Shwe Myawaddy ဂျပန် ကွန်တိန်နာကျ ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး
ဂျပန် ကွန်တိန်နာကျ ပစ္စည်း အမျိုးမျိုး ဖြန့်ချီရေး

ကဲ..ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး နီးလာပြီ ညိုကီတို့🤗🏆🏆
⚽⚽ဘောလုံးပွဲတွေ ကြည့်ဖို့၊ ရုပ်ထွက် အသံထွက် ကောင်းကောင်း HD ရုပ်ရှင်တွေ အားပါးတရ ကြည့်ရှုဖို့ပဲ ဖြစ်ဖြစ်
Quality ကောင်းကောင်း၊ အကြမ်းခံ၊ ရုပ်ထွက် ကောင်းကောင်း၊ အသံထွက် ကောင်းကောင်း၊ လက်မ မကြီးမသေး၊ အနေတော် size လေးနဲ့ Full HD TV လေးတွေ လာပြီဗျို့....😱😱
📡📡📡ပရီးမီယားလိဂ်၊ ချန်ပီယံလိဂ်၊ လာလီဂါ၊ စီးရီးအေ စတဲ့ ⚽⚽⚽ဘောလုံးပွဲတွေကို 👨👩👧👦👨👩👦👦👨👩👧👧မိသားစုနဲ့ပဲ အိုးမကွာ အိမ်မကွာ 🍻🍺🥃ထိုင်ကြည့် တော့မယ် ဆိုတဲ့ ညီကိုများ၊
အိပ်ခန်းထဲ ထည့်ပြီး 🛌🛌🛌အိပ်ယာထဲကနေပဲ ကြည့်ချင်တဲ့ ညီကိုများ၊ size ကလည်း အနေတော်၊ ရွှေ့ရ ပြောင်းရလည်းလွယ်၊
တစ်ကယ့် ဘောလုံးကွင်းထဲ ရောက်နေသလို ကြည့်ရှု ခံစားရစေမယ့် အသံထွက် ရုပ်ထွက် အထူးကောင်းမွန်တဲ့ Full Hd TV 🖥️🖥️🖥️ဖလန်းဖလန်းလေးတွေပါ ခင်ဗျာ။
🖥️🖥️🖥️ရုပ်ထွက်လည်း ကောင်းသလို အပြင်ရုပ်ကလည်း အသစ် နီးပါးပါပဲ ခင်ဗျာ။🖥️🖥️🖥️
🌆🕍🌃ဟိုတယ်ဖြုတ် အလုံးလေးတွေ ဖြစ်လို့ အသစ် နီးပါး သန့်တယ် ဆိုတာတော့ မြင်တာနဲ့ သိမှာပါ ခင်ဗျာ။ ဂျိုကျိုး နားရွက်ပဲ့တွေ လုံးဝ မပါ ပါဘူး ခင်ဗျ။ အားလုံး လုံးဝ အသန့် လေးတွေပါ။🤗
ဂျပန်ပြည်တွင်းသုံး စစ်စစ်ဖြစ်လို့ အကြမ်းပတမ်း ခံနိုင်ရည် ရှိသလို ရုပ်ထွက်လည်း ရှယ်ပါ။ 🎼🎵🎼အသံထွက် ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသားမို့ မပြောတော့ဘူး။ လာသာ ကြည့် ၊ စိတ်ကြိုက်စမ်း၊ အကြိုက်တွေ့စေရမယ်။
✅Brandတွေကတော့ Sharp, Toshiba, Hitachi, Panasonic, Sony စတဲ့ နံမည်ကြီး Brandတွေပဲဗျို့👍
🔌🔌🔌220V ဆိုတော့ မိန်းတုန်းလည်း ဝယ်စရာ မလိုတော့ဘူး။✅✅✅
အဲလို အစစ အရာရာ ပြည့်စုံ ကောင်းမွန်တဲ့ TV လေးတွေ
🙏🙏🙏ချစ်မိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သော ဘဝတွေ ပိုင်ဆိုင် နိုင်ကြပါစေ။🙏🙏🙏
🕍🕍မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး🕍🕍
အမှတ် ၁၁၃၈၊ သုမနလမ်း၊
၂ / တောင် ရပ်ကွက်၊
သာကေတ မြို့နယ်၊
ရန်ကုန်မြို့။
၀၉ ၂၆၉ ၂၆၉ ၆၀၅ ။
Hot Line
၀၉ ၂၆၀ ၃၄၀၀ ၁၀ ။
၀၉ ၂၆၀ ၃၄၀၀ ၁၁ ။
#မှတ်ချက်_နယ်သမားများ_Commentမှာ_ph_နံပါတ်ပေးပြီး_မှာယူခြင်းမျိုး_မပြုလုပ်ကြပါနဲ့ခင်ဗျာ။
#အလိမ်ခံရသူများရှိနေပါတယ်။
ြင့်တိုက်ရိုက်ဆက်သွယ်မှာယူပေးကြပါခင်ဗျာ။

🤔 ရာသီဥတုက အရမ်း ပူလာပြီလား ဆိုတော့ အရမ်းလည်း မပူ ပါဘူး။ 😁
🤔 မပူ သေးဘူးလား ဆိုတော့လည်း ပို ပူလာနေ သလိုလိုပဲ 😁
😇 ဘယ်လို ပြောရမလဲ မသိဘူး ပေါ့နော်။ 😁
😁 မပူ သလိုလို ပူလာနေ သလိုလို ပေါ့နော်။ 🤣 ( မမဆောင်း ဗားရှင်း ) 😁
⛔ မကြာမီ ပူပြင်း ခြောက်သွေ့သော နွေရာသီ ရောက်ရှိလာတော့မည် ဖြစ်ပါတယ် ခင်ဗျ။ ⛔
⛔ နွေရာသီ ရောက်လာပြီ ဆိုတာနဲ့ အိမ်တိုင်း အိမ်တိုင်း အတွက် မရှိမဖြစ် လိုအပ် လာတာကတော့ အဲကွန်း ပါ။ ⛔
💚 အဲတော့ အဲကွန်း ရာသီလို့ ပြောရ မလို ပေါ့ဗျာ 💜
🥺 အစစ အရာရာ စျေးတွေကလည်း တက် လာလိုက်တာ 😖
🥺 အဲကွန်း အသစ်တပ်မယ် ဆိုရင်လည်း အနည်းဆုံး ( ၇၀၀၀၀၀ ) ခုနှစ်သိန်း လောက်တော့ သုံးမှ ရမယ်။ နွေဆို ပိုဆိုးမယ် 😟
✅ ဒီအချိန်မှာ ဒါလေးတွေက အဖိုးနည်း ဝန်ပါ။ ✅
😊 ၂သိန်း ဝန်းကျင်နဲ့ အေးစိမ့် ချမ်းတုန် ကြုံ့ သွား စေရမယ်။ 😁🤣
🤓 အဲတော့ ဒီအချိန် ဝယ် ထားပါ 🥰
😊 ထပ်ပြောမယ်နော် ဒီအချိန် ဝယ် ထားပါ 🥰
😟 လိုအပ်မှ ပူမှ ထွက်မရှာပါနဲ့ 🙅
😟 ပစ္စည်းလည်း ရှားပါး မှာ ဖြစ်သလို စျေးလည်း တက်သွား နိုင်ပါတယ်။ 🥺
✅ လူတိုင်း အများစု သုံးနိုင်မယ့် စျေး၊
✅ ကျွန်တော်လည်း မရှုံးတဲ့ စျေး နဲ့ ရောင်းပေး ပါမယ်။
😓 ရာသီဥတုက ပူ
😷 ရောဂါတွေက ထူ
😬 ကုန်စျေးနှုန်းက တက်
🥺 သောကတွေက များ
😩 စိတ်ဓာတ်တွေက ကျ
😓 လူတိုင်း လိုလို ကိုယ်စီ ကိုယ်စီ အပူတွေ များနေ၊ အစစ အရာရာ တွေး တွေး ပူ နေကြ ရတဲ့ အချိန်၊ ရာသီဥတု ကလည်း တစ်နေ့ထက် တစ်နေ့ ပို ပို ပူလာတဲ့ အတွက် တစ်ဖက်တစ်လမ်းက ကူညီရင်း စျေးရောင်းခွင့် ပြုပါ ခင်ဗျာ။
😓 တစ်နေကုန် စိတ်ပင်ပန်း လူပင်ပန်း လှုပ်ရှား ရုန်းကန်၊ ည ရောက်တော့လည်း ပူလို့ မအိပ်နိုင်၊ ကလေးကလည်း ပူလို့ ငို၊ အာရုံတွေနောက် စိတ်တွေမကြည်လင် ဟူးးးးး 😖😫😩
😌 အနားယူချိန် အိပ်ချိန်လေးတော့ အပူအပင် ကင်းကင်း ကောင်းကောင်းမွန်မွန် အေးအေး ချမ်ချမ်း အနားယူ ခွင့် ရချင်တယ်။
❌ အိမ်မှာကလည်း အဲကွန်းက ပျက်နေတယ်။
❌ စက်ပြင်ဆရာ ခေါ်ဘို့ကလည်း မလွယ်။
✅ အဲကွန်းတစ်လုံးတော့ တပ်မှရမယ်။
