Khit Fashion Shop
Welcome
11/05/2023
မင်းနဲ့အတူ သစ်ပင်လေးစိုက်ပီး အေးအေးချမ်းချမ်းနဲ့ နေသွားတော့မယ်
tshirt အဖြူ sticker design တွေမှာလို့ရပီနော်
28/04/2023
ရာသီဥတုနဲ့ လိုက်ဖက်တဲ့
ယောက်ျားလေးဝတ် စပန်လေးတွေ ဆိုင်မှာတင်ပေးထားရမလား ညီကိုတို့😁
Crd
Hello Hello 🤗🤗
မင်မင်တို့ဆိုင်လေးဒီနေ့ဖွင့်ပါပီနော် ရှေ့ရက်ကခရီးလွန်နေလို့ပါရှင့်
ဂျူး လူမျိုးတို့ရဲ့ စာသား
( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!
( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀ငျပွီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!
( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!
( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!
( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!
( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )
( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ ---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!
( 8 ) သူငယ်ချင်းအစစ်ဆိုတာ --
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!
( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ ----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့မဟုတ်ပါဘူး ။
( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !
20/04/2023
ပူလိုက်တာ
နယ်ဝေးမှ မှာယူလိုသူများ
Cash on Delivery ရပါပြီ ရှင်
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
ရည်ရွယ်ချက်ရှိတဲ့သူနဲ့ ရည်ရွယ်ချက်မရှိတဲ့သူ ကွာခြားချက် (၅) ချက်
ရည်ရွယ်ချက်ဆိုတာ လူတစ်ယောက် ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် အများကြီးအရေးပါတယ်။
(၁) ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ကြိုတင်ပြင်ဆင်တယ်။
အခြေနေတစ်ခုခု ဖြစ်လာတဲ့အခါမှာ ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ဖြစ်လာနိုင်ခြေရှိတဲ့ အရာတွေကို သူ့အနေနဲ့ ကြိုတင်မျှော်မှန်းထားပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်တယ်။ ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့သူနဲ့ ဘယ်သူကသာမလဲဆိုရင် ကြိုတင်ပြင်ဆင်ထားတဲ့သူက သာတယ်။ ဒါကြောင့် ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေလည်း ကိုယ်က ကြိုတင်ပြင်ဆင်တဲ့ဘက်မှာရှိလား၊ တစ်ခုခုဖြစ်လာတော့မှ တုံ့ပြန်တဲ့ဘက်မှာရှိလား။ ဒါလေးကို ပြန်ပြီးတော့ ဆင်ခြင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။
(၂) ရည်ရွယ်ချက်မရှိတဲ့သူက စောင့်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။
