Mr.Chan Myae
Seamen ကောင်းကြောင်း ရေးတင်မယ် Like and follow plz
04/11/2025
လရောင် အောက်က သူနဲ့ ကျွန်တော်
လလေးက သိပ်မသာသေးတဲ့ ညလေးတညမှာ သဘော်ကြီးရယ်လို့ ထင်ထင်ရှားရှား မတွေ့ရပေမယ့် အရိပ်ရယ်လို့တော့ မြင်ရတဲ့ ညတစ်ညပေါ့ ဗျာ
ကျွန်တော် ၇နာရီ၄၅ Duty တတ်တော့ C/O ကြီးက Third ရေ ငါကတော့ သဘော် တွေ ရှောင်ရင်း ကုန်း၂ကြီးဆွဲတဲ့ လမ်းအပြင်ရောက်သွားတယ်ကွာ
ကိုယ်ကလဲ ရပါတယ်ပေါ့
Thirdရေ နောက်မှာတော့ တစီးကျော်ဖို့ရှိတယ် မင်းအချိန်မှာ ဘယ်က ကျော်မလဲ မသိဘူး ဂရုစိုက်အုန်းနော်တဲ့
ကိုယ်က တအားတွေ ပြန်ပြောလိုက်တယ် "ဟုတ်ကဲ့ ပေါ့ "
HandOver ယူပြီးးချိန်မှာ ပြသာနာ မရှိပေမယ့် ကြာလာတဲ့အခါမှာ နောက်က သဘော်ကြီးက ကိုယ်ရဲ့ ညာဘက်ကနေ ကျော်တတ်လာတယ်
Course ကလဲတူ Speed ကလဲ သိပ်မကွာပေမယ့် CPA ကို 1Nm ထားတာတော့ Radar နဲ့ Ecdis က အမြဲ အလန်းတွေ လာနေတော့တာပေါ့
ကျွန်တော်အတွေးးထဲမှာပေါ့ ပြသာနာမရှိဘူးး သူက Overtaking လုပ်နေတယ် ပြီးးတော့Same way , Same Speed ( pointလေးတော့ သာတယ်) ဒါကြောင့်လဲ သူကျော်နေတာပေါ့
11နာရီ ထိုးခါနီးးမှာ ကျွန်တော် တွေးးထားးသလို မဖြစ်လာသလို သူက Rule 13 ကို မလိုက်နာဘဲ လုပ်ရက်သွားးတယ်
ဗျာ
ရှေ့လေးးကျော်ရုံရှိသေးး ညာကနေ ကျော်တတ်လာတဲ့ သူက ဘယ်ကြီးးကို ချိုးးချလာတယ်
Radar မှာ သူရဲ့ AIS ခေါင်းစိမ်းကြီးက ဘယ်ကို ချိုးတာ သတိထားမိတော့ Visual နဲ့ပါ တချက်ကြည့်လိုက်တယ်
တွေ့လိုက်ပါပြီ
ကျွန်တော်ဘက်ကွေ့နေတာ မြင်လိုက်ရပါပြီ အဲ့အချိန်မှာ ဆရာတွေစကားးပြန်ကြားမိတာက အရေးအပေါ်တခုခုသာ ဖြစ်လာခဲ့ရင် Oow တယောက်က Should not be hesitate. immediate action ယူနိုင်ရမယ် ဆိုတဲ့စကားပါဘဲ ( ကျေးဇူးတင်ပါတယ် ဆရာများ ခင်ဗျာ ဒီစာပိုဒ်လေးကနေ ဂါရဝပြုလိုက်ပါတယ်)
ကျွန်တော့် သူ့ကို VHF က လန်းခေါ်ပြီးးး Comfirm လုပ်ပြီး ညာဘက်ကို လျှင်မြန်စွာ ကွေ့ခဲ့ရတယ် လှိုင်းမူးနေတဲ့ကျွန်တော် အမူးတောင် ပြေသွားခဲ့ပါတယ်
ဖြစ်ပြတ်ခဲ့တဲ့ ညတညပေါ့
(ကျွန်တော် Duty ဝင်တာနဲ့ ဘာတွေစစ်တယ် ပြီးမှ Duty စယူတယ်ကို အသေးးစိတ်မရေးတော့ပါဘူး စာရှည်ရင် စာဖတ်သူ ပျင်းသွားမှာစိုးလို့ပါ )
