MOTO LIFE

MOTO LIFE

Share

Motorcycle နဲ့ပတ်သတ်သော Modified Parts များ Original Spare Parts များ အစုံရရှိနိုင်ပါတယ်။ 09955030711ကိုမနက်9နာရီကနေညနေ6နာရီအတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

28/04/2026

Lithium battery တွေPreorderရပါမယ် BMW ထဲကဆို F800GS / R1200-1250GS ၊ Triumph ထဲကဆို T100 / T120 / Scrambler တပ်ရပါတယ် Harley ထဲကဆို Sportster / Pan-America တပ်သုံးလို့ရပါတယ်
480CCA နဲ့ပါ ဈေးနှုန်း 6***** ကျပ်(6သိန်းဝန်းကျင်) (ငွေဈေးအတက်အကျရှိပါတယ်ဗျ)

Photos from MOTO LIFE's post 08/11/2025

AGV Carbon Fiber "Pista" - Asian Edition
Made in Italy
Size S, M, L, XL

မှာယူရရှိနိုင်ပါတယ်
။ဈေးနှုန်း ၃၀ ဝန်းကျင်ကနေ စပြီးအစားစားပါ

10/06/2025

မော်တော်ဆိုင်ကယ် ဦးထုပ်တွေမှာလဲ သက်တမ်းရှိတာကို သိပါသလား ?

ဟုတ်ပါတယ် ကျနော်တို့နေ့စဉ်အသုံးပြုနေတဲ့ helmet တွေက ထုတ်လုပ်တဲ့ ရက်မှစပြီး ၅ နှစ် သို့ ၇ နှစ်ခန့်သာ အသုံးပြုသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ် ၊ ဦးထုပ်ကို မသုံးဘဲ ထားရုံသက်သက်နဲ့လည်း အတွင်းပိုင်းပစ္စည်းများ (EPS foam, အကာအကွယ်ဖော့များ)က အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးနိုင်ပါတယ်

နေ့စဉ် Regular သုံးနေတဲ့ ဦးထုပ်တွေကိုတော့ ဝယ်ပြီး ၃ နှစ်အကြာမှာ လဲသင့်ပါတယ် ချွေး နေရောင်ခြည် နဲ့ ပတ်ဝန်းကျင်အပူချိန်တို့က ဦးထုပ်ရဲ့ သက်တမ်းကိုပိုပြီးတိုစေတာမလို့ပါ ။

ဦးထုပ်ကို ဘယ်လိုအချိန်တွေမှာ ချက်ခြင်းလဲလှယ်သင့်သလဲဆိုတာလည်း ရှင်းပြပေးပါ့မယ်

-ပြုတ်ကျမိတာတို့ accident ဖြစ်တာတို့ကြောင့် ဦးထုပ် အခွံ အက်ရာ / ချိုင့်ရာတို့ဖြစ်ခဲ့ရင်

-အတွင်းက EPS foam တွေ ပါးလာပြီး
ဦးထုပ်က ခေါင်းပေါ်မှာ တစ်လက်မကျော်လောက် လျော့ရဲလာရင် သို့ ပုံသဏ္ဍန် ပျက်လာရင်

-မေးသိုင်းကြိုး သို့ ကလစ်တွေက ပြုတ်ထွက်ပြီး ထိန်းနိုင်စွမ်းမရှိတော့ရင်

-အပြင် outer shell က မာကျောလာပြီး ပဲ့ကျလာခဲ့ရင်

ချက်ခြင်း လဲလှယ်ပေးသင့်ပါတယ်

ဦးထုပ်ကို သက်တမ်းတခုအတွင်း ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ ဆိုရင် ဒီအချက်တွေနဲ့ စနစ်တကျ ထိန်းသိမ်းဖို့လည်းလိုပါတယ်

-ဦးထုပ်ကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။အပူချိန်လွန်ကဲတဲ့နေရာ၊ စိုထိုင်းတဲ့နေရာ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာများက ဦးထုပ်ရဲ့ အတွင်းပိုင်းပစ္စည်းများကို ပျက်စီးစေပြီး မှိုတက်စေနိုင်ပါတယ်

-ဦးထုပ်အိတ် ( Helmet Bag ) ကိုသုံးပါ။ ဦးထုပ်ကို အသုံးပြုပြီးတိုင်း ဦးထုပ်အိတ်ထဲ ပြန်ထည့်ထားတာက ဖုန်မှုန့်များနဲ့ ခြစ်ရာများမှ ကာကွယ်ပေးပါတယ်

