Pyay Shine Laundry Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay Shine Laundry Services, Pyay.
02/11/2024
#အကောင်းဆုံးကတော့
တတ်နိုင်သမျှ ကိုယ့်အတွေးထဲမှာ
သူများအကြောင်း မပါတာ အကောင်းဆုံးပါနော်
#ဘာကြောင့်လဲ သိလား.....
#လောကမှာ စိတ်အဆင်းရဲဆုံးလူဟာ
ဘယ်လိုလူဖြစ်မယ် ထင်လဲ.....
#လောကမှာစိတ်အဆင်းရဲဆုံးလူဟာ
#သူများအကြောင်း များများတွေးတဲ့သူ ဖြစ်လို့ပါ...📖💜
Htet Htet Htun
* ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေမှ ...
ဘဝမှာ စိတ်တိုင်းကျဖြစ်တာ ဘာမှ မတွေ့ရသေးဘူး !!!
သင့်ရုံပဲဖြစ်တာ တွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေမှ ဖြစ်မယ် !!!
အခြေအနေ ကောင်းနေလို့ စိတ်ချမ်းသာနေတဲ့သူဟာ
စိတ်ချမ်းသာအောင် နေတတ်ပြီလို့ မပြောနိူင်ဘူး။
အခြေအနေဆိုတာ အမြဲပြောင်းနေတယ်။
စိတ်ချမ်းသာမှုဟာ အရေးကြီးပါတယ်။ စိတ်ချမ်းသာနေ
ရင်ဘဝဟာ နေပျော်တယ်။ စိတ်ချမ်းသာနေရင် ကျန်းမာရေး
ပိုကောင်းတယ်။ ရောဂါဖြစ်ရင်တောင် ပျောက်တာမြန်တယ်။
စိတ်ချမ်းသာနေရင် ဆက်ဆံရေးပိုကောင်းတယ်။
စိတ်ချမ်းသာနေတဲ့သူဟာ ...
သူများကိုလည်း စိတ်ချမ်းသာစေချင်တယ် !!!
လောကဓံက ရိုက်လှဲလိုက်တာကို မခံရတဲ့သူ မရှိဘူး !!!
အရေးကြီးတာက ...
``` ဘယ်လောက်မြန်မြန် ပြန်ထသလဲ ဆိုတာပဲ !!! ´´´
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )။
* ဘဝမှာ ....
နုပျိုခြင်းတွေ မရှိတော့တဲ့အခါ
အိုမင်းရင့်ရော်ခြင်းတွေကိုလည်း
လက်ခံနိုင်အောင် ကြိုးစားပါ။
* ကျန်းမာခြင်းတွေ မရှိတော့တဲ့အခါ
မကျန်းမာခြင်းတွေကိုလည်း
သည်းခံနိုင်အောင် ကြိုးစားပါ။
ကျန်းမာရေးဆိုတာ
အမြဲကောင်းမွန် မနေနိုင်ပါဘူး။
* အနားမှာ ဘယ်သူမှ မရှိတော့တဲ့အခါ
အထီးကျန်ခြင်းကိုလည်း
တည်ငြိမ်စွာခံယူတတ်ဖို့ ကြိုးစားပါ။
တစ်ချိန်မှာ အထီးကျန်တဲ့နေ့ရက်တွေလည်း
ရှိလာဦးမှာပါ။
* ရှင်သန်ခြင်းနေ့ရက်တွေ မရှိတော့တဲ့အခါ
သေဆုံးခြင်းကို ပြုံးပြုံးလေးလက်ခံနိုင်အောင်
ကြိုးစားပါ။ရှင်သန်ခြင်းဟာ သေဆုံးခြင်းမှာ
အဆုံးသတ်ပါတယ်။
* 'ဘယ်အရာမှ´လို့ မတည်မြဲဘူးလို့ စိတ်မှာ
အမြဲသတိရပေးနေရင် သင်ဟာ ဒုက္ခတွေကို
ခံနိုင်ရည်ရှိလာလိမ့်မယ်။
*ကိုယ်ပိုင်ဆိုင်ထားသမျှ အရာအားလုံးဟာ
တစ်နေ့မှာ ကိုယ်နဲ့မဆိုင်တဲ့အရာတွေ
ဖြစ်ကုန်ကြလိမ့်မယ်။
ပြောရမယ်ဆိုရင်တော့ဒီကမ္ဘာပေါ်မှာ
ရှိတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ
ကျွန်တော်တို့နဲ့ ခဏတာပဲ ပတ်သက်ခွင့်ရတာပါ။
* `မရှိတော့တဲ့အခါ´တွေးပြီးကြောက်ဖို့
မဟုတ်ပါဘူး။
* 'မရှိတော့တဲ့အခါ´ဆင်ခြင်ပြီး ကြိုတင်
ပြင်ဆင်နိုင်ဖို့ပါ။
အလင်းသစ်(သဲကုန်း)
credit copy & photo
31/10/2024
စိတ်ကူးယဥ်ဆန်တယ် ပြောမလားပဲ...
