Myanmar G
WELCOME to G-SHOCK.
Video Editing
Night Scene
INSTA360
ACE PRO2
Leica
➡️ KYAW GYI fashion House
အောင်မဂ်လာ (တိုးချဲ့ဈေး) ၊ မြိတ်မြို့
09778418101, 09450112258
18+
အားပေးကြတဲ့ တစ်ယောက်ခြင်းစီကို
KYAW GYI fashion House မှ
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ကျန်မာချမ်းသာတဲ့ မင်္ဂလာနှစ်သစ်
2026 ဖြစ်ကြပါစေရှင် 🙏🙏🙏
➡️ KYAW GYI fashion House
အောင်မဂ်လာ (တိုးချဲ့ဈေး) ၊ မြိတ်မြို့
09778418101, 09450112258
“အတုလသီရိ” ရှင်သာလျှောင်း ရုပ်ပွားတော်မြတ်ကြီး
မြိတ်မြို့ရဲ့ တဖက်ကမ်း ကျွန်းစုမြို့နယ်အပိုင်
ပုလဲကျွန်း (မဒေါ့ကျွန်း) ရဲ့ ပထော်ပထက်တောင်
အနောက်သို့ဝင်ရောက်သွားတဲ့ ညနေဆည်းဆာကို
ခံစားရင်း မြိတ်ကန်းနားလမ်းရဲ့ လှပတဲ့သာယာမှူ့
တချို့
Myeik City
မြိတ် ကမ်းနားလမ်း
#မြိတ် #မြိတ်ကမ်းနားလမ်း #မြန်မာ
#ပထော်ပထက် #ကျွန်းစု #ရှင်သာလျှောင်း
Peace off ✌️
Myanmar G
#နာရီ
#မြိတ် #မြန်မာ
10/10/2025
Smart Watch အစ CASIO မှ ကမ္ဘာ့ပထမဆုံး Touchscreen နည်းပညာကို ခြပြနိုင်ခဲ့....…....
Casio TC-500 ကို ၁၉၈၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ထိုအချိန်တွင် Touchscreen သည်အလွန်ဆန်းသစ်သော နည်းပညာတစ်ခု ဖြစ်ခဲသည်။
Casio TC-500 သည် နာရီလောကအတွက် ကြီးကျယ်မြင့်မြတ်သေား သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီး ၎င်းသည် ယနေ့ခေတ် Smartwatch များ၏ ခေတ်ရှေ့ပြေးအစပုံစံဟုလည်း ဆိုနိုင်ပါသည်။
Casio TC-500 (Touch Screen Calculator Watch) သည် Capacitive Touch Screen ကို အသုံးပြုထားပြီး၊ ၎င်းအား ဂဏန်းတွက်စက် (Calculator) လုပ်ဆောင်ချက်များအတွက် အဓိကထား၍ ဖန်တီးထားခြင်း ဖြစ်သည်။ နာရီ၏ မျက်နှာပြင်မှန်သားသည် ဂဏန်းတွက်စက် ခလုတ်များ အဖြစ် လုပ်ဆောင်နိုင်သည်။
User သည် stylus ကို အသုံးပြုရန် မလိုဘဲ၊ user ၏ လက်ချောင်းဖြင့် မှန်သားမျက်နှာပြင်ပေါ်ရှိ ဂဏန်းများကို ထိတွေ့ရုံဖြင့် ဂဏန်းတွက်ခြင်းကို လုပ်ဆောင်နိုင်သည်။ ၎င်းသည် ၁၉၈၀ နှောင်းပိုင်းနှစ်များတွင် အလွန်ဆန်းသစ်သည့် နည်းပညာတစ်ခု ဖြစ်ခဲ့သည်။ Casio သည် နာရီမှန်သားမျက်နှာပြင်ပေါ်တွင် ဂဏန်းတွက်ရန် ခလုတ်များကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ခလုတ်များစွာပါသော ပုံစံဟောင်းများကို ကျော်လွှားနိုင်ခဲ့သည်။ ထိုဒီဇိုင်းသည် နာရီကို သန့်ရှင်းသပ်ရပ်ပြီး ပိုမိုပါးလွှာပြီး ခေတ်မီဆန်းသစ်သေားအသွင်ကို ဆောင်စေခဲ့သည်။
၎င်းတွင် Dual Time၊ Day & Date၊ Alarm၊ Chronograph Stopwatch နှင့် Timer ကဲ့သို့သော ပုံမှန် ဒစ်ဂျစ်တယ်နာရီ လုပ်ဆောင်ချက်များလည်း ပါဝင်သည်။
Casio သည် TC-500 ပြီးနောက်ပိုင်းတွင်လည်း Touchscreen နည်းပညာကို ဆက်လက်အသုံးပြုခဲ့သည့် နာရီများကို ထုတ်လုပ်ခဲ့ပါသေးသည်။ Casio AT Janus Series (၁၉၈၃/၁၉၈၄) သည်လည်း Analog နှင့် Digital ပေါင်းစပ်ထားသော ဒီဇိုင်းဖြစ်သည်။ AT Janus Series သည် TC-500 နည်းပညာကို အဆင့်မြင့်တင်ကာ (Gesture-Controlled) ဖြင့် ဂဏန်းတွက်စက်ကို လုပ်ဆောင်နိုင်သော နည်းပညာကို ထည့်သွင်းနိုင်ခဲ့သည်။ AT Janus Series တွင် User သည် မျက်နှာပြင်ပေါ်တွင် ဂဏန်းများကို "drawing" လုပ်ခြင်းဖြင့် တွက်ချက်မှုများ ပြုလုပ်နိုင်ပါသည်။
