနီး ရင်သားနာခြင်း
ဥသျှစ်သီးကင်းမှုန့်ကို ပျားရည်နှင့် စားပါ။ ရဲယိုသီးမှည့်ကို ပျားရည်နှင့် တစ်နေ့တစ်လုံးစားပေးခြင်း သိုမဟုတ် ရှားစောင်းလက်ပတ်အနှစ် ကပ်ပေးခြင်းတို ပြုလုပ်ပါ။
၁၉။ သည်းခြေကျောက်တည်ခြင်း
အုန်းစိမ်းထဲ ကျောက်ချဉ်ရွေးစေ့ခန့်ထည့်၍ ၁၄ ရက် ဆက်သောက်ပါ။ ကောက်ရိုးခြောက်ပြုတ်ရည် သိုမဟုတ် ပေရွက်ပြုတ်ရည်ကို နေ့စဉ် သောက်ပေးခြင်းဖြင့် ကျောက်ကျစေနိုင်ပါသည်။
၂၀။ အသည်းရောဂါ
အသည်းအထူးကု ပြသရင်း မြန်မာဆေးနည်းအဖြစ် သင်္ဘောရွက်အရည်ကို ညှစ်၍ တစ်နေ့ ၂ ဇွန်း သောက်ပေးပါ။ အသည်းမခြောက်သေးပါက မက်လင်ချဉ်သီးကို ဟင်းချက်တိုက်ပေးပါ။
၂၁။ ငါးအရိုးစူးခြင်း
ဖီးကြမ်းငှက်ပျောသီးကို ကိုက်၍ မျိုချပါ။ မကျပါက ဆား၊ နနွင်းရေ သောက်၍ အန်ထုတ်ပါ။ လည်ပင်းနာကျန်ခဲ့လျှင် နလင်ကျော် သွေးလိမ်းပါ။
၂၂။ စကားထစ်သော ကလေးများ
မြင်းခွာရွက်ကို နေ့စဉ် ဝါးစားခိုင်းပါ။ ပုလွေမှုတ်ခိုင်းခြင်း၊ သံပုရာသီးမီးဖုတ်ပြာဖြင့် လျှာပွတ်ပေးခြင်း သိုမဟုတ် ဗာဒံစေ့ ကျွေးခြင်းတို ပြုလုပ်ပေးပါ။
၂၃။ နှာခေါင်းတွင်း ဝက်ခြံ/အနာ
ဆားရေနွေးငွေ့ကို ရှူသွင်းပေးပါ။ ကွမ်းရွက်၊ ချင်း၊ ထန်းလျက် ပြုတ်ရည်ကို ၃ ရက် ဆက်သောက်ပေးပါ။
၂၄။ ဆံပင်ကျွတ်၊ ထိပ်ပြောင်ခြင်း
ပရန္နဝါရွက်ကို ထောပတ်၊ နှမ်းဆီ၊ ပျားရည်တိုဖြင့် ယိုထိုးစားပါ။ ဝမ်းမှန်အောင် ဂရုစိုက်ပြီး ရေခေါင်းလောင်းချိုးပေးပါ။ ထောလပတ်ရွက်အရည်ကို ဦးခေါင်းတွင် ပွတ်လိမ်းပေးပါ။
၂၅။ အိပ်ပျော်စေရန်
ညအိပ်ခါနီး ခြေထောက်ကို ရေအေးလောင်း ဆေးကြောပေးပါ။ နွားနိုပူပူထဲ နနွင်းမှုန့်ထည့်သောက်ပါ။ စိတ်ကို လျှော့ချ၍ တရားမှတ်ပါ။
၂၆။ အသားမာ
ဖီးကြမ်းငှက်ပျောသီးအခွံကို အသားမာပေါ်တွင် ကပ်၍ ပလာစတာဖြင့် စည်းထားပါ။ ရက်အနည်းငယ်ကြာလျှင် အသားမာ ကျွတ်ထွက်သွားပါလိမ့်မည်။
၂၇။ ခြေဖနှောင့်ကွဲခြင်း
ထောပတ်နှင့် ပျားရည် ရောလိမ်းပါ။ တမာရွက်ပြုတ်ရည်နှင့် ခြေထောက်စိမ်ပါ။ တမာရွက်ပြာကို အုန်းဆီနှင့်ရော၍ လိမ်းပေးပါ။
(မူရင်း - တိုင်းရင်းသမားတော် ဆရာကြည်လွင့်မြင့် (မုဒြာ))
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
#တင်းရင်းဆေးနည်းများ #ကျန်းမာရေးဗဟုသုတ
07/03/2026
လက်ရှိ သုံးနေတဲ့ ဖုန်းတွေ အကုန်လုံး .. စိတ်မပူကြစေဖို့နဲ့ အစိုးရိမ်မလွန်ကြစေဖို့ ..
