Miko Sky Shop
☁️ Let's Make Memories With Us In Sky ☁️
12/12/2025
ဟိုရက်က မင်မင့် Customer လေးတယောက်ဖုန်းဆိုင်မှာ Data ကူးပေးတဲ့ ဝန်ထမ်းဆီကနေ Sky Gmail အခိုးခံလိုက်ရတာမလို့ တခြားကလေးတွေလည်း သတိထားလို့ရအောင် မင်မင်က တင်ပေးတာပါ ။
ဖြစ်စဉ်က - Dec 9 ရက်နေ့က မမရဲ့ Customer လေးဖြစ်တဲ့ Gmail ပိုင်ရှင် Sky Player လေးက ဖုန်းဆိုင်တဆိုင်မှာ ဖုန်းဝယ်ခဲ့ပါတယ် ( Ph ဆိုင်ပိုင်ရှင်ဘက်က တောင်းပန်တဲ့အပြင် ဝန်ထမ်းကို အရေးယူပေးတဲ့အတွက် ဆိုင်နာမည်မထည့်တေ့ာပါဘူး ) ။ ဖုန်းဝယ်ပြီးနောက် ဖုန်းအဟောင်းထဲက Data ကို ဖုန်းအသစ်ထဲကူးပေးရင်း ဆိုင်ကဝန်ထမ်းက ဖုန်းထဲက Gmail ကိုခိုးပြီးကူးယူခဲ့တာပါ ။ Hack ယူခဲ့တာ မဟုတ်တဲ့အတွက် မင်မင်ရော Owner ရော သတိမထားခဲ့မိပါဘူး ။ ဖုန်းဝယ်တဲ့နေ့ည 7:56 PM မှာပဲ မင်မင့်ရဲ့ဖုန်းထဲ ကို Gmail Password နဲ့ Recovery Ph No Change လိုက်ပြီဆိုတဲ့အကြောင်း Noti ဝင်ခဲ့ပါတယ် ။ အဲ့အချိန် မင်မင်က ဖုန်းအားသွင်းထားပြီး ဖုန်းကို မကြည့်မိတာမလို့ ချက်ချင်းမသိခဲ့ပါဘူး ။ မင်မင် ဖုန်းကိုကြည့်မိတဲ့အချိန် 11:34 PM မှာ Noti မြင်လို့ Screenshot ရိုက်ပြီး Owner လေးကို Password Change လိုက်သေးလားလို့ စာပို့ခဲ့ပါတယ် ။ အဲ့အချိန် Owner က လိုင်းပေါ်မရှိတေ့ာပါဘူး ။ နောက်တရက် Dec 10 ရက်နေ့ မနက် 7:35 AM မှာ သူ့ဘက်က မချိန်းဘူးဆိုတဲ့ စာပြန်ရမှ Gmail ခိုးခံရပြီမှန်း မင်မင်တို့ သိခဲ့တာပါ ။ သိသိချင်း မင်မင့်ဖုန်းနဲ့ Recovery ပြန်ဆွဲပေမယ့် မရခဲ့ပါဘူး ။ Dec 10 ရက် ည 8:23 PM မှာ Friend ဖြစ်နေတဲ့ Acc နဲ့ Game ထဲဝင်ကြည့်တဲ့အခါ ဂိမ်းထဲက Sky Kids လေးက Outfit ပြောင်းနေတာကို တွေ့ခဲ့ပါတယ် ။ အဲ့ကျမှ Sky Acc လိုချင်လို့ Gmail ကိုခိုးမှန်း မင်မင်တို့ သိခဲ့တာပါ ။ အဲ့နောက် Owner ဘက်က ကိုယ်တိုင် Recovery ပြန်လိုက်တဲ့အခါ 9:29 PM မှာ Gmail account ပြန်ရခဲ့ပါတယ် ။ ( မင်မင်အချိန်တွေအတိအကျထည့်ရေးနေတာ အကြောင်းရှိလို့ပါ ) ။
Gmail ပြန်ရပြီးနောက် Game ထဲဝင်ကြည့်တဲ့အခါ ခိုးတဲ့သူက Owner ရဲ့ Friend အကုန် Block ထားပြီး Fav ထဲမှာ သူ့ Friend အသစ် 3 ယောက် ထည့်ထားပါတယ် ။ Fav Friend 3 ယောက်ထဲမှာ တယောက်က မင်မင် သိတဲ့သူရဲ့ သူငယ်ချင်း T ဖြစ်နေတာမလို့ ၊ အဲ့ကနေတဆင့်စုံစမ်းတဲ့အခါ လက်ရှိဆေ့ာနေတဲ့သူက ( Telegram Username ) ဖြစ်နေပါတယ် ။ ( ကူညီပေးတဲ့ T ကိုလည်း မင်မင်တို့ဘက်က ကျေးဇူးတင်ပါတယ်ရှင် ) ။ Ki က Owner ဖုန်းဝယ်ခဲ့တဲ့ ဖုန်းဆိုင်ကဝန်ထမ်းပါ ။ ဒါ့အပြင် Ki က Sky Player တယောက်လည်းဖြစ်ပါတယ် ။ တိုက်ဆိုင်တယ်ပြောရအောင်လည်း ဒါကတော်ရုံတိုက်ဆိုင်မှုမျိုးမဟုတ်ပါဘူး ။ သိသိချင်းမှာတောင် မင်မင်တို့က မှားယွင်းစွပ်စွဲမိတာ ဖြစ်မှာစိုးလို့ ဖြည့်တွေးပေးခဲ့ပါတယ် ။ Ki က မသိဘဲ အကောင့်ဝယ်ဆေ့ာမိတာဖြစ်မှာစိုးလို့ T နဲ့ ဘယ်နေ့ ဘယ်အချိန်က အဲ့အကောင့်နဲ့ Friend ဖြစ်ခဲ့လဲ မေးတဲ့အခါ Gmail Password Change ခံရတဲ့ Dec 9 ရက်နေ့ ည 8:38 PM မှာ Ki က T ဆီ သူ့အကောင့်အသစ်အတွက် Code တောင်းခဲ့ပါတယ် ။ T က Dec 10 ရက်နေ့ မနက် 10:07 AM မှာ Code ပြန်ပို့ပြီးနောက် Friend ဖြစ်ခဲ့ကြတာပါ ။ တကယ်တေ့ာ Gmail က အပြင်ကနေ ခိုးယူခံရတဲ့ ကိစ္စမလို့ အပြင်ကနေပဲ ရှင်းပြီး လိုင်းပေါ်မှာ ဒီလောက်နဲ့ပဲ တိုးတိုးတိတ်တိတ်ပဲ ပြီးသွားလိုက်ဖို့ ရည်ရွယ်ထားခဲ့တာပါ ။
နောက်တရက် Dec 11 ရက်နေ့ မှာ Owner က Ph ဆိုင်ပိုင်ရှင်နဲ့သွားတွေ့ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့ပါတယ် ။ Ph ဆိုင်ပိုင်ရှင်ရယ် ၊ Owner ရယ် ၊ Gmail ခိုးယူခဲ့သူ Ki ရယ် မျက်နှာစုံညီစကားပြောကြတဲ့အခါ Ki က ခိုးယူတာ ဝန်မခံဘဲ သူ အဲ့အကောင့်ကို Dec 10 ရက် ညမှ ဝယ်ထားတာဖြစ်ကြောင်း ငြင်းပါတယ် ။ သို့ပေမယ့် Ki က T ဆီ Code တောင်းခဲ့တာ Gmail password change ခံရတဲ့ ည Dec 9 ရက်နေ့ကတည်းကဖြစ်ပြီး Dec 10 ရက်နေ့မနက်မှာ Friend ဖြစ်ခဲ့ကြပြီးသားပါ ။ ဝယ်ယူခဲ့တယ်လို့ ပြောတဲ့အတွက် ရောင်းတဲ့သူ ၊ ရောင်းတဲ့ Page မေးတဲ့အခါ ဝေ့လည်ကြောင်ပတ်လုပ်နေပြီး သေချာ ရေရေရာရာ မဖြေနိုင်ခဲ့ပါဘူး ။ အကောင့်ရဲ့တန်ကြေးလည်း သေချာမပြောနိုင်ခဲ့ပါဘူး ။ ငွေလွှဲ History လည်း မပြသနိုင်ခဲ့ပါဘူး ။ ကိုယ်ပိုင်အကောင့်ကမဟုတ်ဘဲ အပြင်ဆိုင်ကနေ ငွေလွှဲခဲ့တယ် ဆိုရင်တောင် Screenshot ပေးလေ့ရှိပါတယ် ။ အဲ့ဒါလည်း Ki ဆီမှာ မရှိပါဘူး ။ Acc အရောင်းအဝယ်အတွက် စကားပြောထားခဲ့ကြတဲ့ History လည်း Ki ဘက်က မပြနိုင်ခဲ့ပါဘူး ။ ယုတ်စွအဆုံး အပြင်မှာ လူချင်းတွေ့ပြီး ဝယ်ကြတယ်ဆိုရင်တောင် Acc ကို ကိုယ်သိတဲ့သူဆီကပဲဝယ်ကြမှာပါ ။ အဲ့လိုမျိုးလူကိုလည်း Ki က မပြသနိုင်ခဲ့ပါဘူး ။
မခိုးဘူး သူမယူဘူး ငြင်းနေပေမယ့် လက်ဆုပ်လက်ကိုင်သက်သေ တခုမှ မပြသနိုင်ခဲ့တဲ့အတွက် မင်မင်တို့ဘက်က Ki ကို သူများအကောင့်အချောင်လိုချင်တဲ့ သူခိုးမ လို့ လုံးဝ ယူဆပါတယ် ။ Ph ဆိုင်က ဝန်ထမ်းဖြစ်နေပြီး ကိုယ့်ဆိုင်လာတဲ့ Customer ရဲ့ Privacy ကိုမလေးစားတဲ့အပြင် Customer ရဲ့ Acc ကို စည်းမရှိဘဲ ခိုးယူထားခဲ့ခြင်းအတွက်လည်း ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ် ။ လူ့ပတ်ဝန်းကျင်မှာလည်း ကိုယ်ကျင့်တရားမကောင်းတဲ့သူအဖြစ် သတ်မှတ်ပါတယ် ။