Casio TC-500 သည် ၁၉၈၀ နောက်ပိုင်းတွင် အမှန်တကယ်ကို ခေတ်ရှေ့ပြေးလွန်းသေား နာရီတစ်လုံးဖြစ်ခဲ့ပြီး၊ ခေတ်သစ် touchscreen နည်းပညာများ၏ အစောဆုံး တစ်ခုအဖြစ် ယနေ့ခေတ် CASIO collector များကြားတွင် အလွန်တန်ဖိုးရှိသော ရှေးဟောင်းပစ္စည်း (Vintage) နာရီတစ်လုံး ဖြစ်နေပါသည်။
ကျေးဇူးတင်ပါတယ်။
Peace off ✌️
Myanmar G
#နာရီ
#မြိတ် #မြန်မာ
photo : crd
Follow ပေးကြတဲ့ တစ်ဦးတစ်ယောက်ခြင်စီအား ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီထက် ပိုပီးစိတ်ဝင်စားဖို့ကောင်းသေား အကြောင်းအရာများနှင့် ဆက်ပီးကြိုးစား တင်ဆက်နေမှာပါ။ Phyo Soe, Aahana Khine, Kyaw Ko Ko Kaung, HtetWai Lin, Aung Kyaw Zaw, Aung Myint Khine, Thale Naw Zar, Jhuan Meyer De Souza Ribeiro, Ye Yint Tun, ဦးဦး သူရ, Kyaw Zeya Tun, အုတ္ က်စ္, Zaw Win, Jo Ker, Zaw Lynn Htet, Lill Decie, Ko Thet Naing Oo, Myint Myintmaw, PO Po, Shwe Sin, Soe Yadanar Naing, Nay Myo Thu Ryne, Kyaw Thu Ya, Thaw Za, Win Shwe Sin Htwe, Htet Txiri Lin, Ei Ei Thwe, Yoon Nadi Shein, Thae Ei Nway, Chit Moe Oo, Eko Prasetyo, Chue Hay Mann, Htet Kaung Kin, M D T Parvez, Min Hein, Htetnadilin Htetnadilin, G-shocker G-shocker, La Min Htet, April, Nutt Nutthasin, Chuu Myat Thwe, Eh Htoo Lwin, Zue Thinzar Lwin, Wine Wine April, Lwin Ko Zin, Myanmar Twae, Zwe Xtet Naing, Hnin Ei Hlaing, အီလီယိုရဲ့ ရှေ့သွားလေး, ထွန်း မြတ် ဇော်
All Peace off ✌️
06/10/2025
GA-100 ဟာ ၂၀၁၁ ခုနှစ်လောက်ကနေ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်ဟာ G-SHOCK တွေဟာ စစ်တပ်ဆန်တဲ့ ဒီဇိုင်း (Military Style) နဲ့ ကြီးမားတဲ့ case size တွေ ခေတ်စားနေတဲ့ အချိန်ဖြစ်တယ်။ ပြိုင်ဘက်: ဈေးကွက်ထဲမှာ DW-6900, DW-5600, GW-9400 (Rangeman) စတဲ့ မော်ဒယ်တွေ အောင်မြင်နေပြီဖြစ်တယ်။ ဒါပေမယ့် G Shock ဆိုပီး အလွှာစုံက နာရီချစ်သူတွေမသိကြသေးတဲ့ GA-100 ကို ကမ္ဘာကျော်သွားစေတဲ့ အကြောင်းရင်းသုံးချက်ရှိပါတယ်။
"Dual Curved Structure"
GA-100 ဟာ Analog-Digital Combo ဒီဇိုင်းကို အဆင့်မြှင့်ထားတယ်။ သူ့ရဲ့ case နဲ့ bezel တွေဟာ မျဉ်းကွေးပုံစံ (Curved) ဖြစ်နေပြီး လက်ကောက်ဝတ်ပေါ်မှာ ပိုပြီး သက်တောင့်သက်သာရှိအောင် ဒီဇိုင်းဖန်တီးထားတယ်။ ဒီဒီဇိုင်းကဘဲ သူ့ကို ရှိသမျှ G-SHOCK တွေထဲမှာ ထူးထူးခြားခြား အမှတ်ရစေပါတယ်။
"Anti-Gravity"
