Aung Cosmetics Store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Cosmetics Store, Health/Beauty, နောက်လယ် (၆) လမ်းတံတားအလွန် ရေနံမြေရပ် အမှတ် (၁၇) မြိတ်မြို့, Myeik.
14/09/2024
DAY0 : အလှူခံပါတယ် … ငွေမလိုပါ
တခါမှ ဒီလိုမတောင်းဆိုဖူးပေမယ့်
ဒီတခါတော့ ဖဲဖဲကာတွန်းပရိတ်သတ်တွေဆီကနေ
ရက်ပေါင်း ၂၀ တိတိ
React, comment, Share လေးတွေ
အလှူခံပါရစေ ….
Page မှာတလောလေးက နပ်နပ် ပွင့်ထားလို့
မြန်မာနိုင်ငံ ရေဘေးအတွက် အဲ့နပ်နပ်ကို အသုံးချပြီး fundraising လေးလုပ်ချင်လို့
အားလုံးရဲ့ အကူအညီကိုတောင်းခံပါရစေ
ဒီ 20 days challenge မှာ
ဒီနေ့ Day 0 ကနေ Day 20 အထိ
နေ့တိုင်း comic, video or text articles လေးတွေ တင်သွားပေးပါမယ် ….
ဖဲဖဲပရိတ်သတ်တွေအနေနဲ့ ပိုစ့်တစ်ခုကို react 50K, comment 2K နဲ့ share 5K လောက်ရအောင်ကူညီပေးကြပါနော် ….
🔥react 50K
🔥comment 2K
🔥 Share 5K
🔥 ရက်ပေါင်း၂၀
ရေဘေးအတွက်
ရနိုင်ဖို့တော့ မျှော်လင့်ပါတယ် … 🥲🥲🥲
အဲ့ထက်ပိုသွားလည်း စိတ်မဆိုးဘူး 🥹
ချချချ !!!!!!
#မဖဲဝါ
#ရေဘေး
Subscribe လည်းပွင့်ထားပေမယ့်
လောလောဆယ် ကာတွန့်ဆရာမှာလည်း
သူ့ဘာသူဆို ဘောနပ်ရအောင်တောင်
ကာတွန့်ဆွဲဖို့ အချိန်မရဖြစ်နေတဲ့အတွက်
Subscriber တွေအတွက်လည်း
သီးသန့်ဘာမှမလုပ်ပေးနိုင်သေးလို့
Subscriptions အတွက်တော့
မတောင်းဆိုတော့ပါဘူး ….
ဒါပေမယ့် အခုထဲက ကြို subscribe ထားလည်း စိတ်မဆိုးပါဖူးနော် 🌚
နောက်များကျရင်တော့ ကာတွန်းစာအုပ်ဇာတ်လမ်းတွေရဲ့ previews တွေ…
ဆွဲပြီးတဲ့အပိုင်းတွေကို အစောဆုံးဖတ်ရှုခွင့် …
နောက် မဖဲဝါ ပုံဆွဲရာမှာသုံးတဲ့ BTS technics တွေ …
နောက်ပြီး တခြား activities တွေကို Subscriber သီးသန့်လုပ်ပေးဖို့ စီစဉ်ထားတာတွေတော့ရှိပါတယ် ….