❌ ဒီအချိန်မှာ ငွေ အများကြီးလည်း မသုံးချင်ဘူး။
😔 အားလုံးရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ နားလည် မိပါတယ် ခင်ဗျာ။
✅ ဒါ့ကြောင့် အားလုံး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အဖိုးနည်း ဝန်ပါ ဂျပန် အဲကွန်းလေးများ ရောင်းပေး ချင်ပါတယ် ခင်ဗျာ။
🔔 Japan ပြည်တွင်းသုံး ၁၁၀ဗို့ အဲကွန်း လေးတွေပါ။ 📣
✳️ ၁၅ပေ ပတ်လည် အခန်းကို အခန်းလုံရင် စိမ့်နေအောင် အေးပါတယ်။ 👍👍👍
✅ မီတာ စားလည်း သက်သာ
✅ စျေးနှုန်းလည်း ချိုသာ
✅ တပ်ဆင်ရလည်း လွယ်ကူ
✅ အသုံးလည်းတည့်
✅ အကြမ်းလည်းခံ
✅ ကိုယ်တိုင် တပ်ဆင်လို့လည်း ရတယ်
✅ ပြတင်းပေါက် ဘောင်ပေါ်တင်ပြီး ပလပ်ထိုး သုံးရုံပဲ။
✅ တပ်ဆင်ခ၊ပိုက်ဘိုး၊ ဖရိန်ဘိုး ဘာဘိုး ညာဘိုး
✅ ဘာဆို ဘာမှ အပို ထပ်ဆောင်း ကုန်ကျစရိတ် လုံးဝ မရှိတဲ့ အဲကွန်း လေးတွေပါ။
✅ remote ပါတယ်။
အိပ်ယာ ထဲကနေ အဖွင့် အပိတ် လုပ်လို့ ရတယ်။
✅ Temperature control ပါတယ်။
ကိုယ်နဲ့ သင့်တော်တဲ့ အပူချိန် ရအောင် ချိန်ညှိ အသုံးပြု နိုင်တယ်။ remote ပါတော့ အိပ်ယာ ထဲက လှမ်း ချိန်လည်း ရတယ်။
✅ Timer ပါတယ်။
ဖွင့်ချိန် ပိတ်ချိန် ထိန်းချုပ်လို့ ရတယ်။
✅ အပူကွိုင်ကို ရေပြန်းဖြန်းတဲ့ စနစ် ပါတဲ့ အတွက် အပြင်ကို ရေလုံးဝ မကျ ပါဘူး။ အေးအားလည်း ပိုကောင်း စေပါတယ်။
✅ အိပ်ခန်း တစ်ခန်းစာ ကွက်တိ အေးစိမ့်ချမ်းတုန် ။
✅ တည်းခိုခန်းငယ် တွေအတွက်လည်း အထူး သင့်တော်ပါတယ်။
😇 ကျွန်တော့် အခန်းထဲမှာလည်း ဒါလေးပဲ လွယ်လွယ် ကူကူ တပ်ထား လိုက်တယ်။
🥶 အေးစိမ့် ချမ်းတုန်နေတာပဲ ။ 🥶
💚 ကိုယ်တိုင် မသုံးဖူးဘူး၊ ကိုယ်တိုင် မယုံကြည်ဘူး ဆိုရင် မရောင်း ပါဘူးဆိုတာ အဲဒါ ။ 💜
🤗 ကိုယ်တိုင်သုံးပြီး ယုံကြည် စိတ်ချရမှ ရောင်းတာနော်👌👍
⚒️ နောက်က သံပန်းမှာ ကြိုးလေးနဲ့ ကပ်ချည် ပြီး ပြတင်းပေါက် ဘောင်ပေါ် တင်ထားလိုက်တယ်။ ပိုနေတဲ့နေရာကို ကပ်ထူပြား ထည့်ထားလိုက်တယ်။ ပြီးရော ။ 🛠️
🤗 ဒါကတော့ တပ်ဆင်ပုံ video ဖိုင်လေးပါ။ 🤗
https://youtu.be/2B3wdmxIFeA
✅ စျေးက ၁၆၀၀၀၀ မှ ၂၄၅၀၀၀ ထိ ရှိပါတယ်။✅
✅ ပစ္စည်းသန့် စျေးတန် အာမခံ
✅ အာမခံ တစ်နှစ် ပါ ပါမယ်။
🤗 ငွေ amount နည်းနည်းလေး သုံးရုံနဲ့ ထိုက်တန်တဲ့ အကျိုးရလာဒ်ကို ရရှိနိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ် ပါတယ် ခင်ဗျာ။ 👍
✅ အသန့်ဆုံး အကောင်းဆုံးတွေ ရချင်ရင်တော့ မြန်မြန် ဟလို လုပ် မြန်မြန် လှမ်းလာ ခဲ့ကြပါ ခင်ဗျာ။
😔 အားလုံး ခက်ခဲနေချိန်မို့ တစ်ကယ် လိုအပ်တဲ့ သူတွေ အတွက် အထက်မှာ ပြောခဲ့ သလို အတတ်နိုင်ဆုံး စျေးလျှော့ ရောင်းချ ပေးပါမယ် ခင်ဗျာ။
💰 ဒီအချိန်မှာ ငွေထုတ်ဖို့ အခက်အခဲ ရှိသူ အားလုံး အတွက် ဘဏ် ငွေလွှဲနဲ့ လက်ခံပေးပါမယ် ခင်ဗျာ ။ 💰
🏠 CB
🏠 AYA
🏠 YOMA
🏠 KBZ
🏠 K pay တွေနဲ့ ငွေ ပေးချေ လို့ ရပါမယ်။
🙏မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
🏠🏠 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး 🏠🏠
🛑 အမှတ် ၁၁၃၈ ၊
🛑 သုမန လမ်း၊
🛑 ၂ တောင် ရပ်ကွက်၊
🛑 သာကေတ မြို့နယ်၊ ရန်ကုန်မြို့။
☎️ 0️⃣9️⃣ 2️⃣6️⃣9️⃣ 2️⃣6️⃣9️⃣ 6️⃣0️⃣5️⃣
☎️ 0️⃣9️⃣ 7️⃣9️⃣9️⃣ 7️⃣6️⃣0️⃣ 3️⃣9️⃣0️⃣
☎️ 0️⃣9️⃣ 9️⃣5️⃣0️⃣ 3️⃣0️⃣5️⃣ 1️⃣1️⃣6️⃣
🛑 Hot line
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣
❗မြင်တော်သာလမ်း အတိုင်းလာရင် ဓာတ်ဆီဆိုင်ရှေ့က လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါတယ်။
❗မင်းနန္ဒာလမ်း အတိုင်းလာရင် ဝက်စု မှတ်တိုင်၊ Fortune Plaza ( Myanmar Expo ) ဘေးက လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါပြီ။
✅ လမ်းမကြီးပေါ် ဖြစ်လို့ ကားအဝင် အထွက် လွယ်ကူသလို ကားရပ်စရာ နေရာလဲ အများကြီး ရှိပါတယ်။ ✅
#မှတ်ချက်_နယ်သမားများ_Commentမှာ_ph_နံပါတ်ပေးပြီး_မှာယူခြင်းမျိုး_မပြုလုပ်ကြပါနဲ့ခင်ဗျာ။
#အလိမ်ခံရသူများရှိနေပါတယ်။
ြင့်တိုက်ရိုက်ဆက်သွယ်မှာယူပေးကြပါခင်ဗျာ။
✅ ဒီအဲကွန်းလေးတွေ အကြောင်း သိကောင်းစရာများ ✅
https://m.facebook.com/story.php?story_fbid=3772210316140628&id=649986671696357
https://m.facebook.com/story.php?story_fbid=3743138272381166&id=649986671696357
https://m.facebook.com/story.php?story_fbid=3863430137018645&id=649986671696357
#အဲကွန်း
#အဲယားကွန်း

🤗 ဒါမျိုးလေးတွေ ကတော့ ရတုန်း ဝယ်ထား သင့်တယ် အမျိုးတို့ရေ။
💜 အိမ် မှာပဲ သုံး သုံး
💛 ရုံး မှာပဲ သုံး သုံး၊
💚 စားသောက်ဆိုင်တွေ အတွက်ပဲ သုံး သုံး၊
🤎 ဟိုတယ်တွေ မှာပဲ သုံး သုံး၊
🤓 ဘယ်မှာ သုံး မလဲ ?
