English with Jess
Learn and practice!
Artificial Intelligence!
ရုပ်ချောချောလေးနဲ့ စာသင်သွားမှာပဲဖြစ်ပါတယ်🤓
04/11/2025
မသိဘူးဟာ ငါပဲပေါ်လွင်နေရမယ် ငါပဲ outshineဖြစ်နေရမယ်… ငါက main character ပဲ
Main character syndrome ကြောင့် ဘာတွေဖြစ်နိုင်တယ် ဘယ်လို impactတွေရှိနိုင်တယ်ဆိုတာကို ဆရာမ ချောချောလေးတစ်ယောက်နဲ့ ဆွေးနွှေးသွားဖို့ရှိတယ်နော်💕
ကဲ ဒီ podcast လေးမှာ Jessel နဲ့အတူ ပါဝင်သွားမဲ့သူကတော့???
Coming soon……
04/11/2025
နိဗ္ဗာန် ကို English လို ဘယ်လိုပြောမလဲ????
Hello Everyone !
🌕တန်ဆောင်မုန်းလပြည့်ညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်းနဲ့ Jess နဲ့ အတူတူ Vocabulary တစ်ခုလောက် လေ့လာကြည့်ကြရအောင်
Nirvana = နိဗ္ဗာန်✅
☑️ a state of perfect peace and freedom from all suffering, desire, and ignorance.
It is the highest goal in Buddhism - when a person is no longer reborn and is free from all attachment and pain.
☑️ခံစားချက်၊ လိုချင်တပ်မက်မှု စသဖြင့် အရာအားလုံးမှု လွှတ်မြောက်၍ ပြီးပြည့်စုံသော ငြိမ်းချမ်းရာ။
☑️လူတစ်ယောက်ဟာ မွေးဖွားခြင်း၊ သေဆုံးခြင်း မရှိတော့ဘဲ တွယ်တာမှု၊ စွဲလမ်းမှုအပေါင်း လွတ်ငြိမ်းရာ။
Examples
• People meditate to find peace and move closer to Nirvana.
လူတွေဟာ စိတ်အေးအေးဖြစ်ဖို တရားထိုင်ကြပြီး နိဗ္ဗာန်သို နီးစပ်အောင် ကြိုးစားကြတယ်။
I had so much fun during this video🤣
If you want to see more videos like this, don’t forget to like and follow our page💕
Hope you guys enjoy this!
Conversation between a cat person and a dog person. What did you learn from this video??
29/04/2025
Hello everyone 🤓💕
အခြေအနေအရပ်ရပ်ကြောင့် pageလေးကို ရပ်နားထားရာကနေ အခုတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ contents တွေ videoတွေနဲ့တကွ ပြန်runဖို့ဖြစ်လာပါပြီ။
ဒီpageကနေ ဘာတွေသင်ယူလို့ရလဲ ??
✅ Basic level ကနေ Advanced levelထိ vocabတွေ Speaking patternတွေကို ပုံမှန််ထက် ထူးခြားတဲ့ ပုံစံနဲ့ သင်ယူလေ့လာနိုင်ခြင်း
✅စကားလုံးအသံထွက်တွေ မှန်ကန်စွာ သိရှိရခြင်း
✅ဆင်တူရိုးမှား vocabတွေကို ရှင်းလင်းစွာသိရှိရခြင်း
✅ Idiom တွေ slangsတွေ နားမလည်မှာကို စိတ်မပူရခြင်း တို့ပဲဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ အရင်ကနဲ့ မတူဘဲ videoတွေနဲ့ ပါ ပြသသွားမှာဖြစ်တဲ့အတွက် ပိုပြီး ယုံကြည်စိတ်ချရပြီး အကျိုးများစွာရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။
New Contents Are On The Way!!
English version
Hello Everyone🤓💕
We haven’t been active for a little while for some reasons. For now, we’ll be on track with more interesting contents and videos!
Things you can learn form this page??
✅ Delivering the vocabs and speaking pattern from basic to advanced level in an unique style.
✅ Acquiring the knowledge of differentiating the complexed words.
✅ Idioms and slangs
This time, we will try to make new things, including videos. So we hope that these contents make the page more reliable and beneficial for all of you,
New contents are on the way💕
25/10/2024
အခုချိန်ထိ မအိပ်ကြသေးတဲ့ သူလေးတွေရှိကြလား? 🌌
Adminလို ညဘက်မှ စာလုပ်ရတာ ဒါမှမဟုတ် အလုပ်လုပ်ရတာ ကြိုက်တဲ့သူလေးတွေရှိလား?❔
ဒါဆိုရင်တော့ I have come up with a new Phrase!
📣"Pull an all- nighter" - to stay up all night especially to study or work!
