Mergui Archipelago Traveling Service

Mergui Archipelago Traveling Service

Share

"TRAVELING" Don't call it a dream, call it a plan.

10/11/2025

တနင်္သာရီလူမျိုး(မြိတ်လူမျိုး)
တနင်္ဟာရီ(မြိတ်)လူမျိုးများသည်မြန်မာနိုင်ငံတွင်ပျံ့နှံ့နေထိုင်ကြသည်။အများစုမှာ
မြိတ်ခရိုင်
ဘုတ်ပြင်းခရိုင်
ကော့သောင်းခရိုင်တွင်နေကြသည်။သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းကတနင်္သာရီဒေသသည်ကျောက်ခေတ်ကပင်လူများနေထိုင်နေပီဖြစ်ကြောင်းမှတ်တမ်းတင်ခဲ့သည်။

ယဉ်ကျေးမှု
တနင်္သာရီ(ဓနုသီရိ)လူမျိုးများသည် ၃ ရာစုဘီစီခန့်ကပင်ယဉ်ကျေးမှုအဆင့်တန်းအလွန်မြင့်မားနေပြီးယနေ့ခေတ်စင်္ကပူ၊ဂျပန်နိုင်ငံကဲ့သို့တိုးတက်အောင်မြင်ကြီးပွားပြီးပုဂံခေတ်အရောက်တွင်ထင်ရှားမှု မှေးမှိန်သွားခဲ့သည်။
နဂါးလှေ‌တော်ဓလေ့
လူကျားကခြင်းဓလေ့
ခေါသရပ်ပွဲတော်ပြုလုပ်ခြင်းဓလေ့
ကွမ်းထည့်မင်္ဂလာဆောင်ယဉ်ကျေးမှုဓလေ့
သာရီမြစ်ဆုံ၌မီးခွက်မျှောပူဇော်သောဓလေ့
ဒေသဆိုင်ရာဘိုး၊ဖွားများအားပူဇော်သောဓလေ့
ဆေးမင်ကြောင်ဓလေ့
ချည် ချည်ခြင်းဓလေ့(ခြယ်မန်းခယ်ပေးခြင်းဓလေ့)
တနင်္သာရိုရာဂေါင်စည်က ဓလေ့
နာဂသာရီ ဓားသိုင်းက ဓလေ့
နဂါးယိမ်းက ဓလေ့
တနင်္သါရီရိုရာ ဧဇာခေါ်ခြင်း ဓလေ့..အစရှိသည်တို့သည်တနင်္သာရီ(မြိတ်)လူမျိုးတို့ရဲ့ထင်ရှားသောရိုးရာဓလေ့များဖြစ်သည်။

ဘာသာစကား
တနင်္သာရီ(မြိတ်)စကားကိုမြန်မာဒေသိယစကားဟုပညာရှင်များကသတ်မှတ်ထားကြသည်။
ယနေ့အချိန်ထိအသုံးပြု‌ပြောဆိုနေသော
တနင်္သာရီ(မြိတ်)ကိုယ်ပိုင်စကားများလည်းရှိ‌သည်

အိမ်သာ - ချေးရောင်
အဲဒါကြောင့် - ဒိန်ကြောက်ဒိန်းရိ
ဘာဖြစ်လို့လည်းဆိုတော့ - ဘိန်ဒိန်းရိဆိုဝါ
ရှက်တယ် - အန္ဇရာယ်ဖြစ်ဟယ္ရ
အဖေ - ဘဘ
အမေ - မယ်မယ်(မိမိ)
ပိုက်ဆံ - ကြီးပြား
အများကြီး - အားဟှဲ့(အားဘဲ့)
ပျင်းရီနှေးကွေးစွာအလုပ်လုပ်နေ - လီဇယ်နေ..စသောစကားများသည်တနင်္သာရီ(မြိတ်)လူမျိုးများရဲ့ကိုယ်ပိုင်စကားဖြစ်သည်။

သမိုင်းကြောင်း
မြန်မာမင်းအဆက်ဆက်တို့သည် တနင်္သာရီကို သီးခြားလူမျိုးအနေဖြင့် သတ်မှတ်ပြီး သီးခြားလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်သည့် ပဒေသရာဇ်နိုင်ငံတစ်ခု ဖြစ်ပြီး တစ်ခါတရံ မြန်မာဧကရာဇ်အား ပဏ္ဏာဆက်သစွာ စောင့်သိကြောင်းလည်း ရှိကြောင်းသိရပေ၏။ တနင်္သာရီလူမျိုးတို့သည် ခေတ်အဆင့်ဆင့် အထောက်အထားများစွာဖြင့် ယနေ့အထိရှိနေပြီး နိုင်ငံတော်၏ကျရာတာဝန်များကို တနင်္သာရီပျူခေတ်(၁၂ ပြည်ထောင်)၊ စစ်သည်လေးသိန်းပြုမြို့(ပုဂံခေတ်)၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အထိ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အသက်စွန့် ကြိုးပမ်းခဲ့ကြပါသည်။

#တနင်္သာရီလူမျိုး

19/10/2025

Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from Mergui Archipelago Traveling Service's post 03/04/2022

သင်္ကြန်တွင်း အလုပ်တွေ ရုံးတွေလဲ ပိတ်ထားတော့ အားလပ်ရက် စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါး ခရီးထွက်ချင်သူများအတွက် မြိတ်မြို့မှ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးစဉ်လေးတွေ ရှိပါတယ်ရှင်။

ခရီးစဉ်များအားလုံး Speed boat ဖြင့်ထွက်ခွါပါသည်။

AWI-001
Harris island
Tha Mee Hla island
Prince island

AWI-002
Smart island
Dome Nyaung Mine village
Dome waterfall

AWI-003
Bailey island
Smart island
Kyal lape island

ခရီးစဉ်တစ်ခုချင်းစီမှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့…

Speed boat စီးရန် သင်္ဘောဆိပ် ကား အကြို/ အပို့
Speed boat စီးနင်းခ
ဒေသခံဧည့်လမ်းညွှန်
နေ့လည်စာ၊ ရေသန့်
အချိုရည်၊ အဆာပြေမုန့်
ရေအောက်အလှကြည့်ရန်အတွက် snorkeling equipments ငှါးရမ်းပေးခြင်း စသဖြင့် …. ပါဝင်ပါတယ်ရှင်။

AWI-003 ခရီးစဉ်မှာက ကျောက်ပုစွန် (ပဂဲ) ပါကျွေးပါတယ်ရှင်။

လူအရေအတွက်ကလဲ အကန့်အသတ်နဲ့ ရှိတာကြောင့် လက်မှတ်လေးတွေကြိုတင်ဝယ်ယူထားကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

ပြည်တွင်းလေယာဉ် လက်မှတ်ဝယ်ယူခြင်းနှင့်
မြိတ်မြို့အတွင်း ဟိုတယ် ဘိုကင်ယူခြင်း များလဲ ဆောင်ရွက်ပေးပါတယ်ရှင်။

ငွေပေးချေမှုအား Bank 50% နှင့် Cash 50% အတိုးမဲ့ပေးချေနိုင်ပါတယ်ရှင်။

အောက်ပါဖုန်းနံပါတ်များသို့လဲ ဖုန်းဆက်ပြီးတော့ အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

Aqua Wings Travels & Tours (Myeik)
09422216910
09765430258
[email protected]

အမှတ် (1-B)၊ ဆိပ်ငယ်ဗောတံတားလမ်း၊ ဆိပ်ငယ်ရပ်ကွက်၊ မြိတ်မြို့။

21/03/2022

လေယာဉ်လက်မှတ်လေးတွေဝယ်ယူဖို့အတွက် အားမနာတမ်း ဖုန်းဆက်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။
09422216910, 09765430258

ဒါကတော့ (12 Mar 2022) နောက်ဆုံးရရှိထားတဲ့ လေယာဉ်လက်မှတ် Update စျေးနှုန်းအသစ်တွေပဲဖြစ်ပါတယ်ရှင်။
Covid-19 နှင့်ပတ်သက်၍ လေယာဉ်စီးခရီးသည်များ လိုက်နာရန်စည်းကမ်းချက်အသစ်များကိုလဲ ပြောင်းလဲသတ်မှတ်ထားပါတယ်ရှင်။

✈️ ✈️ ✈️ _____________ ✈️ ✈️ ✈️
ရန်ကုန် ◀️▶️ မြိတ်၊ ထားဝယ်၊ ကော့သောင်း

(KBZ) ကမ္ဘောဇ လေကြောင်းလိုင်း လေယာဉ်လက်မှတ်စျေးနှုန်းများ (အနည်းဆုံး)
ရန်ကုန် - မြိတ် ………………. 79,000 MMK
ရန်ကုန် - ထားဝယ် ………… 70,000 MMK
ရန်ကုန် - ကော့သောင်း …… 112,000 MMK
မြိတ် - ရန်ကုန် .……………… 74,000 MMK
မြိတ် - ထားဝယ် ……………. N.A
မြိတ် - ကော့သောင်း ………. N.A
ထားဝယ် - ရန်ကုန် ………… 68,000 MMK
ထားဝယ် - မြိတ် ……………. N.A
ထားဝယ် - ကော့သောင်း … 67,000 MMK
ကော့သောင်း - ရန်ကုန် …… 110,000 MMK
ကော့သောင်း - မြိတ် ……… N.A
ကော့သောင်း - ထားဝယ် … 67,000 MMK

