Students' Union Of Computer University Pyay
Official Page of Students' Union Of Computer University Pyay.
25/06/2022
“အဆင့်မြင့်ပညာကဏ္ဍမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ် သဘောထားစစ်တမ်း ကောက်ယူခြင်း”
စစ်အာဏာသိမ်းမှုအပြီး အားကောင်းစွာပေါ်ထွက်လာတဲ့ ပညာရေးသပိတ်မှောက်မှုမှာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ၀န်ထမ်းတွေ တစ်တပ်တစ်အား ပါဝင်ခဲ့ကြတာ မိဘပြည်သူများ အသိဆုံးပဲ ဖြစ်ပါတယ်။ အခုလို တစ်နှစ်ကျော်ကြာလာတဲ့အထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ရာထူးလစာခံစားခွင့်မှစ၍ အသက်သွေးချွေးများအထိ စွန့်လွှတ်ပြီး အကျပ်အတည်းများကြားမှာ ကြံ့ကြံ့ခံပြီး ပညာရေးရပ်ဝန်းမှ ရင်ဆိုင်တိုက်ပွဲဝင်ပေးနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ ဝန်ထမ်းများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
အခုလို ကြားကာလမှာ အဆင့်မြင့်ပညာရေးကဏ္ဍအတွက် အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းနေကြတဲ့အချိန်မှာ အဆိုပါ ပညာရေးအစီအစဉ်တွေမှာပါဝင်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို သေချာသိရှိလိုပြီး နောင်ပညာရေးအစီအစဉ်များအတွက် ဘယ်လိုမျှော်မှန်းချက်တွေ ရှိနေလဲဆိုတာကို သဘောထားစစ်တမ်း ကောက်ယူလိုပါတယ်ရှင်။
ကောက်ခံရရှိတဲ့ သုတေသနတွေ့ရှိချက်များမှတဆင့် တက္ကသိုလ်အဆင့် ကျောင်းသူကျောင်းသားများအတွက် ပိုမိုထိရောက်တဲ့ ကြားကာလပညာရေး အစီအစဥ်တွေ ပေါ်ထွက်လာနိုင်ရန်၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ပိုမိုသိရှိနားလည်ပြီး တခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်နေသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် နောက်တဆင့်အနေနဲ့ ကျွန်မတို့အားလုံးရည်မှန်းထားတဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်တဲ့အခါမှာ ကျောင်းသားလူငယ်တွေ၊ ဆရာဆရာမတွေရဲ့ အသံတွေ ထင်ဟပ်နိုင်အောင် ရည်ရွယ်ပါတယ်။ ဒီအစီအစဥ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန (Ministry of Education, NUG)၊ ဘားမားအကယ်ဒမီ (Burma Academy) နဲ့ နွေဦးတက္ကသိုလ် (Spring University Myanmar) တို့က ဦးစီးဆောင်ရွက်တာဖြစ်ပြီး မိမိတို့ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကျောင်းသားသမဂ္ဂ မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေအနေနဲ့ အချိန် (၅) မိနစ်လောက်ပေးပြီးတော့ ကိုယ့်ရဲ့အခက်အခဲတွေ၊ မျှော်မှန်းချက်တွေ၊ ခံစားနေရတာတွေကို မျှဝေဖြေကြားပေးဖို့ မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါတယ်ရှင်။
For Students > https://forms.gle/ftUmm3hEAYNLcEsv7
For Teachers > https://forms.gle/GGeC864swqhsHT2C9
28/04/2022
တော်လှန်ရေးထဲမှ ပညာရေး ( သို့မဟုတ် )
အရည်အချင်းပြည့်မီသော ပညာရေးစနစ်ဆီသို့...