😎 ခေါတ်မှီတဲ့ အသွင်အပြင်
😎 ရိုးရှင်း ခန့်ငြားတဲ့ ဒီဇိုင်း
😎 အခန်းတွင်း ဂုဏ်ဝင့်ထည် စေမယ့်
😎 အဆင့်မြင့် အရည်အသွေး ကောင်း
💰 တန်ဖိုးကြီး ပေးမှ ရနိုင်တဲ့ ထိုင်ခုံလေး တွေပါ ခင်ဗျာ။
🤗 ဒီမှာတော့ အဖိုးနှုန်း ချိုသာစွာနဲ့ ရောင်းချ ပေးမှာပါ။
🤗 Secondhand ဆိုပေမယ့် အသစ်နီးပါးကို သန့်ပါတယ် ခင်ဗျ။
💚 အိမ် အတွက် တစ်လုံး နှစ်လုံး သုံး လေး ငါး လုံး လောက်ပဲ လိုချင်လည်း ရပါတယ်။
💛 ဟိုတယ် အတွက် စားသောက်ဆိုင် အတွက် ဆယ်လုံး အလုံး ၂၀ ယူချင်လည်း ရပါတယ်။
😎 တစ်လုံး ၃၈၀၀၀ ပါ။ 💰
🤗 အများစျေး ဖုန်းဆက် မေးပေးပါ ခင်ဗျာ။
😎 ရန်ကုန်မှ မိတ်ဆွေများ ဆိုင်မှာ ကိုယ်တိုင် လာရောက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်
💰 ဒီအချိန်မှာ ငွေထုတ်ဖို့ အခက်အခဲ ရှိသူ အားလုံး အတွက် ဘဏ် ငွေလွှဲနဲ့ လက်ခံပေးပါမယ် ခင်ဗျာ ။ 💰
🏠 CB
🏠 AYA
🏠 MAB
🏠 YOMA
🏠 KBZ
🏠 K pay တွေနဲ့ ငွေ ပေးချေ လို့ ရပါမယ်။
🙏မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
🏠🏠 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး 🏠🏠
🛑 အမှတ် ၁၁၃၈ ၊
🛑 သုမန လမ်း၊
🛑 ၂ တောင် ရပ်ကွက်၊
🛑 သာကေတ မြို့နယ်၊ ရန်ကုန်မြို့။
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣

🤗 ကဲ . . . ရောက်ပြီဗျိုး း း
🇯🇵 အဝတ်လျှော်စက်
🇯🇵 ရေခဲသေတ္တာ
🇯🇵 Aircon အဲကွန်း
🇯🇵 LED, LCD TV
😎 ပစ္စည်း အလန်းများ
😉 အကြမ်းစား ပရိုမိုးရှင်းကြီး နဲ့
🤫 မကြာမီ . . . လာမည် ❓❓❓
🤩 မျှော် . . . . . 😁😉🥰
😉 မကြာခင် တစ်ပုံခြင်း စျေးနှင့်တစ်ကွ တင် ပါမယ်။ 😎
💜 စျေးတွေကလည်း တန် မှ တန် 💚
💚 ပစ္စည်း ကလည်း ရှယ် လန်း 💜
💛 အာမခံ ကလည်း ကောင်း 🤎
💗 ပစ္စည်းမှန် စျေးတန် အာမခံ ❣
🤎 တစ်နိုင်ငံလုံး ဝယ်ဘူးသူတွေ အားလုံး သိ 💙
😉 ဦးဦး ဖျားဖျား အကောင်းစားတွေ၊ အသန့်ဆုံး၊ အလန်းဆုံး၊ အကောင်းဆုံး တွေမှ ကြိုက်ပါတယ် လိုချင် ပါတယ် ဆိုတဲ့ ဘောစိ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမများ အမြန်သာ လှမ်းလာ ခဲ့ပေတော့ ဗျို့ 😍🥰💞
✅ ပစ္စည်းမှန်၊ စျေးတန်၊ အာမခံလေးတွေ ရရှိနိုင်စေဘို့ မေတ္တာအိမ်နဲ့ ဆက်သွယ်ကြပါစို့့့့✅
🙏 မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
💜 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး 🏠🏠
🛑 အမှတ် ၁၁၃၈ ၊
🛑 သုမန လမ်း၊
🛑 ၂ တောင် ရပ်ကွက်၊
🛑 သာကတ မြို့နယ်၊ ရန်ကုန်မြို့။
☎️ 0️⃣9️⃣ 2️⃣6️⃣9️⃣ 2️⃣6️⃣9️⃣ 6️⃣0️⃣5️⃣
☎️ 0️⃣9️⃣ 9️⃣7️⃣ 9️⃣6️⃣ 9️⃣5️⃣ 4️⃣7️⃣5️⃣
🛑 Hot line
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣
❗❗❗မြင်တော်သာလမ်း အတိုင်းလာရင် ဓာတ်ဆီဆိုင်ရှေ့က လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါတယ်။
❗❗❗မင်းနန္ဒာလမ်း အတိုင်းလာရင် ဝက်စု မှတ်တိုင်၊ Fortune Plaza ( Myanmar Expo ) ဘေးက လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါပြီ။
✅✅👍 လမ်းမကြီးပေါ် ဖြစ်လို့ ကားအဝင် အထွက် လွယ်ကူသလို ကားရပ်စရာ နေရာလဲ အများကြီး ရှိပါတယ်။ 👍👍👍✅✅
#မှတ်ချက်_နယ်သမားများ_Commentမှာ_ph_နံပါတ်ပေးပြီး_မှာယူခြင်းမျိုး_မပြုလုပ်ကြပါနဲ့ခင်ဗျာ။
#အလိမ်ခံရသူများရှိနေပါတယ်။
ြင့်တိုက်ရိုက်ဆက်သွယ်မှာယူပေးကြပါခင်ဗျာ။
🌎🎶😍💗🤗😇🥰👌😉🤔🤫✅

🤗 ကဲ . . . ရောက်ပြီဗျိုး း း
🇯🇵 အဝတ်လျှော်စက်
🇯🇵 ရေခဲသေတ္တာ
😎 ပစ္စည်း အလန်း
😉 အကြမ်းစား ပရိုမိုးရှင်းကြီး နဲ့
🤫 မကြာမီ . . . လာမည် ❓❓❓
🤩 မျှော် . . . . . 😁😉🥰

Safeguard ( ဆေ့ဖ်ဂတ် ) အကြောင်း သိကောင်း စရာ
ကျွန်တော်တို့ နိုင်ငံရဲ့ နေရာ ဒေသ အများအပြားမှာ လျှပ်စစ်မီးတွေ ရရှိနေကြပြီး ဖြစ်သလို အိမ်တိုင်း လိုလို လျှပ်စစ် အသုံးအဆောင် ပစ္စည်းလေးတွေ ဝယ်ယူ သုံးစွဲလာကြပါတယ်။
အဲဒီလို လူတိုင်း လူတိုင်း လျှပ်စစ်ပစ္စည်းလေးတွေ သုံးစွဲ လာကြတဲ့ အခါမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ အနည်းအကျဉ်းတော့ ရှိထားသင့်တယ် လို့ ထင်ပါတယ်။
လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ စသည်တို့ ကြောင့်လည်း လျှပ်စစ် ပစ္စည်းများ ပျက်စီး ရတတ် ပါတယ်။
ဒါကြောင့် ဒီနေ့ လျှပ်စစ် ပစ္စည်းတွေ သုံးတဲ့ အခါ မှာ လျှပ်စစ်မီးကြောင့် မလိုအပ်ဘဲ ပျက်စီး ဆုံးရှုံးမှုများ မရှိရစေရန် ဗဟုသုတ အနေနဲ့ Safeguard လေးတွေ အကြာင်း ပြောပြ ပေး ချင်ပါတယ်။
Safeguard ဆေ့ဖ်ဂတ် ဆိုတာကတော့ လျှပ်စစ် ကာကွယ်ရေး စက်တစ်မျိုး ဖြစ်ပါတယ်။
တစ်ချို့က မီးဖြတ်စက် လို့လည်း ခေါ်သေးတယ်ဗျ။
သူ့ကို ကြားခံ တပ်ဆင် ထားခြင်းဖြင့် ကိုယ် အသုံးပြု နေသည့် လျှပ်စစ် ပစ္စည်းအား လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ များကြောင့် မပျက်စီး ရလေအောင် တားဆီး ဖြတ်တောက် ကာကွယ် ပေးထား နိုင်ပါတယ်။
Safeguard ရဲ့ လုပ်ဆောင် ချက် ၃ ရပ်
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း
၂။ မီးအားများနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း
၃။ အချိန် စောင့်ဆိုင်း ပေးခြင်း
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း
လျှပ်စစ် ပစ္စည်းတိုင်းမှာ ၎င်း သုံးစွဲရမယ့် လျှပ်စစ် ဗို့အား (rated voltage ) ဆိုတာ ရှိပါတယ်။ ထို သတ်မှတ် ဗို့အားထက် အလွန်လျော့နည်းစွာ ရရှိ သုံးစွဲနေ ရလျှင် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီး တတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် လျော့နည်းနေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၂။ ထို သတ်မှတ် ဗို့အားထက် အလွန် ပိုမို မျာပြားစွာ ရရှိ သုံးစွဲ ရလျှင်လည်း ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် ပိုမို များပြား နေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၃။ ( မီး အခုပျက် သွားတယ်။ ချက်ခြင်း ပြန်လာတယ်။ ( သို့မဟုတ် ) ခလုပ်မှားပိတ်မိ လိုက်တယ်။ ချက်ခြင်း ပြန်ဖွင့် လိုက်တယ်။ ) ဆိုကြပါစို့။ အဲဒီလို အချိန်မျိုးတွေမှာ မီးအား မတည်ငြိမ်မှုတွေကြောင့် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် ထိုအချိန်မျိုးမှာ လျှပ်စစ် ပစ္စည်းကို ချက်ခြင်း ဗို့အား ပြန်ထုတ် မပေးပဲ ဆေ့ဖ်ဂတ်မှ အချိန် စောင့်စိုင်းပြီးမှ ပြန်လည် ဗို့ထုတ် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