ဒီ အချက်လေးတွေ ကို တိတိကျကျ လိုက်လုပ် ထားမယ်ဆို ..
ကိုယ်သုံးနေတဲ့ ဖုန်းလေးတွေ အကုန်လုံး ..
March လ ၃၁ ရက်နေ့ ကျော်သွားလည်း အားလုံး အဆင်ပြေပြေ နဲ့ အကုန်လုံး သုံးလို့ ရပါမယ် ခင်ဗျာ ..
( စာရှည်နိုင်လို့ မသိသေးတဲ့ သူတွေ သေချာ ဖတ်ပြီး လိုက်လုပ်ကြည့်ပေးပါ .. မရှင်းတာ ရှိရင် မေးပါ .. )
2026 ခုနှစ် March လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စာ အရ တော့ ..
လက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေ အကုန်လုံး ရဲ့ imei တွေ အကုန်လုံး Active ဖြစ်နေရမှာပါ ..
ဖုန်း တစ်လုံး မှာ အနည်းဆုံး imei 2 ခု တော့ ပါတတ်ပါတယ် .. ( 1 sim ပဲ ြဖစ်ဖြစ် ၊ 2 sim ပဲ ဖြစ်ဖြစ် .. )
အဲ့ဒါကြောင့် ကျွန်တော်တို့ အဓိက လုပ်ရမဲ့ အချက်က
imei 2 ခု လုံး imei 1 ရော imei 2 ပါ Active ဖြစ်အောင် လုပ်ရမှာပါ ...
တစ်ဆင့်ချင်းစီ လုပ်ကြည့်ရအောင် ..
ကျွန်တော် ကတော့ iPhone တွေ အတွက် အဓိက ထားပြီး ပြောပေးပါ့မယ် ...
iPhone တွေ အကုန်လုံး မှာ
1sim + eSim နဲ့ Physical 2 sim dual sim ဆိုပြီး ၂ မျိုး ရှိပါတယ် ..
( အခု နောက်ဆုံး ထွက် iPhone Air ကတော့ eSim + eSim ပါ ... iPhone 14 က စပြီး Sim Card အပေါက် မပါတဲ့ Model တွေ အကုန်လုံး ကလည်း eSim + eSim ပါ ... )
လောလောဆယ် ကျွန်တော်တို့ သုံးနေတဲ့ iPhone တွေက 1 sim လား 2 sim လားဆိုတာ သိအောင် အရင် လုပ်ရပါမယ် ..
ဖုန်း ခေါ်တဲ့ နေရာ ကို သွား ပြီး
* #06 # လို့ ရိုက်လိုက်ပါ ...
EID အရင် ပေါ်မယ် imei 1 , imei 2 က နောက်မှ ပေါ်မယ်ဆိုရင်တော့ 1 sim + eSim ပါ ..
imei 1 , imei 2 အရင်ပေါ်မယ် mied က နောက်မှ ပေါ်မယ်ဆိုရင်တော့ dual sim ပါ ..
အဲ့ဒါဆို Dual Sim သမားတွေ အတွက် အရင် ပြောပါမယ် ...
ဒီနေရာမှာ Dual Sim သမားတွေ က အနည်းငယ် အားသာသွားပါတယ် ... ( အားသာတယ်လို့ ပြောတာနော် .. ပိုကောင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး ... )
အလုပ် ရှုပ် နည်းနည်း သက်သာတာပေါ့ ..
အဓိက လက်ရှိ ကိုယ်က Sim Card 2 Card လုံး ထည့် သုံးထားတယ်ဆိုရင်တော့ ..
အေးဆေးပါ .. ဒူးနှံ့ပြီး သာ နေလိုက်ပါ ...
အဲ့လို မဟုတ်ပဲ ကိုယ်က Sim Card 1 Card ထဲ သုံးနေတာ ဆို ..
