AMKW Engineering Services
1.Plumbing & Sanitary System Estimation Freelance
2.Plumbing & Sanitary System Estimation Online Class
16/03/2026
TikTok · Amy Check out Amy’s post.
Type Of Sanitary & Waste Appliances
04/03/2026
🔺Plumbing & Sanitary Estimate Course
🟡 Online Class
QS Position ဖြင့် အလုပ် လုပ်ကိုင်လိုသူများအတွက် အထူး သင့်လျော် သော အတန်းလေး ဖွင့်လှစ်ပေးလိုက်ပါပြီရှင့် ။
Project တခုကို Quotation တစောင်ထွက်သည်အထိ အစအဆုံး စနစ်တကျ Detailed တွက်တတ် အောင် လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ တက်ရောက်လိုသူများ ကြိုတင်စာရင်ပေးသွင်းနိုင်ပါပြီ
🟦 သင်ကြားပေးမည့် Course Outlines:
1) Water Sources
2) Water Supply Requirements for buildings
3) Water Distribution Systems in buildings
4) Water Demand Calculation
5) Design flow rate and fixture units
6) Standard Level for Installation, Space requirements and arrangements
7) Types of Sanitary Appliances
8) Types of Waste Appliances
9) Reading Drawings (Plan , Isometric , Schematic , Detail )
10) Water supply pipe length and pipe accessories Calculation
11) Soil, waste, vent, rain water down pipe length and pipe accessories Calculation
12) Pump, tank and accessories Calculation
13) Ground Tank Size Calculation
14) Overhead Tank Size Calculation
15) Transfer Pump Size Calculation
16) Transfer Pipe Size Calculation
17) Water Distribution (main and branch line) pipe size Calculation
18) Inspection Chambers and Manholes
19) Slope Calculation
20) Septic Tank Size Calculation စသည်တို့ သင်ကြားပေးမှာ ဖြစ်ပါသည်။
သင်ကြားမည့်ပုံစံ
Teaching Method : Zoom Class
Starting Date : February 2, 2026
Local Time : 8:00 PM – 9:30 PM
Day : (Mon, Tue , Wed)
Duration : 1 month
Internet အဆင်မပြေသူများအနေဖြင့်လည်း Zoom ဖြင့်သင်ကြားထားသော Video Recording များကို Telegram Group တွင် တင်ထားပေးမှာ ဖြစ်သည့်အတွက် Video Recording ဖြင့် သင်ခန်းစာများကို လေ့လာနိုင်ပြီး နားမလည်သည့် စာများကိုလည်း ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါသည်။
Plumbing and Sanitary ပိုင်းကို စိတ်ဝင်စားပြီး အခြေခံမှ စနစ်တကျ လေ့လာချင်တဲ့ Engineers များ၊ TU ကျောင်းသား/သူ များ ၊ Site Engineer Position , QS Position တို့နှင့် လုပ်ငန်းခွင် ဝင်ရောက်လို သူများ တက်သင့်သော သင်တန်းဖြစ်ပါသည်။ အခြေခံမှစပြီး လုပ်ငန်းခွင်တွင်အမှန်တကယ် တွက်ချက်နိုင်ရန် Hand Calculation , Excel Calculation တို့ဖြင့် လွယ်ကူမြန်ဆန်စွာ တွက်ချက်နိုင်အောင် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်သည့်အတွက် လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးသောသူများပါ တက်ရောက်နိုင်မှာ ဖြစ်ပါသည်။ Excel Calculation ဆိုသည်မှာ Hand Calculation လုပ်ထားသည်များကို Excel တွင် ရိုက်ထည့်တွက်ချက်သည်မျိုး (လုံးဝ) မဟုတ်ပါ ။ အတိုင်းအတာပေးထားပြီးသား Drawing ကိုကြည့်၍ ( သို့မဟုတ်) Auto CAD မှာ တိုင်းပြီး Formula ထည့်ထားသည့် Excel ထဲ ထည့်သွင်းတွက်ချက်မည် ဖြစ်သည့်အတွက် လိုအပ်သည့် Pipe and Accessories များ ၊ Plumbing & Sanitary Fixture များ တစ်ခါတည်း အဖြေထွက်မည်ဖြစ်သောကြောင့် လွယ်ကူ မြန်ဆန်စွာဖြင့် Quotation တစ်စောင်အား ပြင်ဆင်နိုင်မှာဖြစ်ပါသည်။
သင်တန်းနေရာ-
🏢 MMK Engineering Training Centre-Yangon
No. 21/ 23(A), 1st floor, room (A2), ( One Stop Mart အပေါ်ထပ်), U Tun Lin Chan st,
Hledan, Kamaryut Township, Yangon.