14/09/2024
❌ ငွေအလှူခံခြင်း လုံးဝမဟုတ်ပါ ❌
ကျွန်တော် ဒီပို့စ်တင်ဖို့ အတော်လေးစဥ်းစားခဲ့ရပါတယ်။ ဒီအချိန်မှာ နာမည်ကြီးချင်လို့ထလုပ်တယ်၊ ရေဘေးအကြောင်းပြပြီးလုပ်နေတာ ဘာညာဆိုတာမျိုးတွေ ကျွန်တော်မလိုချင်ပါဘူး။
သို့ပေမယ့်လည်း နေ့စဥ်နဲ့အမျှ ဒုက္ခဆင်းရဲခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တစ်နည်းနည်းနဲ့တော့ ကူညီချင်ပါတယ်။ အရှင်းဆုံးပြောရရင် ဒီလိုကူညီဖို့အတွက် ငွေကလည်း အရေးအပါဆုံးအရာတစ်ခုပါ။
ကျွန်တော်မချမ်းသာပါဘူး။ ဟိုတလောက ကျွန်တော့်ကို လောင်းကစားကြော်ငြာတစ်ခုလာအပ်ပါတယ်၊ ကျွန်တော်လက်မခံခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း ကျွန်တော်ဒါမျိုးအလှူခံတာတွေ မလုပ်ခဲ့ဖူးပါဘူး။
Anyway, လက်ရှိကျွန်တော့်မှာ အလုပ်မရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ခင်ဗျားတို့ရဲ့အကူအညီနဲ့ဆိုရင်တော့ ကျွန်တော်တို့ ရေဘေးဒုက္ခသည်တွေအတွက် တစ်နည်းနည်းနဲ့တော့ ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘာလုပ်ပေးရမလည်းဆိုရင်တော့ ကျွန်တော့်ရဲ့ ဒီပို့စ်လေးကို Like ပေးတာတို့ Share ပေးတာတို့ လုပ်ပေးရုံပါပဲ။ ဒီအချိန်မှာ အားလုံးကခက်ခဲနေတာမို့ ပိုက်ဆံကောက်ခံတာမျိုးတွေလည်း ကျွန်တော်မလုပ်ချင်ပါ။ ပိုက်ဆံကောက်ခံဖို့အတွက်ဆိုရင်လည်း ကျွန်တော်ဒီပို့စ်မတင်ပါဘူး။ လက်ရှိ အလှူငွေကောက်ခံပြီး ပြန်လည်ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးမှ သူတို့ကိုသွားလှူဖို့သာ အားပေးပါတယ်။
စိတ်မကောင်းစရာကတော့ ကျွန်တော့်ကို Facebook က Bonus ပေးတာက ဒီလ (၂၀) ရက်နေ့ဆိုကုန်ပါပြီ။ ဆိုတော့ ကျွန်တော်တို့မှာ အချိန် (၅) ရက်နီးနီးသာကျန်ပါတယ်။
လက်ရှိ ကျွန်တော့်မှာရထားတာက $30 လောက်ရှိတာမို့ $100 ရမှသာထုတ်လို့ရမှာဖြစ်တဲ့အတွက် $70 လောက်လိုနေပါတယ်။ ကျွန်တော်ကတော့ ရသမျှအကုန် ရေဘေးအတွက်လှူမယ်ဆုံးဖြတ်ထားတာမို့ ပိုရလေ ပိုကောင်းလေပါ။
အနည်းဆုံး $70 ထပ်ရဖို့ ဒါတွေလိုပါမယ် 👇
🔥 React >>> 20K -> 50K -> 100K -> 200K -> 350K
🔥 Comment >>> 1K -> 10K -> 30K
🔥 Share >>> 5K -> 10K -> 30K
[ Edit: လောလောဆယ်တော့ $100 ကျော်လို့ $300 ပြည့်ခါနီးနေပါပြီခင်ဗျာ၊ အပေါ်က Target လေးတွေကိုတော့ အစကတည်းကတင်ထားတာလေးမို့ မပြောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲထားထားတာပါ၊ ကောမန့်မှာလည်း ဝင်လာတဲ့ $ ကို အမြဲ Update တင်ပေးနေပေမယ့် တစ်ချို့လူတွေရဲ့ ပြစ်တင်ပြောဆိုတာတွေမခံနိုင်လို့ ဒါလေးရေးလိုက်ရပါတယ်ခင်ဗျာ ]
အဆုံးသတ်ရရင် ဒီအလှူက ကျွန်တော်တို့ ကားချစ်သူ ညီအကိုတွေရဲ့ အလှူလို့ပြောရင်လည်း မမှားပါဘူး။ အချိန် (၅) ရက်သာ ကျန်တော့တာမို့ ဒါလေးတော့ ကူညီကြနော်။
{ 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }
𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝
▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀
30/06/2024
၂၀၂၄ ဝါတွင်း ၃ လ ကိုးနဝင်းပုတီး အဓိဌာန်ဝင်ချင်သူများအတွက် …
27/06/2024
ဆံပင်ထူလွန်းလို့ ခြင်္သေ့ခေါင်းဖြစ်လာစေမဲ့ hair tonic 🤭☘️
ရိုးရိုးလေးနဲ့ထိထိမိမိဘဲ
Review ရေးရမယ်ဆို 💚
Some by mi hair tonic ကလေ
တစ်ဘူးကုန်တာနဲ့ ခြင်္သေ့ ခေါင်းဘဲ 🥲
Dryer ဆို ဆံပင်အတွင်းထိခြောက်အောင်
အတော်မှုတ်ယူရတယ်
ဆံပင်ပါးတယ် ဆံပင်ထူချင်တယ်ဆို
ခေါင်းလျှော်ပြီး ဒီ hair tonic လေး
မခြောက်တခြောက်ချိန်မှာ ဖြန်းပေးရင်
ရပြီရယ် 💚
ဖြန်းထားလိုက်ရင်အေးနေတာဘဲ😁
Jasi တော့သုံးနေတာ တစ်ဘူးကုန်ခါနီးမှ
ဆံပင်တွေတော်တော်လေးထူလာတာ
Blogger review လဲတော်တော်များတာလေး
ဆံပင်ပါးရင် Try ပါလို့
အဝယ်မမှားစေရဖူး💚
27/06/2024
ဆံပင်တွေထိုးထိုးထောင်ထောင်ပြန်ပေါက်ချင်ရင် Some by mi Hair tonic လေးကိုသုံးနော်
19/06/2024
ကြည်” မွေး” အေး” လေး နဲ့ လူကြိုက်အရမ်းများတာ တစ်နေ့တစ်နေ့ Vaseline အနီရှိလားဆိုတာချည်းပဲ♥️
19/06/2024
ကိုယ့်အကြိုက် ထိမိတဲ့အတွဲလေး ဆံပင်လေးလဲ့ရှည်မြနါတယ်နော် 🫶🏻
Hair Oil-10000ks
Shampoo-9500ks
Local ထဲမှာ ဈေးသက်သာစွာနဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို ရှင်းချင်ရင် ဒီအတွဲလေးကို recommend မယ်🫶🏻
💖Shan Ma Zay Chin Rosemary Hair Oil
Grace က သူ့ကို ဆံပင်ကျွတ်သက်သာဖို့နဲ့ ဦးရေပြားကျန်းမာစေဖို့ သုံးတာပေါ့နော်။
သုံးတာက အရမ်းကြီးမကြာသေးဘူး။ ဒါပေမဲ့ သုံးနေတဲ့အတွင်းမှာ မဆိုးဘူးလား လို့လေ🤭
Reviewကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပြီး ဈေးသက်သာတဲ့ rosemary oli, local made တစ်ခု💓
သုံးတာကြာရင် details လာပြောပြဦးမယ်
price - 10000mmk (100ml)
💚Lily in the Valley Avocado Shampoo
Grace အရင်က သုံးနေတဲ့ shampooက မတည့်ဘူးဖြစ်နေတာ
ဒီတစ်ခုကို ပြောင်းလိုက်တဲ့အခါမှ ဆံပင်အကျွတ် တော်တော်လေးနည်းသွားတာ တွေ့ရတယ်။
သုံးနေတာ နည်းနည်းကြာပြီဆိုပေမဲ့ သေချာတော့ဆက်သုံးကြည့်ဦးမယ်။
Foam အားနဲ့ လျှော်ပြီးရတဲ့ feeling ကတော့ တော်တော်လေးအဆင်ပြေပါတယ်။
rosemary setနဲ့ တွဲသုံးတဲ့အခါ ပိုသိသာတယ်ခံစားရတယ်✔️
price-300ml(9500mmk)
19/06/2024
ဆံသားကိစ္စကြောင့်စိတ်ညစ်နေရပီဆိုရင် ဒီ Tonic လေးနဲ့ oil လေးသာ သုံးကြည့် 😚
19/06/2024
သုံးလိုက်တိုင်းစိတ်ကျေနပ်စေတဲ့ဒီအတွဲလေး
ဆိုင်မှာInstockပါ🥰🫶
Hair Mask-12800ks
Hair serum-12500ks
19/06/2024
နွေရာသီရဲ့ ဇာတ်လိုက်လေး 🌱
Click here to claim your Sponsored Listing.
Category
Website
Address
Myeik