PYOE Education Center

PYOE Education Center

Share

ပင်တိုင်းပန်းဝေပွင့်တိုင်းလန်းနေမ?

17/06/2026
Photos from PYOE Education Center's post 17/06/2026

အခုလက်ရှိ G-12 ကလေးတွေနဲ့
အချို့သော မိဘအုပ်ထိန်းသူတွေကို ပြောပြချင်တဲ့စကားက

ကိုယ် ၁၀တန်းတုန်းက လုပ်ခဲ့တဲ့
ပုံစံနဲ့ အခုခေတ် G12 ကို ထပ်တူချပြီး
မတွေးကြဖို့ပါ။

လုံးမတူပါဘူး။

သာမန်လောက် ကြိုးစားမှုမျိုးနဲ့
လိုရာပန်းတိုင်ကို မရောက်နိုင်ဖူးဆိုတာ
သိထားပါ။

အချို့က ဖြစ်ချင်တဲ့စိတ်နဲ့သာ
လုပ်နေကြပေမယ့် သားသမီးကို
ချစ်တာနဲ့ နှစ်တာကို
မကွဲပြားကြသေးပါဘူး။

ဟိုးအမြင့်ကို ​ပျံမယ့်ဌက်တစ်ကောင်ဟာ
လေဒဏ် မိုးဒဏ်ကို ကြောက်နေလို့
ဘယ်ဖြစ်ပါ့မလဲ။

အကြိမ်ကြိမ်အခါခါ အပူပေးပြီး
အထုအနှက်ခံနိုင်တဲ့ သံကသာ
ဓားဖြစ်လာမှာပါ။

ဒီလိုပဲ G12 ရဲ့ပင်ပန်းဆင်းရဲဒဏ်ကို
ကြံ့ကြံ့ခံနိုင်ပြီး ကိုယ့်ကိုကိုယ်မညှာမှ
နောင်တစ်ချိန်မှာ အောင်မြင်မှုရဲ့
အသီးအပွင့်တွေကို
ခံစားရမှာပါ။

တစ်ရက်မှာ စာသင်ချိန် တစ်ချိန် /
နှစ်ချိန်လောက်နဲ့
G12 အဆင်မပြေပါဘူး။

G12 ကျောင်းသားတစ်ယောက်မှာ
အားနေတယ်ဆိုတာမရှိပါဘူး။
လုပ်စရာတွေအများကြီးပါ။

မိဘတိုင်းကတော့ သားသမီးပင်ပန်းမှာကို
မကြည့်ရက်ကြပါဘူး။
ဒါပေမယ့် အခုချိန်မှာ ဒါလေးကို
အပင်ပန်းမခံနိုင်ရင် နောင်တစ်ချိန်
လောကထဲဒီကလေး၀င်တဲ့အခါ
လောကဓံကို ဘယ်လိုခံမလဲ။
လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာလုပ်ပါ
ခိုင်းသင့် ခိုင်းထိုက်တဲ့ အချိန်မှာ ခိုင်းပါ။

ချစ်ပါ သို့သော် အလိုမလိုက်သင့်တဲ့
အချိန်အခါမှာ အလိုမလိုက်ရပါဘူး။

အပြင်ဘက်ကို နားစွင့်ပါ။
မျက်စိဖွင့်ကြည့်ပါ။
G12 နေရာတိုင်းမှာ မနက် ၇ နာရီကနေစပြီး
ဆရာ/မတွေ သင်ချိန် တစ်ချိန်ပြီး တစ်ချိန်
အလှည့်ကျ ၀င် --- စာကျက်ချိန်
စာဖြေချိန် --- သေချာစနစ်တကျနဲ့
လုပ်နေကြတာပါ။ညဆိုလည်း ည Study
အချိန်တွေ လုပ်ကြရတာပါ။ ဒါတောင်
အောင်ဖို့အရင်လုပ်နေကြရတာပါ။

ပင်ပန်းပါတယ်။
ပင်ပန်းပလေ့စေလေ။
သူတို့ဘ၀အတွက် ပင်ပန်းတာ။
မပင်ပန်းပဲ ဘယ်အရာမှ လွယ်လွယ်မရပါဘူး။

အချို့က စာသင်ချိန်တွေ များလို့
စာသင်ချိန်တွေ ဆက်နေလို့
ငါ့သားလေး ငါ့သမီးလေး
ပင်ပန်းနေပြီ။

