Taste Gallery
Authentic receipes
လပြည့်ည ပံသကူအလှူလေး😍
07/11/2022
edit-ပံသကူ အလှူလေးပြီးပါပြီ
ပံသကူ ရသွားတဲ့ ၃ ယောက်က
Ko Ko Thae Lay
Sabal Maung Maung
Hsat Kyi Aung ပါ
အလှူလေးမှာပါဝင်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ် ❤❤❤❤
***ပံသကူ အလှူ***
ဘေလ် 3000 ၃ယောက်ယူပါ
ဒီနေ့ ဘာလေးတွေချက်စားဖြစ်လဲ/ ဝယ်စားဖြစ်လဲ comment လေးမန့်ပေးခဲ့နော်
💗💗💗💗💗
comment picker နဲ့ randomly ပံ့သကူပေးမယ်နော်😘
photo crd
07/11/2022
မယ်ဇလီဖူးသုပ်
👇မယ်ဇလီညွှန့်ကိုမခါးအောင်ပြုတ်နည်း👇
၁။ မယ်ဇလီညွှန့်ကိုနူးအောင်ပြုတ်ပါ။
အခါးပေါ့သွားအောင် သုံးခါလောက်ထိ
ပြုတ်ရေကိုသွန်သွန်လဲပြီးပြုတ်ပေးပါ။
၂။ နူးပြီဆိုရေအေးနဲ့ပြန်ဆေးပစ်ပါ။
၃။ ပြီးရင် သေးသေးလေးတွေညှပ်ပြီး
ငရုတ်ဆုံထဲထည့်ထောင်းကာ ထွက်လာတဲ့
အရေစိမ်းတွေကိုညှစ်ပစ်ပါ။
သုပ်ဖို့အတွက်👇👇
ကြက်သွန်နီ, ငရုတ်သီးစိမ်း,သံပုရာသီး
ပုစွန်ခြောက်မှုန့်,
ဟင်းခပ်မှုန့်,ငံပြာရည်
ကြက်သွန်နီ ဆီချက်
ကြက်သွန်နီကြော်
အားလုံးရောနယ်ပီး သုပ်ရုံပါပဲ။
07/11/2022
ဘေးဘရာကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ🙏 ❤❤❤❤❤
06/05/2022
" ကြေးအိုး နှင့် ကြေးအိုးဆီချက်ချက်နည်း "
👉ကြေးအိုးတွင် ပါဝင်ပစ္စည်းများ👈
📝ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
ဝက်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ဝယ်ယူနိုင်သည်)
ဝက်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)
ဝက်သဲ – ၁၀ကျပ်သား (အရှည် လှီးထားပါ)
ပဲပြား – ၁တုံး (လက်မဝက်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ)
ငုန်းဥ – ၁၀လုံး (ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပါ)
ကြက်သွန်မြိတ် – ၁စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း- ၂စည်း (ထက်ပိုင်းပိုင်းပါ)
ကုစိုင် – ၁စည်း – (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
ဆား – စားပွဲတင်ဇွန်း ၄ဇွန်း
အချိုမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
ရေ – ၁၀ လီတာ
နှမ်းဆီ – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
✍️မှတ်ချက် ။ ။ Home made ကြေးအိုးလို အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တဝက်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။
----------------------------------------------
📝ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ
ဝက်သား – ၄၀ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
ငါးဖယ် - ၁၅ကျပ်သား
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
(ဝက်သားလုံးမာအောင် ငါးဖယ်ထည့်နုယ်ပေးထားပါတယ်)
----------------------------------------------
📝ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ
ငါးဖယ် – ၁၀ကျပ်သား
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ အကာ – ၁လုံး (ခလောက်ထားပါ)
ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
📝ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ဝက်ဒူးဆစ်ရိုးများကို ထည့်ပြီ ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီ ၂နာရီခန့် တည်ထားပေးပါ။
၂။ ဝက်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ဝက်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ဝက်သား၊ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ထို့နောက် သမအောင် ဝက်သားများကို ရောနုယ်လိုက်ပါ။
၄။ ပြီနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီ သမအောင် ရောနယ်လိုက်ပါ။
၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။
----------------------------------------------
👉ကြေးအိုးပြုတ်နည်း👈
၁။ ကြေးအိုး ပြုတ်ရည် တဝက်ခန့်ခန်းသွားပြီ အနေတော်ပြီဆိုလျှင် ဝက်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီမှ ပြုတ်ရည်ထဲသို့ ဆား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၆ဇွန်း)၊ အချိုမှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။
၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီမှ ဝက်အူများကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။
၃။ ဝက်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ဝက်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။
၄။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။
၅။ ပြီမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။
၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ဝက်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
ရ။ ကြေးအိုး တခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။
၈။ ပြီမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ဝက်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။
၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော Homemade ကြေးအိုးကို သုံးဆောင်လို့ရပါပြီ။
💚ကြေးအိုး ဆီချက် လုပ်နည်း💚
**********************
၁။ ကြေးအိုးဆီချက်အတွက် ခွက်တစ်ခုထဲတွင် ကြေးအိုးပြုတ်ရည်ထဲ စိမ်ပြီ ပြန်ဆယ်ထားသော ကြာဇံများကို ထည့်လိုက်ပါ။
၂။ ပြီမှ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ အချိုမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဝက်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။
၃။ ထို့နောက် ဝက်သားလုံး၊ ငါးဖယ်လုံး၊ ငုန်းဥ၊ ပဲပြား၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်းစိမ်း၊ ဟူစိုင်၊ ကြက်သွန်မြိတ်၊ ဆီချက်တို့ကို ထည့်ပြီ ရောနုယ်ပေးပါ။
၄။ အရသာရှိသော ကြေးအိုးဆီချက်ကို ကြေးအိုးပြုတ်ရည် ပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…
Credit: Wutyee food house
29/04/2022
အလွယ်ကူဆုံးကြက်ဆီထမင်း
ဈေးထဲကနေ ကြက်အရေခွံသီးသန့်ဝယ်လာတာတွေရှိလို့ ကြက်ဆီထမင်းလုပ်ဖြစ်သွားတယ်။ ကြက်အရေခွံတွေကို ဒယ်အိုးထဲထည့်ပြီး ကြော်။ ဆီတွေထွက်လာရင် ကြက်အရေခွံတွေကိုဖယ်။ အဲ့ဆီထဲမှာ ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ဆီသတ်ပေး။ ကြက်ပေါင်တစ်ခြမ်းကို အတုံးတုံးပြီး ဂျင်းနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ရေ ကြက်သားမှုန့် သကြား ဆား ထည့်ပြီး အသားနူးတဲ့ထိပြုတ်ပေးထား။ ကြက်ပြုတ်ရည်ရရင်အအေးခံ။ ဆန်ဆေးထားပါ။ ထမင်းပေါင်းအိုးထဲ ဆန်ထည့်ပါ။
ထမင်းချက်သလို ကြက်ပြုတ်ရည် လက်တစ်ဆစ်ခွဲထည့်ပါ ( ရေအစားကြက်ပြုတ်ရည်ထည့်တာပါ ) ခုနကချက်ထားတဲ့ ကြက်အရေခွံဆီထည့်ပြီးချက်ပါ။ ကြက်သားများကို အသားနွင်ပါ။ သခွားသီး နံနံပင်ပြင်ဆင်ပါ။ ထမင်းကျက်ရင် ကြက်ဆီထမင်းမွှေးမွှေးလေးရပါပြီ။
ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ကြက်ပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။
Credit : Ma May Moe Phyu
#ကြက်ဆီထမင်း
29/04/2022
မန်ကျည်းရွက်သုပ်
=============
ပါဝင်ပစ္စည်းများ
၁။ မန်ကျည်းရွက် - 500 ကျပ်ဖိုးခန့်(တစ်ပန်းကန်စာ)
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ငပိစိမ်းစား - လဖက်ရည်ဇွန်း တဝက်ခန့်
၄။ ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ မြေပဲလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း(ပဲမှုန့်ထည့်ချင်လဲရပါတယ်)
၆။ ဟင်းခပ်မှုန့် - လဖက်ရည်ဇွန်း ၁ဇွန်း
၇။ ငရုတ်သီးစိမ်း - ၃တောင့်
၈။ ခရမ်းချဉ်သီး - ၁လုံး
၉။ နှမ်းလှော် - ထမင်းစားဇွန်း ၁ဇွန်း(မကြိုက်ရင်မထည့်လို့ရပါတယ်)
၁၀။ ဆီကျက်ချက်ရန် ဆီအနည်းငယ်
ပြုလုပ်ပုံ
၁။ မန်ကျည်းရွက်နုလေးတွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။
၂။ ကြက်သွန်နီ တစ်လုံးကို ဆီချက်ပါ။ ထို့နောက် ငပိစိမ်းစားကို ကျက်ရုံမီးကင်ထားပါ။
၃။ ကျန်ကြက်သွန်နီတစ်လုံးနဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ ၄။ ရေစစ်ထားသော မန်ကျည်းရွက်ထဲသို့ ပြုလုပ်ထားသောအဆာပလာအားလုံးနဲ့ ငပိစိမ်းစားကိုချေ ဆီချက်ထည့်ပြီး ဖွဖွလေးနယ်ပါ။
၅။ မိမိနှစ်သက်သလို ချဉ်၊ငံ၊စပ် အရသာမြည်းကြည့်ပြီး နှမ်းလှော်နဲ့ ကြက်သွန်ဆီချက်ဖတ်လေးတွေ ဖြူးပါ။
၆။ ခံတွင်းမြိန်စေမယ့် စားချင်စဖွယ် မန်ကျည်းရွက်နုသုပ်လေးရပါပြီရှင်...😋🥗
22/04/2022
၀က်နံရိုးကော်ရည်ခေါက်ဆွဲ ချက်နည်း..😍
ပါဝင်ပစ္စည်း
ဝက်ကျောရိုး
ဝက်နံရိုး
ရှီတာကီမှို (ရေစိမ်ထားပါ)
ငုံးဥ (ပြုတ်ထားပါ)
ဘဲဥ (ခေါက်ထားပါ)
ကြက်သွန်ဖြူ (ထောင်းထားပါ)
ဂျင်း (ထောင်းထားပါ)
ငရုတ်ကောင်းမှုန့်
ခရုဆီ
ကြက်သားမှုန့်
သကြား
ဆား
ပဲငံပြာရည် အကြည်
ကော်မှုန့်
တရုတ်နံနံပင်
ကန်စွန်းရွက်.ပဲပင်ပေါက်
ကြက်သွန်ဖြူ ကြော်
ပြုလုပ်နည်း
ဝက်နံရိုးကိုသေချာဆေးပြီး ဘာမှမထည့်ပဲ ရေနဲ့ ၇မိနစ်လောက်အရင်ပြုတ်ပါ ပွက်ပွက်ဆူလာပြီး နံရိုးထဲကအညှိတွေအကုန်ရေထဲထွက်လာပါလိမ့်မယ်
အဲ့ကျမှ ရေတွေကိုအကုန်သွန် နံရိုးကိုလဲအကုန်ပြန်ဆေးပါ
ပြီးမှအဲ့ဒီ တစ်ရေပြုတ်ပြီးသား ဝက်နံရိုးကို ဆား၊ သကြား၊ပဲငံပြာရည် ထည့်ပြီးပြုတ်ပါ။
ဆူလာလျှင် ရှီတာကီမှိုကို အရွယ်တော် ညှပ်ထားတာထည့်ပါ။
နာရီဝက်လောက် တည်ပြီး နံရိုးကို ပြန်ဆယ်ထားပြီး အဲ့ပြုတ်ရည်ကို ခဏချထားပါ
ပြီးလျင် နောက် ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး
ဂျင်း၊ ကြက်သွန်ဖြူ ထည့်မွှေရ်ျ ဝက်နံရိုးထည့်ပါ။
နံရိုးအပေါ်ကြောတင်းရင် ခုနကပြုတ်ရည်ထည့် ပြုတ်ရည်ထဲ ခရုဆီ၊ ကြက်သားမှုန့်၊ဝက်နံရိုးကို ထည့်ပြီးနူးလာအောင် ပြုတ်ပါ။
ဝက်နံရိုးနူးလာလျှင် ကော်မှုန့်ကို ကြက်သားမှုန့်အနည်းငယ် ထည့် အရည်ဖျော်ပြီး မွှေထည့်ပါ။
အရည်အပျစ်အကျဲ စိတ်ကြိုက်ပြင်ပါ။
ပွက်လျှင် ဘဲဥခေါက်ထားတာကို အမျှင်ဖြစ်အောင် ဆွဲထည့်ပါ။
အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။
ပဲပင်ပေါက်၊ ကန်စွန်းရွက် တို့ကို ရေနွေးဖျောပြီး ရေအေးနှင့်ဆေးရ်ျ ဇကာထဲ ထည့်ထားပါ။
တရုတ်နံနံပင် ကိုလှီးထားပြီး ငရုတ်ကောင်းမှုန့် အနည်းငယ် ဖွဖွနယ်ထားပါ။
ကြက်သွန်ဖြူကြော် မညှက်တညှက် ထောင်းထားပါ။
ပြီးလျှင် စားမည့် ပန်းကန်ထဲတွင် ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ဝက်နံရိုး ကော်ရည်ပူပူလောင်း ထည့်ပါ။
ကြက်သွန်ဖြူကြော်၊ တရုတ်နံနံ၊ ငရုတ်ကောင်း၊ ငုံးဥထည့်ပြီး ငပိထောင်း၊သံပုရာရည် ရွှဲရွဲဖြင့် တွဲဖက် သုံးဆောင်နိုင်ပါသည်။
22/04/2022
နန်းကြီးသုပ်
====================================
ပါ၀င်ပစ္စည်းများ
=============
နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
ကြက်ရင်ပုံသား - 350 g
ကွကျဥ - ငါးလုံး
ငါးဖယ်ကြော် - လိုသလောက် ပြင်ထားပါ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ကြက်သွန်နီ - အလုံးခပ်သေးသေး ငါးလုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန် းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
ဆား - လိုသလောက် သုံးပေးပါ
ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
ဆီ - လိုသလောက် သုံးပေးပါ
အရသာမှုန့် - လိုသလောက် သုံပေးးပါ
ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
သံပုရာသီး - လိုသလောက် သုံးပေးပါ
နံနံပင် - လိုသလောက် သုံးပေးပါ
ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
ကြက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ။
ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့ ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ။
ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲ့အတွက် သတိထားပြီး တည်ပေးပါ။
ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
===============
နန်းကြီးဖတ်များကို ပြင်ထားပါ
ကြက်သားချက်ပြီးသားကို ပြင်ထားပါ
ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ။
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
အရသာမှုန့်ကို ပြင်ထားပါ
ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ။
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ ကြက်ဥနှင့် ငါးဖယ်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။
crd ရွှေရှမ်းလေးမိသားစု
22/04/2022
🍲 ထမင်းအစုံသုပ်ချဉ်ငံစပ်လေး သုပ်စားကြမယ်
နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲလေးဖြစ်အောင် ထမင်းသုပ်လေးသုပ်စားကြည့်နော်။
မိုးအေးအေးမှာ ထမင်းသုပ်ချဉ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ 😋
ထမင်းသုပ်တာက မခက်ပါဘူးနော်။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။
🔹🔸ပါဝင်ပစ္စည်းများ
အာလူး
ပဲသီး
ပဲပင်ပေါက်
ဆီနီ၊ ဆီဝါ
ကြက်သွန်နီဆီချက်
ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
ပဲမှုန့်
ပုစွန်ခြောက်မှုန့်
နံနံပင်
မန်ကျည်းမှည့်ချဉ်
ကြက်သားမှုန့်
ပုစွန်ငံပြာရည်
ငရုတ်သီးအကျက်မှုန့်
🍒အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်း
မှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။
🍒ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။
🍒မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။

🍒ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။
အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့...
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
CreditToOriginalUploader
13/10/2021
ကကတစ် သောက်ဆမ်း ။
ကကတစ် ၃၅ ကျပ်သား တကောင်ကို သန့်စင် ပိုင်းထားပြီး ဆား ဆနွင်း ငြုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် နယ်ပြီး နာရီဝက်လောက်နှပ်ထားပါ။
ဆီထမင်းစားဇွန်း ၂ဇွန်းစာထဲမှာ ငြုတ်သီးအနီခြောက်နှစ်တောင့် အစို လေးတောင့် နဲ့ကြက်သွန်ဖြူ တလုံး ခွဲစာ ပဒဲကောလက်နစ်ဆစ်စာ လောက်ကို ထောင်းပြီး ဆနွင်းအနည်းငယ်ထည့်ပြီးဆီသတ်ပါ။ငြုတ်သီးများကြွတ်လာကာနီးမှာ အသင့်ရေဖျော်ထားသော ကွမ်းသီးနှစ်လုံးစာ ရခိုင်ငပိ ဖျော်ရည် ကိုသင့်သလောက်ထည့်ပါ။ အပေါ့အငံ ချိန်ပြီး လိုမှထပ်ထည့် ပါ။ ဟင်းရည်ပွက်ပွက်ဆူမှ အသင့်လှီးထားသောခရမ်းချဉ်သီးနှစ်လုံး ကိုထည့်ပါ။ ငါးထည့်ပါ။ မကျည်းသီးစိမ်း ကွမ်းသီးနှစ်လုံးစာ လောက်ကို ထောင်းပြီးထည့်ပါ။ ဟင်းရည်ဆူ နေပါစေ ။ အပေါ့အငံမြည်းပြီး ငံပြာရည် ငါးမှုန့် အနည်းငယ်ထည့်ပါ။ ချဉ်စပ် အရည်များများ ဟင်းရည်ဖြစ်ရပါမည် ။ ဟင်းရည် ဆူဆူ ငါးကျက်မဲ့ အနေအထားမှာ အပေါ်က ရှမ်းနံနံ ငြုတ်စိမ်း သုံးတောင့်လောက်ညှပ်ပြီး ထည့်ရင် အနံမွှေးမွှေး နဲ့ချဉ်စပ် ကကတစ်သောက်ဆမ်း ဟင်းရည် ရပါပြီ ။
Crd Thi Thi Oo
13/10/2021
ကြက်သားဆွမ်းမွေးရွက်ထုပ်ကြော် ♡
Fried Chicken in Pandan Leaves
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ကြက်သားကြော်ကိုရိုးရိုးကြော်တာထက်ခုလိုဆွမ်းမွေးရွက်လေးနဲ့ထုပ်ပြီးလှလှပပကြော်ထားတာကတမျိုးစွဲဆောင်မှုရှိသလိုထူးခြားမွေးပျ့ံတဲ့အနှ့ံအရသာကိုလည်းပေးပါတယ်။မွေးနေ့ပွဲပါတီပွဲတွေမှာလည်းလှလှပပစိတ်ဝင်စားဖွယ်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်။စမ်းလုပ်ကြည့်ကြရအောင်။
လိုအပ်သောပစ္စည်း
***********
ကြက်ပေါင်သား - ၃၀၀ဂရမ်
ဆွမ်းမွေးရွက်ကြီးကြီး - နှစ်ပင်
ကြက်သွန်ဖြူ -နှစ်မြောင်းသေးသေးစိတ်
ငရုပ်ကောင်းဖြူ - လ္ဘက်ဇွန်းတဝက်
နံနံမြစ် - နှစ်ပင်သေးသေးစိတ်
နံနံစေ့အမှုန့် - လ္ဘက်ဇွန်းတဝက်
ယိုးဒယားငံပြာရည် - စားပွဲတင်ဇွန်းတဝက်
ပဲငံပြာရည် - စားပွဲတင်ဇွန်းတဝက်
ခရုဆီ - စားပွဲတင်ဇွန်း တဝက်
နှမ်းဆီမွေး - စားပွဲတင်တစ်ဇွန်း
ကြက်သားမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်သားကိုရေဆေးသန့်စင်ကာအတုံးသေးသေးတုံးထားပါ။
(၂)ဆွမ်းမွေးရွက်ကိုအရင်းမှဖြတ်ကာရေဆေးသန့်စင်ထားပါ။
(၃)ပန်းကန်တခုတွင်ကြက်သားကိုထည့်ပြီးပါဝင်ပစ္စည်းများထည့့်ကာဆယ်မိနစ်ခန့်နှပ်ထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကဆွမ်းမွေးရွက်၏အဖျားမှကိုင်ကာကတော့ပုံစံခေါက်ပေးပါ။
(၅)ကတော့ပုံစံခေါက်ထားသောနေရာတွင်ကြက်သားတုံးနှစ်တုံးသို့သုံးတုံးထည့်ကာစမူစာခေါက်နည်းအတိုင်းထုပ်ကာအဆုံးနားရောက်လျှင်အစသိမ်းပြီးကျစ်နေအောင်ဆွဲပေးပါ။
(၆)အားလုံးပြီးသွားပါကဆီပူပူတွင်နှစ်မိနစ်မှသုံးမိနစ်ချကြော်ပြီးဆယ်ယူဆီစစ်ထားပါ။ဆွမ်းမွေးရွက်အနံ့သင်းပျံ့ နေသောပူပူနွေးနွေးကြက်သားဆွမ်းမွေးရွက်ထုပ်ကို နှစ်သက်ရာ ဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။.........
Sofia
Click here to claim your Sponsored Listing.
Contact the school
Website
Address
Pyay