Question Mark

Question Mark

Share

ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး မူကြို

14/10/2024

Pre KG - 2 မှ သမီးလေး အိမ့်သူဟန် ရဲ့ စာစစ်ချိန်
(fruits) ၂ လကျော် နဲ့ သမီးလေးရဲ့ တိုးတက်မှုကြီး။

Question Mark Pre School

09 698 507 345

06/10/2024

🎧 Robert ကြီးရေ.... 🎶. 🎶. ....Robert ကြီးရေ ....🎤

Question Mark Pre School

06/10/2024

💪 နောက်နှစ် KG တက်ဖို့ READY 💪

✍️ - စာရေး (ဆွဲနည်း အမှန်)
📖 - စာဖတ် (KG ဘာသာစုံ)

👉 နောင်နှစ် KG တက်တဲ့အခါ
စာရေး စာဖတ် ဘာသာစုံ ရ , ထားတော့
ကလေးတွေ မပင်ပန်းတော့ဘူးပေါ့ 👈

Warmly welcome
Question Mark Pre School

09 698 507 345

06/10/2024

🎻🥁 ကျန်းမာပျော်ရွှင် စာရေး , စာဖတ်သင် 🎹🎧

Question Mark Pre School

06/10/2024

Sweet December ကို ကြိုဆိုသောအားဖြင့်
" ၅ လ ကို ၁၆၀,၀၀၀ ကျပ်သာ ကျသင့်မည့် "အထူးအခွင့်အရေး" အစီအစဉ်လေး (၂) ခု ရှိနေပြီမို့ ဖေဖေ မေမေတို့ရေ လက်မလွတ်စတမ်း ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည် ။

💰 ၁၆၀,၀၀၀ ကျပ်သာ ကျသင့်မည့် အထူးအခွင့်အရေး (၂) ခု မှာ -

Special Promotion
➖➖➖➖➖➖➖
၂၀၂၄ ခုနှစ် - ဩဂုတ်လအတွက် (၁) လ အခမဲ့ ကျောင်းအပ်နှံပြီး ကျန် (၄) လကို လစဉ်ကြေး
၅၀ ရာခိုင်နှုံး အထူးသက်သာခွင့်ရရှိမည်ဖြစ်ပါသည်။

Care Promotion
➖➖➖➖➖➖➖
၂၀၂၄ ခုနှစ် - ဩဂုတ်လမှစ၍ လစဉ်ကြေး ၃၂,၀၀၀ (သုံးသောင်းနှစ်ထောင်) ကျပ်ကို ဒီဇင်ဘာလအထိ
လစဥ်ပေးသွင်းလျှက် အထူးသက်သာခွင့်ရရှိမည်ဖြစ်ပါသည်။

👉 ပရိုမိုးရှင်း စတင်မည့်နေ့
၁ ရက် ၊ သြဂုတ် လ ၊၂၀၂၄ ခုနှစ် ။

■ အတန်း ~ Pre KG 1 Age 3 to 4
~ Pre KG 2 Age 4 to 5

■ ကျောင်းချိန် ~ နံနက် ၉ နာရီ မှ
ညနေ ၃ နာရီ ထိ

■ သင်ကြားရေး ~ ECCD နည်းဖြင့် ဖွံ့ဖြိုးမှု (၅) ရပ်ကို သင်ထောက်ကူတို့ပံ့ပိုးလျှက် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

■ ဘာသာရပ် ~ Myanmar
English
Maths
Science
Art & Craft
Music & Motion တို့ဖြစ်ပါသည်။

■ ယဥ်ကျေးလိမ္မာစေရန် ~
"၃၈ဖြာ မင်္ဂလာ" နှင့် "သိင်္ဂလောဝါဒသုတ်" တို့ကိုလည်းပူးတွဲ သင်ကြားပေးမည် ဖြစ်ပါသည်။

[ more detail about school
"အခမဲ့ မူကြိုကျောင်းအပ်နှံပါ" Post တွင် လေ့လာနိုင်ပါသည် ]