အလွယ်ကူ ဆုံးနည်း လမ်းက လက်ရှိသုံးနေတဲ့ Sim Card 1 ကို Sim Card 2 ကို ပြောင်းပြီး ထည့်လိုက်ပါ .. ( sim အပေါက်လေး ထုတ်ပြီး ဟိုဘက် ဒီဘက် ချိန်းလိုက်တာပါ... )
အဲ့ဒါဆိုရင်တော့ imei 1 , imei 2 ခု လုံး active ဖြစ်ပါပြီ ..
( ဒါမှ မဟုတ်လည်း နောက်ထပ် Sim Card အသစ် 1 Card ဝယ်ထည့်လိုက်လည်း ရပါတယ် ... Dual Sim သမားတွေ အတွက်က imei 2 ခုလုံး Active ဖြစ်ဖို့ အရမ်းကို လွယ်ပါတယ် ... )
ပြီးရင်တော့ 1sim + eSim သမားတွေ အတွက်ပါ ..
အခု အချိန်လောက်ဆို တော်တော်များများ CEIR Website ထဲ ဝင်ပြီး
ကိုယ့်ဖုန်း ရဲ့ imei လေးတွေ ကို ရိုက်ကြည့်ပြီး စစ်ပြီးလောက်ပြီ ထင်ပါတယ် ..
1sim + eSim သမားတွေ အတွက် imei 1 က tax payment status မှာ Paid ပြပေမဲ့ ..
imei 2 က Unpaid ဖြစ်နေပါလိမ့်မယ် ...
( တစ်ချို့ လည်း 2 ခုလုံး Paid ပြနေတာမျိုးလည်း ရှိပါတယ် ... Paid ပြနေတယ်ဆိုရင်တော့ အေးဆေးပါ ဘာမှ ဆက်လုပ်စရာ မလိုပါဘူး ...
အခု eSim ပြောင်း ဖုန်း ၁ Call ခေါ်ပြီး ချက်ချင်း စမ်းကြည့်တော့ Unpaid ကနေ ချက်ချင်း Paid တော့ ပြသွားပါပြီ )
တကယ်တော့ အလုပ် နည်းနည်း ပိုရှုပ်သွားတာပါ ..
လက်ရှိ မြန်မာနိုင်ငံမှာ သုံးနေတဲ့ Sim Cအard 4 Card လုံး eSim သုံးလို့ ရပါတယ် ..
လက်ရှိ သုံးနေတဲ့ ဖုန်း နံပတ်ကို eSim ပြောင်းလို့ ရသလို
အသစ် ဝယ်လိုက်တဲ့ နံပတ် ကိုလည်း eSim လုပ်လို့ ရပါတယ် ..
ဒီနေရာမှာ ကျွန်တော် သိသလောက် MPT နဲ့ U9 (Ooredoo) Card ၂ ခု က
Application ကနေ ပဲ အလွယ်တကူ eSim ပြောင်းလို့ ရပါတယ် ..
အဲ့ဒါကြောင့် .. ဖုန်း နံပတ် အသစ် တစ်ခု ဝယ် ပြီးတာနဲ့ eSim ပြောင်း ...
eSim ကို Activate လုပ်ပြီးတာနဲ့ imei 2 လည်း Active ဖြစ်ပါပြီ ..
တကယ်လို့ နံပတ် အသစ် တစ်ခု ထပ် မဝယ်ချင်ဘူးဆို
လက်ရှိ ကိုယ်သုံးနေတဲ့ Card က MPT နဲ့ U9 ဖြစ်မယ်ဆို ကိုယ်သုံးနေတဲ့ Card ကို ပဲ eSim ပြောင်းပြီး
Activate လုပ်လိုက်တာနဲ့ imei 2 က Active ဖြစ်သွားပါပြီ ..
eSim သမားတွေ က အလုပ်လေး နည်းနည်း ပိုရှုပ်သွားတာပေါ့ဗျာ ..
( MPT နဲ့ U9 က eSim ပြောင်းရတာ ကိုယ်တိုင် လုပ်လို့ ရပါတယ် .. လွယ်လည်း လွယ်ပါတယ် လုပ်ကြည့်ကြပါ ...
MPT ဆို MPT4U App ၊ U9 ကို U9 App ကို Down ပြီး တစ်ဆင့်ချင်းစီ သေချာ လုပ်ကြည့်ပါ ..
Operator တွေ ဆီ သပ်သပ် သွားစရာ မလိုပါဘူး ...
U9 ကတော့ eSim ပြောင်းတာ Free ပါ ..
MPT ကတော့ Bill 1500 ထည့်ထားမှ ရပါတယ် ...
eSim တွေ အများကြီး ဝယ်စရာလည်း မလိုဘူးနော် ..
Sim Card ဈေးတွေ သွားမမေးနဲ့ .. ပုံမှန် ၄ ၅ ထောင် တန် ကဒ်တွေ က တစ်ကဒ် ကို ၄ ၅ ၆ သောင်းတွေ ဖြစ်ကုန်ပြီ ..
eSim ကို တစ် ကဒ်ပဲ ချိန်း ... ပြီးရင် QR Code လေး ထွက်လာတာ ယူထား ...
အဲ့ QR Code နဲ့ ပဲ ရှိသမျှ eSim တွေ အကုန်လုံး Activate လုပ်လို့ ရတယ်နော် ..
Add eSim ... တစ်ခါ Activate လုပ် .. ဖုန်း ၁ call ခေါ် .. ပြီးရင် delete eSim နဲ့ ပြန်ဖျက် ..
နောက်ထပ် ဖုန်း တစ်လုံး ယူ .. Add eSim လုပ် ... အဲ့လိုနဲ့ ဖုန်းတွေ အများကြီး Activate လုပ်လို့ ရတယ်နော်
ဖုန်း တစ်လုံး ကို Sim Card 1 Card ဝယ်ပြီး လုပ်စရာ မလိုဘူး ... )
အဓိက တစ်ခု ရှိတာက ...
Sim Card ထည့် .. ချက်ချင်း ဖုန်း ခေါ် စမ်းပြီး
Website ထဲ ဝင်စစ်ရင် တစ်ခါတစ်လေ Unpaid ပြနေတာမျိုး ဖြစ်တတ်ပါတယ် ..
အဲ့ဒါဆို နောက် ၁ ရက် ၂ ရက်လောက် နေမှ ထပ်စစ်ကြည့်လို့ ရပါတယ် .. စိတ်ပူစရာ မလိုပါဘူး ..
ဘယ်လိုပဲ နေနေ ကိုယ့် ဘက်က လက်ရှိ ကိုယ်သုံးနေတဲ့ ဖုန်း ရဲ့ imei 2 ခု လုံး ကို
Tax Payment Stauts မှာ Paid ပြနေဖို့ လုပ်ရတာမျိုးပါ ...
( နောက်ထပ် ကြေငြာချက် အသစ် တစ်ခု မထွက်မချင်းပေါ့ ... တကယ်လို့ ဒီ ကြေငြာချက် အတိုင်းပဲ တောက်လျှောက် သွားတော့မယ်ဆိုရင်တော့ ... )
ကိုယ်က imei 2 ကို Activate မလုပ်လိုက်မိလို့ Active မဖြစ်နေဘူးဆို
1sim + eSim ဖုန်း မှာ 1sim ပဲ သုံးလို့ ရပြီး eSim က Blacklist ဖြစ်သွားလို့ eSim လိုင်း တက်တော့မှာ မဟုတ်ပါဘူး ..
ဘယ်နေရာမှာ စကား ပြောသွားမလဲ ဆိုတော့ ...
ကိုင်ထားတဲ့ ဖုန်းတွေ ကို အလဲ အထပ် သွားလုပ်တဲ့ နေရာမှာ စကား ပြောပါလိမ့်မယ် ..
eSim သုံးလို့ မရတဲ့ ဖုန်း အတွက် ဈေး ကောင်း ဘယ်လို မှ ပြန်ရနိုင်မှာ မဟုတ်သလို
eSim အတွက် ပေးရမဲ့ Tax ကိုလည်း Customer ကိုယ်တိုင် ပေးဆောင် ရနိုင်ပါတယ် ..
အဲ့တော့မှ လည်း ဆိုင်တွေ ဘက် က ကြိမ်းေသ ပြန်ဝယ်လို့ ရမှာပါ ..