စိတ်ထဲမှာ
ကိုယ့် Life နဲ့ ကိုယ်
စကားပြောတယ်...
Life ဆိုတဲ့
အင်မတန် ကြီးမြတ်တဲ့သဘာဝကြီးတစ်ခု ကို
လူတစ်ယောက်လို
စကားပြောတာပါ...။
Life ရေ..
"ဘဝ" ဆိုတာ
အင်မတန် သေးနုပ်တဲ့မျိုးစေ့လေး ရသလိုပါ။
ဒီမျိုးစေ့လေးကို တမြတ်တနိုး ပြုစုခဲ့တယ် စနစ်တကျ ရေလောင်းတယ် ပေါင်းသင်တယ်..
ငါ အလကား ဖြစ်အောင် မလုပ်ခဲ့ဘူးနော်..
ငါ ကောင်းတာတွေ လုပ်နိုင်သလောက် လုပ်ခဲ့တယ်...
ငါ မခံနိုင်တာတွေ ခံရချိန်မှာတောင်
ငါ ကောင်းတာတွေပဲ တွေးပြီး
ကောင်းတာ လုပ်တယ်..
ငါ အဆိုးတွေ တွေးနေချိန်မှာတောင်
ယုံကြည်မှုထားပြီး နေထိုင်တယ်...
ငါနဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကို
ငါ အကောင်းဆုံးစိတ်ထားနဲ့ ဆက်ဆံတယ်...
ငါ့အပေါ်
ဘယ်သူ ဘယ်လိုပဲ စိတ်ရှိပါစေ
သစ္စာတရားဟာ
ငါက ပေးနိုင်တဲ့ အကောင်းဆုံးလို
တန်ဖိုးထား ပေးခဲ့တယ်...
ငါနေထိုင်တဲ့ အသိုင်းအဝိုင်းကို
အမြတ်မထုတ်ခဲ့ဘူး..
လူတွေရဲ့ မသိနားမလည်မှုကို
ငါ လုပ်မစားခဲ့ဘူး...
ဒီဟာ - ဘဝက ငါ့ကို တောင်းဆိုတာ
လို့
ငါ မှတ်ယူပြီဆိုရင်
ငါ မဖြစ်မနေ ဖြည့်ဆည်းပေးတယ်...
ငါ အလူးအလဲ ဖြစ်ရရင်တောင်မှ ပဲပေါ့...
ဘဝကို အလေးအမြတ်ထားပြီး
နေတယ် ဆိုတာ
ငါ့ရဲ့ဘဝနေနည်းပါ...
ဒီဘဝမှာ ကောင်းတာတွေ လုပ်ခွင့်ပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်နော်
နောင်ဘဝတွေ ရှိမယ် ဆိုရင်လည်း
ကောင်းတာတွေ လုပ်ခွင့်ရတဲ့ ဘဝကိုပဲ
ပေးပါ...
ကြုံရသမျှ
ကောင်းကောင်းဆိုးဆိုး
ကောင်းတာလုပ်ဖို့
ခွန်အားနဲ့ အသိဉာဏ်အား
ဖြစ်ပါစေ..
ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ကောင်းတဲ့အလုပ်တွေ လုပ်နိုင်ပါစေ။...
သေခါနီးကျရင်လည်း
ငြိမ်းငြိမ်းချမ်းချမ်း
ဒီလို အတွေးတွေ တွေးချင်တယ်..