Owner ဖုန်းဝယ်ယူပြီး Data ကူးပေးလိုက်တဲ့ ဆိုင်ကဝန်ထမ်းဖြစ်နေခြင်း ၊ အဲ့ညပဲ Gmail account အခိုးခံရခြင်း ၊ အခိုးခံရတဲ့အကောင့်ရဲ့ Owner အသစ်ကလည်း Ki ဖြစ်နေခြင်း ၊ အကောင့်ဝယ်ယူထားတယ်ဆိုတဲ့ သက်သေ မပြနိုင်ခြင်း တို့ဟာ တော်ရုံတိုက်ဆိုင်မှုမျိုးလား တမင်လားဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း စဥ်းစားကြည့်နိုင်ပါတယ် ။
မင်မင်တို့အနေနဲ့ ဒီကိစ္စကို လိုင်းပေါ်မတင်ဘဲ အပြင်မှာသာ တိုးတိုးတိတ်တိတ်သာဖြေရှင်းဖို့ စဉ်းစားခဲ့ပေမယ့် အပြင်မှာတွေ့တဲ့အခါ တောင်းပန်ခြင်းမရှိ ၊ နောင်တရခြင်းမရှိဘဲ ၊ မင်မင်တို့ဆီ သက်သေအပြည့်အစုံရှိတာတောင် ဝန်မခံဘဲ အဆုံးထိ ငြင်းနေခဲ့တဲ့အတွက် ရဲ့ စာရိတ္တ နဲ့ အကျင့်စရိုက်ကို မင်မင်တို့ Sky Community က Sky Kids တွေလည်း သိရအောင်တင်ပေးတာပါ ။ တခြား Sky Kids လေးတွေလည်း ဒီ ပြဿနာကို ဥပမာယူပြီး နောက်နောင် ဖုန်းအကူးအပြောင်းလုပ်တဲ့ တခြားကိစ္စတွေမှာပါ သတိထားလို့ရအောင်ပါ
အနေနဲ့ ငြင်းချင်တယ်ဆိုရင် တိကျခိုင်မာ သေချာတဲ့ သက်သေတွေ ယူလာပြီး လူအများရှေ့မှာ ချပြပေးပါ ။ ပါးစပ်ကနေ အပြောနဲ့ မခိုးပါဘူး ငြင်းနေခြင်းဟာ တရားမဝင်ပါဘူး ။ မင်မင့်အနေနဲ့ ဒီစာကိုဖျက်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး ။
ထပ်တိုး - Data ကူးပေးတုန်းက အဲ့ဖုန်းထဲမှာရှိခဲ့တဲ့ ML Acc Gmail လည်း ခုမနက်တင် Password ပြောင်းပြီး ခိုးယူခြင်းခံလိုက်ရပါတယ် ။
28/11/2025
Fire Pants ကြီးထင်တယ် ၊ ကလေးတွေအတွက် Dreams Do Come True တေ့ာမှာလားနော် 👀
🕯️ Can you guess who the next Traveling Spirit is?🕯️
This Spirit will be visiting the realms on 🔶December 4th🔶
14/10/2025
Daily Quest and Treasure Candle Location
( 14 . 10 . 2025 )
Shard အချိန်ကြည့်ရန် 👇👇
https://sky-shards.pages.dev/
Realm: Golden Wasteland
Map: Battlefield
Shard Colour: Black
Reward: 200 Regular Wax
1. 3:48 PM to 7:40 PM
2. 11:48 PM to 3:40 AM
3. 7:48 AM to 11:40 AM
#CrdSkyCoTlInfographicsDatabase
12/10/2025
Daily Quest and Treasure Candle Location
( 12 . 10 . 2025 )
Shard အချိန်ကြည့်ရန် 👇👇
https://sky-shards.pages.dev/
#CrdSkyCoTlInfographicsDatabase
09/10/2025
Daily Quest and Treasure Candle Location
( 9 . 10 . 2025 )
Shard အချိန်ကြည့်ရန် 👇👇
https://sky-shards.pages.dev/
Realm: Golden Wasteland
Map: Crab Fields
Shard Colour: Red ♦️
Reward: 2.5 Ascended Candles
1. 3:58 PM to 7:50 PM
2. 9:58 PM to 1:50 AM
3. 3:58 AM to 7:50 AM
#CrdSkyCoTlInfographicsDatabase
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Miko Sky Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.