•••••••••••••••••••••••••••••••••••••••••••••••••••
▪️︎ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂများကွန်ရက်( CUSUN )နှင့် Burma Academy တို့မှ စီစဉ်သည့် စကားဝိုင်း ဆွေးနွေးပွဲ ▪️︎
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်( CUSUN )ဟာဆိုရင် တော်လှန်ရေးကာလ မတိုင်ခင်ကတည်းက ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုနွေဦးတော်လှန်ရေးကာလမှာလည်း တော်လှန်ရေးကို အဘက်ဘက်မှ ရရာနည်းလမ်းနဲ့ ပါဝင်အားဖြည့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Burma Academy ဆိုတာကတော့ Online Learning Platform တစ်ခုဖြစ်ပြီး နယ်ပယ်စုံမှ ပညာရပ်တွေကို လေ့လာနိုင်ဖို့အတွက် ယာယီတက္ကသိုလ်ကောင်စီများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနဲ့ လက်တွဲချိတ်ဆက်ထားပြီး တက္ကသိုလ်ကျောင်းသားများအတွက် ကြားကာလပညာရေးနဲ့ ပြည်သူတွေအတွက် တော်လှန်ရေးအထောက်အကူပြု လက်တွေ့အသုံးချပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာနိုင်အောင် ပုံဖော်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အခုတော်လှန်ရေးကာလအတွင်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းနှစ်ခုလက်တွဲပူးပေါင်းပြီး တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်နေတဲ့ ပညာရေး အခြေအနေ၊ ကျောင်းသား ကျောင်းသူများရဲ့ သဘောထားဆောင်ရွက်မှုနဲ့ ကျောင်းသားမိဘများရဲ့ အတွေးအမြင်များကို ဆွေးနွေးဖလှယ်ပြီး ပညာရေးကဏ္ဍအနေနဲ့ ဆက်လက်ပြီး မည်သို့ မည်ပုံ တော်လှန်ရေးမှာ အထောက်အကူပြုနိုင်မလဲဆိုတာကို ဆွေးနွေးသွားကြမယ့် "တော်လှန်ရေးထဲက ပညာရေး ( သို့မဟုတ် ) အရည်အချင်းပြည့်မီသော ပညာရေးစနစ်ဆီသို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသား၊ မိဘ အသီးသီးမှ ဝင်ရောက်ဆွေးနွေးပေးသွားမယ့် စကားဝိုင်းလေးကို CUSUN page၊ Burma Academy page၊ မီဒီယာများအပြင် သက်ဆိုင်ရာ သမဂ္ဂ အသီးသီး၏ Social Media စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်း ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့-
1. Dr. Phio Thiha
2. KK's Mommy (CDM ကျောင်းသားမိဘ တစ်ဦး)
3. ရဲဘော် 199 (CDM တက္ကသိုလ်ကျောင်းသား)
တပ်ရင်း - Karenni Nationalities Defense Force (KNDF/ B-02)