(MNA) မြန်မာ့အမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်စျေးနှုန်းများ (အနည်းဆုံး)
ရန်ကုန် - မြိတ် ………………. 83,000 MMK
ရန်ကုန် - ထားဝယ် ………… 77,000 MMK
ရန်ကုန် - ကော့သောင်း …… 113,000 MMK
မြိတ် - ရန်ကုန် .……………… 81,000 MMK
မြိတ် - ထားဝယ် ……………. 64,000 MMK
မြိတ် - ကော့သောင်း ………. 61,000 MMK
ထားဝယ် - ရန်ကုန် ………… 75,000 MMK
ထားဝယ် - မြိတ် ……………. 64,000 MMK
ထားဝယ် - ကော့သောင်း … 77,000 MMK
ကော့သောင်း - ရန်ကုန် …… 111,000 MMK
ကော့သောင်း - မြိတ် ……… 61,000 MMK
ကော့သောင်း - ထားဝယ် … 77,000 MMK
➖➖➖➖➖➖➖➖➖
✈️ ရန်ကုန်မှထွက်ခွါသည်ဖြစ်စေ….
မြိတ်၊ ထားဝယ်၊ ကော့သောင်းမှ ထွက်ခွါသည်ဖြစ်စေ…. မည်သည့်ခရီးစဉ်အတွက်မဆို Covid-19 ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် (48 နာရီအတွင်းစစ်ဆေးထားသော) ဖြင့်လိုက်ပါစီးနင်းနိုင်ပါသည်။
➖➖➖➖➖➖➖➖➖
မှတ်ချက်။ ။
အထက်ပါ လေယာဉ်လက်မှတ် စျေးနှုန်းများသည် အသက်သာဆုံး စျေးနှုန်းများဖြစ်ပါသည်။
လူကြီးမင်းတို့ ဝယ်ယူမည့် နေ့ရက်နှင့် အချိန်အပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်ရှင်။
💵 ငွေပေးချေမှုကိုလဲ K-pay, CB pay တို့ဖြင့် ရာခိုင်နှုန်းထပ်မံပေးစရာမလိုပဲ လွယ်လင့်တကူ ပေးချေနိုင်ပါတယ်ရှင်။

https://www.facebook.com/aquawingstravels/
Aqua Wings Travels & Tours (Myeik)
☎️ Ph - 09 422 216 910, 09 765 430 258
[email protected]

Photos from Mergui Archipelago Traveling Service's post 03/09/2020

ပင်လယ်သခွားအကောင်တွေက ဘာကြောင့်ဈေးကြီးနေရတာလဲ?

အခုပြောပြမယ့် အရာကတော့ ပင်လယ်သခွားသီးလို့သာ အမည်တပ်ထားပေမယ့် ပင်လယ်ထဲမှာပေါက်ရောက်တဲ့ သခွားသီးတော့ မဟုတ်ပါဘူး။ ပင်လယ်သခွားတွေဆိုတာ ပင်လယ်ကြမ်းပြင်မှာ နေထိုင်တဲ့ကျောရိုးမဲ့သတ္တဝါအကောင်လေးတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံက အလုံးလှတဲ့ သခွားသီးတွေနဲ့ ဆင်တဲ့အတွက် ပင်လယ်သခွားသီးတွေလို့ လူတွေက အမည်ပေးခဲ့ကြတာပါ။
ဈေးတွေထဲမှာတွေ့နေရတဲ့ သခွားသီးတွေကတော့ တစ်ကီလိုကို ၃ ဒေါ်လာလောက်နဲ့ လွယ်လွယ်ကူကူဝယ်ယူလို့ရပေမယ့် အခု ပင်လယ်သခွားသီးတွေကတော့ တစ်ကီလိုကို အနည်းဆုံး ဒေါ်လာ သုံးထောင်နှုန်းဈေးပေါက်လေ့ရှိပါတယ်။ အဲဒီပင်လယ်သခွားသီးတွေက ဘာကြောင့် အခုလို ဈေးကောင်းနေရတာလဲ ဆိုတာကို အခုပြောပြပေးသွားပါ့မယ်။

အဲဒီပင်လယ်သခွားသီးအကောင်တွေက သက်ရှိတွေပဲဖြစ်ပြီး ပင်လယ်ကြမ်းပြင်တွေမှာသာ နေထိုင်လေ့ရှိကြပါတယ်။ ပင်လယ်သခွားသီးအကောင်မျိုးစိတ်ပေါင်း ၁၂၅၀ လောက်ရှိပြီး အကုန်လုံးက Holothuroidea ဆိုတဲ့ မျိုးစိတ်ဆီက ဆင်းသက်လာကြပါတယ်။ သူတို့ရဲ့ အရွယ်အစားကတော့ အနည်းဆုံး ၁.၉ စင်တီမီတာ အရှည်ကနေ အများဆုံး ၆ ပေအထိ ရှည်လျားကြပါတယ်။ တစ်ကမ္ဘာလုံးက ပင်လယ်ကမ်းခြေတွေမှာ နေထိုင်လေ့ရှိပြီး ပင်လယ်သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ တွေ့ရတတ်ပါတယ်။ ပင်လယ်ကြမ်းပြင်တွေက ဘယ်လောက်ပဲ နက်ရှိုင် နက်ရှိုင်း သူတို့ကတော့ ပင်လယ်ကြမ်းပြင်မှာသာ အသက်ရှင်နေထိုင်တတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။
ပင်လယ်သခွားသီးအကောင်တွေစားတဲ့ အစားအစာကတော့ ရေညှိနဲ့ အခြားရေအောက်နေသတ္တဝါအကောင်လေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအရာတွေကို အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်းတွေရအောင် တစ်စစီ ဖြိုခွဲပြီးမှ စားသုံးလေ့ရှိကြပါတယ်။ လူတွေနဲ့ အဝေးကြီးရှိနေပြီး ပင်လယ်ကြမ်းပြင်မှာသာ အနေအများတဲ့ အဲဒီပင်လယ်သခွားသီးတွေကို လူတွေက ရှာရှာကြံကြစားကြပါသေးတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက အာရှနိုင်ငံတွေမှာ အဲဒီပင်လယ်သခွားအကောင်တွေကို တကယ့် စားကောင်းသောက်ဖွယ် ဟင်းကောင်းတစ်ခုအဖြစ် စားလာခဲ့ကြပါတယ်။ ချမ်းသာကြွယ်ဝဆုံးလို့ သတ်မှတ်ထားခြင်းခံရတဲ့လူတွေက အဲဒီ ပင်လယ်သခွားသီးအကောင်တွေက ပရိုတိန်းဓာတ်ပေါကြွယ်ဝတဲ့ အကောင်တွေလို့ ယုံကြည်ပြီးစားကြပါတယ်။ ၁၉၈၀ တစ်ဝိုက်မှာတော့ တရုတ်နိုင်ငံက လူလတ်တန်းမိသားစုတွေကလည်း ငွေကြေးအဆင်ပြေလာမှုတွေကြောင့် အဲဒီပင်လယ်သခွားသီးတွေကို အများအပြားစားသောက်လာနိုင်ကြပါတယ်။
အဲဒီအချိန်ကနေ စပြီး ပင်လယ်သခွားသီးတွေက ဈေးကွက်အတွင်းမှာ ရှားပါးကာ ရောင်းအားကောင်းတဲ့ ပင်လယ်သတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ တရုတ်ရိုးရာတိုင်းရင်းဆေးလောကမှာတော့ ဒီ အကောင်ငယ်လေးတွေက ကင်ဆာ၊ မကြာခဏဆီးသွားခြင်းနဲ့ ခွန်အားကုန်ခမ်းမှုတို့ကို ကုသပေးတဲ့နေရာမှာ အစွမ်းထက်လှတဲ့ အကောင်တစ်မျိုးလို့ ယုံကြည်လက်ခံထားကြပါတယ်။ ဒါကြောင့်လည်း ငွေကြေးချမ်းသာသူ တချို့က အဲဒီအကောင်တွေကို နေလှန်းအခြောက်ခံပြီး ကနုတ်ပန်းတွေနဲ့ အလှဆင်ထားတဲ့ သေတ္တာငယ်လေးတွေထဲ ထည့်ကာ ကျန်းမာရေးလက်ဆောင်အဖြစ်လည်း ဂုဏ်ယူစွာပေးအပ်လေ့လည်း ရှိကြပါတယ်။
ကောက်ယူရရှိထားတဲ့ စစ်တမ်းတွေအရ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကမ္ဘာအနှံ့မှာ ပင်လယ်သခွားအကောင်တွေကို တင်ပို့ရောင်းချတဲ့နိုင်ငံတွေက ၃၅ နိုင်ငံကနေ ၈၅ နိုင်ငံအထိ တိုးတက်များပြားလာခဲ့တာကြောင့် အကောင် အရေအတွက် များစွာ လျော့နည်းလာခဲ့ပြီး အခုအချိန်မှာတော့ ပင်လယ်သခွားတွေကို တွေ့ရှိဖို့ဆိုတာ အင်မတန်ခက်ခဲသွားပါပြီ။

ချမ်းသာမှုရဲ့ ပြယုဂ်၊ ကျန်းမာရေးအတွက် အစွမ်းထက်ဆေးဖက်ဝင်လှတဲ့ ပင်လယ်သခွားအကောင်တွေကိုရရှိဖို့အတွက် ကြိုးစားခဲ့ကြတဲ့ ရေငုပ်သမားတွေလည်း အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပင်လယ်သခွားအကောင်တွေဟာ ရှာပေမယ့် မတွေ့နိုင်တော့တဲ့ အကောင်တွေ၊ တွေ့ဖို့ အင်မတန်ခက်ခဲလှတဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။

