SoW Learning Center
The center is helping those to fulfil their dreams come true.
SoW [Source of Wisdom] Learning Center is the best place for those who want to take English, Computer and Abacus courses and achieve their dreams and goals in their future.
Come out of your comfort zone if you want to succeed in life.
18/12/2023
Another new year is drawing near once again. We all love making our NEW YEAR RESOLUTIONS on the first day of the year.
Answer this question honestly to yourself, "Are you an Action Taker or a Procrastinator? Have you fulfilled the current year's resolution?"
04/12/2023
🇲🇲 မြန်မာတွေ မှားလေ့ရှိတဲ့ စကားစု
👉 လိုရင်းတိုရှင်းပြော လို့ပြောချင်တာကို Short to the point ဆိုပြီး မှားပြောလေ့ရှိပါတယ်။ အမှန်က Straight to the point ဖြစ်ပါတယ်။
✅️ နောက်တစ်ခုက ကျွန်တော်တို့အိမ်မှ ကြိုဆိုပါတယ် လို့ပြောချင်တာကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ပြီး Welcome from our home ဆိုပြီး to သုံးရမယ့်အစား from မှားသုံးလေ့ရှိကြပါတယ်။ အမှန်က Welcome to our home ဖြစ်ပါတယ်။
04/12/2023
✅️ မိမိကိုယ်ကို တခြားသူများနဲ့ မနှိုင်းယှဥ်ပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ယှဥ်ပြိုင်သူ ဖြစ်ပါစေ။
‼️လူတစ်ဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ သူတပါးအားသာချက်ကိုအားမကျပါနဲ့။ ကိုယ့်အစွမ်းအစ၊ ကိုယ့်အားသာချက်ကိုသာ ဖော်ထုတ်ပါ။ တစ်ရက်ထက်တစ်ရက် ပိုကောင်း၊ ပိုတော်လာအောင် စဥ်ဆက်မပြတ် ကြိုးစားနေသူ၊ လေ့ကျင့်ပြင်ဆင်နေသူဖြစ်စေပါ။
အင်္ဂလိပ်စာမှာ မြန်မာစာမှာလို အသံအနိမ့်အမြင့်အတွက် အောက်ကမြင့်၊ ဝတ်စနှစ်လုံးပေါက်တို့ မရှိပါဘူး။ အဲလိုမရှိဘူးဆိုတော့ တစ်ဖြောင့်တည်းပြောလို့ရမှာပေါ့လို့ထင်စရာရှိပါတယ်။ အမှန်တကယ်က စကားလုံးတိုင်းမှာ ဖိပြောရမယ့်နေရာနဲ့ မဖိရတဲ့ဆိုပြီးရှိပါတယ်။ ဖိပြောရတာကို အင်္ဂလိပ်သဒ္ဒါမှာ stress လို့သုံးတယ်။ စကားလုံးတွေမှာ ဘယ်နေရာ stress ထားတယ်ဆိုတာကို သိဖို့ဆိုရင် အဘိဓါန် dictionary မှာ ' (apostrophie) လေးနဲ့ ပြထားပါတယ်။ အင်္ဂလိပ်စာကို သေချာတတ်ချင်တယ်ဆိုရင်တော့ အဘိဓါန်ကြည့်တာ မပျင်းရဘူးနော်။ 'cof-fee ဒီစကားလုံးမှာ ပထမအသံထွက်မှာ ဖိပြောရပါမယ်။ မြန်မာလိုပြောသလို ကော်ဖီလို့ တစ်ဖြောင့်တည်းပြောရင် မှားပါတယ်။ အောက်မှာ ဥပမာလေးတွေ ပြပေးထားပါတယ်။ ကျန်တာကတော့ အဘိဓါန်မှာ ဆက်လေ့လာပါ။
Pay'ee, 'visit, for'get, em'ployer, employ'ee, 'advertise, ad'vertisment, 'modern, mod'ernity, moderni'sation, ad'mire, 'admirable, admir'ation, 'infamous
ပိုက်ဆံဟာ လူတွေအတွက် အရေးအကြီးဆုံးအရာထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အင်္ဂလိပ်ဝေါဟာရမှာ ပိုက်ဆံကို ဘယ်မှာသုံးတယ် ဆိုတဲ့အပေါ်မူတည်ပြီး ပိုက်ဆံရဲ့အခေါ်အဝေါ်တွေ အများကြီးပြောင်းသွားတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
Here are some names of money which is one of the most important things in our lives. Surprisingly, money has many names depending on where you use it or spend it.
1. offering - congragation gives to church
2. donation - gives to church, charity, temple
3. fee - pays in school
4. dowry - husband gives to his wife's family in marriage
5. tax - pays to government
6. fine - pays to court as a purnishment for an offense
7. salary - boss pays to his/her employees
8. wage - master gives to his servant
9. pension - civil servants recieve after retirement
10. allowance - children recieve from their parents
11. tip - gives someone for a good service
12. ransom - gives to kidnappers
13. bribe - illegally recieves in the name of service
14. fortune - recieves a large amount of money from winning lottery
15. debt - owes money to someone
16. loan - borrows money from the bank
There are a lot more...
