HSU

HSU

Share

Pharmacy Bussiness Online Shop

07/12/2024

🚫 အိမ်သား တွေ နေမကောင်း ဖြစ်ရင်
ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ
ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မတွေသာမက
အိမ်သားအားလုံး သိထား မှ
တစ်ဦးနဲ့တစ်ဦး စောင့်ရှောက် နိုင် မှာပါ။

လူတစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့်
သတိထားရှောင်လိုက် တာ အကောင်းဆုံး ပါ။

#နှာစေးနေလျှင်_____

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ မစားရ
ဆေးလိပ် နှင့် အရက်မသောက်ရ

#ချောင်းဆိုးနေလျှင်_____

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ မစားရ

#ရုတ်တရက်အစာအိမ်ရောင်လျှင်___$
အကြော်အလှော်၊ အရက်၊ ငရုပ်သီးနှင့် ကောက်ညှင်း မစားရ

#နာတာရှည်အစာအိမ်ရောင်လျှင်_____

ကောက်ညှင်း၊ အသုတ်၊
အချဉ်ဖောက် ထား သော အစာများ မစားရ

#အူရောင်နေလျှင်_____

ငှက်ပျောသီး၊ မာလာကာသီး မစားရ

#အသည်းရောဂါဖြစ်နေလျှင်____

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊
ဆေးလိပ် နှင့် အရက်ဖြစ်ပြီး
အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။ မစားရ

#နှလုံးရောဂါဖြစ်လျှင်____

ကယ်လိုရီများ သော အစာ နှင့်
ငန်သော အစားအစာ များ မစားရ

#ကျောက်ကပ်ရောဂါဖြစ်နေလျှင်____

ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက် မစားရ

#ဆီးချိုရောဂါဖြစ်လျှင်____

အချိုစာ၊ အရက်၊ အဆီများ သော အစာ၊
ဆီကြော်စာ နှင့် အကင် မစားရ

#သွေးအားနည်းနေလျှင်____

တရုတ်နံနံ မစားရ

#သွေးတိုးရောဂါဆိုရင်______

အငန်ဓာတ် များသော အစာ၊
ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ မစားရ

#အစာအိမ်နာဖြစ်လျှင်_____

ပဲမျိုစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊
ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊
ငရုတ်သီး နှင့် မာလာကာသီး မစားရ

#အရိုးကာအမြှေးရောင်နာဖြစ်လျှင်____

ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး မစားရ

#လိပ်ခေါင်းရောဂါဖြစ်လျှင်____

အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ မစားရ

#လေးဖက်နာရောဂါဖြစ်လျှင်____

ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
မစားရ

#အရေပြားAllergicဖြစ်လျှင်_____

ပင်လယ်စာ၊ ပိန်းဥ၊ ၊ ရေခဲ၊
လိုင်ချီးသီး နှင့် သရက်သီး မစားရ

#အာရုံကြောအားနည်းလျှင်_____

ငရုပ်သီး၊ အရက်၊ ကော်ဖီ၊
ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ မစားရ

တချို့အစားသောက်တွေကဆေးဖြစ်ကြမဲ့
နေမကောင်းချိန် ရောဂါအခံနဲ့
မတည့်ကြတာမို့
ရှောင်ကျဉ်ကြရပါမယ်

Credit... Original Uploader

02/10/2024

အော်...ကုန်စျေးနှုန်းရယ်😷

20/07/2024

🙏🙏🙏

29/05/2024

လူပျိုကြီးဆိုတာ …
လွပ်လပ်ခြင်းကို
ကန့်သတ်မခံရတဲ့သူ …
အိမ်ပြန်ချိန်တွေကို
ပေတံမတားခံရတဲ့သူ …
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …
အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ …
အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …
လူပျိုလေးတွေရဲ့ အတုယူစရာ …
အိမ်ထောင်သည်တွေရဲ့
မနာလိုခံရသူ … ❤️