-ဦးထုပ်ကိုမာကျောတဲ့ မျက်နှာပြင်တွေပေါ်ကို ပြုတ်မကျစေရန် အထူးဂရုစိုက်ပါ။ အနည်းငယ်မျှ ပြုတ်ကျခြင်းကလည်း အတွင်းပိုင်း EPS foam ကို ပျက်စီးစေနိုင်ပါတယ်

-ဆိုင်ကယ် ဘက်မှန်မှာ ဦးထုပ် ချိတ်ခြင်းက အတွင်း EPS ပျက်စီးစေပြီး impact resistance ကို လျော့ကျစေတဲ့အတွက် ခဏဘဲဖြစ်ဖြစ် မချိတ်သင့်ပါဘူး

-ဦးထုပ်ကို စတစ်ကာများကပ်ခြင်းကနေ ရှောင်ကြဥ်ပါ အချို့စတစ်ကာတွေမှာပါတဲ့ကော်တွေက Polycarbonate တွေပိုပျက်စီးတတ်စေပါတယ်

-အပြင် နဲ့ အတွင်းပိုင်းကို သိီးသန့်ထုတ်လုပ်ထားတဲ့ Helmet Cleaner များနဲ့ ဆေးကြောနိုင်သလို ရေနွှေး + ဆပ်ပြာအပျော့စား ( ကျနော်ကတော့ baby mild လို ကလေးဆပ်ပြာရည် ) သုံးပြီး နူးညံတဲ့ အဝတ်စနဲ့ ပွတ်တိုက်ဆေးပါ အတွင်းဖော့များကိုတော့ ဖြုတ်ပြီး လက်နဲ့ ညင်ညင်သာသာဆေးလို့ရပါတယ်

-visor ကိုတော့ microfibric clothes များကိုအသုံးပြုပြီး ဆေးကြောနိုင်ပါတယ် အချို့ visor တွေမှာ anti-fog coating (အငွေ့မရိုက်အောင်ပြုလုပ်ထားသည့်အလွှာ ) ပါတဲ့အတွက် chemical ပါတဲ့ သာမန်မှန်ကြည်ဆေး တွေ အသုံးပြုခြင်းကိုရှောင်ကြဥ်ရပါမယ် ပိုးကောင်နဲ့ အင်းဆက်တချို့ကြောင့် သာမန်ထပ်ပိုညစ်ပတ်နေရင် ရေစိုဝတ်နဲ့ ၁၀ မိနစ်လောက် အုပ်ထားပြီးမှ ဆေးရင်ပိုကောင်းပါတယ်

-ဆေးကြောသန့်စင်ပြီးပါရင် ဦးထုပ် အတွင်း ပိုင်းနဲ့ အပြင်ခွံ ကို ပျက်စီးစေနိုင်တဲ့ ဓာတ်ဆီ ပေါလစ် တာပင်တိုင် အစရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ဝေးဝေးမှာ သိမ်းဆည်းနိုင်ပါတယ်

ဒီလောက်ဆိုရင် ဦးထုပ်တလုံးရဲ့ သက်တမ်းအတွင်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုသိရှိပြီးလောက်ပြီလို့ ထင်ပါတယ် သက်တမ်းကုန်သွားတဲ့ ဦးထုပ်နေရာမှာ Safety ပိုမြင့်တဲ့ ဦးထုပ်အသစ်တလုံး လဲလှယ်လိုပါကလည်း Moto Life page ကနေတဆင့်မှာယူရရှိနိင်ပါတယ်ဗျ

ဆိုင်ကယ်ချစ်သူအားလုံး ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ

Photos from MOTO LIFE's post 23/05/2025

Tiger Rally Helmet - adventure နဲ့စီးဖို့ ဦးထုပ်ကောင်းကောင်းရှာနေတဲ့သူတွေအတွက် Tiger က ထုတ်တဲ့ ဒီ helmet က ဈေးအတန်ဆုံးဖြစ်မှာပါ

Tiger ဆိုတာ တရုတ်ပြည်မကြီးထဲက နာမည်ကြီး MX safety Gear တွေထုတ်လုပ်တဲ့ Company တခုပါ သူကထုတ်တဲ့ MX ဖိနပ်တွေဆိုရင် international ထိကိုပါဖြန့်ပါတယ် Reviews ကောင်းတွေလည်းအများကြီးပါ ခုလည်း TR ကနေ ထုတ်တဲ့ Helmet က အရည်အသွေးကောင်းတဲ့အတွက် တရုတ်ပြည်မကြီးထဲမှာ နာမည်ကောင်းရထားပါတယ် Safety အတွက်ဆိုရင် 3C certificate ရထားပြီးသားပါ