4. Aries (CDM တက္ကသိုလ် ကျောင်းသား) တို့ဖြစ်ပါတယ်...
ဆွေးနွေးပွဲကို CUSUN နဲ့ Burma Academy တို့မှ Moderator ( ၁ ) ဦးစီဖြင့် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးထဲက ပညာရေးအခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရသူတွေရဲ့ ခံယူချက်၊ အတွေးအမြင်နဲ့ ဆောင်ရွက်မှုတွေကို စကားဝိုင်း ဆွေးနွေးပွဲမှာ နားဆင်ရမှာဖြစ်ပြီး တော်လှန်ရေးမှာဘယ်လို ဆက်လက်ပါဝင်ကြမလဲဆိုတာလည်း တွေးစရာလမ်းစများ ပေါ်လွင်မယ့် စကားဝိုင်းတစ်ခုဖြစ်တာကြောင့် မိဘများနှင့် ကျောင်သားကျောင်းသူများ မပျက်မကွက်နားဆင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
နေ့ရက် - 30th April 2022
အချိန် - 7:00 PM
Media Partners - Mizzima, Khit Thit, PVTV, Zalen, Myanmar Labor News, Myanmar Pressphoto Agency, Burma VJ, People's Spring, Ayeyarwaddy Times, Than Lwin Khet, and D-Day Channel
#တော်လှန်ရေးထဲကပညာရေးသို့မဟုတ်အရည်အချင်းပြည့်မီသောပညာရေးစနစ်ဆီသို့
11/04/2022
တော်လှန်ရင်းဆွဲပေးဖို့ တော်လှန်သော လက်ပိုင်ရှင်/ ဂရစ်ဖစ် ဒီဇိုင်းပညာရှင်များ အလိုရှိပါတယ်။
(SWAL PAY MEL VOLUNTEER RECRUITMENT)
၂၀၂၁မှာ သန္ဓေတည်လာခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ တစ်နှစ်ကျော်အချိန်ကာလကိုရောက်လာခဲ့ပါပြီ။နည်းပညာခေတ်မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေးမို့ ကျွန်တော်တို့မှာ ကွက်လပ်ဖြည့်စရာ ကဏ္ဍတွေများလှပါတယ်။ ကာယအားဖြင့်သော်လည်းကောင်း၊ ဉာဏအားဖြင့်သော်လည်းကောင်း ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ တော်လှန်ရေးတထောင့်တနေရာက ပါ၀င်ခွင့်ကို ဆွဲပေးမယ်ရဲ့ဝိုင်းတော်သားတစ်ဦးအဖြစ် အရယူလိုက်ပါ ခင်ဗျာ။
ဆွဲပေးမယ်ရဲ့ ဝိုင်းတော်သားတစ်ဦးဖြစ်ဖို့ ဆန္ဒရှိပြီဆိုရင် ဆွဲပေးမယ်အကြောင်းနဲ့ကနဦး မိတ်ဆက်ပေးချင်ပါတယ်။
Swel Pay Mel ဆိုတာ တော်လှန်သောအဖွဲ့အစည်းများအတွက် လိုအပ်တဲ့ Graphic Design အမျိုးမျိုးကို ဖန်တီးရေးဆွဲကူညီဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံတဝန်းက ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်သော တက္ကသိုလ်များရပ်၀န်းမှကျောင်းသားလူငယ်များစုပေါင်းတည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဆွဲပေးမယ်က ဘယ်လိုမျိုးအကူအညီပေးနေတာလဲ။
အောက်တိုဘာလ ၁ ရက်၊ ၂၀၂၁ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး ဒီနေ့အထိ GSCB, SURC, MOE NUG, MOD NUG တို့အပါအဝင် တစ်နိုင်ငံလုံးက သပိတ်အင်အားစုတွေ၊ မြေအောက်တော်လှန်ရေးအင်အားစုတွေ၊ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေ စတဲ့ တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း ၅၀ကျော်အတွက်