ရေခဲသေတ္တာတွေ၊ အဲကွန်းတွေဆိုရင် အခု ပိတ်ပြီး အခုချက်ခြင်း ပြန်ဖွင့်ရင် အထဲက compressor motor ဟာ ချက်ခြင်း မလည်နိုင်ပါဘူး။ ဒါကြောင့် အနည်းဆုံး သုံးမိနစ် စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်။ အဲဒီ အတွက် ဆေ့ဖ်ဂတ်က ၅ မိနစ် စောင့်ပေးပြီးမှ ပြန်လည် မောင်နှင်ပေး ပါတယ်။
အခုနောက်ပိုင်း TVတွေ အဝတ်လျှော်စက် တွေမှာ အော်တို ဗို့အားထိန်း circuit ( AVR ) တွေ ထည့်သွင်း တည်ဆောက်လာ ကြပြီဖြစ်လို့ TV တွေ လျှော်စက်တွေ အတွက် မလိုတော့ပေမယ့် ခံသုံးရင်တော့ ပို စိတ်ချရပါတယ်။
ရေခဲသေတ္တာနဲ့ အဲကွန်းအတွက်တော့ မဖြစ်မနေ ကြားခံ သုံးစွဲ ပေးရပါမယ်။
safeguard တွေမှာ ပါတဲ့
under voltage
over voltage
delay time
current စတာတွေကို ကြည့်ပြီး ဘယ် လျှပ်စစ် ပစ္စည်းအတွက် ဘယ် safeguard သုံးရမလဲ ဆိုတာ ရွေးချယ် ရပါမယ်။
TV, DVD နဲ့ လျှော်စက်များ အတွက်
under 90 V
over 240V
delay time 5sec
current 5A
ရေခဲသေတ္တာ အတွက်
under 175 V
over 240V
delay time 5min
current 5A
အဲကွန်းအတွက်
under 175 V
over 240V
delay time 5min
current 15A
အချို့ ရေခဲသေတ္တာ အဲကွန်း ဆေ့ဖ်ဂတ်တွေမှာ delay time 5min မစောင့်ပဲ ချက်ခြင်း operate လုပ်နိုင်ရန် နှိပ်ပေးလို့ ရတဲ့ quick start ခလုပ်ကလေးပါ ပါတယ်။
အဲဒီ ခလုပ်ကလေးက ရပ်ထားတာ ၅ မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုး ဆိုရင် နှိပ် သုံးရတာပါ။
ရပ်ပြီး ၅ မိနစ် မကျော်သေးပဲ ပြန်ဖွင့်တာမျိုး ဆိုရင် မနှိပ် သင့်ပါဘူး။
ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်း သုံးစွဲသူများ အနေနဲ့ ဘယ်လို ပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ် ခံ သုံးသင့်လဲ။ ဘာကြောင့် ဆေ့ဖ်ဂတ်တွေ ကြားခံ သုံးစွဲ သင့်သလဲ ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာ။ သိပြီးသူများ အတွက်လည်း ပိုမှတ်မိ စေတာပေါ့ဗျာ။
ဒီနေရာမှာ ဆေ့ဖ်ဂတ် ထုပ်လုပ်သူ တွေကို အကြံပြု ချင်တာကတော့ အဲဒီ quick start ခလုပ် မထည့်ပဲ delay time ကို မီးပိတ်သွားတဲ့ အချိန် ကနေ ပြန်လာတဲ့ အချိန်ကို တွက်ပြီး operate လုပ်ပေးတဲ့ စနစ် သုံးရင် သုံးစွဲသူတွေ အတွက် ပို အဆင်ပြေစေမယ်လို့ ထင်ပါတယ် ခင်ဗျာ။
ဆိုလိုတာက မီးပျက်တာ ၅မိနစ် ကျော်မှ ပြန်လာတာဆိုရင် ၅ စက္ကန့်လောက်ပဲ delay လုပ်ပြီး operate ပြန် လုပ်ပေးတာမျိုး၊
မီးပျက်ပြီး ၃မိနစ်မှာ ပြန်လာတယ် ဆိုရင် ၂ မိနစ်လောက် delay လုပ်ပြီး ပြန် operate လုပ်ပေးတာမျိုး ကို ပြောတာပါ။
ဆရာလုပ်တာမျိုး မဟုတ်ပါဘူး ခင်ဗျာ။ သုံးစွဲသူတွေ ပိုမို အဆင်ပြေ စေဖို့ အကြံပြု တာပါ ခင်ဗျာ။
အဲဒီလို လုပ်ပေးခြင်း အားဖြင့် သုံးစွဲသူတွေ အတွက် မီးပြန်လာလို့ ထနှိပ် ရတာမျိုး လုပ်စရာ မလိုတော့ဘူး။ ၅ မိနစ် မပြည့်သေးပဲ ထနှိပ်လို့ စက်ပျက်မှာလည်း မပူရတော့ ဘူးပေါ့ ခင်ဗျာ။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။
အဲကွန်း ပညာရပ်များကို လေ့လာလိုသူ လူငယ်များ Page ကို Like and Share လုပ်ပြီး see first လုပ်ထားခြင်းဖြင့် စောင့်မျှော် ကြည့်ရှု လေ့လာ နိုင်ပါတယ် ခင်ဗျာ။
မည်သူ မဆို
စိတ်ကြိုက် share နိုင်ပါတယ်။
copy ယူပြီး credit မပေး ဘာမပေးနဲ့ သူရေးသလိုလို ဘာလိုလို လုပ်နေသူများ အရှက်တရား အသိတရား ရှိကြပါစေ။
❇ ကို ထိုက် ( မေတ္တာအိမ် )
💜 မေတ္တာအိမ် electronics
✳️ Short Way Air-con; Training

ရေခဲသေတ္တာ တစ်လုံး မပျက်အောင် ဘယ်လိုသုံး မလဲ။ အချိန်တန်ရင်တော့ အနိစ္စသဘောနဲ့ ပျက်ရတာပါပဲ။
ဒါပေမယ့် အချိန်မတိုင်ခင် မပျက်အောင် သက်တမ်းကြာကြာ အသုံးခံအောင် တော့ ထိန်းသိမ်း စောင့်ရှောက်လို့ ရပါတယ်။
ကဲ. . . အဲတော့ ရေခဲသေတ္တာ တစ်လုံး သက်တမ်းကြာကြာ အသုံးခံအောင် ဘယ်လို ထိန်းသိမ်း စောင့်ရှောက် မလဲ။
ပိုက်ဆံပေါတဲ့သူတွေ အတွက် ရေခဲသေတ္တာ တစ်လုံး ပျက်ရင် နောက်တစ်လုံး ထပ်ဝယ် ဖို့ လွယ်ပေမယ့် ရှားတဲ့လူတွေ အတွက် ကတော့ မပျက်အောင် ဂရုစိုက် သုံးစွဲဘို့ လိုပါတယ် ခင်ဗျာ။
မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မယ် ဆိုရင် သူ့ကို ဘာတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားလဲ။ ဘယ်လို အလုပ် လုပ်သလဲ။ အကြမ်းဖျင်း သိထားဖို့တော့ လိုမယ် ခင်ဗျ။
ရေခဲသေတ္တာတွေကို အဓိက ခွဲခြားလိုက်ရင် Chamber type နဲ့ Fan type ဆိုပြီး ၂မျိုးပဲ ရှိတယ်ဆိုတာ အရင် ပို့စ် မှာ အကျယ် ရှင်းပြ ထားပြီး ဖြစ်ပါတယ်။
အခု Chamber type အကြောင်း ပြောပါမယ်။
Chamber type တစ်လုံးမှာ ဘာတွေ ပါလဲ လေ့လာကြည့်ပါမယ်။
၁။ Thermostat
၂။ Door Lamp ( တံခါး မီးလုံး )
၃။ Door switch ( တံခါး ခလုတ် )
၄။ Compressor Motor
၅။ PTC relay
၆။ OLP
၇။ Evaporator ( အအေးကွိုင် ) ၊ Condenser ( အပူကွိုင် ) စတဲ့ ပိုက်လိုင်းတွေပဲ ရှိပါတယ်။
၁။ Thermostat သာမိုစတတ်
Thermostat ဆိုတာကတော့ ရေခဲသေတ္တာထဲမှာ ကိုယ် လိုချင်တဲ့ အပူချိန် အမြဲ ရှိနေနိုင်အောင် ချိန်ညှိ ပေးနိုင်တဲ့ ခလုတ် တစ်ခု ဖြစ်ပါတယ်။
Temperature control switch တစ်ခုပါ။
ပိုအေးချင်ရင် ဂဏန်းပိုများတဲ့ ဘက်ကို လှည့်ပေးပါ။ နာရီလက်တံ လည်တဲ့ လားရာ အတိုင်း လှည့်ပေး ရပါမယ်။
အအေး လျှော့ချင် ရင်တော့ ပြောင်းပြန် လှည့်ပါ။
၂။ Door Lamp ( တံခါး မီးလုံး )
တံခါးဖွင့်လိုက်ရင် မီးလင်းပြီး အခန်းထဲက ပစ္စည်းတွေကို မြင်နိုင်ဖို့ တပ်ပေး ထားတာပါ။ တံခါးဖွင့်ရင် မီးလင်းပြီး တံခါး ပိတ်ရင် မီးပြန် ပိတ်သွား ပါတယ်။
၃။ Door switch ( တံခါး ခလုတ် )
