Shwe Pyae Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyae Pharmacy, Medical and health, ရွှေရာစုဟိုတယ်လမ်းကြား, ဈေးရပ်ကွက်, မူဆယ်မြို့, Mu-se.
14/08/2023
ဝါတွင်းကာလမှာ ဆေးလှူကြမယ်🙏🙏🙏
14/08/2023
ရွှေပြည့်မှာ ရနိင်ပါပြီရှင့်
20/07/2023
ရွှေပြည့် 💊🩹ဆေးဆိုင်နှင့် 💉🩺အထွေထွေရောဂါကုဆေးခန်းကို
ရွှေရာစုဟိုတယ် လမ်းကြား ဈေးရပ်ကွက် မူဆယ်မြို့🏠 မှာဖွင့်လှစ်ထားပါပီနော်
#ဆေးဝါး
#ဆေးခန်
07/07/2023
သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ်
သွေးလွန်တုပ်ကွေးကို ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ရောဂါကိုကာကွယ်နိုင်မယ့် နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။
* �
* ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ – လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။
* အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့် အိပ်စက်ပါ –နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
* နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင် လုပ်ဆောင်ပါ – နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။
* လုံခြုံစွာဝတ်ဆင်ပါ – ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။
* ခြင်နိုင်ဆေးသုံးပါ – ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။
* နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။
* ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ – သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။
* တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။
သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ကင်းဝေးပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။
# credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mu-Se