Aung Win Kyaw
Welcome to KO PYAE Hair beauty salon
06/04/2023
အိုင်ဒီယာကို သဘော ကျလို့ ပါ
📖📖📖📖📖📖📖📖📖
အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။
၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။
ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။
သိပြီ ပိုက်ဆံ . . . ။
၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။
ဒါဆိုရင်....
၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။
ဟုတ်ပြီ . . .စိတ်နေစိတ်ထား။
၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။
Attitude is everything လို့ ဆိုပါတယ်။
ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။
ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။
📖📖📖📖📖📖📖📖📖
credit....
Gin Gaung
31/03/2023
စာကိုမကျက်ပါနဲ့သား .
စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...
လိုချင်တာတွေကို မဝယ်ပဲ
ပိုက်ဆံကို ခြစ်ကုပ်စုပီး
ကပ်စေးမနဲပါနဲ့သား
ဒါပေမဲ့ အသုံးနဲ့ အဖြုန်းက်ို
ခွဲခြားတတ်ပါစေ...
ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ
အတင်းအဖျင်းတွေကို
ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို
သားကိုယ်တိုင်ထက်ပိုပီး
ဘယ်သူမှ မသိနိုင်ပါ...
စာများများဖတ်ပါ သား .
reader ကောင်းတစ်ယောက်ပာာ
leader ကောင်းတစ်ယောက်
ဖြစ်လာမှာပါ...
စိတ်ဝင်စားတဲ့အလုပ်ကိုပဲ
ရွေးလုပ်ပါ သား...
သားစိတ်မဝင်စားတဲ့ အလုပ်ကို
ဘယ်သူက ဘယ်လောက်ပဲ
တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့
ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ...
လူတွေကို အားမနာပါနဲ့ သား
အားနာတယ်ဆိုတဲ့စိတ်က
သားကို ဘယ်တော့မှ
ကောင်းကျိုးမပေးဘူး...
လူတွေကို တတ်နိုင်သလောက်
မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ
ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး
မမျှော်လင့်ပါနဲ့...
ဘဝမှာ "မှား"သွားမှာကို
မကြောက်ပါနဲ့သား .
လူတိုင်းမှားတတ်ကြပါတယ်...
ဒါပေမဲ့မှားမှန်းသိရင်
အမှန်ပြင်နိုင်အောင်
တတ်နိုင်သလောက်
ကြိုးစားကြည့်ပါ...
လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ
သဘောထားချင်း
မတိုက်ဆိုင်တာတွေ့ရင်
ခံမငြင်းပါနဲ့ သား
သူတို့ပြောတာပဲ
နားထောင်ပေးလိုက်ပါ...
Manual Gearနဲ့
ကားမောင်းတတ်အောင် သင်ပါ
ဘယ်ကားကိုမဆို မောင်းတတ်တဲ့
ယောကျာ်းတစ်ယောက်ပာ
သိပ်ကို Style ကျတယ် သား
ကျန်းမာရေးအတွက်ရော
body လှဖို့အတွက်ပါ
အားကစားလုပ်ပါ သား
ခန္ဓာကိုယ်တောင့်တင်းတဲ့
ယောကျာ်းတစ်ယောက်ပာ
ဘယ်နေရာသွားသွား
လူတောသိပ်တိုးတယ် ငါ့သား...
ရန်ဖြစ်ရင် သူများကို
ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ
ယောကျာ်းသိက္ခာကျတယ် ငါ့သား
ခရီးများများထွက်ပါ သား
သွားတိုင်းလဲ
Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့
အထင်ကရနေရာတွေကို
ဓါတ်ပုံရိုက်ခဲ့ပီး...
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို
memory card ထဲ
မသိမ်းထားပဲ photo album လေး
တစ်အုပ်အမြဲထုတ်ပါ...
အဲ့သည့်ဓါတ်ပုံတွေကို
သားပြန်ထုတ်ကြည့်မိတိုင်း
"ငါဒီနေရာတွေကို
ရောက်ခဲ့ပါလား" ဆိုတဲ့
အတွေးက
သိပ်ကြည်နူးစရာကောင်းတယ်
ရည်းစားအများကြီး
ထားကြည့်ပါ သား .
ဒါပေမဲ့ တစ်ယောက်ပီးမှ
တစ်ယောက်ထားပါ
အိမ်ထောင်ပြုတဲ့အခါ
မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား .
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်အောင်သာ ကြိုးစားပါ
မိန်းမကောင်းတစ်ယောက်
သားအတွက်
အလိုလိုပေါ်လာပါလိမ့်မယ်
အိမ်ထောင်ဖက်ကို
သားစိတ်တိုင်းကျ
သေသေချာချာရွေးချယ်ပါ
သားဘဝရဲ့ ၉၀% သော
ပျော်ရွှင်မှုကို
ဒီမိန်းကလေးဆီကပဲ ရမှာပါ...
စိတ်ထားဖြူစင်ပီး
သဘောထားပြည့်ဝတဲ့
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်ပါစေ။
Crd
30/03/2023
နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်ပြီး
သူလုပ်သမျှ ပြန်လှည့်ကြည့်စရာမလိုပဲ
ဆရာကျတဲ့လူဆိုတာ . . .