3C ဆိုတာ DOT(us) / TIS (thai) တို့လို တရုတ်ရဲ့ safety standard တခုပါ အရှည်ကောက်က China Compulsory Certification (CCC) လို့ခေါ်ပါတယ် ၊ တရုတ်နိုင်ငံတွင်းမှာ အသုံးပြုတဲ့ Helmet တွေက 3C လက်မှတ်မဖြစ်မနေ ရှိဖို့လိုအပ်ပါတယ် သူ့ရဲ့စမ်းသပ်ပုံတွေက ECE စမ်းသပ်ပုံနဲ့ အတော်လေးနီးစပ်ပြီး တရုတ်အစိုးရက ခွင့်ပြုထားတဲ့ lab တွေမှာဘဲ စစ်ဆေးထားတာပါ

ထိခိုက်မှုအတွက် Impact Absorption Test , Pe*******on Resistance Test , Chin Strap / Chin Guard Test , Visor အတွက် မျက်လုံးထိခိုက်မှုရှိ/မရှိ ၊မြင်နိုင်စွမ်း ၊ ခံနိုင်ရည် ဒါတွေကို တခုစီအသေးစိတ်စစ်ဆေးပါတယ် ဒါတွေအောင်မြင်ပြီဆိုရင် တောင် စက်ရုံရဲ့ ထုတ်လုပ်မှုကို အသေးစိတ်စစ်ဆေးပါသေးတယ် အကုန် pass ဖြစ်ပြီဆိုမှ အသိအမှတ်ပြုလက်မှတ်ရတာပါ အဲ့ကျမှ တရုတ်ပြည်တွင်းမှာရောင်းချခွင့်ပြုတာပါ ကျနော်သိသလောက်တော့ ချိနက သူ့ပြည်သူတွေအသုံးပြုမယ့်ပစ္စည်းအတွက်ဆို စည်းကမ်းတွေတအားတင်းကြပ်ထားပါတယ် ၊ 3C လက်မှတ်ကိုရထားရင်တောင် QC အတွက် တစ်နှစ်တခါ ပြန်လည်အစစ်ဆေးခံရပါသေးတယ် ဒီလောက်ဆို safety ပိုင်းကို စိတ်ချရလောက်ပြီထင်ပါတယ် ဒီတော့ဦးထုပ်ဘက်ပြန်လှည့်ရအောင်ပါ

ဦးထုပ်ကို Multi Layer Buffer Protection လို့ခေါ်တဲ့ အပြင်ဘက် ABS layer အတွင်းဘက် EPS layer နဲ့ ဖွဲ့စည်းထားပါတယ် ABS ကတော့ ဦးထုပ်တွေအတွက် စံ အသုံးပြုတဲ့ မာကျောတဲ့ပလက်စတစ်အသားပါ EPS ကတော့ မာကျောတဲ့ အမြုပ်အသားလို့ဘဲခေါ်မလား အဲ့တာမျိူးပါ ABS + EPS ပေါင်းစပ်အလုပ်လုပ်ပုံကိုထပ်ရှင်းပြပါ့မယ် ကျနော်တို့ Accident ဖြစ်တဲ့အခါ ABS (အပြင်သား)က ပထမဆုံး ထိခိုက်မှုဒဏ်ကို ခံယူပြီး ထိခိုက်မှု အားကို ဦးထုပ်မျက်နှာပြင်ပေါ် ဖြန့်ကျက်ပေးပါတယ် ဒါ့အပြင် ချွန်ထက်တဲ့ အရာတွေ ဝင်ရောက်လာခြင်းကနေလည်း ကာကွယ်ပေးပါတယ် ABS က ထိခိုက်မှုရဲ့ ကနဦးဒဏ်ကို ထိန်းချုပ်လိုက်တဲ့အခါ ကျန်ရှိတဲ့ ဒဏ်တွေဟာ EPS လို့ခေါ်တဲ့ အထဲသား ဆီကို ရောက်လာပါတယ်။ EPS အမြှုပ်ဟာ ဒီ ထိခိုက်မှုအား အကုန်နီးပါး ကို စုပ်ယူလိုက်တဲ့အတွက် ဦးနှောက်ဆီရောက်မယ့် ဒဏ်က အများကြီးလျော့ချပြီး မိမိကိုအန္တရာယ်ကင်း စေတာပါ ( စာရှည်သွားမှာ စိုးလို့ အများကြီးရှင်းမပြတော့ပါဖူး သဘောတရားဘဲပြောပြပြီး နောက်မှ Brain Impact နဲ့ပတ်သတ်တာကို ပို့စ်အသစ်တခုနဲ့ အကျယ်တဝင့် ရှင်းပြပေးပါ့မယ် )