GA-100 ကို ကြော်ငြာတဲ့အခါ "Anti-Gravity Resistance" ဆိုတဲ့ စွမ်းရည်ကို အဓိကထားပြသခဲ့တယ်။ဒါဟာ ကမ္ဘာ့ ဆွဲငင်အား (Gravity Force) ဒဏ်ကို ခံနိုင်ရည်ရှိကြောင်း သက်သေပြခြင်တာဖြစ်ပါတယ်။ ဆိုလိုတာက မော်တော်ဆိုင်ကယ် စီးတာ၊ ပြေးတာ၊ လေယာဉ်စီးတာ စတဲ့ လှုပ်ရှားမှုမျိုးစုံမှာ နာရီရဲ့ စက်အတွင်းပိုင်း (movement) က ပုံမှန်အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုခြင်တာဖြစ်ပါတယ်။
ဒီ feature ကဘဲ GA-100 ကို အပြေးသမားတွေ၊ မော်တော်ဆိုင်ကယ်စီးသူတွေ၊ လေယာဉ်မှူးတွေ စသဖြင့် speed လှုပ်ရှားမှုများတဲ့ လူငယ် လူလတ် လူကြီး အလွှာစုံမှစိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်တယ်။
"Stealth" နဲ့ "Color Accent"
GA-100 ဟာ အနက်ရောင်၊ မီးခိုးရောင် (Stealth) စတဲ့ ရိုးရှင်းပြီး စတိုင််ကျတဲ့ အရောင်တွေနဲ့ စတင်မိတ်ဆက်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ Analog လက်တံလေးတွေ (hand) နဲ့ index တွေမှာ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင် စတဲ့ ရောင်စုံအစက်အပြောက်လေးတွေ ထည့်သွင်းပေးထားတယ်။ ဒီလို ခပ်မိုက်မိုက် အနက်ရောင်ပေါ်မှာ ရောင်စုံအစက်လေးတွေ က GA-100 ကို ပိုပြီး လူကြိုက်များစေပါတယ်။
GA-100 ဟာ Core Color (အခြေခံအရောင်) တွေနဲ့ စတင်ခဲ့ပေမယ့်၊ Limited Edition တွေ၊ Collaboration မော်ဒယ်တွေ အများကြီး ထုတ်ခဲ့တာကြောင့် အရောင်စုံလင်လှပါတယ်။ G-SHOCK ဟာ အခြားအမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းပြီး အရောင်စုံလင်တဲ့ GA-100 တွေ ထုတ်ခဲ့ဖူးပါတယ်။ GA-100 စီးရီးမှာ အခြေခံအရောင် (အနက်၊ အဖြူ၊ မီးခိုး) တွေအပြင်၊ Accent အရောင် (အပြာ၊ အနီ၊ အစိမ်း၊ ခရမ်း၊ ရွှေ၊ ငွေ) တွေကို ပေါင်းစပ်ထားတဲ့ မော်ဒယ်ပေါင်း အနည်းဆုံး ၂၀ ကျော်မှ ၃၀ နီးပါး ထွက်ရှိခဲ့ပါတယ်။
GA-100 ဟာ မိတ်ဆက်ပြီး ၁၀ နှစ်ကျော် ကြာတဲ့ယနေ့ထိ G-SHOCK ရဲ့ ကြော်ငြာတွေမှာတောင် မပါမဖြစ် မော်ဒယ်တစ်ခု အဖြစ် ရပ်တည်နေဆဲပါ။ တချိန်က GA 100 ရဲ့ အောင်မြင်မှူ့ဟာ Hollywood မှာရိုက်ကူးထားတဲ့ ကမ္ဘာကျော်စစ် Action ကားတွေထဲမှာစစ်အသုံးအဆောင်အနေနဲ့ ဝတ်ဆင်ရိုက်ကူးကြတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ GA-100 ရဲ့ အောင်မြင်မှုက GA-110, GA-150, GA-700 စတဲ့ Analog-Digital series အသစ်တွေ ဆက်လက်မွေးဖွားလာဖို့ လမ်းခင်းပေးခဲ့တယ်။ဒါပေမယ့် မူရင်း GA-100 လောက် အောင်မြင်မှူ့ မရခဲ့ကြဘူး။
GA-100 ဟာ G-SHOCK ရဲ့ အကြမ်းခံနိုင်မှူ့ ဒီဇိုင်းအပြောင်းအလဲ နဲ့ Anti-Gravity ဆိုတဲ့ စွမ်းရည်သစ်တွေကို ပေါင်းစပ်ပြီး ကမ္ဘာကျော်သွားတဲ့ နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က GA-100 ကို ပတ်ထားတယ်ဆိုရင် G-SHOCK သမိုင်းရဲ့ အောင်မြင်မှူ့ တစ်ခုကို လက်မှာပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲ။
ကျေးဇူးတင်ပါတယ်။
Myanmar G
Peace off ✌️
Mirror Dolphin 🐬
#နာရီ
#မြိတ် #မြန်မာ
Myanmar G
Peace off ✌️
Mirror Dolphin 🐬
#နာရီ
#မြိတ် #မြန်မာ
Click here to claim your Sponsored Listing.
Category
Address
Myeik
84320
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |