Spring Revolution Force - Myeik

Spring Revolution Force - Myeik

Share

တော်လှန်ရေးအရှိန်မြှင့်တင်ဖို့၊ အင်တိုက်အားတိုက်ကူကြစို့

Photos from Spring Revolution Force - Myeik's post 04/07/2025

ပြည်သူတွေအမှာစာနဲ့ ရဲဘော်တွေရဲ့ပြန်စာ
မိုးတွင်းကာလ ပုခက်လာရောက်လှူဒါန်းနိုင်းပါတယ်
လိုအပ်ချက်ရှိသော အဖွဲ့များအားကူညီထောက်ပံပေးသွားပါမည်။

Photos from Spring Revolution Force - Myeik's post 13/06/2025

ကမ်ပိန်းမှာ ပုခက် အလုံး 200မြေပြင်သို့အ‌ေရာက် လိုအပ်သည့်ရဲဘော်လက်ထဲ သို့အရောက်ပို့ပြီး

ကျွန်တော်တို့ spring revolution force မှာ ပုခက်ကမ်ပိန်း မှာ ရရှိသော‌မြေပြင်သုံး စစ်ပုခက်အလုံး200 ကို မြေပြင်၌ ရှိသော တပ်ရင်း တပ်ဖွဲ့ ဆီသို့အရောက်ပို့ဆောင်ခဲ့ပါသည်။

မြိတ်ခရိုင် တပ်ရင်း 3 - 40လုံး
မြိတ်ခရိုင်တပ်ရင်း 2 -25လုံး
KNLA တပ်ရင်း၁၁ -40လုံး
kTLA -tcjf -40 လုံး
တနင်္သာရီပကဖ-ဇုန် ၃ - 40 လုံး
နွေဦးမေတ္တာ -8လုံး
လမ်းခရီး ကူညီရဲဘော် -7လုံး
5လပိုင်းအတွင်း အကုန်ပို့ဆောင်ခဲ့ပါသည်

သေချာတာတခုက ကျွန်တော်တို့ပြောထားသည့်အတိုင်း ယုံကြည်မှု့ကို လုံးဝ လုံးဝ အလွဲသုံးစား မလုပ်ပါ။
ကူညီပေးခဲ့တယ့်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

လိုအပ်ချက်များ အများကြီး ရှိနေ၍ နိုင်တယ့်ဖက်က ကူညီပေးကြပါအုံးလို့တိုက်တွန်းပါတယ်ခင်ဗျား။

ဓာတ်ပုံ မြေပြင်ရဲဘော်များ

Photos from Spring Revolution Force - Myeik's post 13/06/2025

#မိုးလေတိုက်ပွဲကြားကရဲဘော်များ

ဟုတ်ပါတယ်ဗျာ
မိုးကျရောက်ပေမယ့်လို့ ကျွန်တော်တို့ရဲဘော်တွေအနားမယူပဲ ရှေ့တမ်းမှာ တိုက်နေရဆဲပါ။

အခုလိုချိန်မှာ ရဲဘော်တွေ ပုခက်လိုအပ်သလို မိုးကာအင်္ကျီနှင့် မိုးကာပိုင်းတွေလိုအပ်နေပါတယ်ဗျာ။

ပြေးလိုက်လွှားလိုက်နဲ့ မိုးထဲ‌လေထဲ ပါလာတာတွေစိုကုန်သလို လူလည်း မိုးစိုနဲ့ နေရတာမလို့ အအေးမိ ဖျားနာတွေက ဖြစ်လိုက်ပြောက်လိုက်ပါပဲ့။

တပ်ရင်းပြန်ပြီးနားယူချင်တိုင်းယူမရတဲ့ ရဲဘော်တွေအတွက် ဒီနှစ်မိုးကတော့ သည်းသည်းမဲမဲရွာဆဲပါ

#မိုးကာပိုင်းတစ်ပိုင်း -90 ဘတ်
#မိုးကာအင်္ကျီတစ်ထည်-250 ဘတ်နှုန်းနဲ့ ပါဝင်ကူညီနိုင်ပါတယ်။