22/08/2020

ပင်လယ်ပြာ ဆီသို့
××××××××××××

Blue Ocean Strategy ဆိုတာ သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ Marketing Strategy တစ်ခုပါ။ Blue Ocean ကို မသိခင် Red Ocean ဆိုတာကို အရင်သိဖို့ လိုပါတယ်။

Red Ocean

Red Ocean ဆိုတာဟာ ဈေးကွက်ထဲက လုပ်ငန်းတွေ၊ Industry တွေ အားလုံးကို ပြောတာပါ။ Red Ocean ကို သွေးပင်လယ်လို့လဲ ခေါ်ကြပါတယ်။ ဒီလို Market ထဲမှာဆိုရင် လုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုဟာ အားလုံးသိကြတဲ့ အတိုင်းပဲ အင်မတန်ပြင်းထန်လှပါတယ်။ ဒီလို Red Ocean ထဲမှာဆိုရင် လုပ်ငန်းတွေဟာ ရှိပြီးသား ဝယ်လိုအားတွေရဲ့ Market Share ကို ပြိုင်ဘက်တွေထက် ပိုရအောင် အပြင်းအထန် ကြိုးစားကြပါတယ်။

Market Share ထပ်တိုးပြီး ရဖို့မလွယ်တော့တဲ့အခါ အမြတ် နဲ့ အတူ လုပ်ငန်းရဲ့ တိုးတက်မှုနုန်းနဲ့ Product ရဲ့ တိုးတက်မှုနုန်းပါ လိုက်ပြီးကျလာပါတယ်။ Product တွေဟာ အရည်အသွေးကျလာပြီး ပျက်ဆီးဆုံးရှုံးမှုတွေဆီကို ဦးတည်လာပါတော့တယ်။ ဒါတွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။ ဒါကြောင့်Red Ocean (သို့မဟုတ်) သွေးပင်လယ် လို့ ခေါ်ကြတာပါ။

Blue Ocean

Blue Ocean ဆိုတာက ပြိုင်ဆိုင်မှုကြောင့် မပျက်ဆီးသေးတဲ့ Market Space တွေကို ဆိုလိုတာပါ။ Blue Ocean Strategy မှာဆိုရင် ရှိပြီးသား Demand ကို အပြိုင်လုနေခြင်းထက်စာရင် မရှိသေးတဲ့ Demand ကို ဖန်တီးခြင်းကို ပိုအာရုံစိုက်ပါတယ်။ ဒါဟာ အမြတ်အစွန်းအတွက်သာမက တိုးတက်ဖို့အတွက်ပါ လုံလောက်တဲ့ Strategy တစ်ခုပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြိုင်ဆိုင်မှုတွေက နည်းပါးပါတယ်။ တစ်နည်းပြောရရင် Blue Ocean ဆိုတာဟာ ဈေးကွက်ကို ပိုပြီးကျယ်လာအောင်၊ Market Space တွေ ပိုပြီး ထွက်လာအောင် လုပ်တဲ့ Strategy ပဲဖြစ်ပါတယ်။ ဒီ Strategy ဟာ အမြတ်အစွန်းအများကြီး တိုးပွားစေတဲ့အတွက် အရမ်းကိုအစွမ်းထက်တဲ့ Strategy တစ်ခုလို့ ဆိုလို့ ရပါတယ်။

Blue Ocean Strategy ရဲ့ အဓိကပါဝင် ပစ္စည်းကတော့ Value Innovation ပါပဲ။ Value Innovation ဆိုတာက ကိုယ့်ရဲ့ Product ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ထူးခြားကွဲပြားအောင်လုပ်ခြင်း(Differentiation)၊ ဝယ်ယူသူ၊ လုပ်ငန်း နဲ့ လုပ်ငန်းရဲ့ ဝန်ထမ်းတွေအတွက်ပါ value များဖန်တီးခြင်း၊ ဈေးကွက်နေရာအသစ်များ ဖန်တီးခြင်းများ ပါဝင်ပါတယ်။

Value Innovation ရဲ့ ရည်ရွယ်ချက်ဟာ ပြိုင်ဆိုင်ဖို့ဆိုတာထက် ကိုယ်ကျက်စားရာ နယ်မြေကို ပြောင်းလဲတာပဲ ဖြစ်ပါတယ်။ ဒီ Strategy ဟာ Market ကို ချဲ့ထွင်ရမှာ ဖြစ်သလို Value အသစ်တွေလည်းယူဆောင်ပေးဖို့ လိုပါတယ်။

ဒီ Blue Ocean Strategy ဟာ အရမ်းကို အရေးကြီးပြီး ပညာသားပါပါတယ်။ မြန်မာပြည်က လုပ်ငန်းတွေ အတွက်လည်း Blue Ocean Strategy က အရမ်းကို အရေးပါပါတယ်။ ရှိပြီးသား Demand ကို အားလုံးဝိုင်းလုနေပြီး လုပ်ငန်းပျက်ဆီးကြောင်းကို ဦးတည်မဲ့အစား Demand အသစ်များ ဖန်တီးခြင်း၊ ဈေးကွက်အသစ်များ ရှာဖွေခြင်း အစရှိတဲ့ Blue Ocean Strategy ကသာ ဖြစ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

Credit to
Marketing (Htet Zan Iin)မှ ကူးယူဖော်ပြသည်။

Photos from Mergui Archipelago Traveling Service's post 22/08/2020

လူကြီးမင်းတို့အတွက်မြိတ်မြို့သို့ရောက်ရှိပါက မြိတ်ကျွန်းစု တစ်ခွင် လိုရာခရီးသို့ အမြန်ဆုံး high speed နဲ့ အတူ စျေးနှုန်းသက်သာစွာဖြင့် ကျနော်တို့ရဲ့ Aqua Wings Speed Boat များအားယုံကြည်စိတ်ချစွာ ငှါးရမ်းအသုံးပြုနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးပါရစေ ခင်ဗျာ....
အတွေ့အကြုံရှိ လက်မှတ်ရ ကျွမ်းကျင် Captain များက မောင်းနင်တာမို့ လူကြီးမင်းတို့အနေဖြင့် safety နဲ့ပတ်သက်လို့ ပြောစရာမလိုအောင် အထူးအာမခံထားပေးပြီးသားပါခင်ဗျ....

ပါဝင်သည့်ဝန်ဆောင်မှုများ
🏊Snorkeling epuipments
🎣Fishing equipments
🚣Life jacket
🍶Drinking water
🚤 1driver , 1 local guide , 2helpers

အသေးစိတ်အချက်အလက်များအား ..
Chat box မှ သော်လည်းကောင်း
Ph : 09442000086, 09772000086 မှသော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photos from Mergui Archipelago Traveling Service's post 22/08/2020

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှ ပြန်လာသူရှိပါက
သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်​ရေးရုံးသို့သတင်းပေးပြောကြားရမည်...

Covid-19 ဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိနေသော
ရခိုင်ပြည်နယ်အတွင်းမှ တနင်္သာရီတိုင်းအတွင်းပြန်လာကြသူ
များရှိပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ
သတင်းပေးပြောကြားရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်မှတနင်္သာရီတိုင်းအတွင်းပြန်လည်ဝင်ရောက်လာ
သူမည်သူကိုမဆို Quarantin Center များ
တွင် ထိန်းသိမ်းစောင့်ကြည့်သွားမည်ဖြစ်ပြီးသတင်းပေး
ခြင်းမရှိဘဲလက်ခံထားပါက သတင်းပေးရန်ပျက်ကွက်
သည့် အိမ်ရှင်ကိုကူးစက်ရောဂါကာကွယ်ရေးဥပဒေအရ
အ​ရေးယူမည်။

....

Photos from Mergui Archipelago Traveling Service's post 17/08/2020

ဆလုံလူမျိုးအကြောင်း
=-=-=-=-=-=-=-=-=

ဆလုံ လူမျိုး သည် မြိတ် ကျွန်းစု ၏ အဖိုး မဖြတ် နိုင်သော ပြယုဒ်
တစ်ခု ဖြစ်သည်။ သူတို့ ၏ ဓလေ့ စရိုက်၊ ရိုးသား ဖြောင့်မတ်မှု ကို
တုနှိုင်းရန် အရာ မရှိပါ။ ထို့ကြောင့် ၎င်း လူမျိုးတို့မှာ လူသိများ
ထင်ရှား နေခြင်း ဖြစ်သည်။ ဆလုံ လူမျိုး တို့သည် ပင်လယ် ပြင်
တစ်ခွင် ၀မ်းစာ အတွက် လှည့်လည် ကျက်စား ကြသည်။ ရေကူး၊
ရေငုပ်ရာ တွင် ကျွမ်းကျင် သည်။ ထို့ကြောင့် Sea Gypsy or
Men of the Sea အဖြစ် အမည် တွင်ခြင်း ဖြစ်သည်။
ဆလုံ တိုင်းရင်းသား တို့ကို “မော်ကင်း” Mawken “ မိုကန်း
” Moken (ထိုင်း အခေါ်) ဟု လည်း ခေါ်ကြ ပါသည်။ ပင်လယ်ထဲမှာ
ပေါ့ပေါ့ ပါးပါး သစ်၊ ဝါး၊ ရင်ကမ်း သား တို့နှင့် ဖွဲ့စည်းတည်ဆောက်
ထားသည့် ရိုးရာ လှေ ကို အိမ်လို သဘောထား ပြီး မိသားစု ကြီး
တစ်ခု လုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ် စားသောက် ကြရုံ သာမက
သူတို့ ဘ၀ ၏ အဖော်မွန် ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင် သွားကြ ပါသည်။
ယနေ့ အခါ ဆလုံ လူမျိုးများ ကို မြန်မာ နိုင်ငံ တောင်ဘက် စွန်း
တနင်္သာရီ တိုင်း ဒေသကြီး ရှိ မြိတ်ခရိုင် နှင့် ကော့သောင်း ခရိုင်
အတွင် းရှိ ကျွန်းများ တွင် လူနည်းစု အဖြစ် သီးခြား နေထိုင်
ကြသည်။ မြိတ် ခရိုင် နှင့် ကော့ သောင်း ခရိုင် အတွင်း ဆလုံ
တိုင်းရင်းသား များ နေထိုင် ကြသော မြို့နယ် နှင့် ကျွန်း များမှာ
မြိတ်မြို့နယ် ၊ ကျွန်းစု မြို့နယ် ၊ ပုလော မြို့နယ် ၊တနင်္သာရီ မြို့နယ် ၊
ကော့သောင်း မြို့နယ် ၊ ဘုတ်ပြင်း မြိ့နယ် ၊ ဒုန်း ကျွန်း
( Done Island ) ၊ ဇာဒက်ကြီး ကျွန်း ၊ လန်းပိ ကျွန်း ( Lumpi Island ) ၊ မကြုံ ကလက် ကျေးရွာနှင့် ညောင်ဝိကျေးရွာ တို့ ဖြစ်ကြ သည်။

အသက်မွေး ၀မ်းကြောင်း
=-=-=-=-=-=-=-=-=-=
ဆလုံ လူမျိုးများ သည် စိုက်ပျိုး ရေး၊ မွေးမြူရေး တို့ဖြင့် အသက်
မမွေး ရေ လုပ်ငန်း၊ ပုလဲ ငုပ်ခြင်း လုပ်ငန်း တို့ဖြင့် အသက် မွေး
ကြသည်။
ပင်လယ် ကမ်းခြေ တစ်လျှောက် လှေလှော် ခတ်ရင်း တစ်ကျွန်း မှ
တစ်ကျွန်း ကူးကာ နေထိုင် လေ့ ရှိသည်။ လှေလေး များကို ပေါ့ပါး
သော သစ်လုံး များဖြင့် ထွင်းယူ ကြသည်။
၎င်း လှေများ မှာ ပင်လယ် ခရီး အတွက် အဆင် ပြေ အသုံး၀င်
လှသည်။ အသုံး အဆောင်များ၊ အစာ ရေစာများ၊ ခွေး၊ ကြောင်၊
ကြက်များ ကိုလည်း တစ်ပါ တည်း လှေနှင့် အတူ တင်ယူ လာလေ့
ရှိကြ သည်။ ဆောင်း၊ နွေရာသီ များ တွင် ငါးဖမ်း ခြင်း၊ ရေထွက်
ပစ္စည်း ရောင်း၀ယ်ခြင်း တို့ဖြင့် အသက် မွေးကြ ပြီး မိုးရာသီ
ရာသီဥတု ဆိုးဝါး သည့် အခါ နီးစပ်ရာ ကျွန်းပေါ် တွင် ဝါးခြေ
တိုင် ရှည်တဲ များ ဖြင့် လည်းကောင်း၊ ဂူများရှာ ၍ လည်းကောင်း
နေထိုင်လေ့ ရှိသည်။ Sea Gypsy ဟူသော အမည် နှင့် လိုက်လျော
ညီထွေ စွာ ပင် သဘာ၀ ပင်လယ် ဘေး အန ္တရာယ် ကိုလည်း
ရှောင်တိမ်း တတ်ကြ သည်။

ရာသီဥတု ဆိုးဝါးစဉ် တောင်မှ မိမိနေ ထိုင်ရာ ကျွန်းဆီ အမြန်ဆုံး
ပြန်ရောက်အောင် သွားနိုင် ကြသည်။ ဆလုံ လူမျိုး တို့၏ ရေငုပ်
ပညာ ကျွမ်းကျင်မှု မှာ အံ့မခန်း ဖြစ်သည်။ ပင်လယ် ကြမ်းပြင် အထိ
ရေငုပ် နိုင်ပြီး ရေအောက် တွင် အောက်ဆီဂျင် အကူအညီ မပါပဲ
အချိန် အတော်ကြာ အနည်း ဆုံး တစ်နာရီ ခန့် နေနိုင် သည်။
တစ်ရက် တည်း ထိုကဲ့သို့ ရေငုပ်ခြင်း မျိုး အကြိမ်အ ရေ အတွက်
များများ လုပ်နိုင် သည်။ ပင်လယ် ခရု၊ ကမာ (မုတ်) ကောင်များ၊
ငါးကြီး အံဖတ်၊ ပင်လယ် ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊
ပရဆေးပင် များကို ရှာဖွေ စုဆောင်း ပြီး ရောင်းချ လေ့ ရှိသည်။

ကိုးကွယ် ယုံကြည်မှု နှင့် ဓလေ့စရိုက်
=-=-=-=-=-=-=-=-=-=-=-=-=-=
ဆလုံ လူမျိုးများ သည် အခြား လူမျိုး များနှင့် ရောရော နှောနှော
နေထိုင်လေ့ မရှိ ချေ။ ၎င်း တို့၏ လူ နေထိုင်မှု စနစ်မှာ မြို့ပြ
နေထိုင်မှု စနစ်နှင့် ကွာခြား လွန်း လှသည်။
သို့သော် လည်း သူ တို့၏ လူနေမှု စနစ်ကို ယုံကြည်စွာ တန်ဖိုး ထား
ထိန်းသိမ်း ကြသည်။ ဘာသာ တရားနှင့် ပတ်သက်၍လည်း၎င်းတို့၏
ကိုယ်ပိုင် ယုံကြည်မှု ကို လက်ကိုင် ထားကြ သည်။
နတ်ကောင်း နှင့် နတ်ဆိုး ဟူ၍ နတ် ဘုရား ကိုးကွယ်မှု နှစ်ခုရှိသည်။
နတ်ဆရာ သည် ၎င်း တို့၏ အခရာ ဖြစ်သည်။ ပျော်ပွဲ ရွှင်ပွဲ များ ကို
သာမက ဖျားနာ သည့် အခါ၊ တစ်ဦး တစ်ယောက် သေဆုံး သည့်
အခါတွင် နတ်ဆရာ ၏ ပြောဆိုမှု အတိုင်း စပါး၊ ပြောင်း၊ အရက်၊
ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ် လိပ် တို့ကို
ယဇ်ပူဇော်လေ့ ရှိသည်။
ပျော်ပွဲ ရွှင်ပွဲ များ တွင် တေး သီချင်းများ သီဆို တီးမှုတ် ပြီး မီးပုံ
ဖိုကာ ဝိုင်းဖွဲ့ ကခုန် ကြ သည်။ သူတို့၏ ဗုံတစ်မျိုး မှာ ပုတ်သင်ညို
သားရေ ဖြင့် ပြုလုပ် ထားသည်။ ဆလုံ လူမျိုး တို့၏ ဂီတ ပင် ကိုယ်
စွမ်းရည် မှာ ထက်မြက် ဆန်းကြယ် လှသည်။

ဘာသာ စကား
=-=-=-=-=-=-=
ဆလုံ တိုင်း ရင်းသားများ ပြောဆို သော စကား မှာ ( 4 ) မျိုး ရှိပြီး လောတ ( Lawta ) ၊ လဘီ ( Lbi ) ၊ ဂျအိ ( Jait ) ၊ ဒန်း ( Dung ) ဘာသာ စကား တို့ ဖြစ်ကြပြီး ထို လေးမျိုး တွင် ဒန်း ဘာသာ စကား သည် စံ ဘာသာ စကား (သို့) မူရင်း ဘာသာ စကား ဖြစ်ကြောင်း ကို Walter Grainge Whtie ဆိုသူ က The Sea Gypsies of Malaya စာအုပ် တွင် ဖော်ပြ ထားပေ သည်။ ဆလုံ ဘာသာ စကား နဲ့ ပါတ် သက် ပြီး ပညာရှင် တွေရဲ့ အယူ အဆ က ( 2 ) မျိုးကွဲ လျက် ရှိပေ သည်။ တစ်မျိုး မှာ ဆလုံ တို့သည် မလေး လူမျိုး အဆက် အနွယ် ဖြစ်သည် ဟူသော အဆို ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဆလုံ တိုင်းရင်းသား တို့ ပြောဆို သော စကား တွင် မလေး အခေါ် ဝေါ် များ ပါ၀င်နေ သော ကြောင့် ဖြစ်ပေ သည်။ နောက် တစ်မျိုး မှာ မွန် - ခမာ အနွယ် ဖြစ်သည် ဟူသော ယူဆချက် ဖြစ်သည်။ မြန်မာ ပြည် တောင် ပိုင်း၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ၊ ထိုင်း နိုင်ငံ တို့ဘက် မှ မြန်မာ ပြည် အတွင်း သို့ ၀င်ရောက် လာသော မွန် - ခမာ များ ထဲတွင် ဆလုံ တိုင်းရင်းသား များ သည် မွန်များ နဲ့ အတူ ၀င်ရောက် လာသည် ဟူ၍ လည်း ကောင်း၊ မွန် - ခမာ တို့၏ အပြော အဆို အသုံး အနှုန်း တို့သည် ဆလုံ တိုင်းရင်းသား တို့ ပြောဆို သော အသုံး နှုန်း နှင့် ဆင်သော ကြောင့် မွန် - ခမာ အနွယ် မှ ဆင်းလာ သည် ဟု ယူဆ ကြခြင်း ဖြစ်ပေ သည်။

ဆလုံ ဘာသာ စကား မျိုးရိုး နှင့် သမိုင်း ကြောင်း ကို ပြန်ကြည့် လျှင် မြန်မာ ပြည် တွင် တိဗက် တရုတ် မျိုးရိုး နှင့် သြစထရပ် မျိုးရိုး ဟူ၍ ဘာသာ စကား မျိုးရိုးကြီး နှစ်ခု ရှိရာ ဆလုံ ဘာသာ စကား သည် သြစထရစ် မျိုးရိုး တွင် ပါ၀င် ပေသည်။ သြစထရစ် မျိုးရိုး သည် တိဗက် တရုတ် မျိုးရိုး ထက် ရှေးကျ သော ဘာသာ စကား တစ်ခု ဖြစ်ပေ သည်။ သြစထရစ် ဘာသာ စကား ကို ပြောဆိုသော လူမျိုး များ ထံမှ တရုတ် တိဗက် ဘာသာ စကား ပြောဆို သော လူမျိုးများ က အတက် ပညာများ ကို သင်ကြား ခဲ့ရ ပေသည်။ သို့ဖြစ်၍ မွန် တို့ထံမှ ဗမာ တို့က သင်ကြား ခဲ့ရ သည်။ ခမာ တို့ ထံမှ ရှမ်း တို့က သင်ကြား ခဲ့ရ လေသည် ဟု ဦးဖေမောင်တင် ရေးသား သော ဘာသာ လောက ကျမ်း တွင် တွေ့ရှိ ရပါ သည်။

သြစထရစ် ဘာသာ စကား မျိုးရိုး ကြီး တွင် သြစထရို နီရှန်း ခေါ် ပင်လယ်ပိုင်း တွင် ပြောသော စကား နဲ့ သြစထရို အေရှ တစ် ဟု ခေါ်သော ကုန်းပိုင်း တွင် ပြောသော စကား ဟူ၍ နှစ်မျိုး ရှိပေရာ ဆလုံ တိုင်းရင်း သား ဘာသာ စကား သည် သြစထရို နီရှန်း အုပ်စု တွင် ပါ၀င် ပေ သည်။ သြစထရို နီရှန်း ဘာသာ စကား ကို ပြောဆို သော လူမျိုး မှာ တောင်ဘက်စွန်း ရှိ ကျွန်းများ တွင် နေထိုင် သော မော်ကင်း ခေါ် ဆလုံ တိုင်းရင်း သားများ နှင့် ပသျှူး တိုင်းရင်း သား တို့ ဖြစ်ကြ သည်။

စာပေ
=-=-=
စာပေ အနေဖြင့် လေ့လာ ကြည့်လျှင် ဆလုံ တိုင်းရင်းများ တွင် ကိုယ်ပိုင် စာပေ မရှိ ချေ။ 1846 ခုနှစ် တွင် ဒေါက်တာ ဘရေတန် က လည်းကောင်း ၊ 1900 ပြည့် နှစ် တွင် ခရစ်ယာန် သာသနာပြု ဆရာမ ကြီး ဒေါက်တာ ဒေစီ အဖွဲ့ က လည်းကောင်း ၊ 1988 ခုနှစ် တွင် ခရစ်ယာန် သာသနာ ပြု ဆရာမ ကြီး နော်ဆေးဘေ နှင့် နော်ဖိုးလေ တို့က လည်းကောင်း အင်္ဂလိပ် အက္ခရာ ၊ ပိုး ကရင် အက္ခရာ တို့ဖြင့် ဆလုံ စာပေ ကို တီထွင် ပေးခဲ့ ကြသည်။ ( 19 ) ရာစု နှစ်ဦး ပိုင်း တွင်လည်း အမေရိကန် နှစ်ချင်း ခရစ်ယာန် သာသနာ ပြု မစ္စတာ စတီဗင် ( Mr. Stevens ) ဆိုသူ က ရောမ အက္ခရာ များ ကို အသုံးပြု ကာ စာပေ တီထွင် ပေးခဲ့ပြီး ခေါင်းစဉ် မှာ A Primer of the Salone Language ဖြစ်ပေ သည်။ ၄င်း စာအုပ် မှာ ဖတ် စာအုပ် ငယ် ဖြစ်ပြီး အတော် အတန် ပင် ပြည့်စုံမှု ရှိ ကြောင်း၊ ယခု အခါ ရှာဖွေ၍ မရတော့ ကြောင်း သိရ ပေသည်။

ဆလုံ တိုင်းရင်းသား တို့သည် စာပေ သင်ကြား ခြင်း ထက် ပင်လယ် လုပ်ငန်းခွင် သို့သာ ၀င်ရောက် လုပ် ကိုင် လိုစိတ် ပြင်းပြ သောကြောင့် ယခု အချိန် အထိ စာပေ ဟူ၍ တိကျ ခိုင်မာစွာ ပေါ်ထွက် လာခြင်း မရှိသေး ချေ။ ဆလုံ တိုင်းရင်းသား တို့ ပြောသော ဘာသာ စကား လေးမျိုး အနက် မလေး နှင့် အဆက် သွယ် ရှိသော လူမျိုး များ က လောတ ၊ လန်းပိကျွန်း နှင့် ဘုတ်ပြင်း မြို့နယ် တွင် နေထိုင်ကြသော ဆလုံ တိုင်းရင်း သား များ က ဂျအိ စကား ကို ပြောဆို ကြပေ သည်။ မြိတ် ခရိုင် အတွင်း မှာ နေထိုင် ကြတဲ့ ဆလုံ တိုင်းရင်းသား တွေ က ဒန်း ဘာသာ စကား ကို ပြောဆို ကြပြီး ကော့သောင်း ခရိုင် ကျွန်းစုများ အတွင်း မှာ နေထိုင် ကြသူများ ကတော့ လဘီ ဘာသာ စကား ကို ပြောဆို နေထိုင် လျက်ရှိ ကြ ပေသည်။

ဆလုံ တိုင်းရင်းသား တို့၏ မွေးဖွားခြင်း အစ
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
(၁၉၆၄) ခုနှစ် က မှတ်သား တွေ့ရှိချက် များ အရ ဆလုံ တိုင်းရင်းသား တို့သည် စတင် မွေးဖွား သည့် ကလေးငယ် များ ကို ချက်ကြိုး ဖြတ်ပြီး သည် နှင့် ရေ ထဲသို့ နှစ်စက္ကန့် ခန့် ရေထဲ မြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ် ခန့် ပြုလုပ် ပါသည်။ သူတို့ အယူ အဆ မှာ မွေးစ ကလေး ငယ် ရေ ကို ကျွမ်းကျင် စေရန်၊ မကြောက် စေရန် ဖြစ်သည် ဟု ဆို၏။ ထိုသို့ လွဲမှားသော အယူအဆ ကြောင့် တစ်ချို့ ကလေး ငယ်များ မှာ မွေးစ ကပင် သေဆုံး သွားကြ ပါသည်။ ဤကား ယခင် က အဖြစ် အပျက်။ ယခု အချိန် တွင်မူ ဆလုံ တိုင်းရင်းသား တို့ ခေတ်မီ လာသည် ဟု ဆိုရ ပါမည်။ မွေးစ ကလေးငယ် ကို ရေထဲ တွင် မနှစ်ကြ တော့။ ကိုယ်၀န်ဆောင် ကို မွေးဖွား ပေးသည့် လက်သည် မှာ သူတို့ ဆလုံ အမျိုး သမီး အချင်းချင်း ပင် ဖြစ်ပါ သည်။ သို့သော် လည်း ယခု အခါ ခက်ခဲ သည့် မွေးဖွား မှုများ ကို သူနာပြု ဆရာမ နှင့် မွေးလေ့ မွေးထ ရှိလာ ကြ ပါပြီ။

ဆလုံ တို့၏ ကျန်းမာရေး
=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်သား တို့သည် အစစ အရာရာ တွင် နတ် ဆရာ ကိုသာ အားကိုး ကြသည်။ တစ်စုံ တစ်ယောက် နေမကောင်း လျှင် သူတို့၏ အယူ အဆ မှာ နတ်ဖမ်းစား သည် ဟု အများအား ဖြင့် ယူဆ ကြသည်။ နတ် ဆရာ နှင့် တိုင်ပင် ၍ ပူဇော် ပသ၊ ကိုးကွယ် တင်မြှောက် ခြင်းများ ပြုလုပ် လေ့ရှိ ကြပါ သည်။ သို့သော် လည်း ယခု ချိန်ခါ တွင် အချို့ တိုင်းရင်းသား ဆလုံ တို့မှာ ခေတ်မီ လာသည် ဟု ဆိုရ ပါမည်။ နေထိုင် မကောင်း ဖြစ်သော သူများ ကို ဆရာ၀န် နှင့် ဆေးခန်း သို့ ပြသ ကုသ လာကြ ပါသည်။ တစ်ဖက် ကလည်း သူတို့ အစွဲ ဖြစ်နေ သည့် နတ် ဆရာ နှင့် ပူဇော် ပသခြင်း ကိုလည်း လုပ်မြဲ လုပ်ကြ ပါသည်။ ဆလုံ အများစု တွင် ဖြစ်ပွား တတ်သည့် ရောဂါ မှာ ငှက်ဖျား စွဲခြင်း နှင့် အာဟာရ ချို့တဲ့ ခြင်း များ ပင် ဖြစ်ပါသည်။

၀တ်စား ဆင်ယင်ခြင်း
=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် မွေးကင်းစ ကလေး အရွယ်မှ ငါးနှစ် ခြောက်နှစ် အရွယ်အထိ ယခင်က အ၀တ် အစား ၀တ်လေ့ ၀တ်ထ မရှိ သော်လည်း ယခု အခါ အ၀တ် အစား ဆင်ယင် လာကြ ပါသည်။ အမျိုး သမီးများ မှာ သူတို့ ဓလေ့ အရ အပေါ် ပိုင်း၊ အောက်ပိုင်း လုံလုံ ခြုံခြုံ ၀တ်ဆင် သည် ဆိုသော် လည်း ၊ အချို့မှာ အိမ်ထောင် ကျသည် နှင့် အပေါ်ပိုင်း ဗလာ ကျင်း နေတတ် ကြပါ သည်။ သို့သော် လည်း ယခု အခါ တွင်မူ အိုမင်း သော အဘွား အရွယ်များ မှ လွဲ၍ အမျိုး သမီး အများစု မှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံ ခြုံခြုံ ၀တ်ဆင် လာကြ ပေပြီ။ ဆလုံ အမျိုးသား တို့မှာ များသော အားဖြင့် ယခင်က အောက်ပိုင်း တွင် လုံချည် (သို့မဟုတ်) ဘောင်းဘီ တို နှင့် နေပြီး အပေါ် ပိုင်း ဗလာ ကျင်း နေတတ် သည့် သဘာ၀ ရှိပါ သည်။ သူတို့ ဓလေ့ အရ တော်ရုံ တန်ရုံ လည်း ဖျားနာ ခြင်း မရှိကြ ပါ။ ခံနိုင်ရည် ရှိသော လူမျိုး ပင် ဖြစ်ပါ သည်။ သို့သော် လည်း ယခု အခါ သူတို့ လည်း အပေါ်ပိုင်း အင်္ကျီ များ၊ များသော အားဖြင့် ၀တ်ဆင် လာကြ ပေပြီ။ ဆလုံ တိုင်းရင်းသား တို့သည် ပင်လယ် နှင့် အနီး အနား တွင် နေ၍ လား မသိ၊ သူတို့၏ အ သား အရောင်မှာ ညိုရောင် သန်း ပါသည်။ ယခု အခါ ဆလုံ တိုင်းရင်း သား တို့မှာ ခေတ်မီ လာသည့် အလျောက် ယိုးဒယား နိုင်ငံမှ ရောက်လာ သော အ၀တ် အစား၊ ပါတိတ်။ တီရှပ် တို့ဖြင့် သစ်သစ် လွင်လွင် တောက်တောက် ပပ ဖြစ်လာ လေပြီ။ ယခင် က ဖြစ်သလို နေခဲ့ သော်လည်း ယခု အခါ သားသား နားနား ၀တ်ဆင် လာကြ ပေပြီ။

အစား အသောက်
=-=-=-=-=-=-=
ဆလုံ တို့သည် ပင်လယ် ထဲတွင် အတည် တကျ မနေ ဘဲ ရေကြည် ရာ မြက်နုရာ သို့ သွားလာ လုပ်ကိုင် နေထိုင် ကြသည့် အလျောက် ပင်လယ် ပျော်များ ဖြစ်သည့် အားလျော် စွာ သူတို့စားသောက် ကြသည် မှာ များသော အားဖြင့် ပင်လယ် အစား အစာ များ ဖြစ်ပါ သည်။ ပင်လယ် ကျွန်းစု၊ ကျောက်ဆောင် များ တွင် တွယ်ကပ် လျက် ရှိသော ဂုံး (ခရု တစ်မျိုး အထဲ တွင် ရှိသည်) ဟု ခေါ်သည့် တငို ကို ခွာ ၍ အထဲ မှ ခရု သဖွယ် အရာ ကို ချက်ပြုတ် စားသောက် ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင် ရှိသော လင်းနို့၊ လင်းဆွဲ များကို တုတ်ရှည် ဖြင့် ရိုက်ချ ကာ ခုတ်ထစ် ဖြတ်တောက် ၍ လည်း ချက်ပြုတ် သုံးဆောင် ကြ ပါသည်။

သူတို့ သည် စားသုံး ဆီ သုံးစွဲမှု နည်း သူများ ဖြစ်သည့် အလျှောက် တစ်လ လုံး တွင် မိသားစု (၆) ယောက် အတွက် ဆီ (၂၀) ကျပ်သား ခန့်သာ ကုန် ပါသည်။ ထို့ကြောင့် ဆလုံ အများစု တွင် သွေးတိုး ရောဂါ မရှိကြ ပါ။ ဆလုံ တိုင်းရင်း သား တို့သည် ပျားအုံ ဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင် သူများ ပင် ဖြစ်သည်။ သစ်ပင် အမြင့် ပေါ် တွင် စွဲကပ် နေသော ပျားအုံ ကို အုန်းလက် မီးတုတ် ဖြင့် ရိုက်ချကာ ပျားအုံ မှ ပျားရည် ကို ခံယူ ကြပါ သည်။ ပျားသလက် နှင့် ပျားပေါက်စ တို့ကို လည်း ချက်ချင်း ပင် လတ်လတ် ဆတ်ဆတ် စားသုံး ကြ ပါသည်။ ဆလုံ တို့၏ သဘာ၀ မှာ စားသောက် ရာ တွင်လည်း သူတို့ ရိုးရာ လှေပေါ် တွင် မိသားစု အားလုံး သိုက်သိုက် ၀န်း၀န်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက် ကြ ပါသည်။

ဆလုံ တိုင်းရင်းသား တို့ စားသုံး သည့် အရွက် များ ဖြစ်သော ဆလုံ မုန်လာ၊ ဆလုံ မုန်ညင်း၊ ဆလုံ ကန်စွန်း တို့မှာ အရွက် အသား ထူသည်မှ လွဲ ၍ မြေပြန့် က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်း တို့နှင့် အတော် ဆင်တူ ပါသည်။ ထို အရွက် တို့မှာလည်း ဆလုံ ဒေသ တောတောင် ထဲတွင် အလေ့ ကျ ပေါက်နေ ကြခြင်း ပင်။ ကျွန်တော် တွေ့ဖူး သည့် ဆလုံ ကွမ်း( ကွမ်းယာ အတွက် လိုအပ် သော ကွမ်း) မှာလည်း အရွက် အသား ပိုထူ ကာ အလေ့ ကျ ပေါက်နေ ခြင်း ပင် ဖြစ်ပါသည်။ ဆလုံ တစ်ချို့ လည်း ကွမ်းစား တတ်ကြ သည် ကို ကျွန်တော် တွေ့ဖူး ပါသည်။

အလုပ် အကိုင်
=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့ အလုပ် လုပ်ကိုင်ရာ တွင် အားလုံး စုပေါင်း ဝိုင်း၀န်း ၍ လုပ်ဆောင် လေ့ ရှိကြ သည်။ တောထဲ တွင် ရှိသော သစ်ပင် ကြီး များ ကို သူတို့၏ စုပေါင်း စွမ်းအား ဖြင့် ခုတ်လှဲ ပါသည်။ လှေထွင်း ပါ သည်။ ထို ကြီးမားသော သစ်ထွင်း လှေ ကို ပင်လယ် ကမ်းခြေ ဆီသို့ သယ်ဆောင် ထုတ်ယူ သည်မှာ လည်း အလွန် စနစ် ကျကာ အားကျ ဖွယ်ရာ ကောင်း ပါသည်။ ပင်လယ် ကမ်းစပ် နေရာ များ တွင် ပေါက်ရောက် လေ့ ရှိသော ရင်ကမ်း ပင်မှ ရင်ကမ်း အလက် များကို တစ်စု နှင့် တစ်စု စီစီ ညီညီ ထပ်ကာ ပြုလုပ် ထားသော ရင်ကမ်း လှေမှာ အလွန်ပင် လက်ရာ မြောက်လှ ပါသည်။ ထိုရင် ကမ်းလှေ တွင် သံချက် ဆို၍ တစ်ချက်မျှ မပါ၊ ကြိမ်ဖြင့် သာ ရစ်ပတ် ခြင်း ၊ ကွပ်ခြင်း ပြုလုပ် ထားသည် မှာ ခ်ိုင်ခန့် လှ ပါသည်။ စိစပ် လှ ပါသည်။ ရေတစ်စက် မျှ လှေ၀န်း ထဲသို့ မ၀င် ပါ။ သူတို့ ၏ ကျွမ်းကျင်မှု ကြောင့် လှိုင်း လေလာ လည်း ကြောက် လန့် မှု မရှိ ကြပါ။ သို့သော် လည်း လှိုင်းလေ များ အလွန် ပြင်းထန်စွာ တိုက်ခတ် လာသော အခါ သူတို့ သည် ကမ်းခြေ များ၊ လေကွယ်ရာ ကျွန်းစု များ တွင် စုပေါင်း ၍ နေထိုင်လေ့ ရှိကြ ပါ သည်။