တံခါးဖွင့်လျှင် ထိပေးပြီး တံခါးပိတ်လျှင် ခွာပေးခြင်းဖြင့် Door lamp ကို ဖွင့်/ပိတ် ပြုလုပ်ပေးတဲ့ ခလုတ်လေး ပါ။ ရေခဲသေတ္တာ အတွင်းနံရံမှာ အထိုင်ချ ထားပါတယ်။ တံခါးပိတ်လျှင် ခလုတ်ကို ဖိပေးခြင်းဖြင့် မီးပိတ်သွားစေပြီး တံခါး ဖွင့်လျှင် ခလုတ်ကို လွှတ်ပေးခြင်းဖြင့် မီးလင်း စေပါတယ်။
၄။ Compressor Motor ကွန်ပရက်စာ မော်တာ
ရေခဲသေတ္တာ ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ လူတွေအတွက် နှလုံးဟာ အဓိက အသက် ဆိုရင် ကွန်ပရက်စာ မော်တာ ဟာလည်း ရေခဲသေတ္တာရဲ့ နှလုံးလို့ ပြောရလောက်အောင် အရေးကြီးပါတယ်။ ရေခဲသေတ္တာရဲ့ အနောက် အောက်ခြေမှာ အလုံပိတ် အိုးတစ်ခု အနေနဲ့ ပါရှိပါတယ်။ အချို့လူတွေက ဂက်စ် အိုးလို့ ထင်ထား သိထား ကြတဲ့ အိုးလေးပါ။ Gas အိုး မဟုတ်ပါဘူး။ အထဲမှာ မော်တာ နဲ့ ကွန်ပရက်စာ ကို တွဲလျက် တပ်ဆင် ထားတာပါ။ မော်တာ လည်တာနဲ့ ကွန်ပရက်စာ လိုက် လည် ပါတယ်။
Compressor မှာ Suction နဲ့ Discharge ဆိုတာ ရှိပါတယ်။ Suction က စုပ်ယူ ပြီး Discharge က ရိုက်ထုတ်ပေးတာပါ။
Compressor လည်တာနဲ့ Evaporator ( အအေးကွိုင် ) ဘက်က Gas တွေကို စုပ်ယူ၊ Condenser ( အပူကွိုင် )ဘက်ကို ရိုက်ထုတ် ပေးခြင်းဖြင့် အပူချိန်ပြောင်းလဲပေးခြင်း၊ ဖိအား ပြောင်လဲပေးခြင်း စတဲ့ အလုပ်တွေကို လုပ်ဆောင် ပါတယ်။
မော်တာ မလည်လျှင် ကွန်ပရက်စာ မလည်ပါ။ ကွန်ပရက်စာ မလည်လျှင် စုပ်ယူခြင်း ရိုက်ထုတ်ခြင်း မရှိတော့တဲ့အတွက် အပူချိန်၊ ဖိအား ပြောင်းလဲမှု မရှိပါ။ ထိုအခါမျိုးတွင် ရေခဲ သေတ္တာ မအေးတော့ပါ။
၅။ PTC relay
Compressor Motor လည်ဖို့ အတွက် အထောက်အကူပြု ပစ္စည်း တစ်ခုပါ။ Motor စတင် လည်ပတ်ရန် Starting Relay အဖြစ် အသုံးပြု ထားတာပါ။
Positive Temperature Coefficient Resistance ကို သုံး၍ Relay တစ်ခု ကဲ့သို့ အသုံးပြု ထားတာမို့ PTC Relay လို့ ခေါ်တာပါ။
Compressor Motor အိုးလေးရဲ့ body မှာ ကပ်ထားပြီး အဖုံးလေး ဖုံး ထားပါတယ်။
၆။ OLP
OLP = Over Load Protector
အချို့ကတော့ ( အိုဗာလုတ် ) လို့ပဲ အလွယ် ခေါ်ကြတယ် ခင်ဗျ။ သူကတော့ Compressor Motor ရဲ့ အသက် အန္တရာယ် မထိခိုက်ရအောင် အကာအကွယ် အစောင့်အရှောက် ပြုလုပ် ပေးရတဲ့ ကာကွယ်ရေး ပစ္စည်းလေးပါ။
အကြောင်း တစ်စုံ တစ်ခုကြောင့် Compressor Motor မှာ သတ်မှတ် Current ထက် များနေလျှင်၊ သို့မဟုတ် Compressor အပူလွန်ကဲ လာလျှင် Compressor Motor တွင် ဝန်ပို ရုန်းနေရပြီဟု သတ်မှတ်၍ လျှပ်စီးအား ဖြတ်တောက် ပေးခြင်းဖြင့် ကွန်ပရက်စာ မော်တာ လောင်ကျွမ်းခြင်းမှ ကာကွယ်ပေးပါတယ်။
အလွယ် ပြောရရင် ကွန်ပရက်စာ မော်တာ ဝန်ပို ( over load ) ရုန်း ရ၍ လောင်ကျွမ်းခြင်း မဖြစ်အောင် ကာကွယ် ပေးတဲ့ အလုပ်ကို လုပ်ပေး ရတာပါ။ ဘယ်လို ကာကွယ်ပေးလဲ ဆိုရင် ကွန်ပရက်စာ မော်တာကို သွားနေတဲ့ လျှပ်စီးကို ဖြတ်တောက် ပေးလိုက်တာပါ။ ဖြတ်တောက်ပေးပြီး သုံးမိနစ်ခန့် ကြာရင် ပြန်ဆက်သွယ် ပေးပါတယ်။ over load ထပ်ဖြစ်ရင် ပြန်ဖြတ်ပါတယ်။ အကြိမ်များစွာ ဖြတ်လိုက် ပြန်ဆက်ပေးလိုက် လုပ်နေရရင်တော့ အဲဒီ OLP လေး ပျက်သွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ မဖြတ်ပေးနိုင် တော့ပဲ အသေကပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲလို ဖြစ်သွားရင်တော့ ကွန်ပရက်စာ မော်တာလောင်ဖို့ ရာနှုန်း များသွားပါပြီ။
အဲဒီ OLP လေးကိုတော့ PTC Relay နဲ့ အတူ compressor motor အိုးလေးရဲ့ body မှာ ကပ်ထားပြီး အဖုံးလေး ဖုံး ထားပါတယ်။
၇။ Evaporator နဲ့ Condenser ဆိုတာကတော့ Compressor နဲ့ ဆက်ထားတဲ့ ပိုက်လိုင်းတွေပါ။
Expension နဲ့ Filter စတာတွေလည်း ရှိသေး ပေမယ့် အသေးစိတ်ပြောမှ ဖြစ်မှာမို့ မပြောတော့ပါဘူး။
Evaporaor ကို ရေခဲသေတ္တာရဲ့ အတွင်းနံရံမှာ ပတ်ခွေ တပ်ဆင်ထားပြီး အခန်းထဲက အပူကို စုပ်ယူခြင်းဖြင့် ရေခဲသေတ္တာကို အေးစေပါတယ်။
Condenser ကို ရေခဲသေတ္တာရဲ့ အပြင်နံရံ မှာ ပတ်ခွေ တပ်ဆင်ထားပြီး အပူတွေကို စွန့်ထုတ်ခြင်း အလုပ်ကို လုပ်စေပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ မောင်းနှင် နေစဉ် ရေခဲ သေတ္တာတွေရဲ့ အပြင်နံရံတွေ နွေးနေတာ တွေ့ရ ပါလိမ့်မယ်။
သုံးစွဲသူ user တွေကို အဓိက ပြောချင်တာမို့ အသေးစိတ် မရေးပေးတာ နားလည်ပေးပါ ခင်ဗျာ။ ပို့ချချက်တွေ အတွက် အသေးစိတ် ထပ်ရေး ပေးပါမယ်။
အခုလောက်ဆိုရင် ရေခဲသေတ္တာ အသုံးပြုသူတွေ အနေနဲ့ Chamber Type ရေခဲသေတ္တာ တစ်လုံးမှာ ဘာတွေပါလဲ ဆိုတာနဲ့ တစ်ခုခြင်းစီရဲ့ အလုပ် လုပ်ပုံတွေကို အကြမ်းဖြင်း သိရှိ ပြီးလောက် ပါပြီ။
အဲတော့ Chamber Type ရေခဲသေတ္တာတွေမှာ ဘာတွေ ပျက်တတ်သလဲ။
မပျက်အောင် ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတာ ဆက်ပြော ပါမယ်။
အဓိက ဆောင်ရန် ရှောင်ရန်များ
၁။ ရေခဲသေတ္တာအား ဆေ့ဖ်ဂတ် ခံ သုံးပါ။ လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ များကြောင့် ရေခဲသေတ္တာ မပျက်စီး ရလေအောင် ကာကွယ် ပေးထား နိုင်ပါတယ်။
၂။ ရေခဲသေတ္တာအား နေရာ ရွှေ့ပြောင်း သယ်ဆောင် သည့်အခါ ၄၅ ဒီဂရီ ထက် ပိုစောင်းမခြင်း၊ လှဲ ချထားခြင်းမျိုး မလုပ်ပါနဲ့။ လုပ်မိလျှင် အနည်းဆုံး ၂၄ နာရီခန့် ပြန်ထောင်မတ် ထားပေးရပါမယ်။ ၂၄နာရီ ကျော်မှ ပြန်လည် မောင်းနှင် ရပါမယ်။
မဟုတ်ရင် ပိုက်ပိတ် သွားတတ်ပါတယ်။
၃။ ရေခဲသေတ္တာ အခဲခန်းထဲတွင် ရေခဲမှို အများကြီး မတက်ပါစေနှင့်။ ရေခဲထု ကြီးလာလျှင် စက်ကို ရပ်၍ ရေနွေးလောင်း ဖျော်ချ ပေးပါ။ ရေခဲခွက်များ အသားဘူးများ ရေခဲနှင့် ကပ်နေပါက ဓား၊ ဝက်အူလှည့် စသည့် ချွန်ထက်သည့် အရာဝတ္ထုများနှင့် ထိုး ကလော်ခြင်း မပြုရ။ evaporator ပိုက် ပေါက် သွား တတ်သည်။
၄။ Thermostat အား အဆုံးထိ လျှော့ချ မထားပါနှင့်။ အမြဲလိုလို အဆုံးထိ တင်ထားဖို့လည်း မလိုပါဘူး။ အလယ်လောက် ကို ထားပေးပါ။
၅။ ရေခဲသေတ္တာအား နံရံနှင့် အနည်းဆုံး ၆" ခွာထားပေးပါ။ အပူကွိုင် မှ အပူစွန့်ရန် လေဝင်လေထွက် ချန်ထား ပေးစေ လိုတာပါ။
အဖြစ်များသော ပြဿနာများ
၁။ ပိုက်ပိတ်ခြင်း
၂။ ပိုက်ပေါက်ခြင်း
၃။ မီးမလင်းခြင်း
၄။ Compressor Motor မလည်ခြင်း
၁။ ပိုက်ပိတ်ခြင်း
ရေခဲသေတ္တာအား အချိန်ကြာမြင့်စွာ မမောင်းပဲ ထားရှိခြင်း၊ နေရာရွှေ့ပြောင်းရာတွင် လှဲလျှက် သယ်ဆောင်မိခြင်း၊ စသည် တို့ကြောင့် ပိုက် ပိတ်တတ် ပါတယ်။ ပိုက်ပ်ိတ်လျှင် Gas များ ဖောက်ထုတ်၍ ပိုက်လိုင်း သန့်ရှင်းရေးလုပ်၊ Filter အသစ်လဲ Gas ပြန်ထည့် ရပါမယ်။
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
၂။ ပိုက်ပေါက်ခြင်း
အသားဘူး၊ ရေဘူးများ ရေခဲနှင့် ကပ်နေ၍ ဓား၊ ဝက်အူလှည့် စသည့် ချွန်ထက်သော အရာများဖြင့် ထိုးခွာရာမှ အအေးကွိုင် ( Evaporator ) ပေါက်ခြင်း၊
ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန် ထည့်သည့် ပစ္စည်း များတွင် chemical များပါလျှင် alluminium အလူမီနီယံ ပိုက်လိုင်းများ ဓာတ်စား၍ ပေါက်ခြင်း စသည်တို့ ဖြစ်တတ် ပါသည်။
ပိုက်ပေါက်လျှင် အပေါက် အရင်ဖာ၊ ဖာမရရင် အသစ်လဲ၊ ပြီးရင် gas ပြန်ထည့် ရပါမယ်။
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
၃။ မီးမလင်းခြင်း
မီးလုံး Door Lamp မကောင်းလျှင် သို့မဟုတ် Door Switch မကောင်းလျှင် ဖြစ်တတ် ပါတယ်။ ကိုယ်တိုင် ဖြုတ်တပ် လဲလှယ် နိုင်ပါတယ်။
၄။ Compressor Motor မလည်ခြင်း
Compressor Motor မလည်လျှင်တော့ ဖြစ်နိုင်ခြေ ၅ မျိုး ရှိပါတယ်။ တစ်ခုခြင်း ရေးပေးပါမယ်။
က။ မော်တာ မလည်လျှင် သာမိုစတတ်ကို အရင် စစ်ပါ။ သာမိုစတတ်အား အဆုံးထိ လျှော့ချ ထားမိ လျှင်လည်း မော်တာမလည်ပါ။ အလယ်လောက်ထိ ပြန်လှည့် ပေးပါ။
သုံးစွဲသူ ကိုယ်တိုင် လုပ်ဆောင် နိုင်ပါတယ်။
ခ။ သာမိုစတတ် ပျက်နေလျှင်လည်း မော်တာ မလည်ပါ။ သာမိုစတတ် အသစ်လဲလှယ် ပေးရမည်။
( ပျက်လေ့ပျက်ထ အလွန်နည်း ပါသည်။ )
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
ဂ။ PTC နှင့် OLP များ ပျက်နေလျှင်လည်း မော်တာ မလည်ပါ။ ( မီးအားနည်း၊ မီးအား မငြိမ်၊ ဆေ့ဖ်ဂတ် မခံလျှင် အပျက်များသည်။ )
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
ဃ။ မော်တာကိုယ်တိုင် လောင်နေတာမျိုးလည်း ဖြစ်တတ်သည်။ များသောအားဖြင့် PTC နှင့် OLP များ ပျက်ပြီးမှ မော်တာ လောင်လေ့ ရှိသည်။ ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
င။ ကွန်ပရက်စာ ဂျမ့် ဖြစ်နေလျှင်လည်း မော်တာ မလည်နိုင်ပါဘူး ခင်ဗျာ။ ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။
အားလုံး စုံသလောက် ဖြစ်သွား ပါပြီ။
Chamber type ရေခဲသေတ္တာတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေ ကတော့ စုံသလောက် ဖြစ်သွား ပါပြီ။
စာဖတ်သူ ရေခဲသေတ္တာ အသုံးပြုသူ များ အနေနဲ့ ထိုက်သင့် သလောက် အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။
တစ်ခုခု ရလိုက်တယ် ဆိုရင်ပဲ ကျေနပ် ပါတယ် ။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။
အဲကွန်း ပညာရပ်များကို လေ့လာလိုသူ လူငယ်များ Page ကို Like and Share လုပ်ပြီး see first လုပ်ထားခြင်းဖြင့် စောင့်မျှော် ကြည့်ရှု လေ့လာ နိုင်ပါတယ် ခင်ဗျာ။
✅ မည်သူ မဆို စိတ်ကြိုက် share နိုင်ပါတယ်။
✅ မည်သူ မဆို စိတ်ကြိုက် share နိုင်ပါတယ်။
🚫⛔ Copy / Paste လုပ်၊ စာသားတွေ ပြင်ချင်ရာ ပြင်ပြီး Crd လုပ်၍ like ရှာ Follower ရှာခြင်း သီးခံပါ။ ⛔🚫
❇ ကို ထိုက် ( မေတ္တာအိမ် )
💜 မေတ္တာအိမ် Electronics
✳️ Short Way Air-con; Training

😎 ရုပ်ထွက်တွေကို တစ်ချက်ရှိုး 😎
🤗 ဒီလို အလန်းတွေပဲ ရောင်းတာနော် 😎
✅ ပစ္စည်းမှန်၊စျေး တန်၊ အာမခံ
✅ လန်း တန် ဂွတ် သီးသန့်
😎 ဒန် တန့် တန် . . .❓❓❓
💚 အာမခံ တစ်နှစ် အတွင်း လက်ခ အခမဲ့ ပြုပြင် ပေးပါသည်။
💚 တစ်လအတွင်း စက်ချို့ယွင်း ပါက စက်မှ error ဖြစ်ခဲ့လျှင် အလုံးလိုက် နောက်တစ်လုံး လဲလှယ်ပေး ပါသည်။ ( မီးပလပ် မှားထိုးခြင်း၊ ရေဝင်ခြင်း၊ ကြွက်ကိုက်ခြင်း မပါ )
💰 ဒီအချိန်မှာ ငွေထုတ်ဖို့ အခက်အခဲ ရှိသူ အားလုံး အတွက် ဘဏ် ငွေလွှဲနဲ့ လက်ခံပေးပါမယ် ခင်ဗျာ ။ 💰
🏠 CB
🏠 AYA
🏠 MAB
🏠 YOMA
🏠 KBZ
🏠 K pay တွေနဲ့ ငွေ ပေးချေ လို့ ရပါမယ်။
🥰 အိမ်ရှင်မတွေရဲ့ လိုအပ်ချက်တွေ ပြည့်စုံဘို့၊ စိတ်ကျေနပ်မှု ရစေဘို့ မေတ္တာအိမ် ကိုသာ ကြွလှမ်း ခဲ့ကြပါလို့ ဖိတ်ခေါ် ပါရစေ ခင်ဗျာ။
🙏မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
🏠🏠 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး 🏠🏠
🛑 အမှတ် ၁၁၃၈ ၊
🛑 သုမန လမ်း၊
🛑 ၂ တောင် ရပ်ကွက်၊
🛑 သာကေတ မြို့နယ်၊ ရန်ကုန်မြို့။
☎️ 0️⃣9️⃣ 2️⃣6️⃣9️⃣ 2️⃣6️⃣9️⃣ 6️⃣0️⃣5️⃣
☎️ 0️⃣9️⃣ 7️⃣9️⃣9️⃣ 7️⃣6️⃣0️⃣ 3️⃣9️⃣0️⃣
☎️ 0️⃣9️⃣ 9️⃣5️⃣0️⃣ 3️⃣0️⃣5️⃣ 1️⃣1️⃣6️⃣
🛑 Hot line
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣
❗မြင်တော်သာလမ်း အတိုင်းလာရင် ဓာတ်ဆီဆိုင်ရှေ့က လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါတယ်။
❗မင်းနန္ဒာလမ်း အတိုင်းလာရင် ဝက်စု မှတ်တိုင်၊ Fortune Plaza ( Myanmar Expo ) ဘေးက လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါပြီ။
✅ လမ်းမကြီးပေါ် ဖြစ်လို့ ကားအဝင် အထွက် လွယ်ကူသလို ကားရပ်စရာ နေရာလဲ အများကြီး ရှိပါတယ်။ ✅
#မှတ်ချက်_Commentမှာ_ph_နံပါတ်ပေးပြီး_မှာယူခြင်းမျိုး_မပြုလုပ်ကြပါနဲ့ခင်ဗျာ။
#အလိမ်ခံရသူများရှိနေပါတယ်။
ြင့်တိုက်ရိုက်ဆက်သွယ်မှာယူပေးကြပါခင်ဗျာ။

✅ရှယ်သန့်✅✅ 2door ရေခဲသေတ္တာလေးကို
✅ထမင်းစားခန်းမှာ အထာကျကျလေးသုံးချင်သူများအတွက်
✅စတီးလက်ကိုင်လေးနဲ့ ဒီဇိုင်းကာလာရှယ်မိုက်..🥰
✅ တန်တန်လေးရောင်းပေးမယ်🤗
✅ ဦးရာလူပဲနော်..😍
✅Brand = Mitsubishi
✅Model = MR-14D
✅အမြင့် = 4ပေ
✅အကျယ် =19လက်မ
✅Price = 230000ks💸💸

ကဲ..ရောက်ပြီဗျာ..🤗
ဒီတစ်ခေါက်တော့ နည်းနည်း ကြာသွားတယ်ဗျာ..😎
🗣️ တမေးထဲ မေးနေကြတဲ့ အဝတ်လျှော်စက်
💚 ရောက်မယ့် ရောက်တော့လည်း အားလုံးရှယ်တွေပဲ.☺️
♥️ ဒီတခေါက်တော့ (လုံးဝ) မော်ဒယ်မြင့်တွေပဲဗျို့...💯
💯 အားလုံး 2010 အထက် တွေကျည်းပဲ😱
💜 လျှော် ဆေး ညှစ် လား ?
💚 လျှော် ဆေး ညှစ် ခြောက် လား ?
