PTU Arts Club - PTUAC
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PTU Arts Club - PTUAC, Musician/Band, Myanmar (Burma), Pyay.
05/02/2026
၇.၂.၂၀၂၆ မှာ ပြည်နည်းပညာတက္ကသိုလ်တွင်ဘွဲ့ယူမည့် စီနီယာ အကို၊အမများအတွက် ပြည်နည်းပညာတက္ကသိုလ် အနုပညာအသင်းမှ ညီငယ်၊ညီမငယ်များမှ များစွာဂုဏ်ယူရပါတယ်ခင်ဗျ။🥳
၆နှစ်တာကာလလုံး ဇွဲ၊လုံ့လ၊ဝိရိယ၊တို့နဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းပြီးရရှိလာတဲ့အသီးအပွင့် ကို ခူးစွတ် နိုင်တော့မည်ဖြစ်တဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။💖
တတ်မြောက်ထားတဲ့ ပညာရပ်များကို အသုံးချပြီး မိသားစုအတွက်
အထောက်အပံ့ပေးနိုင်တော့မည့်အပြင် တိုင်းပြည်အတွက်ပါ အကျိုးပြုနိုင်မည့်အတွက်လည်း အနုပညာအသင်းမှ ညီငယ်၊ညီမငယ်များက များစွာအားကျဂုဏ်ယူ မိပါတယ်ခင်ဗျ။💫
အကိုအမတွေရဲ့ကျေးဇူးကြောင့်သာ ခုချိန်မှာ ညီငယ်ညီမငယ်တို့က လုပ်ကိုင်တတ်တဲ့သူတွေဖြစ်လာတာပါ။ဒါကြောင့်မို့ အရာအားလုံးအတွက်ကျေးဇူးတင်ရင်း ရောက်ရာဒေသ လုပ်ကိုင်ရာအလုပ်တွေမှာ အဆင်ပြေချောမွေ့ကြပါစေလို့ ညီငယ်ညီမငယ်များမှဆုမွန်ကောင်းတောင်းပေးလိုက်ပါရတယ်ခင်ဗျာ။💐
12/01/2026
Let your singing talent shine🎼🎸
30/12/2025
ခုနေ့ရဲ့ အပါတ်စဉ်လုပ်နေကျဖြစ်တဲ့ activity လေးပါဗျ။
အင်္ဂါနေ့တိုင်း သီချင်းလေးတွေကို ပျော်ပျော်ပါးပါးစုဆိုကြမှာမို့လို့ လာရောက်ပြီး join ဖို့ဖိတ်ခေါ်ပါတယ်ဗျ။
location- PTU multipurpose hall
time- 3:30 PM
20/12/2025
Members' gathering အမှတ်တရပုံရိပ်လေးများ
part (2)
19/12/2025
ခုနေ့ PTUAC members' gathering ပွဲရဲ့ အမှတ်တရပုံရိပ်လေးတချို့
19.12.2025
"လတ်တီး"
အပါတ်စဉ် အင်္ဂါနေ့ ညနေ ၃နာရီ ခွဲတိုင်း ပြည်နည်းပညာတက္ကသိုလ် multipurpose hall မှာ ကျွန်တော်တိူ့အနုပညာအသင်း ရှိနေပါတယ်ဗျ
ပျော်ပျော်ရွှင်ရွှင်သီချင်းစုဆိုကြမှာမို့ လာရောက်ပြီး join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျ....
ဒါလေးကတော့ PTUACရဲ့ ပထမဦးဆုံးအနေနဲ့ လုပ်ဖြစ်တဲ့activityလေးတစ်ခုပါရှင်။
အပတ်စဥ်Tuesday ညနေ(၃)နာရီခွဲတိုင်း ခုactivityလေးကိုလုပ်ဆောင်သွားမှာဖြစ်လို့ PTUမှ အဆိုအတီးကိုဝါသနာပါတဲ့ ကျောင်းသူ/သားတိုင်း မည်သူ့ကိုမဆို ပါဝင်ပြီးjoinဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ။
ဒါ့အပြင်...ကိုယ်ဆိုချင်တဲ့သီချင်းတွေရှိရင်လဲ Page Chatboxမှာ လာရောက်တောင်းဆိုလို့ရနေပါပြီ။
လာရောက်တောင်းဆိုထားတဲ့ သီချင်းတွေကို ကြိုတင်ပြီးလေ့ကျင့်ထားမှာမို့ လာရောက်ပျော်ရွှင်ဖို့ဘဲလိုတယ်နော်။
နောက်ထပ်activitiesတွေကိုလဲ Pageမှာတင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါရှင့်။
07/12/2025
ခုချိန်မှာတော့ eLibrary Card Winners (6)ဦး ပေါ်ထွက်လာပြီဘဲဖြစ်ပါတယ်🤍🥳
Winnersလေးတွေက Page Cbကိုလာရောက်ဆက်သွယ်ပေးပါနော်
Cbမှာ သုံးပုံသုံးနည်းနဲ့ ဘယ်လိုappတွေဖွင့်ရမယ်ဆိုတာကို Adminတို့ကပြောပြပေးသွားပါမယ်ရှင်...