ဆလုံ တိုင်းရင်းသား တို့၏ အလုပ် အကိုင် ကို ဖော်ပြ ရလျှင် ငါးဖမ်း ခြင်း၊ ပုလဲ ငုပ်ခြင်း၊ ပင်လယ် မျှော့ ငုပ်ခြင်း၊ ကနု ကမာ၊ ငှက်သိုက် ရှာဖွေခြင်း၊ ပျားဖွတ် ခြင်း၊ ရှာခြင်း၊ ရေ နှင့် ပါတ်သက်သော လုပ်ငန်း အ၀၀ ကို ကျွမ်းကျင် စွာ လုပ်ကိုင် နိုင်သော တိုင်းရင်းသား များ ပင် ဖြစ်ပါ သည်။ ကျောက်ကြို ကျောက်ကြား ထဲသို့ နှစ်ခွစူး၊ မှိန်းတံ ရှည်နှင့် ငါးထိုး နေသော ကလေး ငယ်များ ကိုလည်း ကျွန်တော် မြင်ဖူး ပါသည်။ ယခု အခါ ခေတ်မီ လာသော ဆလုံ တို့မှာ ရေငုပ် မျက်မှန် အကောင်း စား နှင့် အောက်စီဂျင် အသက်ရှူ ဘူး တို့ဖြင့် ရေငုပ် ကာ ပုလဲ ရှာနေ ကြပြီ၊ ပင်လယ် မျှော့ ရှာနေ ကြပြီ ဖြစ်ပါ သည်။

ထိမ်းမြား လက်ထပ်ခြင်း
=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွား လျှင် မွေးဖွား လာလျှင် မွေးဖွားစ ကလေး အတွက် နတ်ဆရာ နှင့် နတ် ကိုးကွယ် ကြသည်။ သေဆုံး သွား လျှင် လည်း သေဆုံး သူ ကောင်းရာ မွန်ရာ ရောက်အောင် နတ် ဆရာနှင့် ပူဇော် ပသ လေ့ ရှိသည်။ ထိုနည်း တူစွာ သတိုးသား နှင့် သတိုး သမီး ထိမ်းမြား လက်ထပ်ပွဲ တွင်လည်း နတ် ဆရာနှင့် ရိုးရာ နတ်ကို ပူဇော် ပသမှု ပြုမှသာ လျှင် လင်မယား အရာ မြောက် သည်ဟု ဆလုံ တို့က ယူဆ ပါသည်။ ဆလုံ တိုင်းရင်းသား တို့သည် ငယ်ရွယ် စဉ် ကပင် အိမ်ထောင်ပြု သူများ ဖြစ်သည့် အားလျော် စွာ အသက် (၁၇)၊ (၁၈) နှစ်ခန့်တွင် အိမ်ထောင် ပြုလေ့ ရှိပါ သည်။ အမျိုးသား တစ်ယောက် သည် အမျိုးသမီး တစ်ယောက် ကို သဘော ကျ နှစ်သက် သော အခါ အမျိုး သမီး မိဘ များ ထံ သွား၍ တောင်းရမ်း ရပါ သည်။ ထိုသို့ တောင်းရမ်း စဉ် အမျိုးသား နှင့် အတူ မိဘ (၂) ပါး ပါရ သည်။ ဆလုံ တို့၏ အကြီး အကဲ ပါရ သည်။ အမျိုး သမီး ဘက်က လက်ခံသော အခါ မင်္ဂလာ ပွဲ ရက်ကို နေ့ သတ်မှတ် ၍ နတ် ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာ များ ကို စီမံ ပြင်ဆင် ကြ ပါသည်။

သူတို့၏ အစား အသောက် များကား အထူး အဆန်း မဟုတ်ပါ။ ငါးကင် များ၊ ဆီနည်းနည်း ဖြင့် ကြော် ထားသော လင်းနို့ ကြော်၊ လင်းဆွဲ ကြော်၊ အူ အသည်း များ ထုတ်ထား သော ကြက်ကောင် လုံးပြုတ်၊ ကြက်ကောင် လုံးကင်၊ တစ်ခါ တစ်ရံ ရတတ်သော သင်းခွေချပ် ကြော်၊ မျောက် သား ကြော်နှင့် ပျားရည်၊ အရက် တို့ပင် ဖြစ်ပါ သည်။ မျောက် ချေးခါး ကိုလည်း ဆလုံ တို့ စားလေ့ စားထ ရှိပါ သည်။ မင်္ဂလာ အခမ်း အနား ကျင်းပ သည့် နေ့ရက် တွင် တစ်စု တစ်ဝေး တည်း နေကြ သည့် ဆလုံ တို့မှာ မည်သည့် ကိုယ်ရေး ကိုယ်တာ အလုပ် ကိုမျှ မလုပ် ဘဲ မင်္ဂလာပွဲ အတွက်သာ အားလုံး ဝိုင်း၀န်း လုပ်ဆောင် ချက်ပြုတ် ကြ ပါသည်။ နံနက် (၉) နာရီ ခန့်တွင် ဆလုံ နတ် ဆရာ ရောက်လာ ပါသည်။ သူ့ လက်ထဲ တွင် ပလွေ ကဲ့သို့သော တူရိယာ လေး တစ်ခု ပါလာ ပါသည်။

ဆလုံ မင်္ဂလာ ပွဲ ကို များသော အားဖြင့် ပင်လယ် ကမ်းစပ် သဲသောင်ပြင် တွင် ကျင်းပ လေ့ ရှိပါ သည်။ ဆလုံ နတ်ဆရာ တစ်ယောက် မင်္ဂလာ ပွဲ သို့ ရောက်ရှိ လာချိန် တွင် နတ် ပူဇော်ပွဲ အတွက် အစား အသောက်များ ပြင်ဆင် ပြီး အဆင်သင့် ဖြစ်နေ ပါပြီ။ နတ် ဆရာ သည် ရှေး ဦးစွာ သူ တို့၏ ဆလုံ ရိုးရာ နတ်ကို လက် နှစ်ဖက် ခေါင်းပေါ် မြှောက်ကာ အပေါ် အောက် လှုပ်ရှား လျက် ပလွေ မှုတ်ကာ ပင့်ဖိတ် ပါသည်။ ပြီးနောက် လက်ထပ် မည့် အမျိုးသား၊ အမျိုး သမီး လက် လေးဖက် ကို ပူးယှက် စေကာ သူတို့ လက်ပေါ် သို့ နတ်ဆရာ ၏ လက်ဝါး နှစ်ဖက် ကို အုပ်မိုး လိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာ ဖြင့် ဤ မင်္ဂလာ မောင်မယ် ကို ရာသက် ပန် စောင့်ရှောက် စေလို ကြောင်း သူ တို့၏ ကျန်းမာ ရေး အတွက် သူတို့ အလုပ် အကိုင် အတွက် အကူ အညီ များ ပေးစေ လိုကြောင်း တိုင်တည် ပြောဆို ပါသည်။ သတိုး သား နှင့် သတိုး သမီး ကို လည်း ရာသက် ပန် ရိုးရာ ရိုးမြေကျ ပေါင်းဖေါ် မည့် အကြောင်း ရိုးရာ နတ်ထံ လက်လေး ဖက် မြှောက်ကာ တိုင်တည် စေ ပါ သည်။

ဆလုံ တိုင်းရင်းသား တို့သည် တစ်လင် တစ်မယား စနစ် ကိုသာ ကျင့်သုံး သော သူများ ဖြစ်ပါ သည်။ သူတို့ လောက တွင် အိမ်ထောင် ရေး ဖောက်ပြန်မှု ကို လုံး၀ လက်မခံ ချေ။ အိမ်ထောင် ရေး ဖောက်ပြန် သူများ ကို သူတို့ အစု အဝေးမှ ရာသက်ပန် နှင်ထုတ် ကာ သူ တို့ နှင့် လုံး၀ အဆက် အသွယ် မလုပ် တော့ပါ။ သူတို့ သည် အစု အဝေး နှင့် နေတတ် သည့် အားလျော်စွာ ထို ကဲ့သို့ အပြစ် ဒဏ်မျိုး ကို အလွန် ပင် ကြောက်ရွံ့ ကြ ပါသည်။ သူတို့သည် အိမ်ထောင် ကျသော အခါ သူတို့ အတွက် (မင်္ဂလာ မောင်မယ် အတွက်) ရိုးရာ လှေ တစ်စီး၊ ငါးဖမ်း ပိုက် တစ်စုံ နှင့် ငါးဖမ်း ကိရိယာ အချို့ကို လက်ဖွဲ့ လိုက် ပါသည်။ ဇနီး မောင်နှံ နှစ်ယောက် ဒိုးတူ ပေါင်ဖက် လုပ်ကိုင် စားသောက် ကြတော့ ဟု ဆိုလို သည့် သဘော ပင်။ သို့သော် ဇနီး မောင်နှံ နှစ်ယောက် မှာ အဝေး သို့သွားစရာ မလို၊ သည် အစု အဝေး မှာပင် နေထိုင် စေပါ သည်။ ဆလုံ တို့၏ မင်္ဂလာ ပွဲ ကပွဲ ကား တစ် နာရီင်္ ခန့် ကြာမြင့် ပါသည်။

ဆလုံ ရိုးရာ နတ်ပွဲများ
=-=-=-=-=-=-=-=
ဆလုံ ရိုးရာ နတ်ပွဲများ တွင် နတ် ဆရာ သည် နတ်ကို တိုင်တည် ပူဇော်ပြီး နောက် နတ်ပူး လာပြီး နတ်၀င် လာသည် ဟု ဆိုကာ တုန်တက် လာပါ သည်။ ပြီးနောက် အရက် သောက်ပါ သည်။ ငါးကင်၊ ကြက် ကောင်လုံးကင်၊ အစား အသောက် များ စားပါ သည်။ ပြီးနောက် နတ် ဆရာ တုန်တုန် ယင်ယင်ဖြင့် ကပါ သည်။ ပရိသတ် ကလည်း လိုက်က ပါသည်။ နတ် ဆရာ နတ်၀င် သည်မှာ နာရီ၀က် ခန့်သာ ကြာ ပါသည်။ နတ် ဆရာ ထံမှ နတ်ထွက် သွားသော အခါ တုန်တုန် ယင်ယင် အမူအရာ များ ပျောက်ကွယ် သွား ပါသည်။

တစ္ဆေကြီး ပွဲ
=-=-=-=-=
တစ္ဆေကြီး ပွဲ ဆိုသည် မှာ အခြား မဟုတ်ပါ။ သေဆုံး သူများ ကို ကျွေးမွေး သည့် ပွဲပင် ဖြစ်ပါ သည်။ ဆလုံ တိုင်းရင်းသား တို့၏ အယူ အဆ မှာ သေဆုံး သွားသူ တို့သည် ကောင်းရာ မွန်ရာ ရောက်သူ ရှိသကဲ့ သို့ တစ်ချို့ မှာ တစ္ဆေ၊ သရဲ ဖြစ်နေ သည်ဟု ယုံကြည် ကြသည်။ ထို တစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေ သည်ကို မလိုလား သဖြင့် တစ်နှစ် တစ်ခါ သူတို့ ရှိရာ သင်္ချိုင်း သို့သွား၍ သူတို့ကို ပင့်ဖိတ် ကာ ကျွေးမွေး ခြင်း ပင် ဖြစ်သည်။ ဆလုံ တို့သည် သေဆုံးသူ များကို ကျွန်းတစ်ကျွန်း တွင် မြှပ်နှံ သင်္ဂြိုဟ် လေ့ ရှိပါ သည်။ ထိုသင်္ချိုင်း တွင် တစ်နှစ် တစ်ခါ ( နှစ်စဉ် ဇန်နဝါရီ လ ) ကျင်းပ သော တစ္ဆေပွဲ ကြီး တွင် ထုံးစံ အတိုင်း မပါမဖြစ် သည်မှာ ရိုးရာ နတ် ဆရာ နှင့် နတ်ပွဲပင် ဖြစ်ပါ သည်။ နတ် ဆရာ က ရိုးရာနတ် ကို ပင့်ဖိတ်ပြီး လျှင် အစား အသောက် များနှင့် ပူဇော် ပသ လေသည်။ သေဆုံး သူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေး လေသည်။ ပြီးနောက် နတ်ဆရာ က တုန်တုန် ယင်ယင် နှင့် ကွေးနေ အောင် ကပါ တော့သည်။ ပရိသတ် များ ကလည်း ဗုံတီး ပြီး ကကြ ပါသည်။ သူတို့ အကမှာ အာဖရိက လူရိုင်း အက များနှင့် အတော် ပင် ဆင်တူ ပါသည်။ အရက် သောက်ထားပြီး သွေးကြွ နေတာ လည်း ပါပါ လိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ် သောင်စပ် မှပင် ကနေ ကြသူ အများ သား။ မည်သို့ပင် ဆိုစေ ဆလုံ တိုင်းရင်းသား တို့၏ ဤ ဓလေ့ မှာ လည်း ချစ်စရာ ပင် မဟုတ်ပါ လော။

ဆလုံ ရိုးရာ လှေကို လွန်းတင်ခြင်း
=-=-=-=-=-=-=-=-=-=-=-=-=
ဆလုံ တိုင်းရင်းသား တို့သည် သူတို့၏ သစ်ထွင်း လှေနှင့် စက်တပ် လှေများ ကို တစ်နှစ် တစ်ခါ မှန်မှန် လွန်းတင် လေ့ ရှိပါ သည်။ ပင်လယ် သဲသောင်ပြင် ၀ယ် လွန်းတင် ရန် ပြင်ဆင် ထားသည့် ရိုးရာ လှေမှ ပေါက်ပြဲ နေသည့်နေရာများ ကို မီးတုတ် ဖြင့် ရှို့ လိုက်သော အခါ မကောင်း သည့် ပုန်းညက် များ ကွာကျ လာ ပါသည်။ မီးတုတ် မှာ အုန်းလက် ဖြင့် မီးရှို့ ထားခြင်း ဖြစ်ပါသည်။ ပေါက်ပြဲ ယိုစိမ့် ကျနေ သည့် ပုန်းညက် အဟောင်း နေရာ တွင် ပုန်းညက် အသစ် ဖြင့် ဖာထေး ပါသည်။ သူတို့သည် လှေ ကို လွန်းတင် ရာ တွင် စုပေါင်း လုပ်ဆောင် ကြ သဖြင့် မည်မျှ ပင် ကြီးသည့် လှေ ဖြစ်စေ ကာမူ အများ ဆုံး လုပ်ရ ပါလျှင် ငါးရက် ခန့်သာ ကြာမြင့် ပါသည်။ ရင်ကမ်း လှေ ကို လွန်းတင်ရာ တွင် အခြား လှေနှင့် စာလျှင် သက်သာ ပါသည်။ လိုအပ် သော နေရာ တွင် ပုန်းညက် အသစ် ဖြင့် ဖာထေး ခြင်း ပင် ဖြစ်ပါ သည်။

ဆလုံ တိုင်းရင်းသား တို့မှာ ယောက်ျားလေး ရော၊ မိန်းကလေး ပါ အသက် (၁၀) နှစ်ခန့်တွင် ရေ နှင့် ပါတ်သက် ၍ အစစ အရာရာ အလွန် ကျွမ်းကျင် နေကြ လေပြီ။ ထိုစဉ် က ကျွန်တော့် မျက်စိ ရှေ့တွင် ပင် (၁၀) နှစ်သား ခန့် ရှိသော ဆလုံ ယောက်ျား လေး မှာ ခက်ရင်း စူးခွ မှိန်းတံရှည် ကို ကိုင်ဆောင် လျက် (၁၅) ပေခန့် နက်သော ပင်လယ်ရေ ထဲသို့ လှေပေါ် မှ ပလုံ ကနဲ ခုံဆင်း လိုက်သည် မှာ (၁၀) မိနစ် ခန့်ပင် မကြာ လိုက်ပါ။ သူပြန် တက် လာသော အခါ လက် ထဲတွင် (၂) ပေခန့်ရှိသော ငါးမန်းဖြူ တစ်ကောင် ပါလာ သည် ကို တွေ့ရ သဖြင့် ကျွန်တော် မှာ လွန်စွာ ပင် အံ့သြ သွားပါ သည်။ မနက်ပိုင်း ကလည်း ထိုနည်း တူစွာ ငါးလိပ် ကျောက် (လိပ်ပုံ သဏ္ဍန် ငါးပြားကြီး) တစ်ကောင် ကို ရခဲ့ ကြောင်း၊ ထို သူငယ် က လက်ဟန် ခြေဟန် ဖြင့် ကျွန်တော့် ကို ပြောပြပါ သေးသည်။

ဆလုံတို့သည် လူကြီး လူငယ် မရွေး အအား မနေဘဲ အမြဲ တစေ အလုပ်လုပ် နေသော လူမျိုး ပင် ဖြစ်ပါ သည်။ လွတ်လပ်မှု ကို မြတ်နိုး ကာ တစ်ခု မဟုတ် တစ်ခု အလုပ် လုပ်နေ သော တိုင်းရင်း သားများ ပင်။ များသော အားဖြင့် သူတို့ သည် လက်ထဲ တွင် ခက်ရင်း စူးခွ မှိန်းတံရှည် ကို ကိုင်ဆောင် ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြား အောက် ရှိ ငါးမျိုးစုံ တို့ကို ထိူးယူ ဖမ်းဆီး ကြ ပါသည်။ ဟိုစဉ် က ဆလုံ တိုင်းရင်းသား တို့ ငါးဖမ်း သည် ဆိုသည်မှာ ငါးဖမ်း ပိုက်များ ဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါ သည်။ သို့သော် ယခု အခါ တွင်မူ ငါးဖမ်း ပိုက် အမျိုးမျိုး ဖြင့် အတော် များများ ဖမ်းဆီး လာကြ ပါသည်။ သူတို့ ဘ၀ မှာ ယခင်က ဖမ်းယူ ရရှိ ငါးများ နှင့် ရေငုပ် ၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်း ချရာ တွင် စျေးနှိမ် ခြင်း ခံရ သော်လည်း ယခု အခါ ထိုက်ထိုက် တန်တန် စျေးမှန်၊ အလေးမှန် ရရှိ ခဲ့ ပါပြီ။ ဖဲရိုက် ကာ ကက်ဆက် နားထောင် နေကြ သော ဆလုံများ၊ ရွှေ ဆွဲကြိုး တ၀င်း၀င်း နှင့် ဆလုံ များ၊ ခြင်းလုံး ခတ်ကာ အပန်းဖြေ နေကြ သော ဆလုံ ကလေး ငယ်များ၊ ဘာပဲ ပြောပြော ဆလုံ တိုင်းရင်းသား တို့ လူနေမှု ဘ၀ တိုးတက် ဖွံ့ဖြိုး လာခဲ့ သည်မှာ အမှန် ပင် ဖြစ်ပါသည်။

Moken Sea Gypsies Community မှမူရင်းေ၇းသားသူအား credit ပေးပါသည်

Want your business to be the top-listed Travel Agency in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Address

Seik-nge Jetty
Myeik
60202

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00