ပင်ပန်းပါစေ လုပ်ပါစေ
သူ့အတွက်သူလုပ်နေတာပါ။
ဒီအချိန်အပင်ပန်းခံထားမှ
အောင်စာရင်းထွက်တဲ့ အခါ
ပျော်ရမှာပါ။

အပျော်ကိုတော့ ရချင်ပြီး
အပင်ပန်းတော့ မခံစေချင်ဘူးဆိုရင်
G12 မထားပါနဲ့။

ငွေကုန်ရကျိုးနပ်ပါစေ
လုပ်ပေးရကျိုးနပ်ပါစေ
ချစ်ပါ မနှစ်မိပါစေနဲ့။

#မေတ္တာဖြင့်
#ဆရာမိုး
Ten years ago PYOE

15/05/2026

G-12 ရောက်ခါမှ သိန်းရာချီအကုန်ခံ ထားလိုက်တော့မယ်မျိုး မလုပ်စေချင်ဘူး။
ပံ့ပိုးပေးရင် ငယ်တည်းကပံ့ပိုးပေးပါ။
လုံးလုံးကြီး မပံ့ပိုးပေးထားတာထက်စာရင်
အင်္ဂလိပ် သင်္ချာကောင်းအောင်တော့ အခြေခံ ပါအောင်
ထားသင့်တာ အပ်သင့်တာ အပ်ပေးစေချင်တယ်
Solid Foundation လို့ခေါ်တဲ့ အရေး အဖတ် အတွက် တော့ နိုင်နေမှ
မဟုတ်ရင် ကလေးက ၅/၆ တန်းရောက်နေပြီ
မရေးတတ်ဘူး
မိဘက ထားပေးတယ် လက်ရေးမကောင်း စာလည်းမနိုင်ဆို
တစ်ခုခုလွဲနေတာပါ။
၅/၆ တန်းကနေစလွဲနေရင်
၇/၈/၉ ပိုဆိုးလာတော့မယ်။
ကလေးနည်းနည်းနဲ့ ထိရောက်တဲ့ ကျူရှင်လောက်မှာ ထားပါ။
ကလေးနည်းတော့ ဘာရေးနေတာ ဘာလုပ်နေတာက အစ
ဆရာမက မြင်တယ်။
၉/၁၀ တန်းထိ အားတာနဲ့ ဖုန်းကြည့်တာမရပ်ရင်
အာ့အရွယ် သင်ရအရမ်းခက်သွားပြီ
ပြောစကားနားမထောင်တော့ဘူး။
မိဘကပြောမရရင် ဆရာလည်းပြောမရပါဘူး။
ကလေးကို ငယ်တည်းက ပံ့ပိုးပေးပါ supports ပေးတာ
ကလေးလိုချင်တာ ဝယ်ပေးတာ ပံ့ပိုးတယ်မခေါ်ပါဘူး။
သူ့အရွယ်နဲ့သူ ကျောင်းပြီးရင် ကျူရှင်
အချိန်မလပ်အောင်သာ လုပ်ပေးနေရမှာ
ခုက အချိန်လပ်တာနဲ့ ဖုန်းတန်ကိုင်ကြတာ
စာအုပ်မကိုင်ဘူး။
အိမ်မှာ စာမကြည့်ဘူး။
ဖြေခါနီး မှ မိဘကလိုက်ကျက်ပေးရတဲ့ခေတ်။
အာ့တော့ စာကစာ ကျန်တဲ့ free time အချိန်ကအချိန်ဆိုတာမျိုး

ကလေးကိုခွဲခြားသိနေအောင် train သင့်တယ်လို့ အကြံပေးပါရစေ။

ကျေးဇူးတင်ပါတယ်။

ရေးသားသူ Tr Phyu Phyu Chawအားလေးစားလျက်ပါ

21/02/2026

Grade-12 များစာမေးပွဲနီးကပ်လာပါပြီ......
ပုံမှန်ကြိုးစားသူများအတွက်ကတော့ စိတ်ဖိစီးမှု့ သိပ်မရှိလှပေမယ့် တနှစ်ပတ်လုံး ရောင်လည်လည်နဲ့ သင်သာသင်နေရတယ် ဘာသင်လို့သင်မှန်းတောင်မသိ လိုက်ကြတဲ့ ကလေးများကတော့ ဘက်ပေါင်းစုံကဖိအားများကြောင့် အာရုံများကြရပါပြီ......
ဘယ်ဘာသာကို ဘယ်ကစပြီးကျက်ရမှန်းမသိနဲ့ ဝေဝါးနေကြရာကနေ....မြန်မာစာက ...ဘာကိုကျက် အောင်မှတ်
English စာက ဘာကိုဖတ်...အောင်မှတ်
သင်္ချာက ဘယ်အခန်းကိုတွက်....ဘာရမယ်နဲ့ သူများပြောစကားယုံပြီး ဟိုခုန်ဒီကူး လုပ်လို့မရတော့ပါ
သူများ‌စကားတွေနောက်လိုက်ပြီး လမ်းပျောက်မနေကြပါနဲ့
အဓိက က ဘယ်ဘာသာမဆို ကျောင်းသားတွေအတွက် အောင်မှတ်ရဖို့ မျှတစွာမေးခွန်းမေးတတ်ကြပါတယ်....
ကိုယ်နိုင်သလောက်နဲ့ ချင့်ချိန်ပြီး သေချာလေ့လာပါ၊ ဒီအချိန်မှာ သူများပြောတိုင်း လိုက်ဖတ်၊လိုက်ကျက်လို့မရတော့တာကြောင့် လက်ရှိ ရထားတဲ့ အတိုင်းအတာကိုပဲ အဆက်မပြတ် လေ့လာထားနိုင်မှ အောင်မှတ်ပိုင်ပိုင်ရနိုင်မှာပဲဖြစ်တယ်......
စာမလုပ်ခဲ့လို့ အောင်မှတ်သာသာ ဖြေမယ်ဆိုရင်လည်း အောင်မှတ်ရနိုင်မှာကိုပဲ လေ့လာကြပါ၊ မတော်လောဘတွေထားမနေကြပါနဲ့.....သူများလုပ်တိုင်း လိုက်ပြီးလုပ်လို့ကောင်းတဲ့အရာက စာဖတ်တာမဟုတ်ဘူးလို့ သင်တို့တွေးခဲ့ကြတာပဲမဟုတ်လား????
မေးခွန်းကခက်မှာလားလို့ မေးလာကြသူများအတွက်ကတော့....ဟုတ်ကဲ့ စာသေချာဖတ်ထား လေ့လာထားရင် မေးခွန်းလွယ်မယ်ရှင့်
စာသေချာမဖတ် မလေ့လာထား ရင်တော့ ခက်ပါမယ်ဆိုတဲ့အကြောင်း.....

Cred KMM-Biology
Photo:credit

Photos from PYOE Education Center's post 13/02/2026

စာမေးပွဲနီးလာလေလေ
အားရှိဖို့ကျမ်းမာဖို့လိုလေလေပဲ
များများစားရမယ် ညဘက်များများအိပ်ရမယ်
G12 တွေ အတွက် ပျိုးဆရာမ များရဲ့ အဟာရ ဒါန

12/02/2026

လူဦးရေကန့်သတ်မထားပါ
ဝင်ခွင့်ဖြေဆိုရန်မလိုပါ
စာတော်စာညံ့မခွဲခြားပါ
အတန်းမှန်မှန်တက်လိုစိတ်
စာလိုချင်စိတ်
စာကျက်ချင်စိတ် ရှိရန်သာ လိုအပ်ပါသည်။

27/01/2026

တက္ကသိုလ်၀င်စာမေးပွဲမေးခွန်းကို
လျော့တွက်မထားပါနဲ့
သူ့အချိန်ရောက်ရင်
ဟာ တွေ ဟင် တွေ ဖြစ်တာပဲ။

ပွဲဆူတာပါပဲ။

ဘယ်လိုမငဲ့ညှာတာတို့
ဘယ်အောင်ချက်မြင့်မားရေး
ပြောတုန်းက ဘယ်လိုတို့
ခုကျတော့ ဘယ်လိုလုပ်တာတို့။
ဘယ်မေးခွန်း ၅ စုံက ဘယ်လိုတို့။

လွယ်လွယ်နဲ့ သဇင်ပွင့်ရင်
လူတိုင်း သဇင်ပန်းလိုက်စိုက်ကြမှာပေါ့။
အဲ့လောက်စျေးကောင်းရနေတာ။
😌

