General knowledge sharing
���
07/01/2026
(:
26/07/2025
23/07/2025
69
23/07/2025
မင်းရှိရာ မြို့လေးဆီ အရောက်လာခဲ့တယ်.. ။
ဆီထည့်မောင်းလာတာမဟုတ်ဘူး..
မျက်ရည်တွေ ထည့်မောင်းလာတာ
သောက်ပလုတ်တုတ် ကျပီဟ..!
19/07/2025
😑
05/03/2025
လုပ်ငန်းခွင်မှာ မျက်နှာပေး မကောင်းရင် မလိုအပ်ပဲ
လူ့ချဉ်ဖတ်ဖြစ်တယ်။
သင်ပြတဲ့အရာပဲ မြင်ရပါတယ် ။
ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ မျက်နှာအမူအရာ မကောင်းတဲ့အခါ
လူတွေရဲ့ ချဉ်ဖတ်အလိုလိုဖြစ်သွားတတ်တယ် ။
ဒီအတွက်ကြောင့်ပဲ အချို့ လုပ်ငန်းခွင်တွေမှာ Professional Face သဘောရောက်တဲ့ မျက်နှာအမူအရာနဲ့ ပတ်သက်ပြီး
တကူးတက သင်ကြားပေးလေ့ရှိတယ်။
သင်လဲ သင်ကြားသင့်ပါတယ်
ဒီမှာက မာသာထရီဇာ ဖြစ်ခိုင်းတာ မဟုတ်သလို ဟစ်တလာ လုပ်ခိုင်းတာလဲ မဟုတ်ဘူး ။
မျက်နှာအမူအရာနဲ့ပက်သက်ပြီး ပြောမှာဆိုတော့
မေတ္တာနဲ့ အပြုံးတွေ ၊ ကောက်ကျစ်အပြုံးတွေ မလိုအပ်တဲ့ ဒရမ်မာစကားလုံးတွေ အကုန်ဖယ်ထားတယ်နော်။
စတွေ့တွေ့ချင်း လူတစ်ယောက်ကို ကျနော်တို့ရဲ့ သိစိတ်ကနေပဲ ဖြစ်ဖြစ် ၊ မသိစိတ်ကနေပဲ ဖြစ်ဖြစ် အကဲခတ်တတ်တဲ့ သဘောရှိတယ် ။
ဘယ်သူကမှတော့ ကျနော်တို့စိတ်ထဲထိ အကဲမခတ်
နိုင်ဘူး ။
မျက်နှာအမူအရာ ၊ သူပြောတဲ့ စကားလုံး ဒါတွေကြည့်ပြီးတော့ပဲ သူတို့စိတ်ထဲမှာ အမှတ်တွေပေး
ဒီလိုက ခင်ဖို့ကောင်းတဲ့သူလား ၊ နှစ်လိုဖွယ်ရှိတဲ့သူလား ?
မျက်နှာထားက မာထန်ထန် ၊ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေရတဲ့ပုံစံလား ?
မျက်နှာက စူပုပ်နေပြီး သူ့အနားတောင် ကပ်ချင်စိတ်မရှိစေလောက်တဲ့သူလား ?
လုပ်ငန်းခွင်မှာဆိုရင် ကျနော်တို့ရဲ့ မျက်နှာထားကို သေချာသတိထား ဂရုစိုက်နေတတ်ဖို့လိုတယ်။
ဒါမှ မလိုအပ်ပဲ လူ့ချဉ်ဖတ်ဖြစ်မလာမှာ ။
လူ့ချဥ်ဖတ်ဖြစ်ခြင်းမှာ ကောင်းတဲ့အရာ တစ်ခုမှ မရှိဘူး။
လုပ်ငန်းခွင် သဘောအရ ဝင်တဲ့သူရှိတယ် / ထွက်တဲ့သူ ရှိတယ် ။
လူသစ်ပဲ ဖြစ်ဖြစ် ၊လူဟောင်းပဲ ဖြစ်ဖြစ်
အထက်လူကြီးပဲ ဖြစ်ဖြစ်၊ အားလုံးက မျက်နှာထားချိုတာ
ကိုယ်အမူအရာ အဆင်ပြေတာ ၊ ပြောတဲ့စကားလုံးတွေကအစ နားထောင်ချင်စဖွယ် ရှိတဲ့သူကိုပဲ ခင်လိုကြတယ်။
သူ့အနားကပ်ချင်စိတ် ရှိတယ် ၊ အခွင့်အရေး ပေးလိုစိတ် ၊ သင်ကြားပေးလိုစိတ် ရှိကြတယ်။
အဲ့လိုလူတစ်ယောက်အတွက် လုပ်ငန်းခွင်မှာ အထီးကျန်ရတာ ၊ အခြားတစ်ယောက်က သူ့အပေါ် မကောင်းတဲ့ အမြင်အပြောခံရလို့ လစာတိုးမဲ့ကိစ္စ တန့်သွားတာ ၊
ရာထူးတိုးပေးမဲ့ အခြေအနေမှာ ဖယ်ရှားခံလိုက်ရတာ
ရှိမယ်လို့ ထင်လား ?