တစ်ညလုံး မအိပ်ဘဲ နေသည်။
ဥပမာလေးတွေအနေနဲ့ကတော့
✅ 1- I couldn't help but pulled an all-nighter in order to finish this ton of assignments.
ငါ့မှာလေ ဒီအိမ်စာတွေ ပြီးဖို့အရေး တစ်ညလုံး မအိပ်ဘဲ နေရုံကလွဲပြီး လုပ်စရာမရှိခဲ့ဘူး။
✅2- You should not pull an all- nighter usually because sooner it will make the function of your brain adverse.
နင်ခဏခဏ တစ်ညလုံး မအိပ်ဘဲ နေရင် နင့်ဦးနှောက် အလုပ်မလုပ်ဘဲ နေဦးမယ်။
✅3- Punctuality has never been a strength in my mind so I always have to pull an all- nighter not to pass over the deadline
ငါကဘယ်တော့မှ အချိန်မတိကျဘူးလေ အဲ့ဒေါ့ စာတွေအမီပြီးဖို့ တစ်ညလုံးမအိပ်ဘဲ ထိုင်လုပ်ရတာများတယ်။
ဒါလေးဟာလည်း G-12တုန်းကရယ်နဲ့ English စာဘက် အရမ်းpassionate learning လုပ်တုန်းကဆို admin က ခဏခဏ pull an all- nighter ပါပဲ။:))
ကဲ ညဇီးကွက်လေးတွေအတွက် အသုံးဝင်မဲ့ phraseလေးလို့ ယူဆပါတယ်။💁
I hope you all enjoy today's lesson
23/10/2024
ဖုန်းတွေမှာပဲ battery ကုန်တာမဟုတ်ပါဘူး။
လူတွေမှာလည်း battery ကုန်ပါတယ်။
🔋Then what is this battery about??🔋
ဒီနေ့ sharing လုပ်ပေးသွားမှာကတော့ "Social battery" ဆိုတဲ့ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ဆိုတဲ့ စကားလုံးလေးပါ။
Social battery - the amount of energy you have stored for socializing.
✅I've run out all of my social battery after socialing with these fuzzy people!
ဒီ ဇီဇာကြောင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံလို့လဲ ပြီးရော ငါ့ရဲ့ ပေါင်းသင်းဆက်ဆံချင်တဲ့ စိတ်တွေလည်း မရှိတော့ဘူး။
✅I have got my social battery charged for 100 percent owing to get this job done!.
ငါ ဒီအလုပ်ပြီးဖို့ ငါ့ရဲ့ ပြောဆိုဆက်ဆံတဲ့ skillကို အပြည့်အဝ အားသွင်းထားတယ်။
ရုတ်တရပ် စကားပြောချင်စိတ်မရှိတော့တာတို့။ ထွက်သွားချင်လာတာတို့ဆိုတာ ကိုယ့်ရဲ့ social battery ကုန်သွားလို့ပါ။ အလုပ်တစ်ခုခုလုပ်ဖို့ introvert လေးတွေ ဇွတ် extrovert လုပ်ရတဲ့ နေရာမျိုးတွေမှာ ကြုံတွေရပါတယ်😆
I hope you learn something from this!
We'll be back with more interesting lessons!
22/10/2024
Hello guys!
It's been a decade since our last post as we're occupied with our tight schedules.And our page is looking a bit stale now.🤡
So,it's time for a fresh start!
အလုပ်များနေတာနဲ့ page ကိုပစ်ထားမိသွားလို့ဖုန်လာခါတာပါဗျ၊ ခုကနေစပြီး contentတွေမပြတ်တမ်းပြန်တင်ပေးသွားပါမယ်၊၊
🌟eavesdrop ဆိုတဲ့စကားလုံးကိုသိကြလားဗျ၊သူ့အဓိပ္ပါယ်ကတော့ တစ်ခုခုကိုခိုးနားထောင်တာပါ၊၊
dictionaryမှာဆိုရင်တော့-
eavesdrop+on =secretly listen to a conversation.
သူများစကားပြောတာကို ခိုးနားထောင်တာပေါ့။
✅It's rude to eavesdrop on other people conversation.
သူများစကားပြောတာကို ခိုးနားထောင်တာက ရိုင်းရာကျတယ်။
✅Through the thin walls, her mom was able to eavesdrop on her daughter's phone call with her boyfriend.
သူမရဲ့အမေက သူ့သမီးသူ့ရည်းစားနဲ့ဖုန်းပြောနေတာကို နံရံအပါးလေးကနေ ခိုးနားထောင်ခဲ့တယ်။
✅The boy eavesdropped on her parents conversation on his exam results.
ကောင်လေးက သူရဲ့စာမေးပွဲရလဒ်တွေအကြောင်း သူ့မိဘတွေပြောနေတာကို ခိုးနားထောင်ခဲ့တယ်။
With love,
Norton.