ဒီတစ်ခါမပေါက်ခဲ့တဲ့သူလေးတွေကိုလဲနောက်များမှာ ထပ်ဖောက်ပေးဖို့ရှိသေးလို့ စောင့်မျှော်ပေးကြပါဦးနော်...🥰
05/12/2025
Hi Hi အားလုံးကို giveawayဖောက်ပေးမယ့်Dateလေး Announcementပေးမလို့ပါရှင့်😙
7.12.2025(Sunday)မှာ ကံစမ်းထားတဲ့သူများထဲက ၆ယောက်ကို eLibrary card မဲဖောက်ပေးတော့မှာဖြစ်ပါတယ်...
ခုတလော clubဖက်က activeမဖြစ်တာလေးတွေကိုနားလည်ပေးပါနော် clubထဲကတစ်ချို့စီနီယာတွေကfieldဆင်းနေရလို့ပါရှင်😞
သိပ်မကြာခင်မှာတော့ cardထုတ်ပေးပြီး memberအားလုံးနဲ့တွေ့ဆုံဦးမှာမို့ နောက်ထပ်infoတွေမလွတ်အောင် pageလေးကိုစောင့်ကြည့်ပေးပါဦးနော် 🧡
#ပြည်နည်းပညာတက္ကသိုလ်
ကျွန်တော်တို့ အနုပညာအသင်းရဲ့ ပျော်ပျော်ပါးပါးနဲ့ သီချင်းသီဆိုကြမယ့် Activity လေးကို အပတ်စဥ် အင်္ဂါနေ့ ညနေ ( ၄ )နာရီ အချိန်တိုင်းမှာ အားကစားခန်းမရှေ့၊ Multi-purpose Hall (ခရမ်းရောင်ခန်းမ) ရှေ့မှာ ရှိပါမယ်ခင်ဗျာ...
ပျော်ပျော်ပါးပါးသီချင်းတွေဆိုကြရင်း အမှတ်တရတွေကို ကျွန်တော်တို့အနုပညာအသင်းနဲ့အတူတူ ဖန်တီးကြရအောင်ခင်ဗျာ...🥰
Chat boxမှာ မေးနေကြတဲ့ Guitarအတီးသင်တန်းအတွက် အခက်အခဲလေးတွေ ရှိနေတဲ့အတွက်ကြောင့်
သတ်မှတ်ချက်တွေ လိုအပ်ချက်တွေကို pageကနေ
တင်ပေးသွားပါမယ်ခင်ဗျာ...
(အကိုတို့ဘက်ကနေ အတိအကျပြန်ပြောမပေးနိုင်သေးတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ...)
Hello ...အားလုံးကိုပြည်နည်းပညာတက္ကသိုလ်ရဲ့အနုပညာအသင်း (PTUAC)နဲ့မိတ်ဆက်ပေးချင်လို့ပါရှင့်🤍
ခုနှစ်မှာတော့ အသင်းကိုသေချာလေးဦးစီးပြီးသေချာပြန်runနေပြီဖြစ်လို့ Activityတွေ Eventတွေကိုfb pageနဲ့ TikTok accတွေမှာတင်ပေးမယ့်အပြင် Video contentတွေရဲ့BTS တွေလဲတင်ပေးမှာဖြစ်လို့ PTUကစီိနီယာတွေရောဂျူနီယာလေးတွေပါ ခွီချင်ရင် Like&followလေးလုပ်ပေးကြနော်🤪
✨ ခုpostလေးကိုlike & shareလုပ်ပေးပြီး commentမှာ မန့်ပေးရုံနဲ့ Elibrary card (6)ယောက်စာကိုcmt pickerနဲ့မဲဖောက်ပေးဦးမှာမို့ shareထားတဲ့ssလေးကို မန့်ပြီး ဒီeventလေးမှာပါဝင်လိုက်နော်...
PS:eLibrary cardဆိုတာက (အသစ်ထွက်တဲ့Magzineတွေ Mangaတွေ ကာတွန်းတွေ ) စတဲ့ စာအုပ်တွေကိုလိုင်းပေါ်ကနေဖတ်လို့ရတဲ့ကဒ်ဖြစ်ပါတယ်
✨ 1နှစ်စာ3ယောက်နဲ့ 6လစာ3ယောက်ဆိုပြီးစုစုပေါင်း 6ယောက် မဲဖောက်ပေးသွားမှာပါနော်)
Click here to claim your Sponsored Listing.
Website
Address
Pyay