သူ့ဆီကို တစ်ခုခုလာကူပေးမှာကို စောင့်တယ်၊ တစ်ယောက်ယောက် ဖုန်းခေါ်လာမှာကို စောင့်တယ်။ အခွင့်အလမ်းတွေ သူ့ဆီကို လာမှာကို စောင့်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။ အခွင့်အလမ်းရှိတဲ့နေရာကို သွားတယ်။ သူကစပြီးတော့ ဖုန်းခေါ်တယ်၊ သူကစပြီးတော့ သွားတွေ့တယ်၊ သူကစပြီးတော့ ခွင့်လွှတ်တယ်၊ သူကစပြီးတော့ တောင်းပန်တယ်။ အဲဒါကြောင့် အခြေအနေတစ်ခုမှာ ဘယ်သူက တိုးတက်နိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့များတယ်။
(၃) ရည်ရွယ်ချက်မရှိတဲ့သူက အပြစ်တင်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက တာဝန်ယူတယ်။
ရည်ရွယ်ချက်မရှိတဲ့သူက ဘာလုပ်လဲဆိုရင် သူက ပတ်ဝန်းကျင်ကလူတွေနဲ့ အခြေအနေတစ်ခုကို အပြစ်တင်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေကို အပြစ်တင်တဲ့ဘက်ကိုသွားပြီးတော့ ရည်ရွယ်ချက်ရှိတဲ့သူက ဘာလုပ်သလဲဆိုရင် တာဝန်ယူတယ်။ အခုဖြစ်ပျက်နေတဲ့ကိစ္စတွေက ကိုယ့်တာဝန်ဖြစ်တယ်။ ကိုယ့်အနေနဲ့ ကြိုပြီးတော့ တိုးတက်အောင်လုပ်လို့ရတယ်။ ခုဖြစ်နေတဲ့အရာတွေက ကိုယ်အရင်တုန်းက ပြုပြင်သင့်တဲ့ အရာတွေကို မပြုပြင်လို့ဖြစ်တယ်။ ထိုအရာတွေကို ပြုပြင်ချင်ရင် ကိုယ်ကိုယ်တိုင်က စပြီးတော့လုပ်ရမယ်လို့ တာဝန်ယူချင်စိတ်ရှိတယ်။
(၄) ရည်ရွယ်ချက်မရှိတဲ့သူက သင်ယူမှုမရှိတော့ဘူး။ ရည်ရွယ်ချက်ရှိတဲ့သူက လေ့လာသင်ယူမှုကို ဘယ်တော့မှမရပ်ဘူး။
ရည်ရွယ်ချက်မရှိတဲ့သူက ပုံမှန်ကျောင်းပညာရေးပြီးသွားရင် ဆက်ပြီးတော့လေ့လာ သင်ယူမှု မရှိတော့ဘူး။ ရည်ရွယ်ချက်ရှိတဲ့လူက သူ့ဘဝမှာ လေ့လာသင်ယူမှုကို ရပ်တယ်ဆိုတာ မရှိဘူး။ ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေရော ကိုယ်က လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်တဲ့လူမျိုးလား။ ဒါမှမဟုတ် ဆယ်တန်းပြီးပြီ ဘွဲ့ရပြီးပြီ လေ့လာသင်ယူတာတော်ပြီဆိုပြီး ရပ်လိုက်တဲ့သူမျိုးလား။ ကိုယ်က Master ဘွဲ့လိုမျိုး ရထားရင်တောင် လေ့လာသင်ယူမှုကို ရပ်လိုက်ရင် သိထားတဲ့ အသိပညာတွေက Update မဖြစ်တော့ဘူး။ ဒါကြောင့် လေ့လာသင်ယူမှုဆိုတာ ဘယ်တော့မှ ရပ်လို့မရနိုင်ဘူး။
(၅) ရည်ရွယ်ချက်မရှိတဲ့သူက လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ကြံ့ကြံ့ခံပြီးတော့ကြိုးစားတယ်။
လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုရင် အခက်အခဲတွေကြုံလာရပြီ သူလိုချင်တဲ့ရည်မှန်းချက်ကိုသွားတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တယ်၊ လက်လျှော့တတ်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူကတော့ သူလိုချင်တဲ့ ရည်ရွယ်ချက်ကို မဖြစ်မနေ ရချင်တဲ့အတွက်ကြောင့် ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတယ်။ အဲဒီလို လူမျိုးနှစ်ယောက်မှာ ဘယ်သူက ပိုပြီးတော့ အောင်မြင်နိုင်ခြေများလဲ။ ဘယ်သူက ပိုပြီးတော့ ပျော်ရွှင်နိုင်ခြေများလဲ ဘယ်သူကပိုပြီးတော့ စိတ်ချမ်းသာနိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့ စိတ်ချမ်းသာနိုင်တယ်။ ပိုပြီးတော့ ဘဝအဓိပ္ပာယ်ရှိနိုင်တယ်။