⌛ အချိန်ရယ်
💧 ချွေးတွေရယ်
❌ အမှားတွေရယ်
💎 အတွေ့အကြုံတွေရယ်
ပေါင်းစပ်ပြီး အထပ်ထပ်အခါခါ မှားသမျှကို
ပြင်ဆင်လေ့လာကြိုးစားပြီးမှ ဆရာကျလာတဲ့ လူတစ်ယောက်ဖြစ်လာရတာပါ။
Crd
29/03/2023
မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။
အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။
မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။
မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။
ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။
မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။
မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။
မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။
အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။
တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။
Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်
The future depends on
what you do today "
မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့
ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။
မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....
Crd
28/03/2023
ရည်မှန်းချက်တွေအကောင်အထည်ဖော်တော့မယ်ဆိုရင်
__________________________________________________
(1) ကြိုးစားနိုင်ရဲ့လား
ကြိုးစားနိုင်တယ်ဆိုတာထက်ကို ပိုရပါမယ်။ အထူး
သဖြင့် ကျွန်တော်တို့ရည်မှန်းချက်တွေ ကြီးရင်ကြီး
သလောက် နေ့မနားညမနား အလုပ်လုပ်ရတဲ့နေ့တွေ
ရှိတတ်ပါတယ်။ ဒီလိုနေ့ညတွေကို လက်ခံရင်ဆိုင်နိုင်
အောင် ပြင်ဆင်ထားပါ။ ဒီလောက်ထိ မကြိုးစားနိုင်ဘူး
ဆိုရင် အကောင်အထည်မဖော်ပါနဲ့...။
(2) အချိန်ပေးနိုင်ရဲ့လား
ခုရေတွေင်းတူး ခုရေကြည်သောက်လို့မရသလို ခု
ချက်ချင်းလုပ်ပြီး ခုချက်ချင်း ဖြစ်မြောက်ချင်လို့
မရပါဘူး။ စိတ်ရှည်ရမယ်၊ သည်းခံရပါမယ်။
အချိန်ကြာလေ ကျွန်တော်တို့လုပ်သမျှတွေက
အရာထင်လေဖြစ်တဲ့အတွက် အချိန်ပေးနိုင်ရပါမယ်။
အချိန်မပေးနိုင်ဘူးဆိုရင် အကောင်အထည်မဖော်ပါနဲ့...။
(3) ပြန်ထနိုင်ရဲ့လား
ပန်းတိုင်ဆီရောက်အောင်သွားတဲ့လမ်းက ပန်းခင်းလမ်း
မဟုတ်ပါဘူး၊ ဆူးခင်းလမ်းပါ။ ဒီလမ်းမှာ အခက်အခဲ
အကျပ်အတည်းလို့ခေါ်တဲ့ ဆူးငြောင့်ခလုတ်တွေ ရှိနေ
ပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့တွေက ဒဏ်ရာ
အများအပြားနဲ့ လဲကျတတ်ပါတယ်။ ဘယ်လောက်ပဲ
လဲကျပါစေ၊ ဘယ်နှစ်ကြိမ်ပဲလဲကျပါစေ လျှောက်မှ
ရောက်မှာဖြစ်တဲ့အတွက် မရရအောင် ပြန်ထပြီး ဆက်
လျှောက်ပါ။ ပြန်မထနိုင်ဘူးဆိုရင် အကောင်အထည်
မဖော်ပါနဲ့...။
(4) စွန့်လွှတ်နိုင်ရဲ့လား
သိထားရမှာသည် စွန့်လွှတ်မှုတိုင်းက ပိုင်ဆိုင်ဖို့
အတွက်ပါ။ အရင်းရှိမှ အမြတ်ရှိမှာဖြစ်တဲ့အတွက်
ကျွန်တော်တို့တွေဟာ စွန့်လွှတ်မှုတွေ ပြုလုပ်ရတတ်
ပါတယ်။ အဲ့ဒီအထဲမှာ ကျွန်တော်တို့ချစ်တဲ့လူ၊ သို့
မဟုတ် ကျွန်တော်တို့ချစ်တဲ့ အရာတွေ ပါ၀င်နိုင်ပါ
တယ်။ တစ်စုံတစ်ရာပိုင်ဆိုင်ဖို့အတွက် တစ်စုံတစ်ခု
တော့စွန့်လွှတ်ရမှာဖြစ်တဲ့အတွက် စွှန့်လွှတ်ချိန်တန်
ရင် စွန့်လွှတ်လိုက်ပါ။ မစွန့်လွှတ်နိုင်ဘူးဆိုရင်
အကောင်အထည်မဖော်ပါနဲ့...။
(5) သင်ယူနိုင်ရဲ့လား
ခေတ်ကတိုးတက်လာတဲ့အလျောက် သင်ယူစရာတွေ
ဟာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။
သင်ယူမှုတွေရပ်တန့်တဲ့နေ့က ကျွန်တော်တို့ရဲ့ တိုးတက်
မှုတွေသေဆုံးတဲ့နေ့ဖြစ်တဲ့အတွက် ရပ်လိုက်လို့မရပါ
ဘူး။ တိုးတက်ရှင်သန်နေမှ ရည်မှန်းချက်ပန်းတိုင်ကို
အရောက်သွားနိုင်မှာဖြစ်တဲ့အတွက် အမြဲတမ်းသင်ယူ
နေပါ။ မသင်ယူနိုင်ဘူးဆိုရင် အကောင်အထည်မဖော်
ပါနဲ့...။
ဟုတ်ကဲ့..ဒီအချက်ငါးချက်ကို လုပ်ဆောင်နိုင်မှ
ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပါ
မိတ်ဆွေ....။
Crd
28/03/2023
" အကြံပေးစာ "
ဘယ်လိုအခြေအနေမှာ လုပ်ငန်း
မစတင်ဖို့ ..ဘယ်လိုစိတ်ဓာတ်မရှိရင် လုပ်ငန်း မစတင်ဖို့
ဘာတွေရင်မဆိုင်ရဲရင် လုပ်ငန်း မစတင်ဖို့...