27/07/2017
ဒီနေ့ အင်္ဂလိပ်စကား စသင်တဲ့သူတွေ တော်တော်များများ မသိသေးတဲ့ စကားလုံးတစ်လုံး လေ့လာကြမယ်နော်။
အင်္ဂလိပ်စကားစသင်တဲ့အခါ မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာလိုတွေးပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ပြောဆိုတတ်ကြတာ အဆန်းဖြစ်မယ်မထင်ပါဘူး။
ဒါပေမယ့် အဲလို တိုက်ရိုက်ဘာသာပြန်ပြောဆိုတာဟာ များသောအားဖြင့် အဓိပါယ် တစ်ခြားစီ ဖြစ်သွားတတ်ပါတယ်။
ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ''လက်ချောင်းတွေ မချိုးနဲ့'' ဆိုတဲ့စကားကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် Don't break your fingers. လို့ပြောရင် တကယ်လက်ချောင်းတွေ ကျိုးတယ် ဆိုတဲ့ အဓိပါယ်သက်ရောက်သွားရော၊ ဒါဆို ဘယ်လိုပြောရမှာလဲ?
အမှန်က Don't crack your knuckles. ဖြစ်ပါတယ်။
လက်ချောင်းတွေ ချိုးတာ အလေ့အကျင့်ကောင်းမဟုတ်ဘူးလို့ ပြောချင်ရင် Cracking knuckles is a bad habit.
နောက်တစ်ခုက ဇက်ချိုးတာကို Neck cracking လို့ခေါ်တယ်။
ဇက်ချိုးတာ အန္တရာယ်များတယ် လို့ပြောချင်ရင်
Neck cracking is dangerous. လို့ပြောရမှာဖြစ်ပါတယ်။ ဇက်မချိုးနဲ့ လို့ပြောချင်ရင် Don't crack your neck. ဖြစ်ပါတယ်။
ဒီနေ့တော့ နေ့စဉ်စကားပြောဆိုရာတွင် အလွန်အသုံးဝင်လှတဲ့ British English နဲ့ American English အသုံးအနှုန်းကွားခြားပုံ စကားလုံး (၃၆)လုံး အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။ကွင်းအပြင်က စကားလုံးက BRITISH ENGLISH အသုံးအနှုန်းဖြစ်ပြီးတော့ AMERICAN ENGLISH အသုံးအနှုန်းကိုတော့ ကွင်းထဲမှာဖေါ်ပြထားပါတယ်။
BRITISH (AMERICAN)
1. aeroplane (airplane)
2. bill (check)
3.biscuits (crackers; cookies)
4. cannot (can not)
5. cinema (movie theater)
6. c**k (rooster)
7. cooker (oven)
8. curriculum vitae (resume)
9.cupboard (closet)
10. dustbin (garbage can)
11. film (movie)
12. full stop (period; point)
13. gallery (museum)
14. hairdresser (barber)
15. ill (sick)
16. injection (shot)
17. lawyer (attorney; counsellor)
18. a lift (an elevator)
19. luggage (baggage)
20. mum (mom)
21. pavement (sidewalk)
22. policeman (cop)
23. pictures (movies)
24. queue (line)
25. refrigerator (ice box)
26. return journey (round trip)
27. football (soccer)
28. stone (rock)
29. sweet (dessert)
30. sweets (candy)
31. tap (faucet)
32. taxi (cab, taxi)
33. a tin (a can)
34. tin opener (can opener)
35. trousers (pants)
36. a shop (a store)
ဒီနေ့တော့ ကျောင်းသင်ခန်းစာမှာရော၊ စာအုပ်စာပေများမှာရော တွေ့ရခဲတဲ့ စကားလုံးတွေကို လေ့လာကြမယ်။ ဆရာသမားတွေကလည်း တစ်ချို့ဝေါဟာရတွေကို အတန်းတွေထဲမှာ မသင်ပေးကြဘူး။ ဥပမာ လိင်အင်္ဂါနှင့်ဆိုင်တဲ့ စကားလုံးတွေကို ရိုင်းစိုင်းတဲ့ဝေါဟာရအနေနဲ့ သတ်မှတ်ကာ သင်ကြားပေးလေ့မရှိပါဘူး။ တစ်ခါတုန်းက ညီတစ်ယောက်ကို အင်္ဂလိပ်လို မစင်ကို ဘယ်လိုခေါ်လဲ လို့မေးတော့ သူက ချက်ချင်းပြန်ဖြေတယ် s**t တဲ့။ အဲဒီမှာ သောက်သောက်လွဲအောင် မှားတော့တာပဲ။ လူကြီးသူမရှေ့ s**t လို့သွားပြောလို့ကတော့ အကျိုးဆက်ကတော့ မတွေးရဲစရာပါ။ အဲဒီလို ညစ်ညမ်းတဲ့ အဓိပါယ်ရှိတဲ့ စကားလုံးတွေကို ယဉ်ယဉ်ကျေးကျေး ဘယ်လိုပြောတယ်၊ ဆေးပညာဘာသာရပ်မှာ ဘယ်လိုသုံးတယ်၊ အရပ်စကားဘယ်လိုခေါ်တယ် ဆိုတာ သိဖို့ မလိုအပ်ပေဘူးလား? ကဲမစင်နဲ့စလိုက်ကြရအောင်။ :-D