မိုးကာပိုင် 17 ပိုင်းအား ပုခက်‌ထောက်ပံ့ရင်းနဲ့ လမ်းခရီးတစ်လျောက် တွေ့ရတဲ့ ရဲဘော်တွေ ထောက်ပံ့ခဲ့တဲ့ မှတ်တမ်းတစ်ချို့ပုံကိုကြည့်ရင်း
မိုးလေးထဲက ရဲဘော်အခြေအနေသိနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်

Photos from Spring Revolution Force - Myeik's post 09/06/2025

ပြည်သူအချစ်စာများနှင့် ပုခက် 40

ပြည်သူ/ပြည်သားများကူညီထားသော ပစ္စည်းများကို လိုအပ်သည့်နေရာသော အရောက်ပို့ခဲ့သည်။

မြိတ်ခရိုင် တပ်ရင်း-3

‌လိုင်းအခက်ခဲကြောင့် နောက်ကျသွားပါသည်။ပုခက်များအားလုံး 5လပိုင်းကတည်းက လိုအပ်သည့်နေရာ အားလုံးကို အရောက်ပို့ပြီးပါပြီ ❤️❤️❤️

#ယုံကြည်မူ့ကိုအလွဲသုံးစားမလုပ်

Photos from Spring Revolution Force - Myeik's post 20/05/2025

🔥ပြည်သူကူညီထားတယ့်အရာတွေဟာ တပြားတချပ်အလေလွင့်မရှိစေရ 🔥

ကျွန်တော်တို့ Spring Revolution Force - Myeik မှ့ ပြောထားသည့်အတိုင်း 5လပိုင်းအတွင်း တနင်္သာရီမြို့ ရှေ့တန်းရဲဘော်များထံသို့ ရောက်အောင်ပို့ဆောင်ပေးမည်ဆိုသည့်အတိုင်း စစ်ပုခက် အလုံး 200 ကို ရဲဘော်များလက်ထဲသို့ အဖွဲ့လိုက်ပို့ဆောင်ပေးနေပါသည်။

တနင်္သာရီဖက်တွေရှိနေသော KTLA ရဲဘော်များထံ ပုခက် အလုံး 40 ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ပုခက်များနှင့်အတူ ပြည်သူတွေရဲ့ သတင်းစကားသံများကိုလည်း အားဆေးတခွက်အဖြစ် တပါတည်းလက်ဆောင်ထည့်ပေးခဲ့ပါသည်။

တလရ အောင်ကိုအောင်ရမည်⭐⭐⭐

ကျန်သည့်အဖွဲ့များကိုလည်းဆက်လက်တင်ပြပေးပါမည်။

16/05/2025

Share ပေးခြင်းသည်လည်း ကူညီရာရောက်ပါသည်။

Congratulations ပါ ပြည်သူများ❤️❤️❤️

စစ်ပုခက် အလုံး 200 ကမ်ပိန်းလေးဟာ 100% အပြည့် ပြည့်သွားပါပြီခင်ဗျား။

ပြည်တွင်း ပြည်ပ က ညီနှကိုမောင်နှမများအားလုံးရဲ့ ကူညီမူ့ဖြင့် အဆင်ပြေပြေအောင်မြင်သွားပါပြီခင်ဗျား။

ကျွန်တော်တို့ ပြောထားသည့်အတိုင်း မြေပြင်ရှေ့တန်းရဲဘော်များကို 5 လပိုင်းအတွင်း အရောက်ပို့ဆောင် ကူညီသွားပါမည်ခင်ဗျား။