- တစ်ရက် ၈နာရီဘဲအလုပ်လုပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- တစ်ပတ် ၅ရက်ဘဲ အလုပ်လုပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- အိပ်ရေးဝဝအိပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- ညဘက်တွေ အိပ်မပျော်ဘဲ စဉ်းစားရင်းမိုးလင်းရတဲ့ရက်တွေ မကြုံချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- စာဖတ်ရမှာပျင်းလျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- သူငယ်ချင်းတွေကို ဆုံးရှုံးရမှာကြောက်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- အပေါင်းအသင်းတွေရဲ့ အငြိုငြင်မခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ကါနဲ့
- No လို့ ပြောရမှာ အားနာနေသေးရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- အားလပ်ချိန်ပိုလိုချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- နေ့စဉ်ရက်ဆက် ခေါင်းကိုက်လောက်အောင် မစဉ်းစားချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- လူတွေရဲ့ အမုန်းမခံနိုင်လျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲဲ့
- အထင်လွဲမခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- စိတိရှုပ်မခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- Vacation ခဏခဏ သွားချင်ရင် ကိုယ်ကိုင်လုပ်ငန်း မလုပ်ပါနဲ့
- ငွေကြေးကျပ်တည်းတာ မခံနိုင်လျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- ပြသနာတွေ မဖြေရှင်းချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- သင်ယူ လေ့လာချင်စိတ်မရှိရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- ကိုယ့်ကိုကိုယ် အောင်မြင်မယ်လို့ မယုံကြည်သေးရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
- ဘယ်လိုအခြေနေမှာဖြစ်ဖြစ် ရအောင်ဆက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့
လုပ်ငန်းစခါစမှာ ရင်ဆိုင်ရမှာတွေက အများကြီးပါ...
Crd
26/03/2023
🌹 #ဘဝဆိုတာ 🌹
မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ•••
ဖြစ်အောင် လုပ်ချင်တဲ့
တံခါးပေါက်လေး ရှိတယ်။
ဆုံးရှုံးခြင်းရဲ့ နောက်ကွယ်မှာ •••
တဖန် အောင်မြင်ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။
နာကျင်ခြင်းရဲ့ နောက်ကွယ်မှာ •••
မခံချင်စိတ်တွေ ရှိတယ်။
အနိမ်ခံဘဝရဲ့ နောက်ကွယ်မှာ •••
ခံပြင်းစိတ်နဲ့ ကြိုးစားချင်စိတ်တွေ ရှိတယ်။
စွန့်လွှတ်မှုရဲ့ နောက်ကွယ်မှာ •••
တမ်းတ ငိုကြွေးခြင်းတွေ ရှိတယ်။
အစွန့်လွတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ•••
အရာရာကိုနားလည်သွားနိုင်တဲ့
ဘဝသင်ခန်းစာတွေ ရှိတယ်။
#ဘဝဆိုတာ
ကိုယ့်ဒူး ကိုယ်ချွန်ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက်ရမယ်။
ကိုယ့်သမိုင်း ကိုယ်ရေးရမယ်။
တကယ်တော့
#ဘဝဆိုတာ အားကိုး ရှာဖို့
ရောက်လာတာမှ မဟုတ်တာပဲ•••။
ကိုယ်ဖောက်ရမဲ့ လမ်းအတွက်
သင်ခန်းစာယူဖို့ ရောက်လာကြတာပါ။
အဲဒီတော့ •••
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊
ဘာလို့ လဲကျသွားလဲ
သင်ခန်းစာ ယူ၊
ရအောင် ပြန် မတ်တပ်ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ " ဘဝ " ပါပဲ သူငယ်ချင်း•••။
..
26/03/2023
#ခက်ခဲလွန်းတဲ့ပထမခြေလှမ်း......
ကျွန်တော်တို့တွေဟာ များသောအားဖြင့် အလုပ်သစ်တစ်ခုကိုပဲဖြစ်ဖြစ် ၊ နယ်ပယ် အသစ်တစ်ခုကိုပဲဖြစ်ဖြစ် ၊ ဝါသနာတွေ ရည်မှန်ချက်တွေကို ပဲ ဖြစ်ဖြစ် စတင်အကောင်အထည်ဖော်တဲ့အခါ......တော်တော်လေးခက်ခဲကြမ်းတမ်းလွန်းပါတယ်.....နောက်ထပ် ခြေလှမ်းအသစ်တွေဆက်ပြီးမလှမ်းချင်တော့လောက်အောင်ကို စိတ်ဆင်းရဲ စိတ်ပျက် မိဖူးပါလိမ့်မယ်.....
တချို့တွေက အဲဒီပထမခြေလှမ်းမှာပဲ အရှုံးပေးလိုက်ကြသလို ၊ တချို့တွေက အဲဒီ ပထမခြေလှမ်းမှာပဲ ရပ်နေကြပါတယ်(လယ်ထွက်နေကြပါတယ်) ၊ အဲဒီတချို့တွေထဲက လူနည်းစုကတော့ ကြုံလာတဲ့ အခက်အခဲတွေ ၊ ပြသနာ တွေကို ပင်ပန်းကြိီးစွာ ရင်ဆိုင်ပြီး ပန်းတိုင်ကို ချီတက်နိုင်ခဲ့ကြပါတယ်........ဒါပါပဲ အောင်မြင်နေတဲ့လူနဲ့ ကြရှုံးနေရတဲ့လူရဲ့ ကွာခြားချက်က.....ကျွန်တော်တို့တွေဟာ ဘာပဲစလုပ်လုပ် ပထမဆုံးရင်ဆိုင်ရမှာက အခက်အခဲတွေပါ.....ပြီးခါမှ အခွင့်အလမ်းတွေနဲ့ အောင်မြင်မှုတွေက ရောက်လာတာပါ........ ဒါ့ကြောင့် ပထမဆုံးခြေလှမ်း တွေမှာ ကြုံရမဲ့ အခက်အခဲတွေကို ရင်ဆိုင် ၊ ကျော်ဖြတ်နိုင် တဲ့ လူတွေ ဖြစ်အောင်ကြိုးစားကြပါလို့ပဲ...... အသိလေးပေးချင်ပါတယ်.......
#ဘယ်တော့မှနောက်ပြန်မဆုတ်လိုက်ပါနဲ့ဘာဖြစ်လို့လည်းဆိုတော့အဲဒီအရာကမင်းကိုယ်တိုင်ရွေးချယ်လိုက်ပြီးပြီဖြစ်လို့ပဲ💪💪........ #နိုင်းနိုင်း
26/03/2023
🍀တစ်နေ့တော့...
လုပ်လက်စအလုပ်တွေခဏထားခဲ့ပြီး
သဘာဝတရားတွေဆီ ခရီးထွက်ဦးမယ် ...။
💚💚💚💚💚
🍀ဟန်ဆောင်ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အပေါ်ယံမျက်နှာဖုံးတွေကြားမှာ ရှင်သန်နေရတယ်။
🍀ဝမ်းရေးအတွက်လုပ်နေရတဲ့ အလုပ်တွေကြားမှာ အမြဲပြုံးပြီး ပျော်နိုင်အောင်လို့ ကြိုးစားနေရတယ်။
🍀အချစ်တွေ အလွမ်းတွေနဲ့ ခံစားနေရတဲ့ အချိန်တွေကိုလည်း မဖြတ်သန်းချင်တော့ဘူး။
🍀စိတ်ရဲ့ မွန်းကြပ်ခြင်းတွေကြားက လွတ်မြောက်ဖို့ ခရီးတွေ သွားမယ်။
🍀Camera တစ်လုံးရယ် နားကြပ်တစ်ခုရယ်
လုံလောက်တဲ့ ပိုက်ဆံလေးရယ်
အဝတ်စားတစ်စုံ နှစ်စုံလောက်ရယ်
ကျောပိုးအိတ်လေးတစ်လုံးရယ်ပဲ ယူသွားမယ်။
🍀ပြီးတော့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုရယ် ခရီးသွားမယ်။
🍀အဝေးပြေးလမ်းမကြီးထက်မှာ သီချင်းတွေ အော်ဆိုမယ်။
🍀အရာအားလုံးထက္ပိုလွတဲ့ သဘာဝရဲ့
ရှုခင်းတွေကို တဝကြီးငေးမယ်။
🍀အေးချမ်းခြင်းဆိုတာ ဒါပါလားလို့ ခဏလောက်တွေးကြည့်မယ်။
🍀ပြီးရင် စိတ်ကြိုက် ဓါတ်ပုံတွေ အများကြီးရိုက်မယ်။
🍀ပူပန်စရာတွေ မရှိဘူး
စိုးရိမ်စရာကင်းမဲ့တယ်။
🍀သဘာဝတရားကြီးက ဘယ်အရာကမှ
ပိုလှမနေဘူး။
🍀တကယ်ပါ ... တစ်နေ့တော့...
လုပ်လက်စအလုပ်တွေခဏထားခဲ့ပြီး
သဘာဝတရားတွေဆီ ခရီးထွက်ဦးမယ် ...။
#သဟာဆွေလှိုင်း
24/03/2023
အချစ်ဆိုတာ
အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို
အထင်မြင်လွဲလာကြတယ်.....
တစ်ပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့်....
ဟိုဆိုင်သွားစား ဒီဆိုင်သွားစားတာကို ကြွေး
နိုင်မှ အချစ်လို့ထင်လာကြတယ်....
အရုပ်လေး ၀ယ်ပေး ဟိုဟာ၀ယ်ပေး နိုင်မှ
အချစ်လို့ထင်လာကြတယ်....
လူအများကြားမှာ အနမ်းတွေပေး ဖက်ပြနေမှ
အချစ်လို့ထင်လာကြတယ်...Sex ကိုပျော်စရာ
အဖြစ်သတ်မှတ်လာကြတယ်....
သူတို့ဆီမှာ အနာဂတ်ကိုမတွေးတော....
တစ်ဘ၀စာထက် တစ်ခဏတာကြားမှာ ပျော်
မြူးလာကြတယ်.....အရည်အချင်းထက်..ရုပ်
ရည်ကို ဦးစားပေးလာကြတယ်.....
တစ်ကယ်တော့......
" အချစ်ဆိုတာ မိသားစုတစ်ခုလိုပါပဲ "
ဒုက္ခ နဲ့သုတ, မျက်ရည် နဲ့ ရယ်သံ, ကျရှုံးမူ နဲ့
အောင်မြင်မူကြား ကိုယ့်ဘက်က အမြဲရပ်တည်
ရှိနေပေးတတ်ကြသူတွေပါ....
အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်ကွယ်မှာ
ထက်မြက်တဲ့မိန်းမတွေရှိတယ်....ထက်မြတ်တဲ့
မိန်းမတွေ ဘေးမှားလည်း အောင်မြင်တဲ့ ယော
င်္ကျားတွေရှိကြတယ်....
ဘ၀အာမခံချက်ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့
အရာပါ..ဘယ်အာမခံ company မှ ခုံဖိနပ်တစ်
ရံကို ဒေါ်လာသန်းချီမပေးနိုင်သလို.....
ထီ မထိုးပဲ ထီပေါက်ချင်, အပင် မစိုက်ပဲ အသီး
စားချင်, ပါရမီမဖြည့်ပဲ အောင်မြင်တဲ့ယောင်္ကျား
တွေကို မမျှော်လင့်ချင်ပါနဲ့......Ready made
တွေက ဘယ်အရာမှ မကောင်းဘူး...
ဘ၀မှာ ဟင်းကောင်းကောင်းစားရုံ, အလှပြင်ရုံ
သက်သက်လူဖြစ်လာတဲ့ သာမာန်မိန်းမတွေဟာ
အောင်မြင်ပြီးသားယောင်္ကျားတွေကိုရှာပြီး သူတို့
ဘ၀ကို တည်ဆောက်ချင်ကြတယ်....
ထက်မြတ်တဲ့မိန်းမတွေကတော့ သူတို့ တကယ်
ချစ်တဲ့သူနဲ့သာ ဘ၀ကိုရုန်းကန်လှုပ်ရှား ဖေးမကူ
ညီရင်း အောင်မြင်တဲ့ယောင်္ကျားတွေရဲ့ အရေးပါ
တဲ့ မိန်းမတွေဖြစ်ချင်ကြတယ်....
ငွေ တစ်ထောင်ကို တစ်သောင်းဖြစ်အောင် ဘယ်
လိုလုပ်ပေးရမလဲစဉ်းစားမယ့်အစား ဘယ်လိုဖြုန်း
ရမလဲ...စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက
လက်တွဲဖြုတ်လိုက်ပါ..သင့်ဘ၀ရဲ့ ပါရမီဖြည့်ဖက်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့ပါပဲ.....
အချစ်ဆိုတာ ဒါပါပဲ
23/03/2023
#အပြောင်းအလည်းတွေကိုကြောက်တဲ့ငါတို့
ကျွန်တော်တို့တွေဟာများသောအားဖြင့် အပြောင်းအလည်းတွေနဲ့ အသားမကြ ကြပါဘူး..
ကိုယ့်လုပ်ငန်းခွန်ထဲမှ ကိုယ်နဲ့တွဲလုပ်ဖော်အသစ်ရောက်လာမယ်ဆိုရင်တောင် စိတ်ထဲမှာ ကိုယ်နဲ့ သင့်တော်ပမလား 🤔၊ လုပ်ငန်းခွန်အသစ်ဆိုရင်လည်း ကိုယ်နဲ့အဆင်ပြေပမလား🤔 စသည်ဖြင့်စသည်ဖြင့်ပေါ့... ကျွန်တော်တို့တွေဟာ အသစ်အဆန်းတွေပြောင်လည်းရမှာကို မနှစ်မြို့ကြပါဘူး......
အရင်က ရှမ်းရှမ်းတောက်ကျော်ကြားခဲ့ဖူးတဲ့ Nokia ရဲ့ CEO ဖူးတယ် #ငါတို့အမှားမလုပ်ခဲ့ဖူးဒါပေမဲ့ငါတို့ကျရှုံးခဲ့တယ်......... ဆိုတဲ့စကားလေးဟာတော်တော်လေးကို စဥ်းစားတွေးတောဖို့ကောင်းတဲ့ စကားလေးဖြစ်ခဲ့တယ်...
မှန်ပါတယ် ကျွန်တော်တို့တွေဟာ လက်ရှိအသားကြနေတဲ့ ပုံစံခွက်တွေ ၊ ဘောင်တွေထဲကနေပြိီး အသစ်အဆန်းတွေ ပြောင်းလည်းပစ်ရမှာကို အတော်ကြောက်ကြပါတယ်........ဒါပေမဲ့ လည်း😐 ကျွန်တော်တို့ခင်ဗျတို့တွေ ပြောင်းလည်းကိုပြောင်းလည်းပစ်ကြရမှာပါ ၊ စိန်ခေါ်မှုအသစ်တွေ ၊ အောင်မြင်မှုအသစ်တွေ၊ အတွေ့အကြုံ အသစ်တွေကို အပြောင်းအလည်းအသစ်တွေနဲ့အတူ ရယူရမှာဖြစ်ပါတယ်.....