28/08/2024
Hello Everyone‼️ It's Wednesday again! I hope you all learners are looking forward to new lessons! And we never fail to let y'all learners absorb the precious lessons in.
Today's lesson is directly intended to those who are craving for new vocabularies for C2 English level.
However, for those who are willing to learn new things, y'all are amazingly welcomed!
Now, we are on the track of three new advanced vocabularies.
💫1- Caveat
=မလုပ်မီ၊ မဆုံးဖြတ်မီ အချို့ အချက်များကို စဉ်းစားရန် သတိပေးခြင်း။
= Warning (Condition)
☣️It can be used in more formal contexts like essay writing or report writing but it can also be used in more sort of colloquial conversational situations and it basically means "Warning" which is a noun.
ဒီ "Caveat" ဆိုတဲ့ စကားလုံးလေးကို များသောအားဖြင့် ပိုပြီးတော့ စာပေဆန်တဲ့ context တွေမှာ အသုံးပြုပါတယ်ရှင့်။ ဥပမာအားဖြင့် essayရေးတာတို့ အစီရင်ခံစာရေးတာတို့ဆိုရင် ပိုပြီး သုံးလို့ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စကားပြောတဲ့နေရာတွေမှာလည်း အသုံးချလို့ရပါတယ်ရှင့်။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ "သတိပေးခြင်း" လို့ကောက်ယူလို့ရပါတယ်ရှင့်။
☣️Example -1
I recommend the book with the caveat that its dark subject matter is not to everyone's taste.
ငါကတော့ လူအမျိုးမျိုးမှာ ခံစားမှုအမျိုးမျိုးနဲ့ မတူညီတဲ့ အမြင်တွေရှိတယ်လို့ထင်တဲ့အတွက် လေးနက်တဲ့ အနှစ်သာရတွေ ပါပေမဲ့ သတိပေးချက်ပေးထားတဲ့ ဒီလိုမျိုးစာအုပ်ကို ဖတ်ဖို့ အကြံပြုချင်တယ်။
☣️Example -2
The findings of the survey are persuasive but they come with the caveat that the sample was so small.
ဒီစစ်တမ်းရဲ့ လေ့လာတွေ့ရှိချက်တွေကတော့ တော်တော် စိတ်ကျေနပ်စရာကောင်းပေမဲ့ သူတို့တွေရဲ့ နမူနာတွေက အရမ်းသေးတယ်ဆိုတဲ့ သတိပေးချက်တော့ ပါနေတယ်။
✔️2- Apt
=ဆီလျော်သော။ လျော်ကန်သော။ သင့်မြတ်သော။
= appropriate or suitable
✔️Example-1
Your comment is extremely apt given the topic
မင်းရဲ့ အကြံပြုချက်က ခေါင်းစဉ်နဲ့ တော်တော်လေးကို သင့်လျော်မှုရှိပါတယ်။
✔️Apt
= to have a tendency to do something
တစ်စုံတစ်ရာတစ်ခုခုပြုလုပ်ရန် စိတ်ပါဝင်စားမှုရှိခြင်း
ဒီtypeကတော့ "to" ဆိုတဲ့ preposition လေးနဲ့တွဲသုံးပါတယ်နော်။
✔️Example -2
Students who practice regularly are apt to do better in exams.
စာပုံမှန်လုပ်တဲ့ ကျောင်းသားတွေဟာဆိုရင် စာမေးပွဲမှာ ပိုပြီး ဖြေနိုင်ကြတာကို တွေ့ရတယ်။
ဒါလေးကတော့ Theintကိုယ်တိုင်လည်း ဝောာ်တော် ဓာတ်ကျတဲ့ စကားလုံးလေးမလို့ ထည့်သုံးဖို့ အကြုံပြုချင်ပါတယ်ရှင့်။ ✅
👾3- Zenith
=အထွတ်အထိပ်။ အမြင့်ဆုံးအရပ်။ ထိပ်ဖျား။
=the highest point of celestial object
တိုက်ရိုက်ဘာသာပြန်ရင်တော့ ကောင်းကင်ဘုံက အရာတွေထိမြင့်တယ်လို့ တွေးကောင်းတွေးနိုင်ပေမဲ့ တကယ်တမ်း လက်တွေ့ကျကျသုံးတဲ့အချိန်ဆိုရင်တော့ လူတစ်ယောက်ရဲ့ အထွတ်အထိပ် အောင်မြင်မှုရတဲ့အချိန်လို့ သုံးလို့ရပါတယ်ရှင့်။
👾Example-1
The film is the masterpiece and marks the zenith of the director's career.
ဒီရုပ်ရှင်ဟာအရမ်းကို ဂန္တဝင်မြောက်ပြီး ဒါရိုက်တာတစ်ယောက်လုံးရဲ့ ဘဝမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် မှတ်တမ်းတင်ခဲ့တယ်။
I hope you get something useful for your English learning journey!