မေးခွန်းဘာလာမယ်ဆိုတာ
ဘယ်သူမှမသိဘူး။

​ကလေးတို့ဘက်က
အပြည့်အစုံသာလုပ်ထားပါ။
ဘယ်ဟာဘယ်လိုဆိုတာတွေကို
ကြားရင် နားစွင့်လိုက်
မျှော်လင့်ချက်သွားမကြီးလိုက်လေနဲ့
ဒဏ်ရာကြီးသွားလိမ့်မယ်။

ကိုယ်လုပ်နေတာသာ
အသေချာဆုံးပဲ။

ကျန်တာက ဒီလိုပဲ
လေ့ကျင့်ရန်အတွက်
ကလေးတို့ရဲ့ အကျိုးမျှော်လို့ ပြောကြရတာ။

မယုံရင် မနှစ်က ကိုယ့်ရဲ့
စီနီယာ အကိုကြီး အမကြီးတွေကို
မေးကြည့်လိုက် 😄

#ဆရာမိုး

10/01/2026

ရည်ရွယ်ချက်မလွဲစေလို
•••••••••••••••••••••••
အောင်ချက််မြင့်မားရေးတို့
မေးခွန်း ၅စုံတို့ ဘာတို့ဆိုတာ
ဘသာရပ်အလိုက် သိသင့်သိထိုက်တာတွေကို
အနည်းငယ်မျှ ထုတ်နုတ်လို့ ဆောင်ရန် ရှောင်ရန်ဆွေးနွေးပေးတာဖြစ်ပါတယ်။

ဒါကို လွဲမှားတဲ့အတွေးတွေနဲ့
ဒါတွေထဲက ပါမှာ ဒါတွေပဲ
ကြည့်မယ်တို့ဆိုတာ ရည်ရွယ်ချက်
လွဲမှားခြင်းပဲ။

ဒါပါမယ် ဟိုဟာပါမယ်ဆိုတာကို
မေးခွန်းထုတ်သူကလွဲလို့
G-12 မှာ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။

မေးခွန်း၅စုံဆိုတာတွေက လေ့ကျင့်ဖို့ပါ
အရည်အသွေးနဲ့အရည်အချင်းကိုမြင့်တတ်စေဖို့
လေ့ကျင့်ရန်သာဖြစ်တယ်။
အဲ့ဒါတွေထဲကပါမယ်ဆိုတာမျိုးဆိုတာ
အတွေးမှားပါ။ ပါရင်လဲပါမယ် မပါရင်လဲမပါဘူး။

မေးခွန်း ၅ စုံ လေ့ကျင့်ပါ။
၀ယ်ပါ။ ဖြေကြည့်ပါ အကျိုးမရှိဟူ၍ မရှိပါ။
သို့သော် ဒါတွေက စာမေးပွဲမှာပါမယ်လို့
အတတ်မပြော။
လေ့ကျင့်ရာသာဖြစ်တယ်ဆိုတာ
သိစေအပ်ခြင်းပါ။

တကယ့်အားကိုးရာက
မိမိကို တစ်နှစ်ပတ်လုံး အပင်ပန်းခံ
သင်ပေးခဲ့ကြတဲ့ ဆရာ/မများပါ။
ဒီလိုအချက်တွေကို နှစ်စကတည်းက
အာပေါက်အောင် ထပ်တလဲလဲ
ဘယ်ဟာကို ဘယ်လိုဖြေရမယ်နော်
ဘယ်မေးခွန်းလာရင်ဘယ်လိုဆိုတာ
ပြောကြပါတယ်။

ရည်ရွယ်ချက်တွေမလွဲကြပါစေနဲ့
အတွေးမှားရင် လမ်းမှားရောက်တတ်တယ်။

အဓိကအားကိုးရာက
ကိုယ့်ဆရာ/မပါ။

အဓိကအားကိုးရာက
တစ်နှစ်ပတ်လုံးသင်ထားတဲ့
စာတွေပါ။

အဓိကအားကိုးရာက
မိမိကိုယ်တိုင်ပါ။

#ဆရာမိုး Eco

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

တိုက်(၂၅)/အခန်း(၁)/ရွှေဟင်္သာ အနောက်ပေါက်, စက်မှုဇုန်ကြံတောကုန်း ရပ်ကွက်
Pyay