Credit 😁😁😁
#လူပျိုကြီး

17/11/2023

အအေးလှိုင်း လာချိန်တွင် သတိပြုရန်
❄️❄️⛄️⛄️🤶
နာတာရှည် ရောဂါ ရှိသူများ ၊ သက်ကြီးရွယ်အိုများ နွေးနွေး ထွေးထွေး နေရန် နှင့် ကျန်းမာရေး အထူး ဂရုစိုက် ရမည် ။ မိမိသောက်နေသော ဆေးများကို ပုံမှန်သောက် ပြီး ကျန်းမာရေး နှင့် ညီညွတ်သော အစာ အာဟာရ များ မှီဝဲရမည် ။
🍽🥬🍎
သွေးတိုးရောဂါ ၊ ဆီးချိုရောဂါသည်များသည် သွေးပေါင်ချိန် ၊ သွေး အချိုဓာတ်တို့ ကို ပုံမှန် စစ်ဆေးရမည်။
❄️⛄️
အအေးလှိုင်း လာချိန်တွင် နှလုံးသွေးကြောပိတ်ခြင်း ၊ လေဖြတ်ခြင်း ၊ ပန်းနာ ရင်ကြပ် သမားများ အမော ဖောက်ခြင်း တို့ ဖြစ်ပွားမှု များတတ်သည် ။
🏌️‍♂️🤾‍♂️☀️
မနက်စောစော အပြင်ထွက်၍ ကျန်းမာရေး လှုပ်ရှားမှု ပြုသူများ သည် အအေးလှိုင်း လာချိန်တွင် အိမ်တွင်း၌သာ ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်သင့်သည်။ နေထွက်မှသာ အပြင်ထွက်၍ လေ့ကျင့်ခန်း လုပ်သင့်သည်။
🚿🚿
ထိုင်ဝမ်တွင် Gas မီးဖို ၊ ရေနွေးစက်များ အသုံးပြုကြရာ ရာသီ ဥတု အေးချိန်တွင် တံခါး ပြတင်းပေါက်များ အလုံ ပိတ်ခြင်းကြောင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ် သင့်ခြင်း 一氧化碳中毒 ဖြစ်ပွားမှုများ ရှိရာ လေဝင်လေထွက် ကောင်းအောင် ပြတင်းပေါက်များ အလုံ ပိတ်ခြင်း မပြုသင့်ပါ ။ ရေချိုးချိန်တွင် ခေါင်းမူးခြင်း ၊ ပျို့အန်ခြင်း ဖြစ်ပါက ပြတင်းပေါက်များ အမြန်ဖွင့်ခြင်း ၊ 119 ဆေးရုံကား ခေါ်၍ ဆေးရုံသို့ ကုသမှု ခံယူရမည်။
🛁🛀
ရေပူကန်များတွင် ရေစိမ်သူများသည် ထမင်း စားပြီး ၂ နာရီကြာမှ စိမ်သင့်သည်။ ရေအပူချိန်မှာ ၄၀' စင်တီဂရိတ် အောက် ဖြစ်သင့်ပြီး ရေပူစိမ် ချိန်မှာ ၁၅ မိနစ်ထက် မကျော်သင့်ပါ ။ နှလုံးရောဂါ ၊ နာတာရှည် ရောဂါ အခံရှိသူများ ရေပူစိမ် ရန် မသင့်တော်ပါ ။
🤣
မျက်နှာ တခြမ်းရွဲ့ခြင်း ၊ စကား မပီခြင်း ၊ ခြေလက်များ ထုံခြင်း ၊ ခြေလက်များ အား မရှိခြင်း စသည့် လေဖြတ် သည့် လက္ခဏာများ ပေါ်လာပါက 119 သို့ ဖုန်းဆက် ပြီး ဆေးရုံသို့ အမြန် ကုသမှုခံယူရမည်။
💗
ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူ ကြပ်ခြင်း ၊ မောခြင်း ၊ နှလုံးခုန် မမှန်ခြင်း ၊ မူးမော် ပျို့အန်ခြင်း ၊ ချွေးစီး ထွက်ခြင်း ၊ လက်မောင်း အောင့်ခြင်း စသည့် နှလုံး သွေးကြောပိတ် လက္ခဏာများ ပေါ်လာပါကလည်း 119 သို့ ဖုန်းဆက်ပြီး ဆေးရုံ အမြန်သွားရမည် ။
⏰🛏
ရာသီဥတု အေးချိန်တွင် နှလုံး သွေးကြောပိတ် ရောဂါ အဖြစ်များဆုံး အချိန်မှာ မနက် ၅ - ၉ နာရီ ဖြစ်ပြီး အန္တရာယ် များသော ၄ နာရီဟု အမည်ပေးထားသည် ။ နွေးနွေးထွေး ထွေး အိပ်နေရာမှ အိပ်ရာ ထရာတွင် ပြင်ပ လေအေးနှင့်ထိပြီး အရေပြား အောက်ရှိ သွေးကြော များကျုံ့ကာ သွေး ပေါင်ချိန် ထိုးတက်သွား တတ်သည် ။ ဤ သို့ မဖြစ်စေရန် အိပ်ရာထရာမှာ စောင်ကို ဖြေးဖြေးခွါပြီး အနားမှာ အသင့်ထားတဲ့ အနွေးထည်ကို ထပ် ဝတ်ပြီး နွေးထွေး မှုကို ထိန်းရပါမယ် ။ နာတာရှည် ရောဂါ ရှိတဲ့ သက်ကြီး ရွယ်အိုများ အတွက် မနက် ၈ နာရီကျော်မှ အိပ်ရာ ထသင့် တယ်လို့ အကြံပေး ကြပါတယ် ။
📚
Dr.KoMyo
16 Nov 2023