မစင် (နာမ်) ကို
စာကြီးပေကြီး ဆန်ဆန်ပြောရင်(formal): f***s, f***l matter, excrement, stool
လူသုံးများတဲ့ အသုံးအနှုန်းကတော့ (general use): bowel movement
စကားယဉ်၊ စကားနုအနေနဲ့ပြောရင် (Euphemism): B.M., waste material, dirt, doo (dogs or cats)
ကလေးအခေါ် (children’s words): a a, doodoo, doody, ca ca, number two, p**p, p**poo, poozie
အမေရိကန်အရပ် အခေါ် (Amenrican Slang): crap, turds, logs
ဆဲရေးကြမ်းတမ်းစွာ ပြောတဲ့အခါကျတော့ (Vulgar): s**t
--------------------------------------------------------------
မစင်စွန့်တာကိုကျတော့ (ကြိယာ)
Formal: defecate, move one’s bowels, have a bowel movement
General Use: have a bowel movement
Euphemism: go to the bathroom, go, make, eliminate
Children’s Words: go, make, or do: a a, eh eh, doodoo, doody, ca ca, number two, p**p, p**poo, poozie
American Slang: feed the fish, use the facilities, see a man about a horse
Vulgar: crap, dump, dump a load, pinch a loaf, s**t, take a crap, take a dump, take a s**t
အသံထွက် သတိထားစရာ
အင်္ဂလိပ်စကားပြောဆိုရာတွင် အသံထွက်ကို မှန်ကန်စွာပြောဆိုတတ်ဖို့ အလွန်ပင် အရေးကြီးပါသည်၊၊ ကျွန်ုပ်တို့မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်စကားကို နေ့တိုင်းပြောနေကျ မဟုတ်တဲ့အတွက် အသံထွက်အမှန်ပြောနိုင်ဖို့ အတော်လေးကို လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ အသံထွက်အရေးမကြီးဘူး ထင်ပြီးတော့ ဖြစ်သလိုပြောတဲ့အခါမှာလည်း သန့်ရှင်းတဲ့စကားလုံးတလုံးဟာ ညစ်ညမ်းတဲ့စကားလုံးအဖြစ်သို့ အလိုလိုရောက်သွားနိုင်သလို နားထောင်သူအဖို့လည်း ရယ်စရာဖြစ်သွားနိုင်ပါတယ်။ ဥပမာပြရရင်တော့ bitch နဲ့ beach ကိုပဲ အလွယ်ကူဆုံးပြနိုင်ပါတယ်။ ဒီစကားနှစ်လုံးဟာ အဓိပါယ်အားဖြင့် ဘာမှမဆိုင်ပါ။ bitch (bɪtʃ) ကိုပြောတဲ့အခါမှာ အသံရှည်ဆွဲစရာမလိုဘဲ တိုတိုပြတ်ပြတ် ပြောရမှာဖြစ်ပြီးတော့ beach (biːtʃ) ကိုပြောဆိုရာမှာ အသံကိုဖိပြီး၊ အသံနည်းနည်းလေးရှည်ရှည်ဆွဲပြီးပြောမှသာလျှင် လိုရာအဓိပါယ်ရရှိမှာ ဖြစ်ပါတယ်။ မှတ်သားစရာစကားလုံးအချို့ အောက်တွင်ဖေါ်ပြထားပါသည်။ အသံထွက်ကို မြန်မာလို အသံထွက်ရေးဖို့အဆင်မပြေတဲ့အတွက် ကွင်းထဲမှာ Phonetics symbol နဲ့ပဲ ဖေါ်ပြထားပါသည်။
If you want to say this, Don’t say this
Piece (piːs) P**s (pɪs)
Sheet (ʃiːt) S**t (ʃɪt)
Six (sɪks) S*x (sɛks)
Fork (fɔːk) F**k (fʌk)
Can’t (kænt) C**t (kʌnt)
Her (hə:r) W***e (hɔːr)
Kirk (kə:rk) C**k (kɒk)
Sick (sɪk) Seek (siːk)
Chip (tʃɪp) Cheap (tʃiːp)
Fill (fɪl) Feel (fiːl)
Pill (pɪl) Peel (piːl)
Ship (ʃɪp) Sheep (ʃiːp)
Still (stɪl) Steal (stiːl)
Lip (lɪp) Leap (liːp)
Click here to claim your Sponsored Listing.
Category
Website
Address
Myitkyina