ကူညီပြီးသည်နှင့်လည်း video file များကို တင်ပြပေးပါမည်ခင်ဗျား။

ကျွန်တော်တို့ page ၏ဆောင်ပုဒ်သည်
#ယုံကြည်မူ့ကိုအလွဲသုံးစားမလုပ်

10/05/2025

စစ်ပုခက် 200 ကမ်ပိန်းအငယ်လေးဟာ ပြည့်ဖို့ 60%ဘဲ့ လိုပါပြီဗျ့

မနေ့ကအထိ မြိတ်ဖက်နှင့်ထိုင်းဖက်က တာဝန်သိပြည်သူများမှ့ ကူညီထားတာ အလုံးရေ 80 တိတိ ဖြစ်ပါပြီခင်ဗျား။

ရှေ့ဆက်တွန်းရအောင်ခင်ဗျား

#ပုခက်နှင့်မိုးကာအလှူခံခြင်း

06/05/2025

#တနင်္သာရီမြို့နယ်ရှေ့တန်းရဲဘော်များအတွက်
#ပုခက်နှင့်မိုးကာအလှူခံခြင်း

#မိုးထဲလည်းတိုက်ရမှာပဲ့
#မိုးရွာလို့သာစခန်းပြန်မယ်ဆိုဒီတိုက်ပွဲဘယ်ပြီးတော့မလဲ

တနင်္သာရီမြို့နယ် တွင်တိုက်ပွဲဖြစ်ပွားနေသည်မှာ ပြည်သူများ သိမြင် ကြားသိ ကြပြီးသည့်အတိုင်း ကာလကြာရှည်နေပြီဖြစ်ပါသည်။

လက်ရှိမိုးကာလတွင် ရှေ့တန်းရဲဘော်များအတွက် ပုခက်နှင့် မိုးကာသည် မိုးထဲလေထဲ အိပ်စက်ရာတွင်အဆင်‌ပြေစေရန် ‌‌၊ကျန်းမာရေးကာကွယ်ရန်အလွန်အသုံးဝင်သည့်အတွက် အဓိက လိုအပ်လျက်ရှိပါသည်။

ပုခက်တစ်လုံး 85ဘတ် သတ်မှတ်၍ အလုံး200 ပြည့်အောင် အလှူခံသွားမည်ဖြစ်ပါသည်။
ပိုပါက မိုးကာကို ထပ်မံ၍အသုံးပြုသွားမည်ဖြစ်ပါသည်။

ရှေ့တန်းရဲဘော်များအားဦးစား ပေးထောက်ပံ့ပေးမည်ဖြစ်သောကြောင့် ပြည်သူများဝိုင်းဝန်းပါဝင်ကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

15/05/2024

ဆက်လက်တိုက်ပွဲဝင်နိုင်ရန်အတွက် နိုင်အားသမျှပံ့ပိုး ပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သလောက်ပံ့ပိုးကူညီပေးကြဖို့လေးစားစွာတိုက်တွန်းနှိုးဆော်ပါတယ်

02/05/2024

ကျွန်တော်တို့ Spring Revolution Force အနေဖြင့် တနင်္သာရီမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေမှုနဲ့အတူ
ကျည်လိုအပ်မှုများစွာရှိလာနေသည့်အတွက် တိုက်ပွဲဝင်နေသောရဲဘော်များအတွက်ကျည်ဖြည့်ဆည်းပေးနိုင်ရန်မိမိတို့တစ်ဦးတစ်ယောက်ချင်းအရသော်လည်ကောင်း အစုအဖွဲ့အနေဖြင့်သော်လည်းကောင်း ပါဝင်ကူပေးနိုင်ကြရန်လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်

အာဏာရှင်အမြစ်ပြတ်ဖို့
ပြည်သူအားဖြင့် ကူကြစို့

လှုဒါန်လိုသူများအနေဖြင့် Messenger မှဆက်သွယ်လှုဒါန်းနိုင်ပါတယ်ခင်ဗျာ

Photos from Spring Revolution Force - Myeik's post 09/04/2024

#ရိက္ခာအလှူဆန်ဖိုးကူ

'"စားစရာဟင်းစားမရှိရင်ဖားရိုက်၊ငါး‌ဖမ်းရှာစားလို့ရတယ်.........ဆန်မရှ်ိရင်တော့ ငတ်ဖို့ပဲ့ရှိပြီ'"

မဂ်လာပါ တော်လှန်ပြည်သူတို့ခင်ဗျာ...