နောက်နေ့မနက်ကျ အဲ့သကောင့်သား သဘော်လေးးက ညာဘက်မှာ ပြန်တွေ့ခဲ့ရတယ် 6Nm လောက်မှာ အဲ့ဒါနဲ့ ကျွန်တော် သဘော်Name မပြောဘဲ သူကို Ch 06ခေါ်ပြီးးး ကောင်းးကောင်းးဆဲပေးလိုက်ပါတယ် ညဘက်က မဆဲလိုက်ရလို့ပါ 😁😁😁
ဝါသနာအရ အဖြစ်ပျက်လေးးကို ရေးပြခဲ့တာမို့ အမှားများးပါသွားးရင် အမုန်းတော်မမြင်ဘဲ ချစ်ခင်မြတ်နိုးစွာ ဖြည့်ဖတ်ပေးကြပါလို့ ပြောချင်ပါတယ်
သဘော်သားအားလုံးး အလုပ်အကိုင်အဆင်ပြေကြပါစေ 🙏🙏🙏
ဒါနဲ့ ကျွန်တော်လို အဖြစ်မျိုးး ကြုံဘူးးကြသူများ ရှိကြလားဗျ
02/11/2025
Seamen နဲ့ အနုပညာ
Seamen Life ကို ရွှေးထားခဲ့ကြပေမယ့်
Seamen တွေရဲ့ ရင်ထဲမှာ အနုပညာပိုး တွေ အများကြီးးး ရှိခဲ့တာကို ကြုံခဲ့ရတယ်♥♥♥
သဘော်တစ်စီးမှာ 3/O ကြီးဆို ကဗျာစပ်တာ ကြုံဘူးတယ် သူကဗျာ လေးတွေက မိုက်တယ်။♥♥♥
တချို့အကိုတွေက ဂီတာတီးး အရမ်းကောင်းးးတယ် သူတို့က ကိုယ်ဆိုမယ့် သီချင်းး မကြားးဘူးးရင်တောင် ကိုယ်က အရင်ဆိုပြလိုက် သူတို့ လိုက်တီးးးနိုငိတယ်။♥♥♥♥
ကပ္ပတိန်ကြီးး တစ်ယောက်ကိုလဲ အားကျပါတယ် Knowledge sharing အပြင် သီချင်းးဆိုတာတွေပါ တင်တင်နေတာ မြင်ရတော့ ကျေနပ်မိတယ် ( အမေ့ချစ်သားမို့ထင်တယ် လူပျိုကြီးး) ♥♥♥
C/E တစ်ယောက်ဆိုလဲ Tiktopလေးးး တွေမှာ ဟာသ Vd လေးတွေ ရိုက်တင်နေတာမျိုးလဲ တွေ့ရတယ် ♥♥♥
တချို့ အကိုယ်တွေက Photographer တွေ သူတို့ အပျော်တမ်း ကောင်းကင်တွေ ကြယ်လေးးတွေ ရိုက်ကြတာ အရမ်းလှကြတယ်♥♥♥
တချို့ အကိုယ်တွေကတော့ ခဲပန်းချီ ပညာရှင်လေးးတွေပေါ့ သူတို့ဆွဲပြီးး ကျန်ခဲ့သမျှ ကျွန်တော်ကြိုက်လို့ သိမ်းထားပါတယ်😁😁 ပြန်မပေးးပါဘူးနော် ကြိုပြောထားတာ😛
တချို့တချို့ အနုပညာ ပုန်းတွေ အများကြီးး ရှိကြတယ် Vlog ရိုက်ပြီးးး Knowledge sharing လုပ်တဲ့ အကိုတွေလဲ အားကျပါတယ်♥♥♥
ကျွန်တော်ကတော့ စာရေးဆရာကြီးး လယ်တွင်းသားးစောချစ် ကို အားးကျလို့ ဘဝမှာ ဖြစ်ပျက်ခဲ့သမျှတွေဘဲ ရေးချင်တဲ့ ပိုးးတလုံးးတကောင်ပါ 😇😁
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ် လို့ မထင်ပါနဲ့နော် တခါတလေ အပျော်စာလေးတွေ ရေးရင် ချစ်တဲ့မျက်စိနဲ့ ဖတ်ပြီး ဖြေသိမ့်ပေးကြပြီးး ဖြည့်ဖတ်ပေးကြပါနော်
ပင်လယ်ပျော်များးအားလုံးး အဆင်ပြေကြပါစေ 🙏🙏🙏