ဖေမြင့်
22/03/2023
မိန်းကလေးအများစုဟာ သိပ်ရိုးရှင်းတဲ့ ယောကျာ်းသဘာဝကို နားမလည်ကြတာ အံ့သြစရာကောင်းတယ်။
မလေ့လာလို့ မသိကြတာဖြစ်သလို မသိချင်လို့ကို
မသိကြတာ လည်းဖြစ်နိုင်တယ်။
လက်တွေ့ကျတဲ့ သဘာဝထဲက ယောကျာ်းတွေကို
မကြည့်ဘဲ ရုပ်ရှင်တွေ၊ဝတ္ထုတွေထဲက
စူပါဟီးရိုးယောကျာ်းတွေကို မြင်ထားပြီး
သူ့တို့စိတ်ကူးထဲက အမျိုးသားဟာ
စင်းလုံးချောတွေဖြစ်သွားရော။
တကယ်တော့ ယောက်ျားတွေကလည်း မိန်းမတွေအကြောင်းသိပ်မသိပါဘူး။
ဒါပေမယ့် လိုအပ်သလောက်တော့ သိကြတယ်။ယောကျာ်းနဲ့မိန်းမမှာ အညှာအကိုင်ခံရတာ၊အကြပ်ကိုင်ခံရတာဟာ မိန်းမတွေများတယ်။အကြပ်ကိုင်ခံရတယ်ဆိုတာ အညှာကိုင်ခံရတယ်ဆိုတာ ကိုယ့်ပျော့ကွက်ကို သိထားလို့ပဲ။
မိန်းမတွေဟာ ယောက်ျားအကြောင်းတော်တော်များများကိုသိတယ်။ဒါပေမယ့် အဓိကကျတဲ့အရာတွေကို မသိကြဘူး။ယောကျာ်းတွေက မိန်းမအကြောင်းတော်တော်များများကိုမသိဘူး။
ဒါပေမယ့် အဓိကကျတာတွေကို သိတယ်။
မိန်းမတွေဟာ ယေဘူယျအခြေအနေမှာ
သိပ်အလျှော့ပေးလေ့မရှိဘူး။
ဒါပေမယ့် မိန်းမတစ်ယောက်အလျှော့ပေးလိုက်ရရင် သိပ်သနားဖို့ကောင်းတယ်။
သူတန်ဖိုးထားတဲ့ တစ်ခုခုဆုံးရှုံးသွားမှာစိုးလို့ သူထွေးပိုက်ထားတဲ့ မာနကို အကွဲအကြေခံလိုက်ရတာမျိုးလေ။
ယောကျာ်းတွေက ယေဘူယျအခြေအနေမှာ
သိပ်အနိုင်ယူလေ့မရှိဘူး။ဒါပေမယ့် ယောကျာ်းတစ်ယောက်အနိုင်ယူပြီဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ်။ရက်စက်ပြတ်သားခြင်းတွေနဲ့။
သမီးရည်းစားတွေ၊လင်မယားတွေရဲ့ လူမှုရေးပြဿနာတွေ တော်တော်များများမြင်ဖူးတယ်။
များသောအားဖြင့် အိမ်ထောင်ရေးတစ်ခုမှာ
မိန်းမက နိုင်သယောင်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ လူကြီးလူကောင်းပီသတဲ့
အမျိုးသားတွေသာ စိတ်နုနယ်တဲ့ အမျိုးသမီးတွေကို ညှာတာထားလို့ပဲ။
"ချစ်လို့၊ကြောက်လို့၊မကွဲရဲလို့”စတဲ့ အကြောင်းပြချက်တွေကြောင့်မဟုတ်ဘူး။
မိန်းမတစ်ယောက်ကို ညှာတာသင့်တယ်ဆိုတဲ့
ယောကျာ်းကောင်းစိတ်နဲ့ ညှာတာရုံပါ။
ဒါကို အမျိုးသမီးတချို့က အယူအဆမှားပြီး
"ဒီယောကျာ်း ငါ့ကိုကြောက်တယ်”လို့ ထင်ကုန်တာ တော်တော်ဆိုးတယ်။
ယောကျာ်းတစ်ယောက် အရည်အချင်းရှိလာရင် ရွေးချယ်စရာတွေများလာတယ်။တစ်စုံတစ်ခုကို ပြင်းပြင်းပြပြစွဲလန်းတယ်ဆိုတဲ့ စွဲလန်းမှုနယ်ပယ်ထဲမှာ
မရှိကြတာများတယ်။
မင်းဘယ်လောက်ပဲဆိုးဆိုး၊မင်းဘယ်လောက်ပဲ
အနိုင်ယူယူ မင်းမှမင်းပဲဆိုပြီး တွယ်ကပ်နေဖို့ဆိုတာ
ဖြစ်နိုင်ခြေနည်းတယ်။
မင်းအလှမှာ သာယာတဲ့စိတ်ထက် မင်းအကျင့်ဆိုးကို စိတ်ပျက်တဲ့ စိတ်က ပိုများသွားရင်
မင်းကိုကျောခိုင်းမှာပါပဲ။
ယောကျာ်းတစ်ယောက်ကို ပုံပြီး ယုံကြည်လိုက်တာဟာ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသလိုပဲ။
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။
ဖြစ်ပြီဆိုရင်လည်း ပြင်းထန်တဲ့ ဒဏ်တွေရမယ်။
အစိုးမရတဲ့အရာပေါ် မှာ 100%ပုံပြီး
ယုံကြည်မိရင် မင်းမှားတယ်။မင်းညံ့တယ်။
ယောကျာ်းအများစုဟာ မိန်းမကို ချည်းကပ်တဲ့အခါ သူ့ခြေထောက်ပေါ်သူရပ်မယ်လို့ ခံယူပြီးမှ
ချဉ်းကပ်တာများတယ်။
ဒီမိန်းမမရှိတော့ရင်လည်း သူလဲပြိုစရာမရှိဘူး။
အစကတည်းက ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နေတာလေ။
ဒီတော့ မိန်းမတစ်ယောက်သည်လည်း ယောကျာ်းတစ်ယောက်အပေါ် ယုံကြည်အားကိုးပြီး ဘဝတစ်ခုလုံး ပစ်မှီလိုက်တာမျိုးမလုပ်သင့်ဘူး။သူဖယ်လိုက်တာနဲ့ မင်းပြိုလဲသွားမှာ။
ယောကျာ်းတစ်ယောက်ပေါ် ဘဝတစ်ခုလုံး မှီခိုထားတဲ့ မိန်းမတွေဟာ အဲ့ဒိယောကျာ်းကို သူတို့စိတ်တိုင်းကျဖြစ်ဖို့ စချယ်လှယ်တော့တာပဲ။
သူမှာက ရွေးချယ်စရာမရှိတော့ဘူး။
Plan Bမရှိတော့ဘူး။ဒီယောကျာ်းကိုပဲ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ပြုပြင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။(ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ မေ့နေရင်းနဲ့)
ကိုယ့်ကိုယ်ကို ပြုပြင်ဖို့တောင် သိပ်ခက်တာလေ။ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို ပြုပြင်ဖို့ဆိုတာ အစိုးမရတဲ့ အနတ္တပါပဲ။
ပြုပြင်လို့ရချင်လည်း ရမှာပေါ့။မရချင်လည်း မရဘူး။မသေချာဘူး။
အဲ့ဒိ မသေချာမှုကြီးပေါ်မှာ ဘဝကို ပစ်တင်ထားတော့ အဲ့ဒိအမျိုးသမီးရဲ့ စိတ်ထဲမှာ
သံသယတွေနဲ့။ပူပန်ခြင်းတွေနဲ့။
ငြူစူမှုတွေနဲ့။စိတ်ပျက်စရာ အမျိုးသမီးဖြစ်လာတယ်။
မိန်းမတွေဟာ ဒီယောကျာ်းမှလွဲ၍ နောက်လူဆိုတာမရှိ။ဒီယောကျာ်းကိုပဲ ရအောင်ပြုပြင်မယ်။လမ်းခွဲဖို့ လုံးဝတွေးမထားဘူး။
ဒါကိုပဲ သစ္စာတရားရယ်လို့ အဲ့လိုအမျိုးသမီးက
ထင်တယ်။အနတ္တကို လက်မခံရဲရင် ၊ဘယ်အခြေအနေဖြစ်ဖြစ် လက်ခံရဲတယ်ဆိုတဲ့ သတ္တိမရှိရင် မင်းဟာ မစခင်ကတည်းက ရှုံးနှင့်နေပြီးသားပါ။
ယောကျာ်းတွေကကျတော့ မိန်းမတစ်ယောက်ကို
ပြုပြင်ထိန်းကျောင်းဖို့ မကြိုးစားဘူး။
မကြိုက်တော့ရင် ပယ်မယ်။
သည်းမခံနိုင်တော့ရင် လမ်းခွဲမယ်။
ဒါကို အဲ့လိုအမျိုးသမီးတွေက သစ္စာမဲ့ခြင်းလို့
ဆိုကြမယ်ထင်ရဲ့။
ယောက်ျားတိုင်းဒီလို၊မိန်းမတိုင်းဒီလိုလို့ ကျနော်
သတ်မှတ်တာမဟုတ်ဘူးနော်။အတွေ့များတဲ့
ယေဘူယျသဘောကို ဆွေးနွေးရုံပါ။
ယောကျာ်းတွေက ကောင်းပြီး မိန်းမတွေက
မကောင်းဘူးလို့ ပြောလိုတာမဟုတ်ဘူးနော်။
ဘယ်တော့မှ တစ်ဖက်သက်မရေးချင်တာ ကျနော့်ဗီဇပါ။ဒီစာဟာ အမျိုးသမီးအကြောင်းကို high lightအနေနဲ့ ရေးတဲ့စာမျိုးမို့ပါ။
"ဘယ်သူမပြုမိမိမှု၊မိမိကိုသာ ကိုးကွယ်ရာ”စတဲ့ ခံယူချက်ကို ပိုင်ဆိုင်မယ်ဆိုရင် တစ်ဖက်ကို အပြစ်မြင်ဖို့ထက် ကိုယ့်ကိုယ်ကိုဆင်ခြင်ဖို့ ပိုအားကောင်းသွားမယ်။ယောကျာ်းတွေက မကောင်းဘူးလို့ တွေးမယ့်အစား ယောကျာ်းနဲ့ မိန်းမ ကွာခြားချက်က ဘာလဲလို့ လေ့လာရမယ်။လမ်းခွဲရဲတဲ့ သတ္တိရှိမှ ပေါင်းစပ်ကြည့်ပါ။ဘဝဟာ တစ်ခါသုံးမဟုတ်ဘူး။
"တည်မိတဲ့ ဘုရား လင်းတနားနား”ဆိုပြီး ဘဝတစ်ခုလုံး ကြိတ်မှိတ်နစ်မွန်းနေစရာလည်း မလိုဘူး။
ကိုယ်က one night standပဲလို့ ရည်ရွယ်ထားရင်တောင် ပါဖြောင့်သလား၊ဘော်ဒီတောင့်သလား၊ရောဂါကင်းသလား၊အိပ်နေတုန်း ပစ္စည်း"မ”ပြေးကောင်လားလို့ အကဲခတ်ရတယ်။