လိပ်စာ - ဆေးရုံလမ်း , ကိုးသောင်းဘုရားရှေ့ , ပြည်သာယာရပ် , ပြည်မြို့။ ☎️ - 09 698 507 345

Question Mark Pre School

06/10/2024

အခမဲ့ မူကြိုကျောင်းအပ်နှံပါ
^^^^^^^^^^^^^^^

Question Mark
ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး မူကြို

တွင်

လာရောက်မြည်းစမ်းလှဲ့ပါ
(Come and Take a Taste)
-------------------------
ဆိုတဲ့ .... အစီအစဉ် (Program) လေး တစ်ခုရေးဆွဲထားပါတယ်၊ အဲ့ဒါကတော့ စာပေကို "နှစ်မြို့ဖွယ် အရသာ" တစ်ခုအဖြစ်တင်စားပြီး မြည်းစမ်းလှဲ့ဖို့ ဖိတ်ခေါ်ခြင်း အစီအစဉ်ပဲဖြစ်ပါတယ်။

Taste : အရသာ (ရသ)။
ရသ (ရသ်+အ) (ပ) (အရသာ) သာယာခြင်း။
(အဘိဓာန်)

အစီအစဉ်၏ ရည်ရွယ်ချက်
(Objective of Program )
------------
စာပေဝါသနာပါသူသည် ပညာကိုလေ့လာသင်ယူဆည်းပူးနေရလျှင် အလွန် အရသာရှိ၏ (သာယာနေ၏) ဟူသည်ကို အကိုးအကားပြုပြီး ဤအစီအစဉ် (Program) ၏ အမည်ကို "လာရောက်မြည်းစမ်းလှဲ့ပါ" (Come and take a taste) ဟု
တင်စားလျှက် -
ဖေဖေ ၊ မေမေ တို့၏ ရင်သွေးငယ် သားသား / မီးမီးတို့ကို Question Mark မူကြိုတွင် တစ်လ အခမဲ့ ပညာသင်ကြားခွင့် (အရသာ မြည်းစမ်းခြင်း) ၌ ပါဝင်အားဖြည့်ကူညီပေးဖို့ကို လေးစားသမှုဖြင့် ဖိတ်ကြားအပ်သော အစီအစဉ်လေးပဲဖြစ်ပါသည်။

ဒါ့ကြောင့် -
ဖေဖေ မေမေတို့ရေ !
Wel-Come ပါနော် !

သင်ကြားရေးပညာရပ် (Teaching approach) တွေကတော့ ECCD နည်းကို အခြေပြု (Foundation) ထားလျှက် ကာယ ဉာဏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နောင်နှစ် KG တက်မည့်ကလေးငယ်များအတွက်ပါ အသေးစိပ်ကို ဖေဖေ မေမေ တို့ ကိုယ်တိုင်လာရောက် မေးမြန်းစုံစမ်းပြီး တစ်လ "အခမဲ့" စမ်းသပ်အပ်နှံနိုင်ပါတယ်။



မေးခွန်းအမှတ်အသားမူကြို၏ ရည်ရွယ်ချက်
(The Objective of Question Mark Preschool)
-----------------------------

Question Mark သည် "မေးခွန်းအမှတ်အသား" ဖြစ်ပြီး ဤမူကြိုကျောင်း၏ ဆောင်ပုဒ် (Slogan) မှာ "မေးခွန်းမေးပါ" (Ask the question) ဖြစ်ပါသည်။

ကလေးသူငယ်တို့၏ ဦးနှောက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၌ မေးခွန်း (Question) သည် လွန်စွာအရေးပါလှသည့်အကြောင်းကို Warren Berger American journalist and author ၏ ဆောင်းပါး (Article) မှ ထုတ်နှုတ်၍ ဖော်ပြလိုက်ရပါသည်။
၎င်း article တွင် - "According to Paul Harris, a Harvard child psychologist and author, research shows that a child asks about 40,000 questions between the ages of two and five".