ဂရပ်ဖစ်ဒီဇိုင်း ရာနှင့်ချီပြီး ဖန်တီးကူညီပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဆွဲပေးမယ်မှာ ပါ၀င်ဖို့ ဘယ်လိုလုပ်ရမလဲ။
အောက်ဖော်ပြပါ formမှာကိုယ်ရေးအချကိအလက်အချို့ကို ဖြည့်ပြီး လျှောက်ထားလို့ရပါပြီ။ လာရောက်လျှောက်ထားသူတွေရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုံခြုံမှုရှိဖို့အတွက် ကျွန်တော်တို့က တာ၀န်ယူတာမို့ စိတ်ချပြီး ပါ၀င်လို့ရပါတယ်။
[ https://forms.gle/wzqnMVSy2cCyBt1k8 ]
ကိုယ်တိုင်ရေးကြတဲ့သမိုင်းကိုပြန်ကြည့်တိုင်း ကိုယ်ဖန်တီးတတ်ကျွမ်းတဲ့ ပညာနဲ့ တော်လှန်ရေးရဲ့ ကွက်လပ်အချို့ကို ဖြည့်ပေးနိုင်တယ်ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ ဆွဲပေးမယ် ဝိုင်းတော်သားတစ်ဦးဖြစ်လာဖို့အတွက် ကျွန်တော်တို့ကလည်း နွေးနွေးထွေးထွေးကြိုဆိုနေတာမို့ ပါ၀င်လျှောက်ထားကြဖို့ ထပ်တိုက်တွန်းလိုပါတယ်ခင်ဗျာ။
#တော်လှန်ရင်းဆွဲပေးမယ်
04/04/2022
မြန်မာနိုင်ငံလုံးဆိုင်ရာကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များသို့ ဝင့်ခွင့်များနှင့်စပ်လျဉ်း၍ထုတ်ပြန်ချက်
ရက်စွဲ။ ။၂၀၂၂ခုနှစ်၊ဧပြီလ၊၄ရက်။
ယခုအခါအကြမ်းဖက် အာဏာရူးလက်အောက်ခံတရားမဝင်ကျွန်ရူးအဖွဲ့များသည် အရပ်သားအစိုးရ လက်ထက်၂၀၂၀ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၏ ပြုစုပြီးသောတက္ကသိုလ်ဝင်ခွင့် စာရင်းများ ကိုအရှက်မရှိ တရားမဝင်ထုတ်ပြန်ကြေညာလျက်ရှိသည်။ ထိုအထဲတွင်ကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောသောတက္ကသိုလ်များလည်းအပါအဝင်ဖြစ်ပါသည်။
ကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များသို့ဝင်ခွင့်ရသူများအနေဖြင့် အကြမ်းဖက်စစ်အာဏာရူးသောသူများ၏အချောင်ခိုလိုစိတ်၊အာဏာတည်မြဲရေးအတွက်တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောသူများအားချနင်းလိုသောစိတ်များ အားမျက်ဝါးထင်ထင်တွေ့မြင်ရမည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ရသူများ အနေဖြင့် မိမိ၏သက်ဆိုင်ရာတက္ကသိုလ်များ၏ စီနီယာကျောင်းသားများ နှင့် ကျောင်းသားလူငယ်တို့သည် အသက်ဖြင့် ရင်း၍ စွန့်လွတ် အနစ်အနာခံကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း တော်လှန်တိုက်ပွဲ ဝင်နေကြသည်မှာလည်းအမောင်တို့ အသိပင်ဖြစ်ပေသည်။
သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်အသီးသီးတို့၏ တက္ကသိုလ်ဝင်ခွင့်ရမောင်မယ် များနှင့်တိုင်းသူပြည်သားများတို့၏အနာဂတ်သာယာဖြောင့်ဖြူးရေးအတွက်တိုက်ပွဲဝင်နေသည်ကိုတက္ကသိုလ် ဝင်ခွင့်ရသူများအနေဖြင့် ကျောင်းမတက်ခြင်းဖြင့်တော်လှန်ရေးရဲဘော်များကိုတစ်ဖက်တစ်လမ်းကူညီကြပါ ရန်တိုက်တွန်းအပ်ပါသည်။
တက္ကသိုလ်ဝင်ခွင့်ရသူများအနေဖြင့် အများပြည်သူများ၏ဆန္ဒအတိုင်းမရပ်တည်ပါက မိမိတို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်အနေဖြင့် တိုင်းရင်းသားပြည်သူများလိုလားသော ဖယ်ဒရယ်ပညာရေးစနစ် ဖြစ်တည်ရေး ဖော်ဆောင်သော လမ်းစဉ်တွင် သမိုင်းတရားခံများအဖြစ်မှတ်တမ်း တင်၍ တော်လှန်ရေးအလွန်ကာလများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်အပ်ပါသည်။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်
26/03/2022
Quokka Studio
မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန်ကာလတစ်ခုကြာမြင့်လာတာနဲ့အမျှ နည်းနာများစွာလည်းလိုအပ်လာပါတယ်။ Fundraisingအတွက်၊ ပညာရေး၊ ကျန်းမာရေးအတွက် ကျွန်တော်တို့ဟာ မြေပြင်ဆင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေရှိသလို နည်းပညာအထောက်အကူပြု ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေလည်း လိုအပ်နေတာဖြစ်တဲ့အတွက် Quokka Studioကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Quokka Studioဟာ တိုးတက်သော နည်းပညာ ပညာရပ်တွေနဲ့ မြန်မာ့နွေဦး တော်လှန်ရေးကို ထောက်ကူပြုရန်အတွက် ကွန်ပျူတာ ကျောင်းသားကျောင်းသူတွေက တည်ထောင်ထားတာဖြစ်ပါတယ်။
တော်လှန်ရေးအတွက် အထောက်အကူပြုမယ့် Applicationတွေ၊ Website တွေဖန်တီးတည်ဆောက်ဖို့၊ Crypto၊ NFTs စတာတွေနဲ့ နည်းပညာဆိုင်ရာ အထောက်အကူပြုမှာဖြစ်တဲ့အတွက် Quokka studioမှာ ဘယ်လို ကဏ္ဍတွေပါမယ်၊ တော်လှန်ရေးအတွက် ဘယ်လို အထောက်အကူပြုမယ့်အစီအစဉ်တွေရှိမယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။
28/02/2022
21/02/2022
ကျွန်တော်တို့ ကျောင်းသားအများစုဟာ နွေဦးတော်လှန်ရေးကာလ မတိုင်ခင်မှာ နိုင်ငံရေးနယ်ပယ်နဲ့ အရမ်းအကျွမ်းတဝင် ရှိတဲ့သူမဟုတ်ဘဲ တော်လှန်ရေးကာလမှာမှ မတရားမှုကို တွန်းလှန်ရင်း နိုင်ငံ့အရေးတွေ၊ ဒီအရေးတွေကို ပေါက်ဖွားစေခဲ့တဲ့ နောက်ခံသမိုင်းကြောင်းတွေ စတဲ့အချင်းအရာတွေကို စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။
အတွေးအခေါ်တော်လှန်ရေးဟာလည်း တော်လှန်ရေးတစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ မျက်နှာစာတစ်ရပ် ဖြစ်တာကြောင့် ကျောင်းသားလူငယ်တွေရဲ့ အတွေးအခေါ် နဲ့ နိုင်ငံရေး သိမှုရေချိန်တို့ မြင့်တက်လာစေဖို့ တော်လှန်ရေးအဖွဲ့အစည်းများစွာက နွေဦးတော်လှန်ရေးကာလမှာ အစီအစဉ်အမျိုးမျိုးနဲ့ ကြိုးစားဖော်ဆောင်နေကြတာ ဖြစ်ကြပါတယ်။
21/02/2022
ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့် နှီးနွယ် တက္ကသိုလ်များ၏ ကာလတိုသင်ကြားရေး အစီအစဉ် အခြေအနေအား ကျောင်းသား/သူများထံ အသိပေးခြင်း