အခုချိန်ဟာ မိုးရာသီကာလကို ရောက်လာဖို့နီးနေပါပြီ။ မိုးတွင်းမှာ စခန်းလေးမှာနွေးနွေးထွေးထွေးနဲ့ကွေးလို့မရ ၊မိဘအိမ်မှာ နွေးထွေးလုံခြုံစွာ နေရမဲ့ ကျွန်တော်တို့ရဲဘော်လူငယ်တွေ တောတောင်တွေထဲမှာ တိုက်ပွဲဝင်၊ တာလပါ လေးအောက်မှာထိုင်ပိးကင်းစောင့်၊ မိုးမ လုံတဲ့မိုးကာ‌ လေးခြုံပြီး ပြေးလွား ၊ရိက္ခာမရှိလို့ ရိက္ခာရအောင်ဟိုနားဒီနားရှာ‌ဖွေရတဲ့ဒုက္ခကိုခံနေကြတဲ့ ရဲဘော်တွေအတွက် ရိက္ခာမပြတ်လပ်စေဖို့အတွက် မိမိ၏ တတ်နိုင်အားဖြင့် ပါဝင်လှူဒါန်းနိုင်ပါပြီဗျာ..

" မိုးတွင်းဆိုရင် သွားရေးလာရေး ခက်ခဲပြီး လမ်းတွေက ရွံ့တွေ၊ ဗွက်တွေနဲ့ ဆိုတော့ ဆိုင်ကယ်ဆို ပတ်လည်မွေ့၊ကားတွေ လမ်းချော်လို့ဆင်းတွန်းတာတို့၊ ချောင်းရေလျှံတာတို့‌ကြောင့် လှေနဲ့တစ်ဆင့်တို့ ပေါ့ဗျာ ။အဲ့ကျ လှေတတန်၊ ကားတတန် ၊လူတတန်နဲ့ အဆင့်ဆင့်ထမ်းပိုးသယ်ယူရတာပေါ့။ ပိုပြီးကုန်ကျစရိတ်များသလိုပိုလည်းပင်ပန်းတော့ မိုးဦးကတည်းက ရသလောက် ရိက္ခာတွေစုဖို့လိုအပ်ပါတယ်ဗျာ"

'"စားစရာဟင်းစားမရှိရင်ဖားရိုက်၊ငါး‌ဖမ်း ရှာစားလို့ရတယ်
ဆန်မရှ်ိရင်တော့ ငတ်ဖို့ပဲ့ရှိပြီ'"

ကျွန်တော်တို့ ရဲဘော်တွေ ကရှိတာစားပြီးတိုက်နေကြတာပဲ့ဗျ။တိုက်ပေးမှာတော့ စိတ်မပူနဲ့ ရိက္ခာပိုင်းလေးကို ပြည်သူတွေ နိုင်သလောက်ဝိုင်းကူပေးဖို့ တိုက်တွန်းအပ်ပါတယ်။

အောက်ပါ ပကဖ ဇုန်အဖွဲ့အသီးသီးကိုလည်းချိတ်ဆကိလှူဒါန်းနိုငိပါတယ်ခငိဗျာ။
#တနင်္သာရီမြို့နယ်ပကဖ
#တနင်္သာရီရိုးမ ဇုန်-၃
#တနင်္သာရီကာကွယ်‌ေရးပြောက်ကျားဇုန်-၆
ုန်-၂
#တောင်ပံနီဇုန်-၄
#တောပုံးကြီးဇုန်-၅
#ဘက်မလိုက်ပြောက်ကျား ဇုန်-၁

Want your organization to be the top-listed Government Service in Myeik?
Click here to claim your Sponsored Listing.

Website

Address

Shaung Gwin Street
Myeik