"Harvard ကလေးစိတ်ပညာရှင် Paul Harris ၏အဆိုအရ ကလေးတစ်ဦးသည် အသက်နှစ်နှစ်မှ ငါးနှစ်ကြားတွင် မေးခွန်းပေါင်း 40,000 ခန့်မေးသည်ဟု သုတေသနပြုထားသည်"။

မွေးကင်းစကလေးတို့၏ ခွန်အားသည် ငိုခြင်းဖြစ်သလို
မူကြိုအရွယ် ကလေးတို့၏ စွမ်းအားသည် "မေးခွန်းမေးခြင်း" ဖြစ်ပါသည်။

ဘာ့ကြောင့် ဒီလောက်မေးခွန်းတွေ အများကြီးမေးနေရသလဲဆိုတာကို ၎င်း article ၌ ဆက်လက်ဖော်ပြထားသည်မှာ - "Kids’ brains are constantly connecting stimuli or thoughts. And as they’re making these mental connections, they’re seeking more information and clarification by way of questioning".

"ကလေးသူငယ်တို့၏ ဦးနှောက်များသည် လှုံ့ဆော်မှုများ သို့မဟုတ် အတွေးများကို အဆက်မပြတ် ချိတ်ဆက်နေသည်။ ၎င်းတို့သည် ဤစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုများ ပြုလုပ်နေသကဲ့သို့၊ မေးခွန်းမေးနေသည့်နည်းလမ်းဖြင့်လည်း သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များကို ပိုမိုရရှိစေရန် ရှာဖွေနေကြသည်"
ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ကလေးတို့သည် မေးခွန်းပြီး မေးခွန်း ! မေးခွန်းပြီး မေးခွန်း ! ဖြစ်နေရခြင်းကို နားလည်ပေးစေလိုပါသည်။

ဆက်လက်၍ -
"ဝါရှင်တန်တက္ကသိုလ်တွင် အဆင့်မြင့် ဦးနှောက်စကင်န်ဖတ်ခြင်း နည်းပညာသည် လူငယ်တို့၏ ဦးနှောက်အတွင်း ချိတ်ဆက်မှုများကို ပြသနိုင်သည် ဟုဆိုပါသည်။ ထိုဓာတ်ခွဲခန်း၏ အလုပ်တချို့ကို Tiffany Shlain ၏ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ရုပ်ရှင်ဖြစ်သည့် Brain Power: From Neurons to Networks တွင်ပြသထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဓာတ်ခွဲခန်း၏စကင်ဖတ်စစ်ဆေးချက်များအရဆိုလျှင် ကလေးငယ်များ၏ ဦးနှောက်အတွင်းရှိ အာရုံကြောများကြား၏ ချိတ်ဆက်မှု (synapses) ပေါက်ကွဲခြင်း— quadrillion ဆက်သွယ်မှုပမာဏများသည် (သို့မဟုတ်) အရွယ်ရောက်ပြီးလူငယ်၏ ဦးနှောက်တွင် တွေ့ရှိရသည့် အရေအတွက်များထက် သုံးဆကျော်ပို၍ဖြစ်သည်" ဟု မှတ်တမ်းများမှသိရှိရပါသည်။

ယခုဖော်ညွှန်းသော ဆောင်းပါး (Article) ကို ဖတ်မိတော့ ဆရာကြီးဦးအောင်သင်းပြောတဲ့ -"လူငယ်ဆိုတာ ဖြစ် ဖြစ် ပျက်၊ လူကြီးတွေကတော့ ဖြစ် ပျက်ပျက် ဖြစ်တာ တစ်ချက် , ပျက်တာ နှစ်ချက်ပေါ့ကွာ၊ လူငယ်ဆိုတာ ဖြစ် ဖြစ် ဖြစ်တာ နှစ်ချက်ဆိုတော့ သူတို့မှာ အငြိမ်မနေနိုင်ဘူးလေ လူကြီးတွေက ဒါကို နားလည်ပေးရမယ်" လို့ ဆရာကြီးပြောတာကို လျှက်တစ်ပျက် သတိရမိ၏။