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကျောင်းသား/သူ လူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သောကွန်ပျူတာနှင့် နှီးနွယ်တက္ကသိုလ်များ၏ ကာလတိုသင်ကြားရေး အစီအစဉ်အား ဒီဇင်ဘာလတွင် ကျောင်းသား/သူများအား စာရင်းသွင်း လျှောက်ထားရန် အသိပေးအကြောင်းခြင်းဆောင်ရွက်ခဲ့ပါသည်။ ဇန်နဝါရီလတွင် စာရင်းသွင်းလက်ခံခြင်း အစီအစဉ်အား သတ်မှတ်ချိန်ပြည့်၍ ရပ်နားခဲ့ပြီး ကျောင်းသား/သူများအား သင်ခန်းစာများ စတင်သင်ကြားနိုင်ရန်Emailဖြင့် လိုအပ်သည့် အချက်အလက်များအား ပြန်လည်ပေးပို့မည့် အကြောင်း အသိပေးအပ်ခဲ့ပါသည်။ ယခုဆောင်ရွက်သော အစီအစဉ်သည် ကွန်ပျူတာတက္ကသိုလ် ပညာရေးဘုတ်အဖွဲ့ ( UCS Academic Board )မှ ကျောင်းသား/သူများ ပညာသင်ကြားနိုင်သည့် အခွင့်အရေး မဆုံးရှုံးစေရန် ရည်ရွယ်၍ ကာလတိုပညာသင်ကြားရေး အစီအစဉ်အားအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ပုံမှန်လျာထားသည့် အစီအစဉ်အရ ဇန်နဝါရီလတွင် စာရင်းသွင်းေလျှာက်ထားသော ကျောင်းသား/သူများအား အတည်ပြု၍ Mailများဖြင့် အကြောင်းပြန်ရန် စီစဉ်ဆောင်ရွက်
ထားရှိသော်လည်း ကာလတိုသင်ကြားရေးအစီအစဉ်အား ပံ့ပိုးကူညီဆောင်ရွက်ပေးနေသော ဆရာ/ဆရာမများ၏ လုံခြုံရေး၊
ကျန်းမာရေး အခြေအနေများကြောင့်အကောင်အထည် ဖော်ဆောင်ရွက်ရန် လျာထားသည့် အချိန်ထက်နောက်ကျကာ နှောင့်နှေးကြန့်ကြာမှုများရှိနေပါသည်။ ထိုကြောင့် ပညာသင်ယူရန် စောင့်ဆိုင်းနေသော ကျောင်းသား/သူများအား နှောင့်နှေးကြန့်ကြာမှုများအတွက် နားလည်ခွင့်လည်ပေးပါရန် တင်ပြ တောင်းပန်အပ်ပါသည်။
တဆက်တည်းမှာပင် မူလနဂိုရည်ရွယ်ချက်ဖြစ်သော ကျောင်းသား/သူများ စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက် ကာလတိုပညာသင်ကြားရေးအစီအစဉ်အား စတင်နိုင်ရေး
ကြိုးစားဆောင်ရွက်နေလျက်ရှိပြီး ကျောင်းသား/သူများထံ လုပ်ငန်းစဉ်အလိုက် အသိပေးအပ်သွားပါမည်။ ကာလတိုပညာသင်ကြားရေးအစီအစဉ် စတင်မည့်နေရက်အား မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ကျောင်းသား/သူများအား ထပ်လောင်း အသိပေး ကြေညာအပ်ပါသည်။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်
#ကြားကာလပညာရေးအစီအစဉ်
02/02/2022
◾အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ။
နိုင်ငံရဲ့သမိုင်းမှာ ပြည်ထောင်စုဆိုတာ မရှိခဲ့ဖူးဘူး။ စစ်တပ်ရဲ့ အာဏာစက်ကို သက်ဆိုးရှည်စေမယ့် ဦးနှောက်ဆေးအတုအယောင်စကားလုံးပဲ ရှိပါတယ်။ အထိုက်အသင့် အေးချမ်းနေတယ်လို့ ခံစားရတဲ့ ပြည်မဒေသအနေနဲ့သာ ပြည်ထောင်စုကြီးဟာ ရှိနေသယောင်၊ ထိန်းသိမ်းဖို့လိုနေသယောင် ထင်မှတ်နေကြပေမယ့် အဖိနှိပ်ခံ၊ အခွဲခြားခံ၊ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့တော့ ပြည်ထောင်စုဆိုတာကြီးကို စိတ်ကုန်နေတာကြာပါပြီ။ ပြည်ထောင်စုအစစ်အမှန်ဖြစ်ပေါ်လာဖို့ ပြည်ထောင်စုစိတ်ဓာတ်အသစ်တစ်ခု လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သစ်လွင်တဲ့ နိုင်ငံတော်တည်ဆောက်မှုတစ်ခု၊ ပြည်ထောင်စုစိတ်ဓာတ်တစ်ခု အလျင်အမြန်လိုအပ်နေပါတယ်။ နိုင်ငံတော်သစ်တစ်ခု၊ ပြည်ထောင်စုစိတ်ဓာတ်သစ်တစ်ခု တည်ဆောက်မယ်ဆိုရင် ပြည်ထောင်စုရှိခဲ့သယောင် ထင်မှတ်မှားစေတဲ့အရာတွေကို ရဲရဲကြီးလွှတ်ချပစ်ပယ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။
“ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ ”
#အတုအယောင်ပြည်ထောင်စု
01/02/2022
ကြွေလွှင့် ကျဆုံးသွားခဲ့ရသော စတုတ္ထနှစ်ကျောင်းသား ကိုအောင်ဆန်းဦး အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခြင်း။
31/01/2022
"အုပ်ချုပ်မခံ တို့တော်လှန်"
ဖေဖော်ဝါရီ(၁)ရက်နေ့၊ ၂၀၂၁ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ အဓမ္မအာဏာသိမ်းခြင်းကို ခံခဲ့ရသည်။ တစ်နှစ်တာကာလအတွင်း လူထုလှုပ်ရှားမှုများ၊ တော်လှန်ရေး အင်အားစုများ များစွာပေါ်ပေါက်လာခဲ့ပြီး ရရာနည်းလမ်းဖြင့်ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။
ယခုအခါ တော်လှန်ရေးကာလသည် တစ်နှစ်တာမျှရှိခဲ့ပြီဖြစ်သည်။ စစ်ကောင်စီသည် ပြည်သူလူထုကိုလုံး၀အုပ်ချုပ်၍ မရသေးပေ။ နည်းလမ်းများစွာဖြင့် ရက်စက်ယုတ်မာနေသည့် ကြားထဲကပင် ပြည်သူသည်စစ်တပ်အားကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိကြသည်။ အုပ်ချုပ်မခံတော်လှန်လျက်ရှိကြသော ပြည်သူလူထုနှင့်အတူ ကျွန်ုပ်တို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်သည်လည်း ရပ်တည်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။
#အုပ်ချုပ်မခံတို့တော်လှန်
08/01/2022
"ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား/သူ လူငယ်များ စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သော ကွန်ပျူတာတက္ကသိုလ်များ၏ကာလတိုသင်ကြားရေးအစီအစဉ်အတွက်စာရင်းပိတ်ပြီဖြစ်ကြောင်းအသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများအတွက်ကြားကာလပညာရေး၏ ကာလတိုပညာသင်ကြားရေး အစီအစဥ်တွင် စာရင်းသွင်းလျှောက်ထားခြင်းကို ၂၀၂၁ခုနှစ်ဒီဇင်ဘာလ၂၂ ရက်နေ့မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ၅ရက်နေ့အထိကောက်ခံခဲ့ပါသည်။စာရင်းကောက်ခံခြင်းအချိန်ပြည့်ပြီဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများ၏အချက်အလက်များကိုစီစစ်ခြင်း၊အတည်ပြုခြင်းများဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ငန်းစဥ်အားလုံးပြီးဆုံးသည့်အချိန်တွင် Mailမှတစ်ဆင့်ပြန်လည်အကြောင်းပြန်ပေးမည်ဖြစ်ပါ၍ mailများအားမကြာခဏဝင်စစ်ပေးကြပါရန်နှင့် Mailပေးပို့သည့်အချိန်တွင်လည်း ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Pyay
Opening Hours
| Monday | 08:30 - 16:00 |
| Tuesday | 08:30 - 16:00 |
| Wednesday | 08:30 - 16:00 |
| Thursday | 08:30 - 16:00 |
| Friday | 08:30 - 16:00 |