Alinkar Cruise Shuttle
Pyay-Custom Hill(Akauk Taung)-Pyay River Cruise Transporting Service
02/02/2023
မင်္ဂလာပါခင်ဗျာ။
တပို့တွဲလပြည့် စနေနေ့နေ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ရေကြောင်းခရီးနဲ့ အကောက်တောင်ဘုရားဖူးသွားလို့ရနေပြီနော်။ လိုက်ပါစီးနင်းလိုသူများအတွက် လက်မှတ်များရောင်းချပေးနေပါပြီ။
09777999850
0532028998/999 တို့ကိုဆက်သွယ်ပြီး အသေးစိတ်သိရှိလိုသည်များကိုမေးမြန်းဝယ်ယူနိုင်ပါပြီ။
21/01/2023
မင်္ဂလာပါခင်ဗျာ
မနက်ဖြန် 22.1.2023 Super Sundayမှာ အကောက်တောင်ရေယာဥ်ခရီးစဥ် လိုက်ပါလိုသူများ ကြိုတင်booking ပြုလုပ်နိုင်ပါပြီခင်ဗျာ။
09254092095
0532028998/999 နဲ့ Page messenger တို့မှာ ဆက်သွယ်ပြီး ထိုင်ခုံလက်မှတ်များဝယ်ယူနိုင်ပါပြီခင်ဗျာ 😇😇
13/01/2023
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့Alinkar River Cruise Shuttle မှ ဒုတိယမြောက်စီစဥ်ဖြစ်တဲ့ ညနေပိုင်းခရီးစဥ်(Sunset sightseeing trip) လေးနဲ့မိတ်ဆက်ပေးပါရစေ။
သွားရောက်လည်ပတ်မယ့်နေရာလေးကတော့ ပြည်မြို့အထက်ဘက် ဧရာဝတီမြစ်ရဲ့စတုတ္ထမြစ်ကျဥ်းရှိရာဖိုဦးတောင်ခြေအနီး စင်္ကြံကျွန်းနှင့်အနီးတဝိုက်ကို ညနေဆည်းဆာအချိန် သွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်။
ဒီခရီးစဥ်လေးကတော့ အသွားအပြန်ကြာချိန် ၂နာရီခန့်သာရှိမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါး စက်လှေအပျော်စီးရင်း ဓာတ်ပုံရိုက်လို့ကောင်းတာမလို့ လူကြီးလူငယ်မရွေး သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်ပါတယ်ခင်ဗျာ။
ခရီးစဥ်လေးက အကောက်တောင်ခရီးစဥ်ပြေးဆွဲတဲ့ရက်တွေပဲဖြစ်တဲ့ စနေ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်တွေမှာ ညနေပိုင်း ၄နာရီခွဲခန့်တွင် ပြည်ကမ်းနားပန်းခြံရှိ ဆိပ်ခံတံတားမှ စတင်ထွက်ခွာမှာဖြစ်ပါတယ်။
လက်မှတ်စျေးနှုန်းကတော့ ခရီးစဥ်စဆုံး ၁၅၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။
လက်မှတ်ကြိုတင်ဝယ်ယူလိုရင်တော့
09777999850
0532028998/999 နဲ့ page ရဲ့ chat box တို့မှာဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ🙏🙏။
13/01/2023
ယနေ့ ၁၃.၁.၂၀၂၃ မနက်၇နာရီတွင်ကျင်းပပြုလုပ်ခဲ့သော ဝိဇ္ဇောဓယသဲအင်းဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ သီရိဓမ္မ မထေရ်မြတ်ကြီး၏ ခန္ဓာဝန်ချပြီးနောက်ကြွင်းကျန်ရစ်သောအရိုးပြာအိုးများအား ဧရာဝတီမြစ်အတွင်းသို့ ရေမျှောခြင်းအခမ်းအနားတွင် ကျွန်တော်တို့ Alinkar Cruise Shuttle မိသားစုမှ ဆရာတော်သံဃာတော်များကို ကုသိုလ်ဖြစ်ပင့်ဆောင်ကူညီပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို နတ်လူသာဓုခေါ်နိုင်စေရန်တင်ပြအပ်ပါသည်ခင်ဗျာ🙏🙏🙏
13/01/2023
လာမယ့်ပိတ်ရက် 14,15.1.23 စနေ တနင်္ဂနွေအတွက် ပြည် အကောက်တောင်ခရီးစဥ် လက်မှတ်များ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။
09777999850
0532028998/999 နှင့် page messenger တို့မှာအချိန်မရွေးဆက်သွယ် booking တင်လို့ရပါပြီ။
07/01/2023
The bridge,the ship and her guests ❤️❤️
Sunday Tickets are available now.