ဟုတ်ပါသည် -
မူကြိုအရွယ်ကလေးတွေဆို (ဖြစ် ဖြစ် ဖြစ်) သာ၍ ပိုမယ်လို့ Question Mark မူကြိုမှ ခံယူထားလျှက်ပါ သူတို့လေးတွေ၏ လှုပ်ရှားမှုတိုင်းသည် အဓိပ္ပါယ်မဲ့ (Meaningless) မဟုတ်တာသေချာပါတယ်။

လေ့လာကြည့်မယ်ဆိုလျှင် -
အသင်းအဖွဲ့နှင့်ကစားခြင်း၌ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီ ဂရုစိုက်ခြင်း (Caring), တစ်ကိုယ်ကောင်းမဆန်ပဲမျှဝေခြင်း (Sharing), ပန်းတိုင်တစ်ခုသို့ရောက်ရှိရန် ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration), ရှုံးနိမ့်သွားတဲ့အသင်းအပေါ်မှာလည်း ကဲ့ရဲ့ရှုံ့ချမှုမရှိပဲ ကရုဏာထားခြင်း (Compassion), အောင်နိုင်သူတွေအပေါ်မှာလည်း လေးစားမှုရှိခြင်းဆိုတဲ့ ရေပန်းစားစကားပြောရလျှင် Credit ပေးတယ်ပေါ့ ဒါတွေသည် (Social) (1)။

ဒီ ပေါင်းသင်းဆက်ဆံမှု (Social) သည် အလွန်အရေးကြီး၏ ပေါင်းသင်းဆက်ဆံရေး (Social skills) ကောင်းသူသည် အထီးကျန်ခြင်း (Lonely) မှ အခြားဆန့်ကျင်ဘက်ဖြစ်သော မိမိကိုယ်ကိုယုံကြည်ခြင်း (Confidence), မိမိကိုယ်ကို ကိုယ်ပိုင်စည်းမျဉ်းထားခြင်း (Self-regulation), အပြုသဘောဆောင်သောမိမိအယူအဆ (Positive self-concept), အပြန်အလှန်လေးစားသမှုရှိခြင်း (Mutual respect) ဆိုတဲ့ အကျိုးကျေးဇူး (Benefits) တွေ သူ့မှာရတယ် ၎င်းရလာဒ်တွေကြောင့်ပဲစိတ်ခံစားမှု (Emotion) (2) ပိုင်းမှာ နိမ့်ပါးအောက်တန်းကျတဲ့ အယူသည်းပြီး တစ်ကိုယ်ကောင်းဆန်သော (Selfish) စိတ်ဓါတ်တွေကို လွှတ်ပစ်လိုက်ရတယ် ဒီမှာပဲ စိတ်ဓါတ်ဆိုင်ရာ (Mental) (3) ပိုင်းသည် နေရာကျလာတော့တာပဲ။

နောက် .... ပြေးပြေးလွှားလွှား က ခုန်၍ ကစားခြင်းကြောင့် ကိုယ်ကာယ (Physical) (4)။

စာပေကို စနစ်တကျသင်ယူခဲ့ရသည့်အတွက်
စာလုံးအထားအသို၊ ဝေါဟာရအသုံးအနှုံး၊ သက်ပုံ၊ ဝါကျ၊ ဗန္ဓဆိုတဲ့ သဒ္ဒါတို့ကိုနားလည်သလို အနက်အဓိပ္ပါယ်တွေကိုလည်း ပီပီပြင်ပြင်ခွဲခြားသိနိုင်ပြီး အကြားအမြင် ဗဟုသုတနဲ့ပေါင်းစပ်တက်လာသောအခါ အကောင်းအဆိုးး၊ အကြောင်းအကျိုးကို သိရှိနားလည်လာတဲ့ ဉာဏစွမ်းအင် (intellectual) (5) မြင့်မားလာပြီပေါ့။