25/09/2025
သဘော်သားး တစ်ယောက်က
အိပ်ရေးပျက် ခံနိုင်မယ်
မိဘအိမ်မှာလို စားကောင်းချင်မှ စားကောင်းမယ် (သည်းခံ စားနိုင်ရမည်)
အိမ်နဲ့ ဝေးလို့ လွမ်းတဲ့ ဒဏ်လဲ ခံနိုင်ရမယ်
အရမ်းးချစ်ပါတယ် ပြောပြီးးး ထားးခဲ့တဲ့ ဒဏ်တွေလဲ ခံနိုင်ရမယ်😔
နောက်ထပ် ဘာခံရနိုင်သေးလဲ😔😔
19/09/2025
ကျွန်တော် ရှာကြည့်ပြီးပြီ မတွေ့လို့ပါ COLARGE 72 ထဲမှာလဲ မတွေ့ဘူးး internetမှာ ရှာတာလဲ မတွေ့ဘူးး 😛😛
Open Sea ထဲမှာ ပြသာနာ မရှိခဲ့ပေမယ့် Costal water ထဲ ၂ရက်လောက် မောင်းနင်းခဲ့ရတဲ့ ခရီးးလမ်းးတလျှောက်မှာပေါ့နော်
ဉပမာ 😁😁
( Port side က နေ ဆင်းလာတဲ့ Vsl လေးတစ်စီးကို ECDIS ကနေ ကြိုထောက်ပီး Long range လေးးကြည့်လာတယ် နီးလာရင် နီးလာသလို Radar နဲ့ Visul ကြည့်တာပေါ့နော် အဲ့လိုစတွေ့ကတည်းက ကိုယ်မှာ စဉ်းစားပြီ Rule and Regulation အရဆိုရင်တော့
' when two PD vsl are meeting head on both must alter course to std so that they pass on the port side of the other ' ဘာညာပေါ့ဗျာ သကောင့်သား Other Vslက ညာမကွေ့ဘဲ ကိုယ်ဘက်လိုက်လာရင်လဲ Ample time အတွင်းမှာ ထပ်စဉ်းစား CPA တွေ TCPA တွေကို တွေးးတောရ အဲ့အချိန်မှာ ခေါင်းထဲ ထပ်ထွက်လာတဲ့ အကြံနဲ့ နုတ်က ထွက်လာတဲ့ အသံက "သဗုဒ္ဓေ"
နောက်ထပ်ကြုံရတာက Fishing board တွေကြားး ညဘက်ဆိုတော့ မီးလင်းးတန်းးတွေ အများးကြီးးး ကြားး ဆရာမ ပြောင်းပြန်တွေ နတ်စ်မ (nurse)ပြောင်းပြန်တွေ တွေ့ရပါပြီ
အဲ့လိုအချိန်မှာ AB နဲ့ ကိုယ်၂ယောက်တည်းး ဘာဆက်လုပ်မလဲ Master calling ၁၀ချက် ( မြင် ရှုပ် မောင်းနှင် မျှော် မမျှော် etc... )ပေါ့နော် တွေးရပြန်ပြီ ဆရာကတော့ ကိုယ်တွေကို ယုံလို့ဘဲလားး Bridge မှာ AIS တပ်ထားပြီး အခန်းထဲကနေဘဲ စောင့်ကြည့်နေလို့လားး မသိ ကိုယ်မှာကေတာ ့Bridge ထဲမှာ အေးးနေပေမယ့် နဖူးဖူးမှာတော့ ချွေးးတွေ
ပါးစပ်ထဲမှာ တော့ ( သဗုဒ္ဓေ)
ပြောချင်တာ တခုက
အမြဲတမ်းးး သဘော်မောင်းတိုင်းးး သဘော်ရှောင်တိုင်းးမှာ
သဗုဒ္ဓေ ဘဲ ဆိုနေမိလို့
( သဗုဒ္ဓေ ဂါထာတော်)က ဘယ် Rule ဘယ် Part ဘယ် Paragraph ထဲမှာ ပါလဲ သိချင်လို့ 😁😁😁
တားက စတာနော် ကဲ
U တို့ရဲ့ အခြေနေနဲ့ အတွေ့ကြုံလေးး ပြောပေးကြပါအုန်းး New CoC အပေါင်း သူတော်ကောင်းတို့😁😁
အမှားးးလေးးတွေပါခဲ့ရင် အပြစ်မမြင်ဘဲ ချစ်တဲ့မျက်စိနဲ့ ကြည့်ပီးး ဖြည့်ဖတ်ပေးကြပါနော်😛😛
( အတွေးတခုနဲ့ ရေးသည် မောင်ချမ်း )
Knowledge တွေ ဗဟုသုတ ရစရာတွေ မshareပါဘူးး မရေးပါဘူးနော် ကြုံတွေ့ဖြစ်ပျက်ခဲ့တာလေးကို ဟာသလေးးတွေဘဲ ရေးးမှာပါ ဘယ်သူမှ မဖတ်ရင်တောင် နောင်တချိန်မှာ ကိုယ်ဟာကို ပြန်ဖတ်ပြီးးကိုဟာကို ရယ်မလို့ပါ 😁😁😁)
စာအဆုံးထိ ဖတ်ပေးလို့ ကျေးးးဇူးးး😛😛
26/05/2024
OOW ဖြေဆိုမယ့် ကျွန်တော်များးအတွက်
MES သင်တန်းးကျောင်းမှ ကျွန်တော့်တို့ ဆရာရဲ့ အားးပေးးစကားးအားး ပြန်လည်လို့ မျှဝေပေးလိုက်ပါတယ်နော်
အားလုံးကို ကျေးဇူးတင်ပါတယ်🙏🙏
11/09/2023
သင်္ဘောသားများလုပ်လေ့ရှိသည့် ငွေရေးကြေးရေးဆိုင်ရာ အမှားများ
ဒေါ်လာစျေးမှာလဲ တရိပ်ရိပ်တက်လျက်ရှိသည်နှင့်အညီ ကျွန်တော်တို့ သင်္ဘောသားအများစု လုပ်မိလေ့ရှိကြသော ငွေကြေးနှင့်ဆိုင်သည့် အမှားများအကြောင်းကို ဗဟုသုတရစေရန် အလို့ငှာ တင်ပြအပ်ပါသည်။ မူရင်းဆောင်းပါးမှာ ဖိလစ်ပိုင် သင်္ဘောသားအများအတွက် ရည်ရွယ်ရေးသားထားပြီး balikbayad.ph blog တွင် ဖော်ပြထားခြင်းဖြစ်ပါသည်။
ပင်လယ်ပြင်၌ အလုပ်လုပ်ရခြင်းဟူသည်မှာ ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်နှင့်အညီ ကမ်းနားအလုပ်များနှင့်ယှဉ်သောအခါ ပိုမိုများပြားသော လစာရရှိသည့် အလုပ်ဖြစ်ကြောင်း အများက ယူဆထားကြလေသည်။ သင်၏မိသားစုကို ထိုက်သင့်သော အခြေအနေတစ်ခုရရှိရန် တတ်နိုင်သော အလုပ်ဖြစ်သည်ကားမှန်သည်။ ငွေကြေးစုဆောင်းမှုအတွက်မှာကား မှန်းချက်နှင့် နှမ်းထွက်မကိုက်ခြင်းမှာ များလှသည်ဖြစ်သောကြောင့် ဆင်ခြင်နိုင်ရန်အလို့ငှာ အောက်ပါအချက်များကို ရေးသားလိုက်ရပေသည်။
၁။ Material things များကို လိုအပ်သည်ထက် ပိုမို၀ယ်ယူခြင်း
သင်္ဘောသားများသည် နိုင်ငံရပ်ခြားတွင် မိသားစုအတွက် ဖြစ်စေ၊ မိတ်ဆွေများအတွက် ဖြစ်စေ လက်ဆောင်၀ယ်ယူကြခြင်းမှာ ပုံမှန်ဖြစ်သည်။ ပစ္စည်းတော်တော်များများမှာလည်း မိမိနိုင်ငံတွင် ၀ယ်ရသည်ထက် စျေးချိုလေ့ရှိကြရာ လိုအပ်သည်ထက် ပိုမို၀ယ်ယူမိမည်ဆိုပါက သင့်အတွက် အကျိုးမဲ့စေမည် ဖြစ်သည်။
Budget List ကို အမြဲထားပါ။ သင်၏မိသားစုကို မည်မျှပင် ချစ်ပါစေ ရုပ်၀တ္ထုပစ္စည်းများကြောင့်သာ ပျော်ရွှင်ရသော မိသားစုဘ၀ကို မတည်ဆောက်ပါနှင့်။
၂။ မိသားစုကို ငွေပို့သောအခါ
သင်္ဘောသားများသည် မိမိကိုယ်တိုင်သာ ချွေချွေတာတာနေကြသော်လည်း ကုန်းပေါ်၌ ကျန်နေခဲ့သော မိမိ မိသားစုကို ပြည့်ပြည့်စုံစုံထားချင်ကြသည်ဖြစ်သောကြောင့် မိမိလစာကို အကုန်အစင် ပို့တတ်ကြပါသည်။
သစ်တပင်ကောင်း ငှက်တသောင်းဆိုသလို မိမိဆွေမျိုးသားချင်းများ၊ ဆွေမျိုးနီးစပ်များ၏ ၀န်ထုပ်၀န်ပိုးများကို ရံဖန်ရံခါ ထမ်းကြရသည်။
ရရသုံးသုံးမဖြစ်စေရန် အမြဲသတိပြုပါ။ Plan တခုဆွဲပြီး ငွေကြေးစုဆောင်းပါ။ အလိုက်မသိသော ဆွေမျိုးနီးစပ်များအတွက် မူကား တိကျသော မူဝါဒတစ်ခုထားပြီး အထိုက်အလျောက်သာ အလိုလိုက်ပါ။
၃။ Budget Plan မရှိခြင်း
သင်္ဘောသားများလစာရသောအခါ ပျော်ရွှင်ကြသည်။ ထိုနည်းတူ လစာများကို ဘာလုပ်ရမည်ဆိုတာလဲ နားမလည်ကြပါ။ Budget Plan မဆွဲသည့်လူများမှာ နောင်အခါ ရင်းနှီးမြုပ်နှံခြင်းနှင့် ငွေကြေးစုဆောင်းနိုင်ခြင်းများနှင့် ဝေးမည်ဖြစ်ပါသည်။
သင်၏ ၀င်ငွေနှင့် ထွက်ငွေများကို စာရင်းပြုလုပ်ပါ။ သင့် မိသားစု၏ ကုန်ကျစရိတ်ကို သေချာစွာတွက်ချက်လျက် ငွေကြေးစုဆောင်းခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းတို့ကို စီစစ်လုပ်ဆောင်ပါ။
၄။ ပင်စင်မရှိခြင်း
သင်္ဘောသားဟူသည်မှာ ပင်လယ်ပြင်ထွက်မှ ငွေ၀င်ခြင်းဖြစ်သည်။ အသက်ကြီးသွားသည့်အခါ သို့မဟုတ် ကျန်းမာရေး ချို့ယွင်းသည့်အခါ သင်သင်္ဘောမတက်နိုင်သည့်အခါမျိုးတွင် အလုပ်လက်မဲ့ ဖြစ်သွားမည် ဖြစ်သည်။ ၀မ်းနည်းဖို့ကောင်းသည်မှာ ထိုအတွေးအခေါ်ကို လူတိုင်းသိလျက်နှင့် retirement plan ရှိသူမှာ နည်းလှခြင်း ဖြစ်သည်။
သင့် အနာဂါတ် အစီအမံများကို အခုပင်စပါ။ တတ်အားသရွေ့စုပါ။ တချိန်ထဲတွင် တိုးပွားနိုင်မည့် နည်းလမ်းများကို ရှာကြံပါ။
၅။ မဝါကြွားပါနှင့်