Contact
09777999850
092028998/999
Page Chat box
လာမယ့်စနေ တနင်္ဂနွေနေ့ ၇/၈.၁.၂၀၂၃ ပိတ်ရက်များအတွက်ပြည် အကောက်တောင်ခရီးစဥ် ထိုင်ခုံလက်မှတ်များ ရောင်းချပေးနေပါပြီနော်။ ဝယ်ယူလိုပါက 09777999850 နဲ့ pageရဲ့ CBတို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါပြီခင်ဗျာ 😇
အကောက်တောင်ခြေထိ တိုက်ရိုက်ရောက်ရှိပါတယ်။
03/01/2023
4.1.2023 လွတ်လပ်ရေးနေ့မှာ အကောက်တောင်ခရီးစဥ်သွားဖို့ရယ်ဒီပဲလား
ထိုင်ခုံလက်မှတ်များကိုစတင်ရောင်းချပေးနေပါပြီ
ပြည်မြို့ကမ်းနားပန်းခြံ ဆိပ်ခံတံတားထိပ် 09777999850
အလင်္ကာဟိုတယ် (ပြည်) 053 2028998/999 တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ 😇
01/01/2023
သရေခေတ္တရာ ပြည်မြို့သူမြို့သားများနှင့်တကွ နိုင်ငံတဝှမ်းလုံးရှိ မြန်မာပြည်သူပြည်သားအားလုံး ၂၀၂၃ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ အလင်္ကာ Cruise Shuttle အဖွဲ့သားများမှဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Alinkar Cruise Shuttle လေးရဲ့ ပွဲဦးထွက်ခရီးစဥ်လေး ဖြစ်တဲ့ ပြည် အကောက်တောင် ခရီးစဥ်လေးနဲ့မိတ်ဆက်ပေးပါရစေ။
ခရီးစဥ်လေးက အပတ်စဥ် စနေ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တိုင်းမှာ လက်မှတ်ကြိုရောင်းစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်စျေးနှုန်းလေးကတော့ ၁စောင်ကို ၂၅၀၀၀ကျပ်ပါခင်ဗျ။
ဘာservice တွေပါမလဲ?? 🤔🤔
အသွားအပြန် အတွက် ထိုင်ခုံလက်မှတ်နဲ့ အသွားခရီးမှာ နံနက်စာ Breakfast Box နဲ့ ကော်ဖီပူပူလေးနဲ့ ဧည့်ခံမှာပါခင်ဗျ။ လမ်းခရီးတလျှောက် လူကြီးမင်းတို့ လိုအပ်တာလေးတွေရှိရင်ကူညီပေးဖို့ service crew တွေကလည်း standby ရှိနေမှာပါ။
ခရီးစဥ်လိုက်ပါမယ်ဆို ဘာတွေလိုအပ်မလဲ??
အနွေးထည်ထူထူလေးတော့လိုအပ်ပါတယ်ခင်ဗျ။ မနက်စောစောထွက်တဲ့ခရီးစဥ်ဖြစ်တာကြောင့်လမ်းခရီးမှာအရမ်းအေးတာမလို့ပါ။
ဘယ်ကနေထွက်မှာလဲ?ဘယ်အချိန်ထွက်မှာလဲ?မောင်းချိန်ရော ဘယ်လောက်ကြာလဲ?
ပြည် စည်ပင်သာယာကမ်းနားပန်းခြံကနေ မနက်၆နာရီခွဲ စတင်ထွက်ခွာမှာပါ။ မောင်းချိန်ကတော့ ၂နာရီဝန်းကျင်ခန့်ကြာမြင့်မှာဖြစ်ပြီး အကောက်တောင်ဘုရားဖူးချိန် ၁နာရီ၁၅မိနစ်ပေးမှာဖြစ်ပါတယ်။ ထို့နောက်ပြန်လည်ထွက်ခွာပြီး ပြည်မြို့ဆိပ်ကမ်းကို နေ့လည်၁၂နာရီခန့်မှာပြန်လည်ရောက်ရှိမှာမို့ မော်တော်ကားနဲ့သွားရင်ကြာချိန်နဲ့ အတူတူေလာက်ပဲရှိပါတယ်နော်။
လက်မှတ်ဘယ်လိုဝယ်လို့ရမလဲ??
လက်မှတ်တွေကိုတော့ ပြည်စည်ပင်ပန်းခြံ ဆိပ်ခံဘောတံတားထိပ် လက်မှတ်အရောင်းစင်တာ Ph 09777999850
အလင်္ကာ (ပြည်)ဟိုတယ် Ph 053 2028998/999 နဲ့ Page messenger တို့မှာ သိရှိလိုသည်များကို အချိန်မရွေးမေးမြန်းဆက်သွယ်ဝယ်ယူနိုင်ပါပြီခင်ဗျာ။
လွတ်လပ်ရေးနေ့ 4.1.2023 အတွက် လက်မှတ်များကို စတင်ရောင်းချပေးနေပါပြီခင်ဗျာ။Shuttle က ခရီးသည် ၂၄ဦးပဲတင်ဆောင်မှာဖြစ်လို့ လက်မှတ်လေးကြိုဖြတ်ထားဖို့တော့လိုပါတယ်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ် 🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyay
08151