Gradient handmade
Arts & Crafts Store
Crochet bag online class
ပုစိ ၂စိ 🤭
မင်းအိတ်ထက် ငါ့အိတ်က ပိုသေးတယ် ရေ့ ရေ့ 😁
အပ်ချက်တချက်စီတိုင်းမှာ…🤎
ရှင်တို့ကတော့ ဒီအိတ်လေးသင်ပေးတဲ့…
ကျမမှာတော့
အဲ့အတွင်းအိတ်ချုပ်ဖို့နဲ့ဇစ်တပ်ဖို့တွေးလိုက်ရင်ကို
အိပ်မက်ဆိုးတွေ မက်ချင်ချင် 😬
ဒါတောင်
ဘောင်အနားကွပ်အံကိုက်အောင်လုပ်ရတာ
မပါသေးနော်
မဟုတ်ရင် ဆောင်းညအိပ်မက်တွေဖြစ်တော့မယ်😂
ဘာရယ်မဟုတ်
ဒီအိတ်ရဲ့အတွင်းပိုင်းလေး မပြဖူးသေးလို့
လာပြတာ 🫶🏻
11/05/2026
Chaotic pattern လေးတွေ
မတူညီမှုနှစ်ခုမှာ တူညီတာကတော့ ယဲ့ပေါ့ 🤭
💙2024 Vs 2026🤎
👈🏻Left (or) right👉🏻
ဘယ် team လဲ ရွေး 🤔
မင်ကလေ ပန်းပုံလေးတွေ အရုပ်ပုံလေးတွေ
တိတိပပ ptလေးတွေထက်
ဒီလို ဖရိုဖရဲ ptလေးတွေ ပိုကြိုက် 😁
မင်နဲ့ အကြိုက်တူတဲ့သူတွေ ရှိလား 😍
ဇစ်ရယ် အတွင်းပိတ်စရယ်ကို
ချုပ်ရာလုံးဝမပေါ်အောင် ချုပ်ထားတာလေး 😍
ဘယ်အိတ်လေးလဲ သိကြလား
Hints တခုပေးမယ်
2025 မကုန်ခင်က ထိုးခဲ့တာလေး🤍
အိတ်ပိုင်ရှင်လေးကတော့ သိမှာရယ် 🤭
10/05/2026
ဒီည (၁၁) ထိပဲနော် 🕚
3လပိုင်းထဲက ရိုက်ထားတဲ့ vd 😁
အိတ်အတွင်းအပြင်သေချာလေးပြပေးထားတာကို
ခုမှ gallery ထဲ မွှေရင်းတွေ့လို့ လာတင်ရ 🤭
သူငယ်ချင်းအတွက်
မွေးနေ့လက်ဆောင်ထိုးပေးထားတာလေး 🎁
ပုံလေးတွေတော့ တင်ပေးဖူးတယ်ရယ်
မှတ်မိကြတယ် ဟုတ် 😍
မတင်ရသေးတာတွေ့ရင် ထပ်လာတင်ဦးမယ် သိလား😅
09/05/2026
discount မသိလိုက် မမှီလိုက်ဆိုသူများအတွက်
သင်တန်းမစခင်လေး dis ထပ်ချပေးပါမယ်ရှင်✅
ခုတခါတော့ အမှီတက်ကြနော်
ဒါပြီးရင် ခုသင်တန်းကြေးနဲ့ထပ်ချဖို့မရှိတော့ပါဘူး
💥သင်တန်းအပ်မယ့်သူများက
စာကို အစအဆုံးသေချာဖတ်ပြီးမှသာ
သင်တန်းအပ်ပါရန် 💥
❌စာမဖတ်ပဲ စာပါအကြောင်းအရာများ
ပြန် ပြန်မေးသူများ သင်တန်းလက်မခံပါရှင်❌
ပုံမှန်သင်တန်းကြေး ~ 35000
ဒီနေ့နဲ့နက်ဖြန် ၂ရက် ~ 20000
(10.5.26 ည (၁၁)နာရီထိသာ)
သတ်မှတ်ချိန်အတွင်း သင်တန်းကြေးသွင်းပြီးမှသာ
discountသင်တန်းကြေးနဲ့ တက်ရောက်နိုင်ပါမယ်)
💜သင်တန်းအပ်မယ်ဆို
page messenger ကနေသာ အပ်ပါရှင်
💜ချည်ထိုးအခြေခံရှိပြီးသူသာတက်လို့ရပါမယ်
💜လိုအပ်သောပစ္စည်းများ
ဝယ်ယူရရှိနိုင်မည့်နေရာများကို
သင်တန်းထဲမှာ အကုန်ပြောပြထားပြီးပါပြီ
(cb မှာ လာမမေးရပါ တဦးချင်းမဖြေပေးပါ❌)
💜FB gp, tele gp ၂ခုလုံးမှာ vdတွေတင်ပေးမှာပါ
forever gp မို့ အားတဲ့ချိန်မှလိုက်ထိုးနိုင်ပါတယ်
💜ကိုယ်တိုင်ရိုက် vd tutorial များဖြင့်သာ
သင်ပေးမှာပါရှင်
💜သင်တန်း vd များကို 13.5.26 မှာစပြီး
တင်ပေးသွားပါမယ်
ဖြေးဖြေးချင်းသင်ပေးသွားမှာမို့
မလောသူများသာ တက်ပါ
(အစအဆုံးတခါထဲမှဆိုသူများက
နောက်မှ ပုံမှန်သင်တန်းကြေးနဲ့ တက်ပါ)
💜သင်တန်းကြေးသွင်းပြီး joinထားတဲ့
acc တခုသာလက်ခံပေးပါတယ်
acc change တာမျိုး လုပ်မပေးပါ
💜သင်တန်းကြေးသွင်းပြီးရင် fb gp link
ချပေးပါတယ်
join ပြီးတာနဲ့ gp ထဲ တန်းမရောက်ပါ
လူစစ် လက်ခံပြီးမှ gp ထဲရောက်တာမို့
join ထားပြီးရင်ရပါပြီ
လက်ခံမယ့်အချိန်ကို စောင့်ပေးပါ
tele link ကို fb gp မှာ တခါထဲတင်ပေးမှာမို့
gp ထဲရောက်ရင် tele gp ကိုယ်တိုင် joinရုံပါပဲ
💜လိုက်ထိုးရင်း မသိတာ နားမလည်တာရှိရင်
Page cb ကနေ စာပို့မေးထားနိုင်ပါတယ်
အားတာနဲ့ ပြန်ဖြေပေးပါမယ်
ဒါဆို cb မှာ သင်တန်းစအပ်လို့ရပါပြီ
ကျေးဇူးတင်ပါတယ်ရှင် 🫶🏻
08/05/2026
သဘာဝကို ချစ်ပါ 🍂🍁🍃
handmade လေးတွေကို တန်ဖိုးထားပါ ❤️🩹💝💕💕
ပုံ
နေ့ရက်တိုင်းမှာ
အသစ် အသစ်တွေနဲ့
အလှပဆုံးအရာလေးတွေသာ
ဖန်တီးချင်မိသူ တျောက် 🥰
🍅🍅🍅🍅🍅
ထို မား ထိုး ဆိုလား😍
စုစုပေါင်းဘယ်နှလုံးလဲ ဖြေ
မှန်ရင် တလုံးပေးမယ်😁
အိမ်နောက်ဖေးဈေးဆိုင်လေးပါပေါ့🥰
အဲ့လိုဆိုတော့
ကျမက်ိုယ်တိုင်စိုက်တယ်လို့ ထင်သွားပြီမလား🤭
ဟိ ဟိ စိုက်တာကတော့တယောက်ပေါ့ရှင်
ကြွားတာက ကျမ 😂
ဒါပေမယ့် ပန်းအိုးက
ကျမသွားဝယ်ပြီးသယ်ထားရတာမို့
တဝက်တော့ပိုင်တယ် 🙃
ဟုတ်တယ်မို့လား🤣
05/05/2026
colour mixing လေးတွေ တမျိုးစီနဲ့
ဘယ်လိုတောင်လှနေလဲ ကြည့်ဦး😍
ဒီအိတ်လေးဖြစ်လာဖို့က
လွယ်တော့မနေဘူးရယ်
ချည်အရောင်ပြောင်းရချက်က
ထိုးနေရင်းကိုရပ်လိုက်ချင်တာ အခါခါ🤭
ဒီကြားထဲမှာမှ
ဒီလိုသေသပ်တဲ့လက်ရာလှလှလေးတွေ
အိမ်စာလာပြကြလို့ အများကြီးချစ်တယ်နော်😘
Click here to claim your Sponsored Listing.