ငြိမ်းငြိမ်းချမ်းချမ်းပဲ
ထွက်ခွာသွားချင်တယ်...။
: Ma Htet Htet Htun
31/10/2024
ဒီလိုလူမျိုးထဲ မပါမိပါစေနဲ့
**********************
ဖတ်ကြည့်နော်
လူတချို့က
တစ်သက်လုံး မဆင်းရဲတော့ဘူး
အမှတ်နဲ့
ဘဝင်တွေ မြင့်နေကြတယ်။
လူတချို့က
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့
မောက်မာနေကြတယ်။
လူတချို့က
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့
အထက်စီးဆန်
ဆက်ဆံနေကြတယ်။
လူတချို့က
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့
နိုင်ထက်စီးနင်း ပြုမူနေကြတယ်။
လူတချို့က
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့
အောက်ခြေလွတ်နေကြတယ်။
လူတချို့က
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့
သွေးနားထင် ရောက်နေကြတယ်။
လူတချို့က
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့
ယုံကြည်မှုတွေ
အလွဲသုံးစား လုပ်ပြလာနေကြတယ်။
လူတချို့က
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့
အရှက်မဲ့ပြ လာနေကြတယ်။
လူတချို့က
တစ်သက်လုံး ကိုးကွယ်နေမယ် အမှတ်နဲ့
ချယ်လှယ်ချင်တိုင်း
ချယ်လှယ်လာနေကြတယ်။
လူတချို့က
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့
လှည့်စားလာကြတယ်။
လူတချို့က
တစ်သက်လုံး အမှန်တွေချည်းပဲ
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ်။
လူတချို့က
ကိုယ့်အပိုင် ဆိုပြီး
မျက်နှာပြောင်တိုက်
မိန့်မိန့်ကြီး နေ နေကြတယ်။
လူတချို့က
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့
ကျိန်ဆဲနေကြတယ်။
အဲဒီလို လူမျိုးတွေထဲ
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ။
နောက်ဆုံးလမ်းက အဲဒါပဲ။
ကြည့်ထား
Credit-အရှင်ကောသိယ
မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )
31/10/2024
မိဘ ဖြစ်သူတွေက
သူတို့ရဲ့ သားလေးကို
သားလေး…
သူတော်ကောင်းနဲ့ ပေါင်းနော်
လူမိုက်နဲ့ မပေါင်းနဲ့ လို့
အမြဲမှာသတဲ့။
တစ်နေ့ကျတော့…
သားဖြစ်သူက
မိဘ( ၂ )ယောက်ကို
အဖေ နဲ့ အမေ
သား
အခု အများဆုံးပေါင်းနေတာက
အဖေနဲ့ အမေပါ။
သားကို
သူတော်ကောင်းနဲ့ ပေါင်းစေချင်ရင်
အဖေတို့ အမေတို့လည်း
သူတော်ကောင်း ဖြစ်အောင်
နေပေးပါ လို့ ပြောသတဲ့။
#ရိုးရိုးလေးနော် …
ကလေးအတွေးနဲ့ ပြန်ပြောပေမဲ့
စဉ်းစားစရာ နဲ့
အမှန်တရားပါ။
အရက်သောက်တဲ့ အဖေက
သား…
မင်း အရက်မသောက်နဲ့ လို့
ဆုံးမရင်
ရပါ့မလား-?
သား သမီး မကောင်း
မိဘခေါင်း ဆိုတဲ့ ဆိုရိုးနဲ့
မိဘ မကောင်း
သား သမီး ခေါင်း ဆိုတဲ့ ဆိုရိုး
စကား ( ၂ )ရပ်မှာ…
သား သမီး မကောင်းလို့
မိဘခေါင်းပေါ် ကျတာ
နာမည်ပျက်ရုံပဲ ရှိပါတယ်။
အဲဒီ မိဘ
ဘာမှ မဖြစ်ပါဘူး။
မိဘ မကောင်းလို့
သား သမီး ခေါင်းပေါ် ကျလာရင်တော့
အဲဒီ သား သမီး
သူ့ရဲ့ဘဝကိုပါ
ရိုက်ခတ် အထိနာစေပါတယ်။
ဒါကြောင့်…
သား သမီးတွေကို လိမ်မာစေချင်ရင်
မိမိကိုယ်တိုင်လဲ
ရှေ့ဆောင်လမ်းပြကောင်း
ဖြစ်နေရပါမည်။
မိဘက
သူတော်ကောင်း ဖြစ်လို့..
သား သမီးက
သူတော်ကောင်း ဖြစ်မယ်လို့
မဆိုလိုပေမဲ့…
မိဘကသာ လူမိုက်ဖြစ်ကြည့်
သား သမီးက ဆိုးဖို့
ရာခိုင်နှုန်း တော်တော်များပါလိမ့်မယ်။
ကိုယ့်ကြောင့်..
