Burma Knowledge Zone

Burma Knowledge Zone

Share

Burma Knowledge Zone

09/08/2020

အိန္ဒိယ သမ္မတဟောင်း အဗ္ဗဒူကာလမ်ရဲ့စကား။
ကျနော်ငယ်ငယ်က မေမေကချက်ကျွေးတယ်။ တနေ့ ညနေစာထမင်းဝိုင်းမှာ မီးကျွမ်းပြီး တူးနေတဲ့ ပလာတာကို အဖေ့ရှေ့မှာ တွေ့တယ်။ ကျနော်လဲပလာတာ မီးကျွမ်းနေတာကို အဖေ ဘာပြောမလဲလို့ ကြည့်နေတ,ယ်။ အဖေက ပလာတာမီးကျွမ်းနေတာကို မပြောဘဲ သားဒီနေ့ ကျောင်းမှာ စာသင်ရတာ ဘယ်လိုလဲလို့ မေးပါတယ်။ ကျနော် ဘာဖြေခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါ။ မှတ်မိတာက မေမေက အဖေ့ကို ပလာတာ မီးကျွမ်းသွားတဲ့အတွက် တောင်းပန်တာပါ။ အဖေပြန်ပြောတာကို ဘယ်တော့မှ မမေ့ပါဘူး။
မိန်းမရေ မီးကျွမ်းတဲ့ ပလာတာကို ငါကြိုက်တယ်ကွ။
ဒီညမှာ မအိပ်ခင် အဖေ့ကိုကျနော်ဖက်ရင်း အဖေကမီးကျွမ်းတဲ့ ပလာတာကို တကယ်ကြိုက်သလား လို့ မေးကြည့်ပါတယ်။ အဖေက ကျနော့်ကိုဖက်ထားပြီး
သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။ ဒီနေ့ဆို တော်တော် ပင်ပန်းနေတယ်။ တူးနေတဲ့ ပလာတာက ဘယ်သူကိုမှ မနာကျင်စေပါဘူး။ အပြစ်တင်တဲ့စကား ကြမ်းတမ်းတဲ့စကားတွေကပဲ နာကျင်စေတာပါ။
သားရေ… ဘ၀ဆိုတာ ပြီးပြည့်စုံမှု မရှိတဲ့အရာတွေ၊ ပြီးပြည့်စုံမှု မရှိတဲ့သူတွေနဲ့ ပြည့်နေတယ်။ ဖေဖေလဲ ပြီးပြည့်စုံတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ သားလဲမှတ်ထားပါ။ ပြီးပြည့်စုံမှု မရှိတာကို လက်ခံတတ်ရမယ်။
………
ဒါကြောင့် .. နည်းနည်းလွဲနေတာကို လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ။
ချစ်ခင်မှုအတွက် ပျော်ရွှင်လိုက်ပါ။

အိန္ဒိယ သမ္မတဟောင်း အဗ္ဗဒူကာလမ်
Crd:

09/08/2020

"လူချမ်းသာတစ်ယောက်က"
သူ့အမှိုက်ပုံးမှာ
အမှိုက်လာကောက်တဲ့ လူဆင်းရဲကိုကြည့်ပြီး
ငါမဆင်းရဲသေးတာ ဘုရားကျေးဇူးလို့
ပြောတယ်။

လူဆင်းရဲက ဘေးဘီကြည့်လိုက်တဲ့အခါ
အဝတ်မပါဘဲ ပြေးလွှားနေတဲ့သူကို ကြည့်ပြီး
"ငါမရူးသေးတာ ဘုရားကျေးဇူး" လို့ပြောတယ်။

အရူးက ဖြတ်သွားတဲ့လူနာတင်ကားကို
ကြည့်ပြီး "ငါ လူမမာ မဖြစ်သေးတာ
ဘုရားကျေးဇူးပဲ" လို့ပြောတယ်။

ဆေးရုံပေါ်က လူမမာက တွန်းလှည်းနဲ့
တင်သွားတဲ့ လူသေအလောင်းကို ကြည့်ပြီး
"ငါမသေသေးတာ ဘုရားတန်ခိုးပဲ"
လို့ပြောတယ်။

ဘဝဆိုတာ ဘာလဲ?

သုံးနေရာသွားကြည့်ရမယ်။

(၁) ဆေးရုံ (၂) ထောင် (၃) သုဿန်

ဆေးရုံမှာက ကျန်းမာရေးဆိုတာထက်
လွပတာ မရွိဘူးဆိုတာ သိလိမ့်မယ်။

ထောင်မှာက လွတ်လပ်မှုရဲ့ တန္ဖိုးကို
နားလည်မယ်။

သုဿန်မှာတော့ ဘဝမှာမြဲတာ ဘာမွမရွိဘူး
ဆိုတာ သဘောပေါက်လာမယ်။

ဒီနေ့နင်းထားတဲ့ မြေကြီးက
နက်ဖြန်မှာ ငါတို့ခေါင်မိုး ဖြစ်မှာပဲ။

ဘာမွမပါဘဲ မွေးလာကြ
ဘာမွ မယူနိုင်ပဲ ပြန်သွားကြ။

ဘဝမွာ အသက်ရှင်တုန်း ဘာမာန္မာနမွ
မထားဖို့ဆင်ခြင်ရမယ်။

မွေးစတုန်းက ကလေးလေးဆိုပြီး
အချစ်ခံရတယ်။
သေသွားရင်လည်း သေရှာပြီဆိုပြီး
ချစ်ကြတယ်။
ဒီကြားထဲမှာ လူမမုန်းအောင် နေတတ်ဖို့
နေတတ်အောင် နေဖို့အရေးအကြီးဆုံး။

ဘဝဆိုတာ ခရီးစဉ်တစ်ခုပဲ
တစ်ခုခက်တာက မွပေုံပါမလာတာပဲ။

ကိုယ့်ဘာသာကိုယ် လမ်းရှာ
လမ်းဖောက် လျှောက်ကြရမယ်။

လမ်းမမှား ချော်မလဲ မယိမ်းယိုင်ဖို့က
အမြင်မှန် အသိမှန် ဝီရိယမွန္ဖို့ပဲ။

Credit:

Want your establishment to be the top-listed Arts & Entertainment in Pathein?
Click here to claim your Sponsored Listing.

Website

Address

Pathein