ဒါကြောင့် မိတ်ဆွေတွေလည်း အပေါ်ကအချက်တွေကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင်က ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူလား၊ ပြင်ဆင်တဲ့သူလား၊ စောင့်တဲ့သူလား၊ သွားတဲ့သူလား၊ အပြစ်တင်တဲ့သူလား၊ တာဝန်ယူတဲ့သူလား၊ ကျောင်းပညာရေးပြီးတဲ့ခါ မလေ့လာတော့တဲ့သူလား၊ စဉ်ဆက်မပြတ် လေ့လာသင်ယူတဲ့သူလား၊ လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တဲ့သူလား၊ ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတတ်တဲ့သူလား ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။ ပြုပြင်သင့်တဲ့ အရာလေးတွေကို ပြုပြင်ဖို့ အကြံပြုချင်ပါတယ်။
Crd
"အလုပ်လုပ်ပါ"
ငယ်ပါသေးတယ်ဆိုပြီး အလုပ်မလုပ်ဘဲမနေပါနဲ့။
အလုပ်လုပ်ပါ။
ခက်ခဲတယ်ဆိုပြီး အလုပ်မလုပ်ဘဲမနေပါနဲ့။
အလုပ်တိုင်းက အခက်ခဲဆိုတာ ရှိပါတယ်။
အလုပ်လုပ်ခြင်းဟာ
ပုံမှန်ဝင်ငွေ လမ်းကြောင်းရှိတာ၊
ပိုက်ဆံရတာ တစ်ခုတည်းမဟုတ်ပါဘူး။
အလုပ်လုပ်ခြင်းဟာ
အတွေးသစ် အမြင်သစ်
စိတ်ခွန်အား အသစ်တွေရတယ်။
အသိပညာ ဗဟုတုတ ရတယ်။
အတွေ့အကြုံရတယ်။
အဲ့ဒီအတွေ့အကြုံတွေကနေမှ
ကိုယ့်ဘဝကို အဆင့်ဆင့် မြင့်တင်ပေးစေပါတယ်။
သေးသေးမွှားမွှားပဲ ဖြစ်စေ
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
ကိုယ်အကောင်းဆုံး ကြိုးစားလုပ်တဲ့
အလုပ်တိုင်း အလုပ်တိုင်းက
ကိုယ့် ရှင်သန်ရပ်တည်ရေးပြေလည်
ပိုက်ဆံရရုံတင်မကပါဘူး။
အလုပ်လုပ်ခြင်းက
ကိုယ့်တန်ဖိုးကို မြင့်တင်ပေးပါတယ်။
ကိုယ့်ရဲ့အတွေးအခေါ်၊ အသိအမြင်၊
စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပါ
ပြောင်းလဲပေးနိုင်ပါတယ်။
ဒါ့ကြောင့်
အလုပ်လုပ်ပါ။
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
မဖြစ်နိုင်လောက်ဘူးလို့ ထင်တဲ့အရာကို
တစ်ခါလောက်ဖြစ်ဖြစ် ကြိုးစားလုပ်ကြည့်ပါ
မြန်မာ့နှစ်သစ်ဆုမွန်ကောင်း 🙏
မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊
နှစ်သစ်အခါသမယမှာ ချစ်ခင်လေစားရတဲ့
customer များ စီးပွားရေးမှာ နှစ်ဟောင်းထက်
ပိုကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေ
အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လုပ်ငန်းများအရှိန်အဟုန်နဲ့တိုးတက်အောင်မြင်ကြပါစေကြောင်း
Khit Fashion Shop မိသားစုမှ နှစ်သစ်
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏
10/04/2023
သင်ဒီနေ့ရောက်နေတဲ့ နေရာနဲ့
နောက်ငါးနှစ်ကြာတဲ့အခါရောက်မဲ့နေရာ ကွာခြားချက်က
သင် ဘာတွေလေ့လာသင်ယူခဲ့လဲ၊
ဘယ်လိုလူတွေနဲ့ တွေ့ခဲ့လဲ နဲ့
ဘာတွေလုပ်ခဲ့လဲဆိုတဲ့
အရာတွေပေါ် မူတည်နေပါတယ်။
John C. Maxwell
07/04/2023
sticker Tee အပွလေးတေ ပြန်ဝင်ပါတယ်
Unisex မို့ မိန်းခလေးရော ယောကျာ်း လေးပါ
ဝတ်လို့ရတယ်နော်
#ပြည်
Khit Fashion Shop
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyay