Aung Thet Paing ART

Aung Thet Paing ART

Share

art is my everything

10/02/2023

".ချစ်သော အိန်ဂျယ်."

အချိန်တွေကြာခဲ့လေပြီ..
ပလတ်စတစ်တစ်ခုဆိုရင်
ဆွေးမြေ့နေလောက်ပါပြီ အိန်ဂျယ်
ချစ်မိပြီဆိုရာ..
အမှတ်တရတွေကို၊ သူသိသည်ဖြစ်စေ
မသိသည်ဖြစ်စေပေါ့၊ အမြတ်တနိုးနဲ့
ထာဝရသယ်ပိုးနေမိတော့တာ..
တစ်ဘဝပဲ မဟုတ်ရပါ အိန်ဂျယ်
သံသရာတစ်လျှောက်လုံးမှာ
ဒီအချစ်တွေကို
နိဗ္ဗာန်ထိ သယ်ပိုးနေမှာ
ဒီလူသားအတွက် နိဗ္ဗာန်ဆိုတာ
မင်းပါ အိန်ဂျယ်
သတိရတယ်ဆိုတာထက်
အများကြီးပိုတာပေါ့..
တစ်စက္ကန့်လေးထဲမှာ အကြိမ်ပေါင်းများစွာ
စက္ကန့်တိုင်းတမ်းတနေတာ အိန်ဂျယ်..
တောင်စွယ်မှာ နေကွယ်ရင်
မင်းကိုမျှော်နေတာ တစ်ရက်လွန်ခဲ့ပြီ အိန်ဂျယ်
ဒီလိုနဲ့..
ဆံတွေဖြူ၊ သွားတွေကျိုး
ခါးတွေကုန်းလို့၊ အရိုးတွေဆွေးမြေ့သွားပါစေ
ဆက်၍၊ ဆက်၍ မျှော်နေဆဲပဲ အိန်ဂျယ်....။

february 10 2023. -ဧကရာဇ်-

26/12/2022

ခွဲခွာနေရခြင်း..
ဆောင်းတွင်းရဲ့ တခုသောမနက်မှာ
မြူတွေရဲ့အလယ်
ချမ်းအေးနေလိုက်ပုံများ
အသားတွေ တဆတ်ဆတ်တုန်ကာ
ကြောက်ခမန်း လိလိပါပဲလား..
ဒီလိုနဲ့..
လက်ဖျားလေးတွေလည်း
အေးခဲစပြုလာခဲ့ပြီ..
ရနံ့မွှေးမွှေးလေးနှင့်အတူ
ကိုယ်ငွေ့ နွေးနွေးလေးကို
တမ်းတနေမိတယ်.....
December 22 2022. -ဧကရာဇ်-

Want your establishment to be the top-listed Arts & Entertainment in Myaing?
Click here to claim your Sponsored Listing.

Category

Art

Telephone

Website

Address

Myaing
Myaing