☎️ 09-43194765, 09-421154596
🖥️ENGINEERING SERVICES AND ESTIMATION ONLINE CLASS
⛏️Excavation Level For Drainage Pipe
🛠️Top Level သတ်မှတ်ခြင်း
☘️Sanitary Drainage System – Minimum Slope Guide
25/02/2026
၁။ Gradient နဲ့ Slope ရဲ့ ကွာခြားချက်
အင်ဂျင်နီယာလုပ်ငန်းခွင် (Civil/Construction) မှာ Gradient နဲ့ Slope ကို ပေးလေ့ရှိတဲ့ ပုံစံချင်း မတူတတ်ပါဘူး။
Gradient: အချိုး (Ratio) နဲ့ ပေးလေ့ရှိပါတယ်။ ဥပမာ - 1:100 (အလျား ၁၀၀ မှာ အမြင့် ၁ တက်/ကျမယ်)။
Slope: ရာခိုင်နှုန်း (%) ဒါမှမဟုတ် Decimal (ဒသမ) နဲ့ ပေးလေ့ရှိပါတယ်။ ဥပမာ - 1% ဒါမှမဟုတ် 0.01။
၂။ ဘယ်ဖော်မြူလာက ပိုသင့်တော်သလဲ ပြန်ကြည့်ရအောင်
1. Rise = Run / Gradient
ဒါက Gradient ကို Ratio (1:100 လိုမျိုး) နဲ့ ပေးထားရင် သုံးရတာ ပိုလွယ်ပါတယ်။
ဥပမာ - Run က 50m ဖြစ်ပြီး Gradient က 1:100 ဆိုရင် 50 / 100 = 0.5m လို့ တိုက်ရိုက်တွက်လို့ရပါတယ်။
2. Rise = Slope x Run
ဒါက Slope ကို Decimal (ဒသမ) ဒါမှမဟုတ် Percentage နဲ့ ပေးထားရင် သုံးရတာ ပိုမှန်ပါတယ်။
ဥပမာ - Slope က 1% (0.01) ဖြစ်ပြီး Run က 50m ဆိုရင် 0.01 x 50 = 0.5m လို့ တွက်ပါတယ်။
ပိုက်လိုင်း (Sewage/Drainage) တွက်ဆိုရင် Rise = Run / Gradient က ပိုပြီး အသုံးများပါတယ်။ ဘာလို့လဲဆိုတော့ ဆိုဒ်ထဲမှာ Gradient ကို 1:80, 1:100, 1:200 စသဖြင့် အချိုးနဲ့ ပြောရတာ ပိုအဆင်ပြေလို့ပါ။
မှတ်ထားရမယ့် အခြေခံပုံသေနည်း
Rise = Run/G
(G ဆိုတာ Gradient ရဲ့ အနောက်က ကိန်းဂဏန်း - ဥပမာ 1:100 ဆိုရင် 100)
သတိပြုရန် -Invert Level (IL2) ကို ရှာတဲ့အခါ ပိုက်က နိမ့်ဆင်းသွားတာလား (Fall)၊ ပြန်တက်လာတာလား (Rise) ဆိုတာကို ကြည့်ပြီး ပေါင်းရမလား၊ နှုတ်ရမလား ဆုံးဖြတ်ဖို့ မမေ့ပါနဲ့။
ရှေ့ဆက်သွားလို့ နိမ့်ဆင်းသွားရင် (Fall): IL2 = IL1 - Fall
ရှေ့ဆက်သွားလို့ ပြန်တက်လာရင် (Rise): IL2 = IL1 + Rise
💦Slope & Gradient
24/02/2026
၁။ Slope ဆိုတာ ဘာလဲ? (What is Slope?)