Pronunciation
ဘယ်လို မှန်မှန်ကန်ကန် အသံထွက်ရမယ်ဆိုတဲ့ YouTube video linkလေးတွေနဲ့တကွ sharingပြုလုပ်ပေးထားပါတယ်ရှင့်။
✅Caveat ("KAY" + "vee" + "at")
https://youtu.be/GucxR_GLGbw
✅Apt
https://youtu.be/zoTNbcfa8Zo
✅Zenith
https://youtu.be/6KiRKCOTC_8
💫This is all for today. I hope you all learners enjoy today's lessons. We'll be back with lots and lots of more interesting topics! Don't forget to like and share🤓💞
22/08/2024
Hello guys!🤓
We're back on track with our new content🙆♂️
We'll be sharing 2️⃣ new idioms that would really be useful in your daily conversation.
ဒီနေ့မှာအလှည့်ကျတဲ့ idiomလေးနှစ်ခုကတော့
🌠beat around the bush နဲ့
🌠cut to the chase တို့ပဲဖြစ်ပါတယ်၊၊
These two idioms will come in handy when dealing with people who are overly focused on trivial details that are completely extraneous to the main point.
စကားပြောရင် တစ်ဖက်သူအရိပ်အကဲကြည့်ပြီးလိုရင်းမရောက်ဘဲ အားနာတတ်သူလေးတွေ၊လေကြောအရမ်းရှည်ပြီး detailကျကျအရမ်းပြောတတ်လွန်းတဲ့ ဇီဇာကြောင်တဲ့သူတွေနဲ့တွေ့ရင် သုံးလို့ကောင်းမယ့် စကားလုံးလေးတွေပဲ ဖြစ်ပါတယ်ဗျ😶၊၊
Firstly,we've got 🌠beat around the bush,which means (to avoid getting to the main point or talk about something in a roundabout way.)
လွယ်လွယ်ဘာသာပြန်ရင်တော့ စကားကိုလိုရင်းမရောက်ဘဲ ဝှေ့ဝိုက်ပြောတယ်လို့ ယူလို့ရပါတယ်။
✅I wish he would stop beating around the bush and just answer the question.
သူလှည့်ပြောနေတာတွေကိုရပ်လိုက်ပြီး မေးတာသာတန်းဖြေရင်ကောင်းမှာပဲကွာ၊၊
✅Stop beating around the bush and tell me
what you really think.
စကားကိုဝှေ့ပြောမနေဘဲ မင်းဘယ်လိုထင်လဲဆိုတာသာ ငါ့ကိုပြော၊၊
Next comes 🌠''cut to the chase''.This idiom contrasts with the previous one.
So what does it mean?
It's an idiomatic way of saying ''get to the point'' or ''skip unnecessary details''.
ဒီတစ်ခုကတော့ ရှေ့ကကောင်နဲ့ အဓိပ္ပါယ်လုံးဝဆန့်ကျင့်ဘက်ဖြစ်ပြီး လိုရင်းကိုပြောဆိုတဲ့ အဓိပ္ပါယ်နဲ့သုံးလိူ့ရပါတယ်၊၊
✅I don't want to waste your time with unnecessary details,so I'll cut to the chase:here's how we can solve the problem.
ငါ မလိုအပ်တဲ့အသေးစိတ်တွေပြောပြီးမင်းအချိန်ကို
မဖြုံးချင်တာမို့ လိုရင်းကိုပဲပြောတော့မယ်။ငါတို့ဒီပြဿနာကို ဒီလိုရှင်းလို့ရတယ်လေ၊၊
✅To cut to the chase,I'm in dire need of money.Can you lend me some?
လိုရင်းကိုပြောရရင် ငါအခုငွေအသည်းအသန်လိုနေတယ်၊၊ ငါ့ကိုနည်းနည်းလောက်ချေးပေးလို့ရမလား၊၊
သူတို့နှစ်ခုက အဓိပ္ပါယ်အနေနဲ့ဆန့်ကျင်ဘက်ဖြစ်ပေမယ့် sentence တစ်ခုတည်းမှာတွဲသုံးမယ်ရင်tone consistencyလည်း ပိုရှိမှာဖြစ်ပြီး naturalပိုဆန်နိုင်ပါတယ်.Like this-
✅We've spent a lot of time beating around the bush,so let's cut to the chase and choose a place for our hangout.
ငါတို့ ဝေ့ပြောနေတာအချိန်တော်တော်ကုန်သွားပြီ၊သွားမယ့်နေရာကိုပဲ တန်းရွေးလိုက်ရအောင်၊၊
ဒီလောက်ဆို ဒီidiomနှစ်ခုရဲ့usageကိုကောင်းကောင်းနားလည်သွားမယ်ထင်တယ်ဗျ၊၊
With love,
Thomas.
Click here to claim your Sponsored Listing.