မိသားစုတခုတွင် သင်္ဘောသားတယောက်အလုပ်လုပ်ခြင်းဖြင့် ကျန်မိသားစု၀င်များ အလုပ်မလုပ်ဘဲ သာယာစိုပြေစွာ နေထိုင်နိုင်ကြသည်ဟု အများက မှတ်ထင်ကြပါသည်။ သင်္ဘောသားတယောက် အသွားတခေါက်၊ အပြန်တခေါက် ဆွေမျိုးသားချင်း၊ မိတ်ဆွေများကို ကျွေးရမွေးရသည်မှာလည်း ထုံးစံတစ်ခုလို ဖြစ်နေပါသည်။ အများက အထင်တကြီးနှင့် မြှောက်ပင့် မျှော်လင့်သည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လုံးပါးပါးသည်မှာ သင်္ဘောသားများသာ ဖြစ်လေသည်။
၀ါကြွားခြင်းကို စွန့်လွှတ်ပါ။ မိမိ မိသားစု၏ အနာဂါတ်ကိုသာ အာရုံစိုက်နိုင်ပါစေ။ နောက်ဆုံးပေါ်ဖုန်းနှင့် အသုံးအဆောင်များကို သင့် မိသားစု မသုံးနိုင်ခြင်းကိုလည်း စိတ်မကောင်း မဖြစ်ပါနှင့်။ သင်အနားယူသည့်အချိန်တွင် သင်၏ မိသားစု အခြေတကျနှင့် သာသာယာယာ နေထိုင်နိုင်ရေးကိုသာ အားထုတ်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မူရင်းရေးသားသူ LARA (5 Money Mistakes Seafarers Make)
12/08/2023
ချစ်တယ်နော် ဘယ်တော့မှ မခွဲဘူး
အာဘွား မွှမွှ
20/07/2023
ကျွန်တော်က အပျင်းပြေ စာတိုလေးတွေ ရေးသားသူ တစ်ယောက်ပါ☺️
အချစ်ကြောင်း တစ်ခါမှတော့ မရေးဘူးသေးဘူး
မှားခဲ့တာရှိရင် comments လေးမှာ ဝေဖန် အကြံပြုပေးစေချင်ပါတယ်
ကျွန်တော် ရေးတဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် တိုက်ဆိုင်တာများ ရှိခဲ့ရင် လွတ်လပ်စွာ share နိုင်ပါတယ်
ကျွန်တော် အခုထိ Single တစ်ယောက်ပါ ( ကြွားပါရစေ ) ☺️☺️
ကျွန်တော် ရည်းစား ရှိခဲ့စဉ်အခါတုန်းက ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပျက်ခဲ့တယ် ( သဝန်တိုမူ့ ) ချစ်သူအပေါ်ဘဲ စိတ်ရောက်နေတော့ သူငယ်ချင်းတွေရဲ့ ပစ်ပယ်ခြင်းမျိုးလဲ ခံခဲ့ရဘူးတယ် 😔😔
သူငယ်ချင်းတွေ ချစ်သူတွေ ရသွားတဲ့အခါမှာလဲ သူတို့ချစ်သူအပေါ်ဘဲ အာရုံစိုက်နေတော့ ကိုယ်နဲ့ တစိမ်းတွေလို ပြန်ဖြစ်ခဲ့ရ ပြန်ရော 😔😔
အများစုက ဒီလိုပြသာနာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်
Fb Acc တွေ ၂ယောက်တကောင့် သုံးကြတယ် တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုပြီး တစ်ယောက်အကောင့် တစ်ယောက်မသိအောင် ဝင်စစ်မယ် ပြီးရင် block ရတာနဲ့ Unfriend လုပ်ရတာနဲ့ အလုပ်ကို ရှုပ်နေတာဘဲ
ချစ်သူ နှစ်ဦးတကယ်ချစ်ရင် တစ်ယောက်ကို တယောက် နားလည်ပြီး ချစ်ပေးကြပါတယ်