🇯🇵 Japan ပြည်တွင်းသုံး 🇯🇵
👕 Fully auto အဝတ်လျှော်စက် လေးတွေပါ။
💜 မော်ဒယ်လ် အမြင့်၊ ပစ္စည်း လန်းလန်း၊
💚 အသစ်အတိုင်း သန့်၊ kg အစုံ
🤗 fully auto ဖြစ်လို့ လူက ဘာဆို ဘာမှ လုပ်ပေးစရာ မလို၊
🛌 ခလုတ် တစ်ချက်နှိပ် ပြန်အိပ်နေရုံပဲ။
🤗 လူလည်း သက်သာ၊ အချိန်တွေလည်း ပိုထွက် လာစေမယ့် အဝတ်လျှော်စက်လေးတွေပါ။
🤐 ကဲ . . . အပိုတွေ မပြော၊
🤐 အကြွားတွေ မပို တော့ပါဘူး၊
✅ အမှန်အကန် စျေး သက်သက်သာသာ နဲ့
✅ ပစ္စည်း တစ်ကယ် ကောင်း/ မကောင်း
✅ အသုံး တစ်ကယ် တည့်/ မတည့် သိရအောင်
🤗 တစ်ခေါက် အသာလှမ်းလို့
🥰 အရောက်လာ စမ်းသပ် ကြည့်ကြဘို့ မေတ္တာ ရှေ့ထား ဖိတ်ကြားလိုက် ရပါတယ် ခင်ဗျာ။
💚 အာမခံ တစ်နှစ် အတွင်း လက်ခ အခမဲ့ ပြုပြင် ပေးပါသည်။
💚 တစ်လအတွင်း စက်ချို့ယွင်း ပါက စက်မှ error ဖြစ်ခဲ့လျှင် အလုံးလိုက် နောက်တစ်လုံး လဲလှယ်ပေး ပါသည်။ ( မီးပလပ် မှားထိုးခြင်း၊ ရေဝင်ခြင်း၊ ကြွက်ကိုက်ခြင်း မပါ )
💰 ဒီအချိန်မှာ ငွေထုတ်ဖို့ အခက်အခဲ ရှိသူ အားလုံး အတွက် ဘဏ် ငွေလွှဲနဲ့ လက်ခံပေးပါမယ် ခင်ဗျာ ။ 💰
🏠 CB
🏠 AYA
🏠 MAB
🏠 YOMA
🏠 KBZ
🏠 K pay တွေနဲ့ ငွေ ပေးချေ လို့ ရပါမယ်။
🙏မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
🏠🏠 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး 🏠🏠
🛑 အမှတ် ၁၁၃၈ ၊
🛑 သုမန လမ်း၊
🛑 ၂ တောင် ရပ်ကွက်၊
🛑 သာကေတ မြို့နယ်၊ ရန်ကုန်မြို့။
☎️ 0️⃣9️⃣ 2️⃣6️⃣9️⃣ 2️⃣6️⃣9️⃣ 6️⃣0️⃣5️⃣
☎️ 0️⃣9️⃣ 7️⃣9️⃣9️⃣ 7️⃣6️⃣0️⃣ 3️⃣9️⃣0️⃣
☎️ 0️⃣9️⃣ 9️⃣5️⃣0️⃣ 3️⃣0️⃣5️⃣ 1️⃣1️⃣6️⃣
🛑 Hot line
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣
❗မြင်တော်သာလမ်း အတိုင်းလာရင် ဓာတ်ဆီဆိုင်ရှေ့က လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါတယ်။
❗မင်းနန္ဒာလမ်း အတိုင်းလာရင် ဝက်စု မှတ်တိုင်၊ Fortune Plaza ( Myanmar Expo ) ဘေးက လမ်းမကြီးထဲ ဝင်လာရင် ရောက်ပါပြီ။
✅ လမ်းမကြီးပေါ် ဖြစ်လို့ ကားအဝင် အထွက် လွယ်ကူသလို ကားရပ်စရာ နေရာလဲ အများကြီး ရှိပါတယ်။ ✅
#မှတ်ချက်_Commentမှာ_ph_နံပါတ်ပေးပြီး_မှာယူခြင်းမျိုး_မပြုလုပ်ကြပါနဲ့ခင်ဗျာ။
#အလိမ်ခံရသူများရှိနေပါတယ်။
ြင့်တိုက်ရိုက်ဆက်သွယ်မှာယူပေးကြပါခင်ဗျာ။

Gift set လေးတွေ ရောင်းမယ်ဗျို့။ ကီလို ၁၀၀ ( 100kg )က စ ယူလို့ ရပါတယ်။
တစ်ကီလို ၁၁၀၀၀ ကျပ်။
လိုသလောက် ရမယ်နော်။
💰 ဒီအချိန်မှာ ငွေထုတ်ဖို့ အခက်အခဲ ရှိသူ အားလုံး အတွက် ဘဏ် ငွေလွှဲနဲ့ လက်ခံပေးပါမယ် ခင်ဗျာ ။ 💰
🏠 CB
🏠 AYA
🏠 MAB
🏠 YOMA
🏠 KBZ
🏠 K pay တွေနဲ့ ငွေ ပေးချေ လို့ ရပါမယ်။
🙏မိဘ ပြည်သူများ ကိုယ် စိတ် နှလုံး ရွှင်လန်း ကြပါစေ ခင်ဗျာ။ 🙏
🙏 ဘေးဥပါဒ် အသွယ်သွယ် အန္တရာယ် ခပ်သိမ်းမှ ကင်းလွတ်ငြိမ်း ကြပါစေ။ 🙏🙏🙏
🏠🏠 မေတ္တာအိမ် Japan ပြည်တွင်းသုံး good secondhand ရောင်းဝယ်ရေး
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣0️⃣
☎️ 0️⃣9️⃣ 2️⃣6️⃣0️⃣ 3️⃣4️⃣0️⃣0️⃣ 1️⃣1️⃣

လာပြီ နောက်တစ်လုံး..
ဟိုဈေးတက်...ဒီဈေးတက်😎
🤗မေတ္တာအိမ်မှာ ဈေးမတက်....
✅အလုံချော အလုံးသန့်...
✅ပစ္စည်းမှန် ဈေးတန်...
✅ဒီဇိုင်းလန်း မော်ဒယ်မြင့်..သုံးချင်သူများအတွက်
✅အာမခံတစ်နှစ်...
✅မိန်းထုပ်လက်ဆောင်...
✅Brand = Mitsubishi
✅2door Fantype
✅အမြင့် = 4ပေ 4လက်မ
✅အကျယ် = 19လက်မ
✅Model = MRP.17W-B
✅Model year =2013
✅Price =285000ks💴

ဟိုဈေးတက်...ဒီဈေးတက်😎
🤗မေတ္တာအိမ်မှာ ဈေးမတက်....
✅အလုံချော အလုံးသန့်...
✅ပစ္စည်းမှန် ဈေးတန်...
✅ဒီဇိုင်းလန်း မော်ဒယ်မြင့်..သုံးချင်သူများအတွက်
✅အာမခံတစ်နှစ်...
✅မိန်းထုပ်လက်ဆောင်...