ချစ်လှပါပြီလို့ တဖွဖွပြောနေသော
ကိုယ့်သား သမီး ရဲ့ သမိုင်းစာမျက်ကို
အရောင်မခြယ်မိပါစေနဲ့။.
🙏🙏🙏🙏🙏
#မေတ္တာများစွာဖြင့်
ဘယ်အရာမှ
အကြာကြီး မဟုတ်ဘူး
(ကျော်ဟိန်း)
👍" ဆိုးပါ။ ရပ်သင့်တဲ့အချိန်မှာ ရပ်ပါ။
ဘယ်သူ့ကိုမှ မထိခိုက်ရင်တော့
အကောင်းဆုံးပေါ့ "
လူငယ် တစ်ယောက်နဲ့ စကားပြောနေရင်း
သူက ရုတ်တရက် " အကိုက
ဘယ်အရွယ်မှာ စပြီးအောင်မြင်တာလဲ "
ဆိုပြီး မေးတယ်။
သူဘာလို့မေးလဲ ကျွန်တော်သိတယ်။
သူ့အမြင်မှာကျွန်တော်က ငယ်ငယ်ရွယ်ရွယ်
နဲ့အဆင်ပြေနေတယ်လို့ ထင်နေပုံရတယ်။
ကျွန်တော် သူ့ကို ပြုံးပြရင်း သူ့အသက်ကို
ပြန်မေးတော့ " (၂၈) နှစ် " ပါတဲ့။
" အကြွေးကော ရှိလား " မေးတော့
" မရှိပါဘူး " တဲ့။
ဒီတော့မှ အကို့ အသက် (၂၈) မှာတုန်းက
အကြွေးချည်းပဲ သိန်း (၃၀၀၀) လောက်
တင်နေပြီ။
သူများဆီက ငွေချေးပြီး အလုပ်စလုပ်ရင်း
ငွေကို မစီမံ မခန့်ခွဲတတ်လို့ရယ် ၊
ငွေလေး ရှိလာတဲ့အချိန်
အသုံးနဲ့ အဖြုန်းကို မခွဲတတ်လို့ရယ်၊
အလိမ်ခံရတာရယ်နဲ့
တင်ခဲ့တဲ့ အကြွေးတွေပေါ့။
အဲဒီကာလ ရွှေစျေးက (၁၀) သိန်းလောက်ပဲ
ဆိုတော့ ရွှေ (၃) ပိဿာဖိုးလောက်
အကြွေး ရှိတယ်။
အခုရွှေစျေးနဲ့တွက်ရင် (၂၈) နှစ်နဲ့
သိန်း သောင်းကျော် အကြွေးတင်နေတာ။
" ညီလေးက အကြွေးမရှိတော့
အက်ို့ထက်အများကြီး သာပါသေးတယ် " လို့
ပြောလိုက်တော့ သူစိတ်သက်သာရာ
ရသွားတယ်။
လူငယ်အရွယ်တွေက အရမ်း Compete and
Compare လုပ်တတ်ပါတယ်။
ကျွန်တော်တော့ လူငယ်တွေနဲ့
တွေ့လို့ စကားပြောဖြစ်ရင်
ကိုယ်တော်ကြောင်း တတ်ကြောင်း
ဘယ်လိုတွေ ကြိုးစားခဲ့ကြောင်းတွေ
ပြောပြရတာထက် ...