internet ခေတ်ကြီးမှာ Fb Acc တွေ အများကြီး လုပ်လို့ရပါတယ် ၂ယောက်တကောင့် သုံးမရတဲ့ Viberတွေ Telegram တွေ မှာလဲ Q မယ်ဆို Q လို့ရနေတာဘဲ
တကယ်သာယာမူ့ကို ရှာချင်တဲ့သူဆိုရင် ကိုကိုက ဂရုမစိုက်လို့ မမက ပစ်ထားလို့နဲ့ ဘေးနားက ညောင်တဲ့ သူတွေဆီမှာ သာယာချင်နေကြတာ ပါ☺️
ပြောချင်တာကလေ အမြဲတမ်းဂရုစိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ အချစ်ခံချင်နေရင် ၁၀၉/၁၁၀သာ ရှာကြိုက်ပါလို့ဘဲ ပြောချင်တော့တယ် 😂😂( စာရေးသူ စာရေးနေရင်း ဒေါသလေးတွေ ပါလာတယ် )
ကျွန်တော်တို့ အသက်လေး ရလာတော့ သိလာတာ တစ်ခုက အသက်ရလာလေ အချစ်တွေနည်းလာပြီးး ခေါင်းတွေထဲမှာ Calculator တွေ များလာတယ် ကျွန်တော်ကိုယ်တိုင်ကလဲ လူတစ်ယောက်ကို အရည်ချင်းဆိုတဲ့ ပေတံလေး နဲ့ တိုင်းတတ်လာတယ်
ထို့အတူပင်
ကျွန်တော်သူငယ်ချင်း မိန်းခလေးတွေကို စပ်စုကြည့်တဲ့အခါလဲ ကိုယ်လိုဘဲ သူတို့မှန်းထားတဲ့ standard ရှိရင်ကြိုက်လိုက်တာဘဲတဲ့ တကယ်ချစ်လားဆိုတော့ မသေချာ မရေရာတဲ့ အဖြေတွေ ပြန်ပေးကြတယ် အများစုကိုတော့မဆိုလိုပါဘူးး ဒါပေမယ့်လဲ တကယ်ရှိတယ်နော်
ကျွန်တော်ပေးချင်တဲ့ message ကတော့ လှလှလေးဝတ် ပြုံးပြုံးလေးနေ ပိုက်ဆံများများရှာ ငယ်ရွှယ်တုန်းမှာကိုယ့်ဘဝ အတွက် target ထား ငယ်ရွှယ်တုန်းမှာ ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာတဲ့အခါ သူများက ခိုင်းတာ ခံရလိမ့်မယ် ☺️ကိုယ်တနေ့ အောင်မြင်လာရင် အချစ်ကို လိုက်ရှာစရာမလိုဘူးး အချစ်ဆိုတဲ့အရာက သူ့အလိုလို ရောက်လာပါလိမ့်မယ်
ဖူးစာသာ မှန်ခဲ့ရင် ဒူးလှန်ပြေးတောင် မလွတ်ပါဘူး ဖူးစာ မမှန်လို့ကတော့ ချစ်သူ သက်တမ်း ဘယ်လောက်ရှည်ပါတယ်ပြောပြော ပြတ်သွားခဲ့ကြတဲ့ စုံတွဲတွေမှ အများကြီးပါ☺️☺️
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ 🙏🏻🙏🏻
ချစ်တဲ့သူတိုင်း ပေါင်းစည်းနိုင်ကြပါစေခင်ဗျာ
#အတွေးစာစု
25/06/2023
အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်တယ်
Income ဆိုတဲ့ ဝင်ငွေမှာ Active income နဲ့ Passive income ဆိုပြီးး ၂မျိုးရှိတယ်ဆိုတာ သိတဲ့သူတွေ သိကြမယ်
မသိသေးတဲ့သူတွေကိုလဲ ပြောပြချင်တယ်
Active income
မိမိက အလုပ်လုပ်နေမှ ပိုက်ဆံရတဲ့ သူမျိုးကို ဆိုလိုတာပါ။