အဲ့ဒါကြောင့် လောလောဆယ်တော့ ကိုယ့် ဘက်က Safe ဖြစ်အောင်
Dual Sim သမားတွေ က Sim Card 2 Card တစ်ခါတည်း ထည့်သုံးထားမယ် ..
1sim + eSim သမားတွေ ကလည်း Sim Card 1 Card နဲ့ eSim နောက် တစ်ကဒ် ပါ တစ်ခါတည်း ထည့်သုံးထားမယ်ဆိုရင်တော့
March လ ၃၁ ရက်နေ့ ကျော်လို့ April လ ထဲ ရောက်သွားလည်း
အားလုံး အဆင်ပြေပြေနဲ့ သုံးလို့ ရမယ် ..
ဖုန်း တွေ အလဲ အထပ် လုပ်ရင်လည်း အကုန် အဆင်ပြေပြေနဲ့ လုပ်လို့ ရသွားပါမယ် ခင်ဗျာ ..
တကယ်လို့ အပြောင်းအလဲ တစ်စုံ တစ်ရာ ရှိတယ်ဆိုရင်လည်း
အများနည်း တူ ထပ်ပြီး တင်ပေးပါ့မယ် ခင်ဗျာ ...
🏤🏤🏤 🏤🏤🏤
APPLE GURU ( i-Workshop )
အမှတ် (66/68) ၊ မြေညီထပ် ၊ စံရိပ်ငြိမ် (၆) လမ်း ထိပ် ၊ ရန်ကုန်-အင်းစိန်လမ်းမပေါ် ၊ လှည်းတန်း ၊ ကမာရွတ် မြို့နယ် ၊ ရန်ကုန်မြို့ ။ ( United Vision မျက်မှန်ဆိုင် ဘေး )
📞📞 09-400 94 1188 , 09-400 94 1199
🕛🕛🕛🕛🕛
ပိတ်ရက် မရှိပါ ။ ( 09:45 AM to 06:30 PM )
05/03/2026
ဧပြီလမှာ ဖုန်းသုံးခွင့်ရဖို့ 🚨
March လ ပထမပတ်က စပြီး March လ ကုန်အထိက မိမိလက်ရှိကိုင်တဲ့ဖုန်းတွေထဲ MPT/ ATOM/ U9/ MyTel စတဲ့ ကဒ်တခုခုထည့်ပီး ဖွင့်ထားရပါမယ်တဲ့ (သုံးလို့ရတဲ့ Sim card ထည့်ပီး ဖုန်းဖွင့်ထားရုံပဲ)
ဒါဆို သင်တို့ဖုန်းတွေက CEIR ဆိုတဲ့ စနစ်မှာ Auto ပါသွားပီး အခွန်ပေးစရာမလိုတော့ဘူး။
မလုပ်ရင် ဘာဖြစ်မလဲ?
မလုပ်ထားရင်တော့ April တစ်လလုံးတော့ ယာယီခွင့်ပြုချက်ရပြီး ဆက်သုံးလို့ရနေမယ်။
အဲ့နောက်ပိုင်းတော့ ဒဏ်ကြေးနဲ့ အခွန်ဆောင်ပြီးမှ သုံးလို့ရတော့မယ် (မေလက စပီး အဲ့ဖုန်းက သုံးမရတော့ဘူးလို့ ပြောချင်တာ)
စစ်ကြည့်ဖို့ လုပ်ရမယ့်အဆင့်က ရိုးရိုးရှင်းရှင်းလေး
1 ကိုယ့်ဖုန်းထဲကနေ * #06 # ကို နှိပ်လိုက်
အဲ့မှာ IMEI number & bar code ကျလာမယ်။
အဲ့ဒါကို Screenshot ယူထား(or)စာရွက်တခုခုမှာ နံပါတ် တွေချရေးပြီးမှတ်ထား
2 ပီးရင် www.ceir.gov.mm ထဲ ဝင်ပီး Check IMEI status ထဲဝင်ပီး ကိုယ့် IMEI number ကို စစ်
3 ပုံထဲကလို အချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပီ
- IMEI status မှာ Correct လို့ ပေါ်ရမယ်
- Tax Payment Status မှာ Paid လို့ ပေါ်ရမယ်
- Device Blocking Status မှာ Allowed လို့ ပေါ်ရမယ်။
05/03/2026
05/03/2026
10/02/2026
Click here to claim your Sponsored Listing.