မှန်ကလည်း အတင်အချပြုလုပ်လို့ရတဲ့ PC အမျိူးအစား Visor 2 ထပ် နဲ့ ဖြစ်ပြီး မေးသိုင်းကြိုးကို Double D ring အသုံးပြုထားပေးပါတယ် Adv ဦးထုပ်တွေရဲ့ထုံးစံအတိုင်း ဖြူတ်တပ်လို့ရတဲ့ Peak ပါပြီး ဦးထုပ် အလေးချိန်က 1650 +- gram ပါ ဒါကပုံမှန် ADV ဦးထုပ်တလုံးအလေးချိန်ပါလေးတယ်လို့မဆိုနိင်ပါဖူး အတွင်းသားကတော့ ဖြုတ်လို့တပ်လို့ရပြီး လေဝင်လေထွက်ကောင်းတဲ့ ဖော့အအိသားကို အသုံးပြုပြီး တည်ဆောက်ထားပေးပါတယ်

ဈေးနှုန်းကတော့ 480,000 ကျပ် ဝန်းကျင်ခန့် ဖြစ်ပြီး ဆိုဒ်အနေနဲ့ကတော့ S ကနေ 3XL အထိ ရရှိနိင်မှာပါ

မှာယူယူမယ်ဆိုရင် 4-5 ပတ် ဝန်းကျင်ခန့်ကြာမြင့်ပါ့မယ် စိတ်ဝင်စားရင် CB ဒါမှမဟုတ် 09955030711 ကိုတိုက်ရိုက်ဆက်သွယ်မှာယူလို့ရပါတယ်

Photos from MOTO LIFE's post 18/05/2025

CRF 300 L အတွက် 13L ဆန့် ဆီတိုင်ကီ အကြီး

၂၁သိန်းအတိပါခင်ဗျာ

18/05/2025

SHOEI X15 အဖြူရောင်

Size L , XL , 2XL ထဲကရပါသေးတယ်
ဆောင်းလို့အဆင်ပြေလို့ Reviewကောင်းတွေအများကြီးပြန်ရတာလေးပါဗျ

ဈေးနှုန်း ၂၆ သိန်း ၈ သောင်း ကျပ်

ကြာချိန်-မှာပြီးတာနဲ့၃/၄ပတ်ဝန်းကျင်

Photos from MOTO LIFE's post 18/05/2025

Premuim
Metzeler Roadtec 01
120/70-17[Date22]
Discount-70%ရှိလို့

325,000 နဲ့ အသစ်စက်စက်ရပါမယ်ဗျ

12/05/2025

Insta360 X4

၁၈ သိန်းအတိနဲ့ယူပါ

thai center warranty 1 year ပါပါ့မယ်

ပါကင်စစ်စစ် ကိုဒီဈေးနဲ့ရမှာဆိုတော့ တန်ပါတယ်

ကြာချိန် ၁၀-၁၄ ရက်ဝန်းကျင်ခန့်

22/04/2025

Insta360 X5

2,5*0,000 MMK

pre order အနေဖြင့်မှာယူရရှိနိင်ပါပြီ

ကြာချိန် ၃-၄ ပတ်ဝန်းကျင်ခန့်

Photos from MOTO LIFE's post 17/04/2025

BMW R9T R1200/1250 GS ADVENTURE ဘီးများအတွက် BS maintenance free batrery များ မှာယူရရှိနိင်ပါတယ်

ဈေးနှုန်း - ၃ သိန်းကျော်

manufacture date 12/24 ပါ

ကြာချိန် ၄ ပတ်ဝန်းကျင်ခန့်

စရံတဝက်ပေးချေထား ရုံနဲ့ မှာယူရရှိနိင်ပါတယ်

Photos from MOTO LIFE's post 17/04/2025

နှစ်ကူး အထူးဈေး 🎉 ဘယ်ဘီးမဆိုတပ်လို့ရတဲ့

35L Aluminum Side Panniers + Universal Frame

တစုံဈေး - 880,000 ကျပ်

stainless lock + Key / Innier cushion အပြည့်အစုံပါပြီးသားပါ

ရိုးရိုး ဒီဇိုင်း နဲ့ X logo အချိုင့်ပါ ဒီဇိုင်းဆိုပြီး ၂ မျိူးရွေးချယ်မှာယူနိင်ပါတယ်

အရောင် - အနက် / ငွေ

ကြာချိန် ၄ ပတ် ဝန်းကျင်ခန့်ပါ မှာယူမယ်ဆိုရင် စရံတဝက်ပေးချေရုံ နဲ့ မှာယူရရှိနိင်ပါတယ်

Want your business to be the top-listed Autos & Automotive Service in Pyay?
Click here to claim your Sponsored Listing.

Website

Address

Pyay
08191