ကိုယ်ဘယ်လို တိုင်ပတ်ခဲ့လဲဆိုတဲ့
အကြောင်းကို အရင်ပြောပြီး
အားပေးဖြစ်တယ်။
ငါလည်းမင်းအရွယ်က မင်းထက်တောင်
ပေါက်ကရတွေလုပ်ပြီး ခွေးဖြစ်ခဲ့တာပဲ။
ငါတို့လည်း မင်းတို့လို
ဆိုးခဲ့ မိုက်ခဲ့တာပဲ။
ဒါပေမယ့် ဆိုးချိန်တန် ဆိုးပြီး
ရပ်သင့်တဲ့အချိန် ရပ်လိုက်တော့
ဘဝက အဆုံးထိတော့ မရောက်သွားဘူးပေါ့။
" လူဆိုတာ ဆိုးရမယ့်အချိန်မှာဆိုးပြီး
အလုပ်လုပ်ရမယ့်အချိန်မှာ
အလုပ်လုပ်ရမှာပဲ "
အလုပ် တကယ် လုပ်ရမယ့် အချိန်မှာ
ကိုယ့်ကိုယ်ကို မပျက်စီးအောင်နေရင်း
ပုံမှန်လေးနေရင် သာမန်ဘဝကိုရမယ်။
ပုံမှန်ထက်ပိုကြိုးစားပြီး Risk တွေ
ယူရဲရင် ၊ အချိန်တန်တော့ ပုံမှန်ထက်
အဆင်ပြေတဲ့ ဘဝကိုရလာမှာပဲ
ဆိုတဲ့ မက်ဆေ့မျိုးကို ပိုပြောဖြစ်တယ်။
လူငယ်ဘဝက ဘဝရဲ့ ပျော်စရာ
အကောင်းဆုံး ကာလတွေပါ။
အဲဒီကာလကြီးမှာ ကိုယ်တွေက
စိတ်ကြိုက် ဆိုးခဲ့ မိုက်ခဲ့ ကဲခဲ့ပြီးမှ
လူငယ်တွေကို မဆိုးကြပါနဲ့လည်း
မပြောချင်ပါဘူး။
ဆိုးတာဆိုးပါ။
ရပ်သင့်တဲ့အချိန်ရပ်ပါ။
အလုပ်လုပ်ရမယ့်အချိန်မှာအလုပ်လုပ်ပါ။
အလုပ်လုပ်နေရင်းနဲ့မှ
မူးယစ်ဆေး၊ လောင်းကစား ကိစ္စကို
ရှောင်နိုင်ရင် သာမန်ဘဝကိုရမယ်။
အဲဒါတွေရှောင်တဲ့အပြင် သူများထက်
ပေးဆပ်ရင် ၊ Risk ယူရင်၊ ကြိုးစားရင်
ပိုအဆင်ပြေတဲ့ ဘဝကိုရလာမယ်။
ဘဝက ရိုးရှင်းပါတယ်။
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရင်ရိတ်၊
ဒါမှမဟုတ် မိဘစိုက်ထားတာကို
ထိုင်ရိတ် ကြရတာ။
ကိုယ့်တုန်းကတော့ မိဘက
စီးပွါးရေးအပင်ကြီး စိုက်မထားဘဲ
ပညာရေးနဲ့ ဥာဏ်ပညာပဲ စိုက်ပေးထားခဲ့တော့
စီးပွါးရေးမှာတော်တော် ရုန်းခဲ့ရတာပေါ့။
ငါ့ညီတို့ ညီမတို့လည်း
မိဘက စီးပွါးရေး အပင်ကြီး
စိုက်ပေး မထားခဲ့ရင်လည်း
စိတ်ဓာတ်ကျစရာ စိတ်ပျက်စရာတော့
မလိုပါဘူး။
လျှောက်ရမယ့်လမ်းက သူများထက်တော့
ကြမ်းမှာဆိုတော့ သူများတွေနဲ့
Campare လိုက်မလုပ်မိပါစေနဲ့။
ကိုယ့်အလုပ်မှာ စေတနာထားပြီး
ကိုယ်လုပ်စရာရှိတာ၊
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီး
ရှေ့ဆက်ပါ။
ခရီးက ကြမ်းပေမယ့် ရောက်တဲ့လူတွေက
ရောက်သွားကြတာပဲ။
လဲကျလိုက်တိုင်း ပြန်ပြန်ထပြီး
ဆက်လျှောက်နေတဲ့ သူအတွက်
ပန်းတိုင်ကရှိပါတယ်။ အချိနိတန်ရင်
ရောက်ကိုရောက်ပါလိမ့်မယ်။
မပျက်ဆီးအောင်နေရင်း ဆက်သွားနေပါလို့
အားပေးချင်တယ်။
ဒီတော့ လူငယ်တွေနဲ့တွေ့တိုင်း
လူတွေရဲ့ဘဝပေး အခြေအနေတွေရယ်၊
အဆင်ပြေလာကြတဲ့ အချိန်တွေရယ်က
တစ်ယောက်နဲ့တစ်ယောက် လုံးဝ
မတူကြလို့ ဘယ်သူ့ ဘယ်သူနဲမှ
Compare မလုပ်ဖို့ရယ်။
ဆိုးတာဆိုးပါ ရပ်သင့်တဲ့အချိန်ရပ်ပြီး
အလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်လုပ်
ဖို့ရယ်ကို ပိုပြီး အားပေးဖြစ်တော့တယ်။
ဆိုးပါ။ ရပ်သင့်တဲ့အချိန်မှာရပ်ပါ။
ဘယ်သူ့ကိုမှ မထိခိုက်ရင်တော့
အကောင်းဆုံးပေါ့။❤
:
Sint Nyi Nyi Tun
သနားလိုက်ပါ
============
အကယ်၍..တစ်စုံတစ်ယောက်က သင့်ကို သေးသိမ်တဲ့ လုပ်ရပ်တွေနဲ့ ဝေဖန်တိုက်ခိုက်လာခဲ့ရင် အလျင်စလို မမုန်းလိုက်ပါနဲ့ဦး။
သင်က သူ့ကို မုန်းရမှာ မဟုတ်ပါဘူး။
သင်က သူ့ကို သနားရမှာပါ ။
၁။ သူဟာ သင့်လိုဖြစ်ချင်ပေမယ့် သင့်လိုမဖြစ်ရတဲ့အတွက် သူ့ရဲ့ အားငယ်တဲ့စိတ်ကို ရန်လိုတဲ့အသွင်အဖြစ် ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်ပါတယ် ။
၂။ သူ့ဘဝဟာ မပြေလည်မှုတွေများခဲ့လို့ စိတ်ချဉ်ပေါက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
၃။ သူက အများရဲ့ အသိအမှတ်ပြုမှုကို လိုချင်ပေမယ့် မရနိုင်ခဲ့လို့ အများက အသိအမှတ်ပြုတဲ့သူကို တိုက်ခိုက်ခြင်းနဲ့ စိတ်ဖြေတာလည်း ဖြစ်နိုင်ပါတယ် ။
၄။ သင့်ကို အားကျရင်းနဲ့ပဲ မနာလိုဖြစ်မိတာလည်းဖြစ်နိုင်ပါတယ် ။ အားကျစိတ်နဲ့မနာလိုစိတ်ဆိုတာ မျဉ်းတစ်ကြောင်းပဲခြားတာပါ ။
၅။ သင့်အကြောင်းကို တခုတ်တရပြောဆိုတွေးတောနေခြင်းဟာ သင်က သူ့စိတ်ကို လွှမ်းမိုးထားခဲ့လို့ဖြစ်ပါတယ် ။
သင်ကသာ သူ့ကို သိချင်မှသိမှာဖြစ်ပေမယ့် သူကတော့ သင့်ရဲ့အကြောင်းကို စဉ်းစားရင်း ပူလောင်နေရရှာမှာပါ ။
သင်ကျေနပ်လိုက်ပါ...
သူကတိုက်ခိုက်လို့ သင်မရှုံးပါဘူး ။
သင့်ကို စ တိုက်ခိုက်ကတည်းက သူဟာ သင့်ကို ရှုံးခဲ့ရပြီးပါပြီ ...။
ဘာဖြစ်လို့လဲဆိုတော့....
သူ့ရဲ့စိတ်ကို သင်က လွှမ်းမိုးနိုင်စွမ်းရှိခဲ့တာမို့ပါ ။
ဒါ့ကြောင့်....
သင်...သူ့ကို.....
သနားကြင်နာစွာ ခွင့်လွှတ်လိုက်ပါ....။့.......
ပုညခင်
၉.၄.၂၀၁၅
29/10/2024
တဖြည်းဖြည်း အသက်ကြီးလာတော့ ...
တစ်ကိုယ်ရည်ဘဝရဲ့
အရသာဟာ ပိုပေါ်လာတယ် ...
ဘဝမှာ နေရတာ ကြာလေလေ
အဖော် ဆိုတာထက်
မိတ်ကောင်းဆွေကောင်းကိုသာ
ပိုလိုချင်မိလေပါပဲ ...
အိုမင်းမစွမ်း ဖြစ်ရမှာ မကြောက်မိပါဘူး ....
မိတ်ကောင်းဆွေကောင်းနဲ့အတူ မအိုရမှာကို
ပိုကြောက်မိတယ် ....
ဘဝမှာ ငါ ဘယ်လောက်များများ
ပျော်သွားသလဲ .. လို့ မမေးပါဘူး .....
လောကကြီးကို
ကိုယ်ပေးနိုင်သလောက် ပြန်ပေးပြီး ...
အိုမင်းတဲ့ဘဝလေးကို
ညင်ညင်သာသာလေး နေသွားချင်တာပါ ...
ပြီးတော့ ဘယ်သူမှ မသိခင် ...
တိတ်တိတ်လေးသာ
ထွက်ခွာသွားချင်တာပါ ...
မသေခင် နေရအုံးမယ့် အချိန်လေးတွေမှာ ....
ဆိတ်ဆိတ်ငြိမ်ငြိမ် စကားပြောတတ်ပြီး ...
ကိုယ်ဟန်မူရာ ငြိမ်းချမ်းသူနဲ့
စကားလက်ဆုံကျချင်တယ် ....
တိုးတိုးဖွဖွ မေးမြန်းတတ်လို့ ...
အသံမမြည်အောင် နေတတ်သူနဲ့
အတူနေချင်တယ် ....
သာသာယာယာ စာဖတ်ပြပြီး ...
ဉာဏ်ပါပါ ရယ်မောတတ်သူနဲ့
အိုမင်းချင်တယ် ..
လုပ်စရာရှိတာ မညည်းမညူလုပ်လို့ ...
မငြူမစူ နေတတ်သူရဲ့
ပြုစုမှုကို လိုချင်တယ်
လဲကျသွားရင် ဖေးမထူလို့ ....
သိမ်ငယ်သွားအောင် မပြောတဲ့သူ
အနားမှာ ရှိစေချင်တယ် .....
ကိုယ့်ကိုယ်တွင်းမှာ
ကိုယ့်ကွန်းခိုရာ ရှာတွေ့ပြီး ...
ကိုယ့်ကိုယ်ကိုယ်ထက် သာလွန်တဲ့
တစ်စုံတစ်ရာ ဖန်တီးရေး ..
ဘဝတစ်ခုလုံး ပုံပေးထားတဲ့သူနဲ့ ....
အကျွမ်းတဝင် ရှိချင်တယ် ......
ငါမျှော်မှန်းမိတာ
ဒါလောက်ပါပဲ ..
ဒါလောက်ကလေးပါပဲ ....
Ma Htet Htet Htun
----စိတ်ရဲ့ငြိမ်သက်ခြင်း စာမျက်နှာ 160-161-162
Credit~✍🌿🌸
29/10/2024
" အသက်ရှင် ရပ်တည်ချင်လျှင်"
- ဆိုင်ကယ် ကလစ် / စကိုဖီး မစီးပါနဲ့။
- ကားမောင်းလျှင် မှန်တံခါးလော့ချထားပါ။
- ရွှေဆွဲကြိုး / ရွှေ မဝတ်ပါနဲ့။
- ပိုက်ဆံအိတ် / အိတ် မလွယ်ထားပါနဲ့။
- ရပ်ပြီး ဖုန်းမပြောပါနဲ့။
- လူသုံးယောက်လောက် အနားရောက်လာလျှင် ပြေးပါ။
- နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ။
- ရှောင်သင့်တာကို ရှောင်သွားပါ။
- ည၆နာရီကျော်လျှင် အပြင်ထွက်တဲ့အခါ သတိထားပါ။ လူပြတ်တဲ့လမ်းတွေ တစ်ယောက်ထဲသွားလျှင် သတိထားကြပါ။
- ညဘက်အလုပ်မှပြန်လျှင် လူသွားလူလာများသော လမ်းမကြီးများမှပြန်ပါ။
- ချောင်ကျသောနေရာ မှောင်ရိပ်ခိုသောနေရာများကိုရှောင်ပါ။
- မသွားမဖြစ်သွားလျှင် ဆိုင်ကယ်ကို ဂရုစိုက်မောင်းပါ။ လမ်းသွားရင်းဖုန်းပြောတာကို သတိထားကြပါ။ အဖွဲလိုက်လုယက်သူတွေ ရှိပါတယ်။
ကိုယ်သေသွားရင် အနည်းဆုံးတော့
ကိုယ်ပတ်ဝန်းကျင်က နှမြောတသ ဝမ်းနည်းလွမ်းဆွတ်ပြီး ကျန်ခဲ့အောင် ကြိုးစားကြပါ (ပါချုပ်ဆရာတော်)
Click here to claim your Sponsored Listing.
Telephone
Website
Address
0095