Slope ဆိုတာ အလျားလိုက်အကွာအဝေး (Horizontal distance/Run) တစ်ခုမှာ ဒေါင်လိုက်အမြင့် (Vertical height/Rise) ဘယ်လောက် ပြောင်းလဲသွားသလဲဆိုတဲ့ အချိုးကို ခေါ်တာဖြစ်ပါတယ်။
သင်္ချာနည်းအရ ဖော်မြူလာမှာ-
Slope = Rise/ Run
Sanitary System မှာတော့ ပိုက်လိုင်းတွေကို တစ်ဖက်ကနေ တစ်ဖက်ကို အနိမ့်အမြင့် စောင်းပေးထားခြင်းကို ဆိုလိုပါတယ်။
၂။ Sanitary System မှာ Slope ဘာကြောင့် အရေးကြီးတာလဲ? (Importance of Slope)
Sanitary System မှာ ရေစုပ်စက် (Pump) တွေကို အသုံးမပြုဘဲ ကမ္ဘာ့ဆွဲအား (Gravity) ကိုပဲ သုံးပြီး ရေဆိုးတွေကို စီးဆင်းစေတာကြောင့် Slope က အသက်တမျှ အရေးကြီးပါတယ်။
အဓိက အချက် (၃) ချက်ရှိပါတယ်-
(က) ရေဆိုးနဲ့ အနယ်များကို အတူတကွ စီးဆင်းစေရန် (Transporting Waste)Sanitary System ထဲမှာ ရေကြည်တင်မကဘဲ အစိုင်အခဲ (Solids) တွေ ပါဝင်ပါတယ်။ Slope က ရေကို အားအင် (Velocity) ပေးတဲ့အတွက် အစိုင်အခဲတွေကို နောက်ဆုံးပန်းတိုင်အထိ တွန်းပို့ပေးနိုင်ပါတယ်။
(ခ) မိမိဘာသာ သန့်စင်နိုင်သော အရှိန်ရစေရန် (Self-Cleansing Velocity)
ဒါက အင်ဂျင်နီယာပိုင်းမှာ အရေးကြီးဆုံးအချက်ပါ။
Slope နည်းလွန်းရင် ရေစီးနှေးပြီး အစိုင်အခဲတွေက ပိုက်အောက်ခြေမှာ အနည်ထိုင်ကာ ပိုက်ပိတ်သွားပါလိမ့်မယ်။
Slope များလွန်းရင် ရေက အရမ်းမြန်မြန်စီးသွားပြီး အစိုင်အခဲ (Solids) တွေကို ချန်ထားခဲ့တတ်ပါတယ်။ ဒါကို "Liquid-solid separation" လို့ ခေါ်ပြီး ပိုက်ပိတ်ခြင်းကိုပဲ ဖြစ်စေပါတယ်။
စံနှုန်း: ဒါကြောင့် ပိုက်ထဲမှာ ရေစီးနှုန်းက တစ်စက္ကန့်ကို 2 feet (သို့မဟုတ် 0.6 m/s) ဝန်းကျင် ရှိနေစေဖို့ Slope ကို မှန်ကန်အောင် ပေးရပါတယ်။
(ဂ) လေဝင်လေထွက် ကောင်းမွန်စေရန် (Venting & Airflow)ပိုက်အတွင်းမှာ Slope မှန်မှန်နဲ့ စီးဆင်းမှသာ ပိုက်ရဲ့ အပေါ်ပိုင်းမှာ လေဟာနယ် (Air space) ကျန်ရှိမှာဖြစ်ပါတယ်။ အဲဒီလေဟာနယ်က ရေဆိုးတွေထဲက ထွက်လာတဲ့ အနံ့အသက်ဆိုး (Gases) တွေကို Vent pipe ကနေတစ်ဆင့် ထွက်သွားစေဖို့ ကူညီပေးပါတယ်။
Gradient ဆိုတာ ဘာလဲ? (What is Gradient ?)
Gradient ဆိုတာ အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးလောကမှာတော့ မျက်နှာပြင်တစ်ခု ဒါမှမဟုတ် လမ်းတစ်ခုရဲ့ "စောင်းစောင်းလေး ဖြစ်နေတဲ့ အနေအထား" (Slope) ကို တိုင်းတာတဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်း ပြောရရင် - အလျားလိုက် ဘယ်လောက်သွားရင်၊ အမြင့် ဘယ်လောက် တက်လာသလဲ (ဒါမှမဟုတ် ကျသွားသလဲ) ဆိုတဲ့ အချိုးအစား ဖြစ်ပါတယ်။
21/02/2026
Click here to claim your Sponsored Listing.