✅Brand = Mitsubishi
✅2door Fantype
✅Model = MRP.15W-B
✅Model year =2012
✅Price =245000ks💴

✳️ ရေခဲသေတ္တာ ဝယ်သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ အကြမ်းဖြင်း ဗဟုသုတလေးတွေပါ။ ✳️
🤩 ရေခဲသေတ္တာ ဝယ်ကြရအောင် 🤩
🛑 ဒီတစ်ခေါက် ရေခဲသေတ္တာ အကြောင်း သိကောင်းစရာ အနေနဲ့ ရေခဲသေတ္တာ ဝယ်မယ့်သူတွေအတွက် သိသင့်သိထိုက်တဲ့ အကြောင်း အရာလေးတွေ ဆောင်ရန် ရှောင်ရန် လေးတွေ တင်ပြ ပေးချင်ပါတယ်။
✳️ ရေခဲသေတ္တာတွေမှာ အမျိုးအစားကွဲ အများကြီးရှိပါတယ်။
✴️ ဥပမာ ။ ။ One door, two doors, three doors စသည် ရှိသလို၊ deep freezer, upright freezer, can cooler စသည်ဖြင့် အမျိုးမျိုး တည်ဆောက်ပုံ အပေါ် တည်မှီ၍ ခွဲခြား ခေါ်ဝေါ် ကြပါတယ်။
❇️ ဘယ်လိုပဲ ခွဲခြား ခေါ်ဝေါ် ကြပေမယ့် အလွယ် တစ်ကူ အခြေခံ ကျကျ ခွဲခြားလိုက်ရင်တော့
🛑 Chamber type နဲ့
🛑 fan type ဆိုပြီး ၂ မျိုး ပဲ ခွဲလို့ရပါတယ်။
🛑 Chamber type က direct cool ဖြစ်ပြီး
🛑 fan type က indirect cool ဖြစ်ပါတယ်။
🛑 Chamber type
Chamber type ဆိုတာကတော့ direct cool စနစ်ပါ။ Evaporator ( အအေးကွိုင် ) တည်ဆောက်ပုံပေါ် မူတည်ပြီး အအေးပေးတဲ့ စနစ် ကွဲပြား သွားခြင်း ဖြစ်ပါတယ်။ Chamber type တွေမှာ Evaporator ကို Chamber အခန်းတစ်ခန်းရဲ့ နံရံတွေမှာ ပတ်ခွေထားပြီး အဲဒီနံရံတွေ အေးစေခြင်းဖြင့် အခန်းတွင်း ပစ္စည်းတွေကို အေးစေ တာပါ။ direct cool ဖြစ်လို့ နံရံ ကြမ်းပြင်နဲ့ ထိစပ်နေမှသာ အအေး အခဲ မြန်ပြီး ကြမ်းပြင် နံရံနဲ့ မထိတဲ့ နေရာက ပစ္စည်း တွေကတော့ အအေး အခဲ နှေးစေပါတယ်။ အေးလာ ခဲလာတာနဲ့ အမျှ Evaporator နံရံတွေမှာ frost ( ရေခဲမှို )တွေ ကပ်လာပါတယ်။ ရေခဲထုက တဖြည်းဖြည်း ထူလာပါတယ်။ အဲ့ ရေခဲထုတွေကို လူက စက်ကိုရပ်ပြီး ဖျော်ချ ပေးရပါတယ်။ စက်မှာ ဖျော်ချတဲ့ ခလုပ် ပါပေမယ့် သူကလဲ စက်ကို ရပ်ပေးရုံပဲ လုပ်ပေးတာပါ။ Heater နဲ့ ဖျော်ချ ပေးတာမျိုး မရှိပါဘူး။ အကယ်၍ ရေခဲမှိုတွေကို ဖျော် မချဘဲ သုံးနေရင်း Chamber ထဲ ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလာလို့ ထုတ်ယူတော့မယ် ဆိုရင် အမြဲ လိုလို ရေခဲမှို တွေနဲ့ ကပ်နေတတ်ပါတယ်။ အတန်အသင့် အားစိုက် ခွာယူ ရတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ ခွာမရလို့ ဓားတွေနဲ့ ထိုးခွာ ဝက်အူလှည့်နဲ့ ထိုးခွာ လုပ်ကြရင်း Chamber နံရံမှာ ကပ်နေတဲ့ Evaporator ပိုက်ကို ထိုးဖောက်မိပြီး Gas တွေ ထွက်သွားလို့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ အခု ဒီ ပို့စ်ကို ဖတ်နေတဲ့ လူတွေထဲမှာတောင် အဲလို ဖြစ်ဘူးတဲ့ လူတွေ ရှိမှာပါ။ အဲဒါတွေကတော့ Chamber type ရဲ့ အားနည်းချက်တွေပါ။
One door ရေခဲသေတ္တာ တွေမှာ အဖြစ်များပါတယ်။ အချို့ two doors Chamber type တွေလည်း ရှိပါတယ်။ တစ်ချို့ upright freezer တွေလည်း Chamber type တွေပါပဲ။ Deep freezer တွေလည်း Chamber type တွေပါပဲ။ Deepfreezer တွေမှာလည်း အပေါ်က မအေးပဲ အောက်ခြေက ပစ္စည်းတွေကအေးပြီး ခဲလွန်း နေလို့ အပေါ်အောက် လှည့် လှည့်ပေးရတဲ့ ဒုက္ခလည်း တစ်ချို့ စျေးဆိုင် သမားတွေ ကြုံဘူး ကြမှာပါ။ အဲဒါလည်း အားနည်းချက် တစ်ခုပါပဲ။
နောက်တစ်ခုက ပိုက်ပေါက်လွယ်တာပါ။ အဲဒါကတော့ direct cool ဖြစ်လို့ သုံးစွဲသူတွေ ထည့်တဲ့ ပစ္စည်းတွေမှာပါတဲ့ chemical တွေက ပိုက်ကို ဓာတ်စားမှု ဖြစ်ပြီး ပေါက်စေတာပါ။ များသောအားဖြင့် အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးလို့ ဖြစ်ရတာပါ။
တစ်ခု တည်းသော Chamber type ရဲ့ အားသာချက်ကတော့ အပျက် နည်းတာပါပဲ။
ပိုက်ပေါက်တာက လွဲရင် ပျက်စရာ သိပ်မရှိတော့တာပါ။
( အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးထားရင်တော့ ပေါက်လွယ်တာပေါ့ဗျာ။ ဒါကတော့ မဝယ်ခင် ကွကိုယ် စုံစမ်းပေါ့ )
🛑 Fan type
Fan type ကတော့ indirect cool ပါ။ Evavorator ကို ရေခဲသေတ္တာရဲ့ အတွင်းပိုင်း တစ်နေရာမှာ ( မျာသော အားဖြင့် နောက်နံရံကြားမှာ ) ထား အေးစေပြီး လေလမ်းကြောင်း ဖန်တီး၍ ပန်ကာလေဖြင့် အပူ ဖလှယ် စေခြင်းဖြင့် အခန်းတွင်း ပစ္စည်းများကို အေးခဲ စေတာပါ။
အခန်းတွင်း ဘယ်နေရာထားထား အအေး အခဲ တူညီစွာ ဖြစ်ပေါ်မှာပါ။ အခဲခန်းထဲ ဘယ်နေရာထားထား ခဲပါတယ်။ အအေးခန်းထဲ ဘယ်နေရာထားထား အေးပါတယ်။ နံရံ ကြမ်းပြင်နဲ့ ထိစရာလည်း မလိုပါဘူး။
Chambet type ရဲ့ အားနည်းချက် တွေကို ဖြည့်စွက် ပြု ပြင်ပေးထားတယ် လို့တောင် ပြောလို့ ရပါတယ်။
✅ ၁။ နံရံ ကြမ်းပြင်တွေမှာ လုံးဝ ရေခဲမှို ( frost ) မကပ်ပါဘူး။အဲဒါကြောင့် Fan type ရေခဲသေတ္တာတွေကို No frost , Frost free ရေခဲသေတ္တာတွေ လို့လည်း ခေါ်ကြပါတယ်။ တစ်ကယ်တော့ သူလည်း ရေခဲမှို တက်ပါတယ်။ ရေခဲမှိုတက်တဲ့ Evaporator coil က အနောက်နံရံ ကြားမှာမို့လို့ မမြင်ရတာပါ။ ဒါ့ကြောင့် သူ့ကိုလည်း ရေခဲဖျော်ချပေးရပါတယ်။ အဲလို ရေခဲ မဖျော်ချ ပေးရင် လေသွားလမ်းကြောင်းတွေ ပိတ်ဆို့ပြီး အခန်းတွင်း အေးခဲမှု လျော့ကျ သွားမှာပါ။ ဒါပေမယ့် လူက ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ ၆ နာရီ နဲ့ ၈ နာရီ ခြားတစ်ခါ စက်ကိုရပ်ပေးပြီး Defrost Heater နဲ့ Evaporator မှာ ကပ်နေတဲ့ ရေခဲတွေကို auto ဖျော်ချပေး၊ ပြီးလို့ ရေခဲတွေ ပျော်သွားပြီ ဆိုရင် စက်ကို auto ပြန်လည်ပတ်စေတဲ့ Auto Defrost system ကို စက်မှာ တစ်ခါတည်း ထည့်ပေး ထားပါတယ်။ အဲဒါတွေကြောင့် ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလို့ ထုတ်ယူ ရင်လည်း ရေခဲကပ်နေတာမျိုးတွေ မရှိတော့ပါဘူး။
✅ ၂။ ပိုက်ပေါက်ဖို့ ဆိုတာကလည်း Evaporator က တစ်နေရာ အအေးခန်း အခဲခန်းတွေကလည်း တစ်နေရာစီ ဆိုတော့ တော်တော်နဲ့ မဖြစ်နိုင်ပါဘူး။ အလူမီနီယံ ပိုက်တွေ သံပိုက်တွေ ဂရုစိုက်စရာ မလိုတော့ပါဘူး။
⛔ တစ်ခုပဲ အားနည်းချက်က Auto defrost system ပျက်တတ်တာပါ။ 🛑
😇 အဲဒါလည်း နည်းပညာ update ဖြစ်တဲ့ Technician တွေ အတွက် မခဲယဉ်း တော့ပါဘူး။ 😇
✅ အဲတော့ Fan type နဲ့ Chamber type ဘယ်ဟာ ရွေးဝယ် မလဲ ချိန်စလို့ ရလောက်ပါပြီ။
😁 ကဲ..... ဒီတော့ စာလည်း တော်တော် ရှည်သွားပြီ။ ဖတ်ရတဲ့သူလည်း မျက်စိ ညောင်း၊ ရေးတဲ့ သူလည်း လက်ညောင်း မျက်စိညောင်း သွာပြီဗျ။ လက်ညောင်း မျက်စိညောင်း ရသလောက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးလည်း ရရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
😇... နောက်တစ်ခေါက်မှ သုံးစွဲပုံ အညွှန်း လေးတွေနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေ ရေးပေးမယ်ဗျာ။ စောင့်မျှော် အားပေးကြပါ ဦးလို့ တိုက်တွန်း လိုက်ပါတယ်ခင်ဗျာ။ ။ ။ 😇😇😇
🤗 ကိုထိုက် ( မေတ္တာအိမ် Electronics )
✅ စိတ်ကြိုက် ရှယ် နိုင်ပါတယ်။ ✅
✅ စိတ်ကြိုက် ရှယ် နိုင်ပါတယ်။ ✅
✅ စိတ်ကြိုက် ရှယ် နိုင်ပါတယ်။ ✅
🚫⛔ Copy / Paste လုပ်၊ စာသားတွေ ပြင်ချင်ရာ ပြင်ပြီး Crd လုပ်၍ like ရှာ Follower ရှာခြင်း သီးခံပါ။ ⛔🚫
----///------////---
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
အမှတ် A 12 ၊ ရွှေမြဝတီ လမ်းမကြီး၊ မြဝတီမြို့။
Myawadi
အာရှလမ်းမကြီး အမှတ် ၄ ရပ်ကွက် ရွှေတိဂုံပုံတူ ဘုရားလမ်း
Myawadi
ကိုထွန်းဂျပန်ပစ္စည်းမျိုးစုံ လက်လီလက်ကားရောင်းဝယ်ရေး
အမှတ်(၄) အာရှလမ်းမကြီး၊မြေနီကုန်း၊ မြဝတီမြို့
Myawadi
Building Materials / Electronic