ဖယောင်းလိုပျော့ပြောင်းတဲ့ ကလေးဘဝမှစ၍ စနစ် (System) ရှိခဲ့လျှင် (စနစ်ဆိုတာ - ဒီလိုနေ ဒီလိုစား ဒီလိုသွား ဒီလိုအိပ် ဒီလိုလုပ် ဒီလိုဖတ် ဒီလိုမှတ် ဒီလိုကျက် ဒီလိုရေး ဆိုတဲ့ ကွန်ပြူတာကိုခိုင်းသလို အမိန့် (Command) တွေပေးတာမျိုးကိုပြောတာ မဟုတ်ဘူးနော်) စနစ်ဆိုတာ စက်ယန္တရားတစ်ခုတည်ဆောက်သလိုပါပဲ၊ ကိုယ်မရှိလဲ သူ့ဟာသူလည်ပတ်‌နေအောင် တည်ဆောက်ရတာမျိုးပါ အဲ့လိုတည်ဆောက်တဲ့အခါမှာ အခရာ (Linchpin) ကျတာတွေကို သူ့နေရာနဲ့သူ
အံဝင်ဂွင်ကျဖြစ်အောင် ကိုယ့်ဘက်က လိုက်လံဆောင်ရွက်ပေးရတာမျိုးကိုစနစ်တစ်ခုတည်ဆောက်တယ်လို့ဆိုတယ် / စနစ်ကျတယ်လို့ဆိုတယ်။

ထိုထို စနစ် (System) တွေ ကျနစေရန် -
ဆရာ/ မိဘတို့အနေဖြင့် မိမိတို့၏ တပည့် / ရင်သွေးငယ်များကို ယ္ခုကလေးငယ်ဘဝ (Childhood) မှစ၍ ၎င်းတို့၏ လှုပ်ရှားမှု (Movement) နှင့် မေးခွန်း (Questions) များအပေါ် သုံးသပ်လေ့လာနေပြီး "အတက်လည်းသင် ပဲ့ပြင်ဆုံးမ" စေလျှက် "မကောင်းမြစ်တာ ကောင်းရာညွှန်လတ်" တို့ ထပ်လောင်းပေါင်းကာ ဆရာ မိဘ ဟန်ချက်ညီညီ နည်းမှန်လမ်းမှန် (The right way of) ဖြင့် လူမှန် နေရာမှန် (Right person Right place) ရောက်အောင် ပို့ဆောင်ပေးသွားမယ်ဆို -
စာပေကို ငယ်စဉ်ကတည်းမှ
**စနစ်တကျသင်ကြားခွင့်ရလိုက်မယ်ဆို။ ။ဒီနေရာမှာ ခေတ္တနား၍ အရှင်မဟာရဌသာရ၏ ဆုံးမစာလေး တင်ပြပါရစေ -

"ငါ၏စိတ်တွင်
ထင်၏မလွဲ ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်ဧကန် ၊ အားမသန်နှင့်
မှန်သည်တစေ ၊ မရှိချေ။

မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ် ၊ အိမ်တွင်ဖတ်။

ဖတ်ပြန်သော်ကား ၊ ဖန်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ ၊ မလိမ္မာလည်း
စာပေစကား ၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ ၊ ရှိသည်သာတည့်"။

ဒီဆုံးမစာသည် ပညာသင်ကြားလိုသူများအတွက် / ပညာ့တန်ဖိုးကိုနားလည်သူများအတွက် အလွန်တရာအဖိုးအနဂ္ဃထိုက်တန်ပါသည် ဘာ့ကြောင့်လဲဆိုတော့ စာပေ ဗဟုသုတ နဲ (နည်း) က မိမိအတွေးနှင့် မိမိမှန်နေလျှက် အယူသည်းတက်သည် (အမှား အမှန် နှင့် တန်ဖိုး ရှိ / မရှိ မခွဲခြားနိုင်)။ ဒါကြောင့် ငယ်စဉ်ဘဝ ကလေးအရွယ်ကတည်းမှ စနစ်ကျနပြီး စာပေကို အထုံ ဝါသနာ ပါသွားရင် နောင်ကြီးပြင်းလာတဲ့အခါ ဆရာ မိဘများနှင့် ခင်ပွန်းကြီးဆယ်ပါးအပေါ် ရိုသေထိုက်သောသူတို့ကို ရိုသေခြင်း "ဂါရဝ" တရား ၊ မိမိကိုယ်ကို နှိမ့်ချခြင်း "နိဝါတ" တရားတို့ဖြင့် ပြုမှုပြောဆိုဆက်ဆံပြီး ၎င်းနှင့် ၎င်း၏ မိသားစုများအပေါ်တွင် စာပေစကားနေ့တိုင်းကြားစေ၍ ထူးခြားလိမ္မာ ရှိစေခြင်းဖြင့် ပစ္စုပ္ပန် သံသရာနှစ်ဖြာကောင်းကျိုးကို ရှေ့ရှုလျှက် ခေတ်တစ်ခေတ်ကို ဦးဆောင်မယ့်ပညာတက် လူရွယ်လေးများ ပေါ်ထွန်းလာမည်မှာ အမှန်ပင်။

ဂါရဝ ဆိုတာ
"ဂရုနံ ဘာဝေါ ဂါရဝေါ = ဂရုနံ - အလေးပြုအပ်သူတို့၏ ၊ ဘာဝေါ = သဘော"
အလေးအမြတ်ပြုအပ်သူဖြစ်ကြောင်း။
အလေးအမြတ်ပြုအပ်သူမှာ ရတနာသုံးပါး၊ ဆရာမိဘ နှင့်ဂုဏ်ကြီးသူများပင်။

နိဝါတ ဆိုတာ
"နိစမနတာ နိဝါတဝုတ္တိကာ" နိ = နိမ့်ကျသောအားဖြင့်၊ ဝါတ = ဖြစ်ခြင်း။
(ပရိတ်ကြီးနိဿယသစ်)

ပညာတက်လေ ထောင်လွှားတက်မှု (မာန) နဲ့ (နည်း) လေပဲ ပညာတက်လာတော့ "နိဝါတ" တရားရင်ထဲဆွဲနေပြီပေါ့။ ပညာတက်သော သား / သ္မီးတို့၏ မိဘသည် ပင်စည်မှန်၍ မျိုးသန်လာသောအခါ (မာတာပိတု ဥပဌာနံ) "မာတာပိတု = အမိ အဘကို၊ ယံ ဥပဌာနံ = အကြင်လုပ်ကြွေးပြုစုခြင်းသည်၊ ဥတ္တမံ = မြတ်သော၊ မဂ်လံ - မဂ်လာပေတည်း"။ ဟု ထို ပညာတက် သား / သ္မီးတို့သည် နှလုံးသွင်းလျှက် အမိ အဘကို ကျွေးမွေးပြုစုခြင်း ခံရသတတ်

ငယ်ငယ်က ကဗျာလေး မှတ်မိကြတယ် ဟုတ် ?
"ပညာနည်းရှား မာနပွါး စိတ်ထားအလွန် ဝင့်တတ်သည်"

အချုပ်အားဖြင့် -
မိမိတို့၏ ရင်သွေးငယ်လေးများကို ယခုနေခါ မူကြိုအပ်နှံခြင်းသည် "အစကောင်းမှ အနှောင်းသေချာမယ်" ရယ်လို့ ရင်ဝယ်ပိုက်ကာ သူတို့လေးတွေရဲ့ နောင်အနာဂါတ် ပညာရေးကိုခရီးလှမ်းမျှော်ကြည့်လို့ ပန်းခင်းလမ်းဖြစ်ဖို့ပင် မဟုတ်ပါလား ?

မေးခွန်း (Question) နဲ့ ပါတ်သက်သော သုတေသနပြုချက် တစ်ခုကိုလည်း ဆက်ကြည့်ကြရအောင် - Michael M Chouinard. Monogr Soc Res Child Dev. 2007 article တွင်လည်း - "Preschoolers' questions may play an important role in cognitive development".

"မူကြိုကလေးတို့၏မေးခွန်းများသည် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှု (Cognitive Development) ၌အရေးပါသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပါသည်" ဟု အဆိုပြုထားသည်။

အထက်ဖော်ပြပါသုတေသနပြုချက်တို့၏ ရလာဒ်များသည် ကလေးသူငယ်တို့၏ ဉာဏဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၌ မေးခွန်း (Question) သည် အဓိကအခန်းကဏ္ဍအားဖြင့်ပါဝင်နေကြောင်း သတိပြုမိပေမည်။

ထို့ကြောင့် -
မိမိတို့၏ Question Mark မူကြိုသည်
သဘာဝအတိုင်း အမေးအမြန်းထူပြီး ဆော့ကစားတက်သော ကလေးသူငယ်တို့အတွက် - လွတ်လပ်စွာမေးခွန်းများမေးစေလျှက်, ပျော်ရွှင်စွာဆော့ကစားရင်းမှ
ပညာကို သင်ယူစေသော Play based approach နည်းနှင့် အခြားသော Approach နည်းတွေကိုပါ ထည့်သွင်းသင်ကြားပေးမည့်ရည်ရွယ်ချက်ဖြင့် Question Mark ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးမူကြိုဟူ၍ အမည် မှည့်တွင်ခဲ့ခြင်းဖြစ်ပါသည်။

လေးစားစွာဖြင့် /

Question Mark Kids' Development Preschool
(မေးခွန်းအမှတ်အသား ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး မူကြို)

အမှတ် - ၁၁၊ ဆေးရုံလမ်း၊
ပြည်သာယာ ရပ်ကွက်၊ ကိုးသောင်းဘုရားရှေ့၊ပြည်မြို့။

Question Mark Pre School

☎️ 09 698 507 345

Photos from Question Mark's post 06/10/2024

မေးခွန်းမေးပါ
~~~~~~~~

Question mark .......
Question mark .......
မေးခွန်းအမှတ်သား Question mark ။

Question mark ကို မြင်ရင်ကွာ .....
မေးခွန်းဆိုတာ သိရမှာ .......။

မေးခွန်းတွေကို မေးရဲဖို့ ......
သားသား မီးမီးတို့ ကြိုးစားစို့ ...... ။

Question Mark Pre School

Photos from Question Mark's post 06/10/2024

Block တုံးလေးတွေနဲ့ ဖန်တီးမယ့်
ခေါင်းစဥ် (Title) ကတော့
-----------------
.... "Rome wasn't built in a day" .....

"ရောမမြို့ကြီးကို တစ်ရက်တည်း တည်ဆောက် ခဲ့တာမဟုတ်"

Question Mark Kids' Development Pre School

09 698 507 345

06/10/2024

ကစားကြမယ်
~~~~~~~

အတူပေါင်းဖွဲ့ ခေါင်းစားလျှက် ၊
မျက်စိရှင်ရှင် လက်ကပြင် ... ။

လိုရာတကမ်း လက်ကိုလှမ်း ၊
မငြီးဖေးကူ ဒို့အတူ ... ။

Benefit -
Eye hand coordination .....
Collaboration .....
Passion ....
Memory ....
Logical Thinking .....

Question Mark Pre School

06/10/2024

🥰 Pre KG 2 ကလေးတွေကဖြင့် -
စာလုံးတွေကို ဆွဲနည်းအမှန် ရေးဆွဲတက်ဖို့ လေ့ကျင့်နေကြသလို ....

🥰 Pre KG 1 လေးတွေကတော့ ဆော့ရင်း ဆော့ရင်း လေ့လာနေကြတယ်လေ ... ...

Question Mark Pre School

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

18. 8246669, 95. 2364679
Yangon