MK Logistics

MK Logistics

Share

The best Choice for you.....

19/07/2025

ပစ္စည်းတင်သွင်းမည့်သူများ သိထားရမည့် kg နဲ့ CBM

Logistic companyတွေကို ပစ္စည်းတွေတင်သွင်းတဲ့အခါ စျေးနှုန်းဖွင့်တဲ့ပုံစံလေးကို မျှဝေပေးပါ့မယ် ဥပမာ china က ပစ္စည်းသွင်းတဲ့အခါ စျေးနှုန်း ၂ခုပြောလေ့ရှိပါတယ် kg နဲ့ CBMဆိုပြီး စျေး ၂မျိုးပြောပါတယ်။
ဥပမာ 1kg ကို 3 Yuan , 1CBM ကို 900 Yuan စသဖြင့် ပစ္စည်းသယ်စျေးဖွင့်ကြလေ့ရှိပါတယ်။

Kgဆိုတာက Kilogram ဖြစ်ပြီး weight အလေ့ချိန်အပေါ်မှုတည်ပြီးတောင်းတာဖြစ်ပါတယ် ဥပမာ ကိုယ့် ပစ္စည်းက 1000kg အလေးချိန်ရှိတယ်ဆိုရင် 1kg ကို 3 Yuan ကျတဲ့အတွက် စုစုပေါင်း 3 Yuan x 1000kg = 3,000Yuan ကျမှာဖြစ်ပါတယ် မြန်မာငွေနဲ့ ပြန်တွက်ရင် 1 Yuanကို 480ksရှိတယ်ဆိုရင် 3,000Yuan x 480ks = 1,440,000ks သယ်ခကျမှာဖြစ်ပါတယ်။ဒီဟာက အလေးချိန်အပေါ်မှုတည်ပြီး စျေးနှုန်းတွက်တာဖြစ်ပါတယ်။နောက်တမျိုးက

Cubic Meter CBM ဆိုတဲ့ ထုထည်အပေါ်မှုတည်ပြီး တွက်ချက်တာဖြစ်ပါတယ် Cubic meterဆိုတာက ပုံမှာပြထားတဲ့အတိုင်း အလျား x အနံ x အမြင့် ဟာ 1meter စီ အရှည်ရှိပြီး မြှောက်ထားတဲ့ သဘောဖြစ်ပါတယ် meter ၃ခုမြှောက်ထားတာဖြစ်တာကြောင့် ထုထည် Cubicဖြစ်သွားတာဖြစ်ပါတယ် တကယ်လို့ meter ၂ခါ မြှောက်ထားရင် squareဖြစ်သွားပြီး areaဖြစ်သွားပါမယ်။1meterမှာ 3.25ft ( 3ft 3.37inches) ရှိပြီး inchesလက်မနဲ့ပဲဆိုရင် 1meterမှာ 39.37inches လက်မရှိပါတယ်။

ဒါဆိုရင် Cubic meter မှာ ဘယ်လောက် Cubic Inchရှိလဲတွက်မယ်ဆိုရင်
= 1m x 1m x 1m
=39.37inches x 39.37inches x 39.37inches
=61023.744 Cubic Inch ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ဥပမာ အနေနဲ့ ကိုယ်က လျှပ်စစ်ထမင်းအိုး အလုံး၈၀ သွင်းလာတယ် ဆိုပါဆို ၈လုံးကို တစ်ဖာဖြစ်ပါမယ် စုစုပေါင်း ၁၀ဖာ အလုံး၈၀ဖြစ်ပါတယ် ဒါကို CBM အရ ကုန်ကျစရိတ် logistic cost ကိုတွက်မယ်ဆိုရင် တစ်ဖာကို တိုင်းတာကြည့်တဲ့အခါ အလျားက 4ftပေ x အနံက 1ftပေ x အမြင့်က 2ftပေ ရှိမှာဖြစ်ပါတယ်ဒါကို လက်မနဲ့ဖွဲပြီးပြောင်းလိုက်မယ်ဆိုရင်
= 48 inches x 12inches x 24inches = 13,824 Cubic inch ရပါတယ်။

1CBM မှာ 61023.744 Cubic inch ရှိတာကြောင့် တစ်ဖာရဲ့ CBM ကို သိချင်ရင် 13,824/61023.744 =0.23CBM တစ်ဖာအတွက် ရပြီး ၁၀ဖာအတွက်ဆိုရင်
=10 x 0.23 = 2.3 CBM ရမှာဖြစ်ပါတယ်။
1CBMကို သယ်ခ 900Yuanပေးရတယ်ဆိုရင် 2.23CBMအတွက်ဆိုရင် 2.3 x 900 = 2070Yuan ကျသင့်မှာဖြစ်ပါတယ် မြန်မာငွေနဲ့ဆိုရင် Yuanစျေး 480ks ရရှိရင်

= 2070Yuan x 480ks = 993,600ks

၁၀ဖာအတွက်ကျသင့်မှာဖြစ်ပြီး ထမင်းအိုးတစ်ခုချင်း unite cost ဆိုရင်

= 993,600 / 80 = 12,420ks တစ်လုံးကို ကျမှာဖြစ်ပါတယ်။
အပေါ်ကတွက်ချက်မှုတွေမှာ meter ft inches ကို မိမိအဆင်ပြေသလို mathsအရ unitပြောင်းတွက်လို့ရပါတယ်။

ဒါဖြင့် logistic companyတွေက Kg နဲ့ CBM ဘယ်ဟာနဲ့တွက်လဲဆိုတော့ ဝန်ကျစ်ပြီး လေးတဲ့ပစ္စည်းတွေဆိုရင် Kg နဲ့တွက်ပြီး ဝန်ပွရင် CBM နဲ့တွက်ပါတယ် နောက် ၂ခုစလုံးနဲ့တွက်ကြည့်ပြီး ငွေamountများတဲ့ ဟာကိုပဲ စျေးအတည်တွက်ယူပါတယ် ဥပမာ kgနဲ့တွက်လို့ ငွေများရင် kgနဲ့ ယူပြီး CBMနဲ့တွက်လို့ ငွေများရင် CBMနဲ့ယူပါတယ်။
စျေးနှုန်းအနည်းအများက မိမိသယ်မယ့် ပစ္စည်းအမျိုးအစားအပေါ်မှုတည်ပြီး ကွာခြားပါတယ် လူသုံးကုန် ပစ္စည်းတွေလာ၊ ကျိုးနိုင်ကွဲနိုင်တဲ့ electronicပစ္စည်းတွေလား ၊ အန္တရာယ်ရှိတဲ့chemical DGတွေလား စတာတွေအပေါ်မှုတည်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Credit Myint Maung Maung Tun

Photos from MK Logistics's post 02/07/2025

Sika 31 CF
Sika 52TH များ ဝယ်ယူနိုင်ပါသည်

in stock YGN

Photos from MK Logistics's post 30/06/2025

ရနောင်း-ရန်ကုန်

Cargo Loading & Discharged

လိုအပ်ပါက ဖုန်း 09669099997 သို့ဆက်သွယ်နိုင်ပါတယ်!

Photos from MK Logistics's post 30/06/2025

Sika 214 Th Grouting cement

# # # **Sika 214 Grout Cement ၏ အသုံးဝင်ပုံများ**
1. **စက်ကိရိယာများ တပ်ဆင်ခြင်း**
- စက်များ၊ ဂျင်နရေတာများ၊ စက်ရုံဆိုင်ရာ ပစ္စည်းများကို မြေပြင်နှင့် ညီညာစွာ တပ်ဆင်ရာတွင် အသုံးပြုသည်။
- Vibrations နှင့် ဝန်အလေးချိန်ကို ခံနိုင်ရည်ရှိသည်။

2. **အဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း**
- အက်ကြောင်းများ၊ ပျက်စီးနေသော ကွန်ကရစ်နေရာများကို ဖာထေးရာတွင် သုံးသည်။
- ရေစိမ့်ဝင်ခြင်းကို ကာကွယ်ပေးသည်။

4. **အခြားအသုံးပြုမှုများ**
- လမ်းတံတားဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများ။
- Precast ကွန်ကရစ်အစိတ်အပိုင်းများ ချိတ်ဆက်ရာတွင် အသုံးပြုခြင်း။

# # # **အားသာချက်များ**
✔ အားပြုတ်ခြင်း (shrinkage) မရှိ။
✔ လျင်မြန်စွာ မာကျောခြင်း (high early strength)။
✔ ရေဒဏ်၊ ဓာတုဒဏ်ခံနိုင်ရည်ရှိခြင်း။
✔ လွယ်ကူစွာ ရောစပ်အသုံးပြုနိုင်ခြင်း။

Sika 214 Grout Cement ကို စက်ရုံများ၊ အဆောက်အအုံနှင့် အခြားအင်ဂျင်နီယာလုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

လိုအပ်ပါက ဖုန်း 👉🏻09669099997 သို့ ဆက်သွယ်မှာယူနိုင်ပါသည်!

30/06/2025

# Yangon

Photos from MK Logistics's post 30/06/2025

Mwd-Ygn ကုန်ပစ္စည်းများကို

လက်ခံပေးနေပါဘီ!

Photos from MK Distribution's post 17/04/2024

ချစ်ရသော customers မိသားစုအားလုံး
မြန်မာ့နှစ်သစ်ကူး ဆုမွန်ကောင်း မေတ္တာပို့သအပ်ပါတယ်

နှစ်သစ်မှစ လုပ်ငန်းဆောင်တာအားလုံး အဆင်ပြေချောမွေ့ပီး ကိုယ်စိတ်နှဖြာ အေးချမ်းသာယာကြပါစေ 🙏

01/04/2024

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ 🚨 🚨 🚨

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

Take care all

to original post

31/12/2023

HAPPY NEW YEAR 🥳 to all of our valuable customers!!!!

နှစ်သစ်မှာ
ကိုယ်​၏ကျန်းမာခြင်း
စိတ်​၏ချမ်းသာခြင်း
အလိုဆန္ဒပြည့်ဝခြင်း
စီးပွားလဒ်လာဘတိုးပွားခြင်း
ဆန်ရေစပါး ပေါကြွယ်ဝခြင်း
အားလုံးသော ကောင်းချီးမင်္ဂလာ အပေါင်းနဲ့
ပြည့်စုံနိုင်ကြပါစေလို့
KICHI Japan Used Electronic & Domestic Shop မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်

Want your business to be the top-listed Computer & Electronics Service in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Address


No S (7/8) , ရွှေကုက္ကိုလမ်း , ၆ ရပ်ကွက်, မြဝတီ မြို့။
Myitkyina
1011

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 05:00