ရည်းစားအဖြစ်လက်တွဲဖို့ဆိုရင် ၊လင်အဖြစ် ရွေးချယ်ဖို့ဆိုရင် ထပ်လေ့လာရပြန်တယ်။
မိမိအကဲခတ်မှားလို့ ယူပြီးမှ အဲဒိကောင် စောက်ကျင့်မကောင်းရင် လမ်းခွဲရဲရတယ်။
မနေ့က အမျိုးသမီးတစ်ယောက် ကျနော့်ကို
ရင်လာဖွင့်တယ်။
"သူ ၁၅နှစ်သမီးမှာ ၂၅အရွယ် guideဆရာက rapeလုပ်တယ်တဲ့။အသက်မပြည့်တာမို့ သူသဘောတူလည်း ဒါမုဒိန်းမှုပဲ။
စကျူးလွန်ခံရချိန်မှာ သူသဘောမတူခဲ့ဘူး။
နောက်ကျတော့ ယောကျာ်းမာယာကြောင့် သူကျရှုံးသွားတယ်။မိဘကိုလည်း ဖွင့်မပြောဘူး။
အဲ့လူနဲ့ ခိုးပြေးတယ်။အဲ့ဒိယောကျာ်းက ဘာအလုပ်မှမလုပ်ဘူး။သူ့မိဘအိမ်မှာ ထိုင်စားတယ်။ သူ့ မိဘအိမ်မှာ သူထိုင်စားတာ သူ့အတွက်ပြဿနာမရှိပေမယ့် မယားအနေနဲ့ကျတော့ မျက်နှာငယ်ရတယ်။ယောက္ခမရဲ့ အိမ်အလုပ်ကို သိမ်းကျုံးလုပ်ရတယ်။
၁၈နှစ်သမီးမှာ အိမ်ခွဲနေပြီး သူက အလုပ်လုပ်တယ်။ယောကျာ်းက ထိုင်စားတယ်။
ချဲရောင်းတော့ ဝင်ငွေဖြောင့်တယ်လေ။
ဆိုင်ကယ်တွေဘာတွေဝယ်တယ်။
ယောကျာ်းက ပေါင်စားပစ်တယ်။
သောက်စားတယ်။လောင်းကစားလုပ်တယ်။
မိန်းမက အပြစ်တင်တော့ မိန်းမကို ရိုက်တယ်။
ကွာရှင်းဖို့ပြောတော့ မကွာရှင်းပေးဘူး။
အဲ့ဒိအမျိုးသမီးက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ်။သမီးတစ်ယောက်ရှိတယ်။
အဲ့ဒိအဖေနဲ့ ကျန်ခဲ့တယ်။မိန်းမက နိုင်ငံခြားကနေငွေပို့ရတယ်။သူက ထိုင်စားတယ်။
အဆိုးဆုံးက သမီးက အမေကိုမချစ်ဘူး။
အဖေကို ပိုချစ်နေတယ်။အဲ့ဒိအမျိုးသမီး
နိုင်ငံခြားထွက်တာ ၄နှစ်ရှိပြီ။
အိမ်ထောင်သက်အတွင်းမှာ လင်လုပ်စာကို မစားဖူးပါဘူးတဲ့။ကျနော်က ခပ်ကြမ်းကြမ်းရေးပြတာ။ဒီအကြောင်းကို သူရင်ဖွင့်တော့ ငိုသံနဲ့။
နာနာကျင်ကျင်ပြောပြတာ။
အကယ်၍သာ ၁၅နှစ်သမီးမှာ လုပ်သင့်တာကိုလုပ်ရဲခဲ့ရင် အဲ့ဒိကောင် မုဒိန်းမှုနဲ့ထောင်ကျနေမှာ။ကျနော်လည်း အံကြိတ်ပြီးနားထောင်ရုံပဲ တတ်နိုင်တယ်။
ကျနော် အမျိုးသမီးတို့ကို အကြံပြုပါရစေ။
ယောကျာ်းတစ်ယောက်ကို အသည်းအသန်ပြုပြင်ဖို့ ထိန်းကျောင်းဖို့မကြိုးစားပါနဲ့။
အစိုးမရပါဘူး။မကျေနပ်ရင် လမ်းခွဲပစ်ပါ။
ဒါခင်ဗျားရဲ့ rightပါပဲ။
ယောကျာ်းတစ်ယောက်ကို ဘဝပုံပြီးလည်း
မယုံကြည်လိုက်ပါနဲ့။mind setတွေ သိပ်ညံ့တဲ့ဒီနိုင်ငံမှာ စောက်သုံးမကျတဲ့၊စောက်ရမ်းယုတ်မာတဲ့ ယောကျာ်းတွေအများကြီးရှိတယ်။
မျက်စိတစ်မြင်စာနဲ့ တော့ လူကောင်းလား၊လူယုတ်လားဆိုတာ ခင်ဗျားသဲကွဲမှာမဟုတ်ဘူး။
လေ့လာမှုတွေ စိတ်ရှည်ပါ။
ဥပမာတစ်ခုကျနော်ပြောပြမယ်။
ဆိုင်ကယ်မောင်းတိုင်း ဆိုင်ကယ်မှောက်ကြတာတော့မဟုတ်ဘူး။
ဒါပေမယ့် မှောက်နိုင်ခြေ ရာခိုင်နှုံးတစ်ခုရှိတယ်။ဒီအတွက် ဆိုင်ကယ်မောင်းတိုင်းဆိုင်ကယ်ဦးထုပ် ဆောင်းရတယ်။ဒါက အဆိုးမြင်တာမဟုတ်ဘူး။အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်တာ။
ယောကျာ်းတိုင်း လူယုတ်တော့မဟုတ်ဘူး။
ဒါပေမယ့် ယောကျာ်းတွေထဲမှာ လူယုတ်မာ
ရာခိုင်နှုံးတစ်ခုရှိတယ်။
ကိုယ်အန္တရာယ်ကင်းဖို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။
24.7.2019
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sagaing