03/09/2023

😷 ရာသီတုပ်ကွေး (Flu)

ဒီရက်ပိုင်းမှာ ကလေးရော၊ လူကြီးပါ တုပ်ကွေးဖျား ဖျားကြတယ်။ အသက်ရှူလမ်းကြောင်းမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေ လေထုထဲ ပြန့်နှံ့နေတဲ့အတွက် မကူးစက်အောင် ကာကွယ်ရေးနည်းလမ်းတွေ လုပ်ရပါမယ်။

💃 သင်က နေကောင်းနေတဲ့သူဆိုလျှင်…
(၁) ဖျားနေတဲ့သူနဲ့ အနီးကပ်မနေပါနှင့်။ ချောင်းဆိုးတဲ့သူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောခြင်း ရှောင်ပါ။
(၂) နှာခေါင်းစည်း mask တပ်ပါ။
(၃) လက်ဆေးပါ။
ရေနှင့် ဆပ်ပြာ အလွယ်တကူမရှိပါက alcohol hand gel ဖြင့်ဆေးပါ။ (အထူးသဖြင့် လူထူထပ်သော နေရာများမှ ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ။)
(၄) မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာကို ခဏခဏမကိုင်ပါနှင့်။
(၅) ကျန်းမာအောင် နေထိုင်ပါ။
(အိပ်ရေးဝအောင် အိပ်ပါ။ အာဟာရပြည့်အောင် စားပါ။ ရေ/ အရည်များများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ စိတ်ဖိစီးမှုမရှိအောင် နေပါ။
(၆) တုပ်ကွေး ကာကွယ်ဆေး (၁နှစ်၁ကြိမ်) ထိုးပါ။

🤒 တုပ်ကွေးဖျား ဖျားပြီဆိုရင် ဘာတွေလုပ်ရမလဲ !
များသောအားဖြင့် တုပ်ကွေးဖြစ်တဲ့သူတွေဟာ သာမန်ဖျားနာလက္ခဏာတွေပဲ ဖြစ်တတ်တာမို့ အိမ်မှာပဲကုသလို့ ရပါတယ်။