တစ်ဖွဲ့နဲ့ တစ်ယောက် အနိုင်ကျင့်ခံရတာ ၊ ခံရတဲ့အခြေအနေမှာကော အားကိုးမဲ့တာ ဖြစ်မယ်လို့ ထင်လား ?
မဖြစ်ဘူး ။ ဆန့်ကျင်ဘက်ပါပဲ။
လူတွေက ချစ်နေပြီဆိုရင်လဲ ရှိတာထက်ပိုပြီး ချီးကျူးစကားဆိုတာ
ကောင်းသတင်းဖြန့်ပေးတာမျိုး လုပ်ကြတယ် ။
သူ့မှာ နည်းနည်းမှားခွင့်တောင် ရှိတယ် ။
လူ့ချဉ်ဖတ်ဖြစ်ခံရတဲ့ကောင်က အရင်ကတည်းက မကြည့်တာဆိုတာနဲ့ မှားတာနဲ့ တွယ်ပြီပဲ ။
ဒီမှာ " ဒါကြီးက မဖြစ်သင့်ဘူးလေကွာ "
တရားတာတွေ မတရားတာတွေ ဘာမှ လာမပြောနဲ့ ။ မှားတာ မှန်တာတွေက လူတွေကပဲ သတ်မှတ်တာ ။
ဒါက လုပ်ငန်းခွင်
တရားရုံးမဟုတ်ဘူး ။ တရားရုံးမှာတောင် ချစ်လို့ မုန်းလို့ ဘက်လိုက်တယ်ဆိုတာတွေတောင် ရှိသေးတာပဲ ။
ဒါကြောင့် ကျနော်ရဲ့ အငယ်တွေကို ပြောခွင့်ရမယ်ဆိုရင် လုပ်ငန်းခွင်မှာ ကိုယ်ရဲ့ မျက်နှာထားကို သေချာဂရုစိုက်စေချင်တယ်။
စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ ၊ ဘယ်လိုပဲမုန်းမုန်း မျက်နှာမှာ မပေါ်စေနဲ့ ။ ယုတ်စွအဆုံး
အထက်လူကြီးကို သဘောမကျဘူး ၊ သူဌေးကို သဘောမကျဘူးဆိုရင်တောင် သူတို့ရှေ့မှာ မျက်နှာကြီး စူပုပ်နေတာ ၊ ကန့်လန့်တိုက်တာ
နောက်ကွယ်မှာ အတင်းပြောတာ လုံးဝမလုပ်သင့်ဘူး ။
ဒါတွေက ကိုယ်ပဲ ထိခိုက်တာ ၊ စိတ်ခံစားချက်ကို ထုတ်ပြလိုက်ရလို့ ကျနော်တို့စိတ်လေး အာသာပြေသွားတာပဲ ရှိတာ ။
လစာမတိုးဘူး ၊ ရာထူးမတိုးဘူး ၊ review ကောင်းတွေ မရဘူး ။
အတင်းပြောတဲ့အတွက် ကျနော် standard တွေကျ ၊
အခွင့်အရေးတွေ အများကြီး လွဲတာမျိုး ဖြစ်တတ်ပါတယ်။
လုပ်ငန်းခွင်ဆိုတာက လူတိုင်းကင်းလို့မရဘူး ။ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး ။
ဘာမှ မရှိသေးတဲ့ အခြေအနေမှာ ၊ မြင့်မားတဲ့ ဘဝအခြေအနေကို ထောင်တက်ချင်တဲ့အခါ ကျနော်တို့က အလုပ်လုပ်ပြီး တည်ဆောက်ရတာ ။
ဒီအတွက်ကြောင့် လုပ်ငန်းခွင်ကနေ ကိုယ့်ဘဝအထိ
ရသလောက် အမြတ်ထုတ်လိုသူတွေအတွက် ကျနော် သင်ပေးဖြစ်တဲ့ အတန်းလေးရှိပါတယ် ။
လုပ်ငန်းခွင် အဋ္ဌာရသလို့ ခေါ်ပါတယ်။
အလုပ်အဖြစ်ဆုံး နည်းလမ်းတွေဖြင့် လုပ်ငန်းခွင်မှာ
ဂေါ်ချင်တယ် ဆိုရင်တော့
👉🏻 m.me/pikaacademyschool ကို ထောက် “B5" လို့ရိုက်ပို့ပြီး အတန်းအပ်နှံထားလို့ ရပါပြီ။
05/03/2025
ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Phyo Wai Latt, ကို ကြီး ကျော်
Click here to claim your Sponsored Listing.
24/07/2025