ကိုယ် လုပ်မှ ကိုယ်စားရမယ် ကိုယ်မလုပ်ရင် ကိုယ်မစားရဘူးလို့ တွေးသူတွေက Active income ရှိသူပါ ။
ဉပမာ => မိမိက စျေးရောင်းတယ် ဆိုကြပါစို့ စျေးမှ မရောင်းရရင် မိမိမှာ နောက်ထပ် ပြန်ရင်းစရာ မရှိဘူး စားဖို့အတွက် တိုင်ပက်နေသူကို ဆိုလိုတာပါ ။
Passive income
အလုပ်လုပ်စရာ မလိုဘူးးး သူ့အလိုလို ပိုက်ဆံက ဝင်နေတာ ဒါပေမယ့် investment ဆိုတာမျိုးတော့ ရှိနေရမယ်ပေါ့နော် Passive income က အခုလုပ် အခုအဆင်ပြေတဲ့ အရာတစ်ခုတော့မဟုတ်ဘူးး အချိန်ကြာလာမှ သိသာလာတဲ့အရာမျိုးပါ investment ထည့်ဖို့ ပိုက်ဆံမရှိဘူးဆိုတဲ့ ဆင်ခြင်တော့မပေးပါနဲ့
ဉပမာ=> ငယ်ရွှယ်စဉ်မှာ ပိုက်ဆံကို ကြိုးစားရှာမယ် စုမယ် ပြီးရင် ကိုယ်က Company တခုမှ investment ထည့်ချင်တာလား ဒါဆို သေချာစဉ်းစား သူက အောင်မြင်နေတဲ့ Company လား တတ်လမ်း ရှိနေသူလား ဒါမှမဟုတ် တခြားသူကို မယုံလို့ ကိုယ်တိုင် တခုခုလုပ်မယ် စဉ်းစားသူဆိုရင် တိုက်ခန်းဝယ်မယ် ပြီးရင် ငှါးစားထားမယ် အဲ့လို အရာတွေက ဝင်လာတဲ့ ပိုက်ဆံတွေကိုတော့ passive income လို့ ခေါ်ပါတယ်
ဘယ်လို Incomeမျိုးဘဲ လုပ်လုပ် Plan B တော့ ထားရှိဖို့လိုတယ်
လောကမှာ ဘာဘဲ လုပ်လုပ် တစ်ခုတည်းကိုဘဲ ယုံကြည်စွာ မရပ်တည်ကြပါနဲ့ အနည်းဆုံးတော့ ၂ခုလောက်ထားပါ
တစ်ခုက အဆင်မပြေဖြစ်လာခဲ့ရင် နောက်တခုက ခံထားရတဲ့ ဆိုတဲ့ သဘောပါ
ကြက်ဉခြင်းထဲက ကြက်ဉတွေကို တစ်စုတစီးထဲ ထားခဲ့မိမယ်ဆိုရင် မတော်မဆ ခြင်းထောင်းလေး ပြုတ်ကျခဲ့ရင် အကုန် ခွဲကုန်လိမ့်မယ်
အဲ့လိုဘဲ မိမိ ပိုက်ဆံကို တနေရာထဲမှာဘဲ ရင်းနှီးထားမယ်ဆိုရင် အဲ့လုပ်ငန်းလေး တစ်ခုခုများ ဖြစ်သွားခဲ့ရင် မိမိရဲ့ဘဝက ကြက်ဉလေးလို ဖြစ်သွားလိမ့်မယ်နော်
ကျွန်တော်တို့လို Seamen တွေမှာ Passive income ရှိနေဖို့ investment များများလုပ်ဖို့ လိုမယ်ထင်တယ် သင်္ဘောသား အများစုက ဒီတခေါက်ပြီးရင် နားမယ် နားမယ်ဆိုပြီး ကိုယ် အသက်ရွှယ်အရ မလုပ်နိုင်တော့မှ နားကြသူ အများကြီးရှိပါတယ် ကြုံဖူးပါတယ် ဒါကြောင့် ကြိုးစားရှာပါ စုပါ မိသားစုကို Management လုပ်နိုင်ကြပါစေခင်ဗျာ ☺️☺️☺️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyawbwe
05211