🤒 ဖျားပြီဆိုလျှင်…
(၁) ဖျားနေတဲ့အချိန်မှာ အိမ်မှာပဲနေပါ။ အလုပ်မသွားပါနှင့်။ အပြင်မထွက်ပါနှင့်။ ဖျားတဲ့ ကလေးကို ကျောင်းမလွှတ်ပါနှင့်။
အဖျားပျောက်ပြီး ၂၄နာရီပြည့်မှ အပြင်ပြန်ထွက်ပါ။
(၂) ဖျားနေတဲ့သူကို အိမ်မှာ အခန်းသီးသန့်ခွဲထားပါ။ တုပ်ကွေးဖြစ်သူ တစ်ယောက်ထပ် ပိုလျှင် ဖျားတဲ့သူတွေကို အခန်းတူတူထားလို့ရပါတယ်။ ရေချိုးခန်း၊ အိမ်သာကိုလဲ နေကောင်းသူနဲ့ အခန်းခွဲပြီးသုံးပါ။
(၃) နှာချေ/ ချောင်းဆိုးလျှင် အဝတ်၊ တစ်သျှူးနှင့် အုပ်၍ဆိုးပါ။
(၄) လက်ကို မကြာခဏဆေးပါ။
(၅) ကောင်းကောင်းအနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။
(၆) ရေဓါတ်ပြည့်ဝနေအောင် ရေ၊ ဓါတ်ဆားရည်၊ စွပ်ပြုတ်ရည် များများသောက်ပါ။ အစာ ကောင်းကောင်းမစားနိုင်လျှင် အရည်ပိုသောက်ပါ။ (အရက်၊ caffeine ပါတဲ့အရည်တွေနှင့် အချိုရည်တွေ ရှောင်ပါ။)
(၇) အာဟာရပြည့်ဝအောင် စားပါ။ Vitamin C ကြွယ်ဝတဲ့အစားအစာများ ပါအောင်စားပါ။
(၈) လိုအပ်လျှင် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး (ဥပမာ - Paracetamol/ ibuprofen) သောက်လို့ရပါတယ်။ အစာစားပြီးမှသောက်ပါ။ (၁၈နှစ်အောက် ကလေးတွေကို aspirin မတိုက်ပါနှင့်။)
အဖျားကြီးလျှင် ရေအေးဝတ်ကို နဖူး၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြား ရေပတ်တိုက်ပေးပါ။ ရေချိုးလို့ ရပါတယ်။
ချမ်းတုန်လျှင် စောင်နွေးနွေးခြုံပြီး ရေနွေးသောက်ပေးပါ။
(၉) လည်ချောင်းယား/ နာလျှင် ပူရှိန်ငုံဆေးငုံပါ။ ဆားရည်နွေးနဲ့ gargle လုပ်ပါ။ ရေနွေးဖြူထဲ ပျားရည်နှင့် ဂျင်းပြား ထည့်၍ သောက်ပေးပါ။
ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေးသောက်ပါ။
(၁၀) နှာစေး၊ နှာပိတ် ဆိုးပါက saline နှာခေါင်းစက်ချတာ၊ ရေနွေးဝတ် မျက်နှာပေါ်တင်တာ လုပ်လို့ရပါတယ်။ လေထု အစိုဓါတ်ရဖို့ humidifier ရှိပါက သုံးလို့ရပါတယ်။ ယူကလစ်ဆီ (eucalyptus oil)၊ ငရုတ်ကောင်းဆီ (peppermint oil) စတဲ့ ရနံ့ကုထုံးတွေ ရှူပေးလို့ရပါတယ်။ ရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့်လဲ နှာခေါင်းပိတ်တာ၊ ယောင်တာတွေ သက်သာစေပါတယ်။ ညအိပ်တဲ့အခါ ခေါင်းအုံးထူထူအုံးပေးပါ။

🚨ပြင်းထန်လက္ခဏာတွေ ဖြစ်လာလျှင် ဆေးရုံ၊ ဆေးခန်း အမြန်သွားပြပါ။ ဘယ်လိုလက္ခဏာတွေလဲဆိုတော့

ကလေးတွေမှာ…
- အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်ခြင်း
- နှုတ်ခမ်း၊ မျက်နှာ ပြာခြင်း
- အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း
- ကြွက်သားများ အလွန်နာခြင်း (ဥပမာ - ကလေး လမ်းမလျှောက်နိုင်ခြင်း)
- ပါးစပ်မှ အရည် ကောင်းကောင်းမဝင်ခြင်း
- ရေဓါတ်ခမ်းခြောက်ခြင်း (၈နာရီအတွင်း ဆီး၁ခါမှ မသွားခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ငိုသည့်အခါ မျက်ရည်မထွက်ခြင်း)
- မှိန်းခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- တက်ခြင်း
- အဖျား ၁၀၄ ဒီဂရီဖာရင်ဟိုက် အထက်ဖြစ်ခြင်း
- အဖျား/ ချောင်းဆိုး သက်သာပြီးမှ တဖန်ပြန်ဖြစ်ခြင်း

လူငယ်၊ လူကြီးတွေမှာ…
- အသက်ရှူရခက်ခြင်း၊ အသက်ရှူကြပ်ခြင်း
- ရင်ဘတ်နှင့် ဗိုက် အောင့်ခြင်း၊ တင်းကြပ်ကြပ်ဖြစ်ခြင်း
- ရုတ်တရက် ခေါင်းမူးခြင်း
- စိတ်ရှုပ်ထွေး၍ ဂယောင်ဂတမ်းဖြစ်လာခြင်း
- တက်ခြင်း
- အဆက်မပြတ်အန်ခြင်း
- ကြွက်သားများ အလွန်အမင်း နာကျင်ခြင်း
- အဖျား/ ချောင်းဆိုး သက်သာပြီးမှ တဖန်ပြန်ဖြစ်ခြင်း
- နဂိုရှိရင်းစွဲ နာတာရှည်ရောဂါ အခြေအနေတစ်ခုခု ဆိုးလာခြင်း
စသည်တို့ဖြစ်ပါတယ်။

🚨 တုပ်ကွေးလက္ခဏာ မပြင်းထန်သော်လည်း
- အသက် ၅နှစ်အောက် ကလေးများ
- အသက် ၆၅နှစ်အထက် လူကြီးများ
- ကိုယ်ဝန်ဆောင်သည်များ
- နာတာရှည်ရောဂါတစ်ခုခု ရှိသူများ ကတော့ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ချေများလို့ စောစီးစွာ ဆရာဝန်နှင့် ကုသသင့်ပါတယ်။

နောက်တစ်ခုက ခုချိန် ကလေးတွေ သွေးလွန်တုပ်ကွေးလဲ အဖြစ်များနေကြတာမို့ ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး မမှားယွင်းအောင် ဂရုစိုက်ပါ။ သွေးလွန်တုပ်ကွေး ပြုစုနည်းကို ယခင် post မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။
https://www.facebook.com/100084222972055/posts/236374925846605/?

မည်သို့ပင်ဖြစ်စေ ဆေးရုံ၊ ဆေးခန်းသွားဖို့ လိုအပ်လာပြီဆိုလျှင်တော့ နှာခေါင်းစည်း mask သေချာတပ်သွားပါ။ ချောင်းဆိုး/ နှာချေလျှင် အဝတ်နှင့်အုပ်ပါ။ လက်ကို မကြာခဏဆေးပါ။

၂၀၂၃ တုပ်ကွေးရာသီချိန်ကို ကျန်းမာစွာဖြတ်ကျော်နိုင်ကြပါစေ။
#ရာသီတုပ်ကွေး

01/08/2023

ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)သည် ဗုဒ္ဓဘာသာများ ဥပုသ်သီလစောင့်တည်ရသော ဝါတွင်းကာလ အစပြုသော နေ့ဖြစ်ပါသည်။
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေးမှ စ၍ နေ့ရက်တိုင်းမှာ မင်္ဂလာအ​ပေါင်းနဲ့ ပြည့်စုံပါ​စေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင် ဆန္ဒများ တလုံးတဝ ပြည့်စုံကြပါစေလို့ HSu Pharmacy မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်🙏🙏🙏

Photos from HSU's post 13/05/2023

မုန်တိုင်းအဝန်းအဝိုင်း မိုင် ၅၀ ပတ်လည်ဖြစ်ပြီး Category 4 မှ Category 5 ​ရောက်သွားပါပြီ။
​ရေလှိုင်းအမြင့် ၁၉ ​ပေ အထက် ရှိနိုင်တာ​ကြောင့် ​ဘေးလွတ်ရာတွင် ​ရွှေ့​ပြောင်း​နေထိုင်ကြပါ​နော်။
(Category က 1 မှ 7 ထိ ရှိပြီး နာဂစ်သည် Category 4 ဖြစ်တာ​ကြောင့် ခု မိုခါက ရာထူးပိုကြီးပြီး ပို​ကြောက်စရာ ​ကောင်းပါတယ်)
Crd

Photos from HSU's post 12/05/2023

အားလုံးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ🙏🙏🙏

မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ်

ယခု Cyclone Mocha
120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်းတိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ CAT3 မုန်တိုင်းအဆင့်ထက်တော်ကျော်လွန်ပြီး ရောက်ရှိသွားမှာကိုစိုးရိမ်မိပါတယ်
ဦးတည်ရာလမ်းကြောင်းကလည်းပြောင်းလည်းနိုင်တဲ့အလားအလာမတွေ့ရပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတည့်တည့်ကြီးဦးတည်သွားနေလို့ ပို၍စိုးရိမ်မကင်းဖြစ်မိပါတယ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြပါစေလို့ပဲဆုတောင်းမိပါတယ်
မင်းဂွတ်သီးလေးရဲ့စစ်မှန်တဲ့ဖြူစင်မေတ္တာတရားကြောင့်အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ထပ်မံဆုတောင်းမေတ္တာပို့သအပ်တယ်
issued time
11/05/2023 7:45pm(MMT)
Credit Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.

22/03/2023

ရောင်းမ​လောက် မကျဥ်းချိုချဥ်​လေး🤤😋 ဆားငံ​စေ့ ရှည်မိုက်😊

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Website

Address

​အောင်မင်္ဂလာ မီးပွိုက်လမ်း​လေးဆုံ
Myeik
9999