Tr.Yu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr.Yu, Education, Monywa.
18/04/2026
တစ်နေ့ အတန်းပြီးသွားတဲ့အချိန်
ကျွန်မ စိတ်ထဲမှာ အရမ်းလေးလံနေခဲ့တယ်…
အဲဒီနေ့မှာ ကလေးတစ်ယောက် homework မလုပ်လာလို့
“အမြဲတမ်းအဲဒီလိုပဲ… အာရုံမစိုက်ဘူးလား?” လို့ မသိဘဲ ပြောလိုက်မိတယ်…
သူက ဘာမှ မပြန်ပြောခဲ့ဘူး
ဒါပေမယ့် သူ့မျက်နှာလေးက တိတ်တိတ်လေး ပြောင်းသွားခဲ့တယ်…
အဲ့ဒီအချိန်မှာ ကျွန်မထင်ခဲ့တာက
“ငါက discipline သင်ပေးနေတာပဲ” လို့…
ဒါပေမယ့် နောက်ပိုင်းမှာ စတင်သတိထားမိလာတယ်…
အဲဒီကလေးက
လက်မထောင်တော့ဘူး
မျက်လုံးမကြည့်တော့ဘူး
အတန်းထဲမှာ အသံမထွက်တော့ဘူး…
အဲ့ဒီအချိန်မှာမှ နားလည်ခဲ့တယ်…
ကလေးတစ်ယောက်ကို အပြစ်မတင်ခဲ့ဘူး
ဒါပေမယ့် သူ့စိတ်ကို ထိခိုက်သွားစေခဲ့တယ်ဆိုတာ…
Teacher တွေဖြစ်တဲ့ ကျွန်မတို့
တစ်ခါတလေ မသိဘဲလုပ်မိတာတွေ ရှိတတ်တယ်…
❌ Encourage လုပ်နေတယ်ထင်ပြီး discourage ဖြစ်စေမိတာ
❌ Teach လုပ်နေတယ်ထင်ပြီး pressure ပေးမိတာ
❌ Guide လုပ်နေတယ်ထင်ပြီး compare လုပ်မိတာ
❌ Correct လုပ်နေတယ်ထင်ပြီး confidence ချိုးမိတာ
ကလေးတွေက စကားတွေအများကြီးမမှတ်မိနိုင်ဘူး
ဒါပေမယ့် ခံစားချက်ကိုတော့ မမေ့ဘူး…
တစ်ခါတလေ
Lesson plan မှန်မမှန်ထက်
Teacher ရဲ့ tone မှန်မမှန်က ပိုအရေးကြီးတယ်…
တစ်ကြိမ်တည်း ပြောလိုက်တဲ့ စကားတစ်ခုက
ကလေးတစ်ယောက်အတွက်
“ငါမတတ်ဘူး” ဆိုတဲ့ ယုံကြည်ချက်အဖြစ်
နှစ်တော်တော်ကြာကြာ ကျန်နေတတ်တယ်…
ကျွန်မရဲ့ကိုယ်တွေ့ပါ ကျွန်မဆယ်တန်းတုန်းကသင်္ချာချိန်မှာစာပြီးလို့သွားပြတာကိုဆရာက နင်သူများဆီကကူးလာတာမလားလို့မေးလိုက်ကတည်းက ကျွန်မဘယ်တော့မှအဲဒီဆရာအချိန်မှာစာသွားမပြတော့သလို သင်္ချာဘာသာရပ်ကိုပါစိတ်ဝင်စားမှုအားနည်းသွားခဲ့တော့တာ🥺
တစ်ခါတလေ
ကလေးတစ်ယောက် homework မလုပ်လာတာက
lazy ဖြစ်လို့ မဟုတ်နိုင်ဘူး…
မသိတာဖြစ်နိုင်တယ်
အချိန်မရတာဖြစ်နိုင်တယ်
အိမ်မှာ အကူအညီမရှိတာဖြစ်နိုင်တယ်
မိဘတွေနဲ့ ပြဿနာရှိနေတာဖြစ်နိုင်တယ်
သို့မဟုတ်
သူကိုယ်တိုင် “မလုပ်နိုင်ဘူး” လို့ ယုံကြည်နေပြီးသား ဖြစ်နိုင်တယ်…
အဲဒီနေ့ကစပြီး
ကျွန်မ ကိုယ့်ကိုယ်ကို မေးတတ်လာတယ်…
“ဒီစကားက သူ့ကို သင်ပေးမလား?”
ဒါမှမဟုတ်
“ဒီစကားက သူ့ကို ပိတ်သွားစေမလား?”
Teaching ဆိုတာ
စာပဲ သင်ပေးတာမဟုတ်ဘူး
စိတ်တစ်ခုကို ထိန်းသိမ်းပေးတာပါ…
အခုတော့ ကျွန်မ ကြိုးစားနေတယ်…
Correction ထက် connection ကို ဦးစားပေးဖို့
Result ထက် effort ကို မြင်တတ်ဖို့
Mistake ထက် courage ကို ချီးကျူးဖို့
အခုဆိုရင်
“Homework မလုပ်လာဘူးလား?” လို့ မေးမယ့်အစား
“ဘယ်နေရာမှာ ကူညီပေးရမလဲ?” လို့ မေးတတ်လာပြီ…
“ဘာလို့ မသိတာလဲ?” လို့ မေးမယ့်အစား
“တူတူ ပြန်လေ့လာကြရအောင်” လို့ ပြောတတ်လာပြီ…
“မကြိုးစားဘူး” လို့ မထင်တော့ဘူး
“မကြိုးစားနိုင်သေးဘူး” လို့ပဲ မြင်တတ်လာပြီ…
Teacher တစ်ယောက်ရဲ့ စကားတစ်ခုကပဲ
ကလေးတစ်ယောက်ကို
ပိတ်နိုင်တယ်
ဖွင့်နိုင်တယ်
Primary Teacher တစ်ယောက်အနေနဲ့
ကလေးတွေကို ပိုနားလည်စေချင်သူ
ပို gentle ဖြစ်စေချင်သူ
ပို effective ဖြစ်စေချင်သူတွေတွက်…
တခါတလေ lesson အသစ်မလိုဘူး
Perspective အသစ်တစ်ခုပဲ လိုတာပါ… 🤍
#ပုံကတော့ဒီနေ့ spider manကိုစာသင်လာရတာပါပဲ😍😍
05/03/2026
သင်ရခြင်းနဲ့သင်ရခြင်းနဲ့ ရည်ရွယ်ချက်
🙋ကလေးတွေ ငယ်ငယ်လေးနဲ့ Phonics ဘာလို့ သင်ရသလဲ။
1. စာဖတ်တတ်စေချင်လို့
2. အသံထွက်မှန်မှန်နဲ့ ဖတ်တတ်စေချင်လို့
3. Meaning တွေ အလွတ်ကျက် အသေမှတ်ရတဲ့ ဘဝက ကင်းလွတ်စေချင်လို့
4.ကလေးတွေ စာဖတ်တဲ့အခါ လွယ်လွယ်နဲ့ သက်သာစေချင်လို့ဖြစ်ပါတယ်
#မိမိရဲ့ သားသားမီးမီးတွေ international schoolတွေမှာ မထားနိုင်လို့
English အရေးအဖတ် အားနည်းမှာစိုးရိမ်နေပါသလား။
Teacherက Phonics သင်ရင်း
4skills အခြေခံကိုပါသင်ကြားပေးမှာပါ။
International school curriculumအတိုင်း phonicsကိုအခြေခံပြီး သင်ကြားပေးမှာဖြစ်တာကြောင့် English languageသင်ရတာ ပျော်စရာဖြစ်နေမှာပါ။
လိုအပ်တဲ့activities တွေနဲ့ သင်ပေးမှာဖြစ်လို့ active learningဖြစ်မှာအာမခံပါတယ်။
letter soundလေးတွေ သင်ရင်းနဲ့ vocabularyလေးတွေပါတိုးတက်လာစေမှာပါ။
songsလေးတွေ gamesတွေ activityလေးတွေနဲ့လည်းသင်တာဆိုတော့ Funလည်းဖြစ်စေမှာ အသေချာပါပဲ။
စိတ်ဝင်စားလို့စုံစမ်းချင်လျှင်တော့
Ph - 09 772091030
- 09 950586873
23/06/2024
𝐒𝐚𝐭/𝐒𝐮𝐧 - 𝐏𝐡𝐨𝐧𝐢𝐜𝐬 - 𝐂𝐥𝐚𝐬𝐬
𝑻𝙞𝒎𝙚 - 1:𝟎𝟎 - 2:00pm
Phonics သင်ကြားခြင်းဟာ ကလေးလေးတွေရဲ့ ဘာသာစကားလေ့လာခြင်းခရီးစဉ်မှာ သိသင့်သိထိုက်တဲ့အခြေခံအကျဆုံးအရာပဲဖြစ်ပါတယ်။ စာလုံးနဲ့အသံကြားက
ဆက်သွယ်မှုကိုသိရှိပြီး စာလုံးပေါင်းနဲ့ စာဖတ်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ⭐️
ဖေဖေမေမေတို့ရဲ့ သားငယ်သမီးငယ်တွေရဲ့ ဘာသာစကားလေ့လာရာမှာ သေချာတတ်မြောက်ပြီး ထူးချွန်တဲ့ ကလေးလေးတွေဖြစ်လာဖို့အတွက် “Tr Yu” မှ အကောင်းဆုံးကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ⭐️
#ကျောင်းသားဦးရေသတ်မှတ်ထားပါတယ်ရှင့်
05/04/2024
မိဘတွေ 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 (𝐏𝐡𝐨𝐧𝐞)အသုံးမပြုသင့်တဲ့အချိန်
ကလေးတွေကို 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 ကန့်သတ်ထားဖို့လိုသလို မိဘတွေကိုယ်တိုင်ကလည်း 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 မသုံးသင့်တဲ့ အချိန်ရှိပါတယ်။ကလေးကိုကျတော့ ဘယ်ချိန်ပဲဖုန်းကြည့်ရမယ် ဘယ်အချိန်ဆိုမကြည့်ရဘူးလို့ စည်းကမ်းချက်တွေထုတ်ထားပြီး ကိုယ်တိုင်ကျတော့ တစ်ချိန်လုံး 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 (𝐏𝐡𝐨𝐧𝐞) အသုံးပြုနေတာမျိုး မဖြစ်သင့်ပါဘူး။အထူးသဖြင့် ကလေးနှင့်အတူတူရှိနေတဲ့အချိန် ဘယ်လိုအချိန်တွေမှာမိဘတွေ 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 (𝐏𝐡𝐨𝐧𝐞)မသုံးသင့်လဲမျှဝေပေးပါ့မယ်။
#𝓝𝔂𝓮𝓲𝓷
08/02/2024
သင်ရခြင်းနဲ့သင်ရခြင်းနဲ့ ရည်ရွယ်ချက်
🙋ကလေးတွေ ငယ်ငယ်လေးနဲ့ Phonics ဘာလို့ သင်ရသလဲ။
1. စာဖတ်တတ်စေချင်လို့
2. အသံထွက်မှန်မှန်နဲ့ ဖတ်တတ်စေချင်လို့
3. Meaning တွေ အလွတ်ကျက် အသေမှတ်ရတဲ့ ဘဝက ကင်းလွတ်စေချင်လို့
4.ကလေးတွေ စာဖတ်တဲ့အခါ လွယ်လွယ်နဲ့ သက်သာစေချင်လို့ဖြစ်ပါတယ်
#6နှစ်မှ12နှစ် အရွယ် မိမိရဲ့ သားသားမီးမီးတွေ international schoolတွေမှာ မထားနိုင်လို့
English အရေးအဖတ် အားနည်းမှာစိုးရိမ်နေပါသလား။
Teacherက Phonics သင်ရင်း
4skills အခြေခံကိုပါသင်ကြားပေးမှာပါ။
International school curriculumအတိုင်း phonicsကိုအခြေခံပြီး သင်ကြားပေးမှာဖြစ်တာကြောင့် English languageသင်ရတာ ပျော်စရာဖြစ်နေမှာပါ။
လိုအပ်တဲ့activities တွေနဲ့ သင်ပေးမှာဖြစ်လို့ active learningဖြစ်မှာအာမခံပါတယ်။
letter soundလေးတွေ သင်ရင်းနဲ့ vocabularyလေးတွေပါတိုးတက်လာစေမှာပါ။
songsလေးတွေ gamesတွေ activityလေးတွေနဲ့လည်းသင်တာဆိုတော့ Funလည်းဖြစ်စေမှာ အသေချာပါပဲ။
စိတ်ဝင်စားလို့စုံစမ်းချင်လျှင်တော့
Ph - 09 772091030
- 09 950586873
12/01/2024
Learn Daily Life Vocabulary Flashcards For Kids
06/01/2024
မိဘတိုင်း သိထားသင့်တဲ့ Child Psychology
Child Psychology( ကလေးစိတ်ပညာ) ဆိုတာဘာလဲ?
Child Psychology( ကလေးစိတ်ပညာ)ဆိုတာ ကလေးငယ်ဘဝရဲ့ သိစိတ်နှင့် မသိစိတ် ဖွံဖြိုးမှုအကြောင်းကို လေ့လာခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရင်သွေးလေး တဖြည်းဖြည်း အရွယ်ရောက်ကြီးပြင်းလာတာကို မြင်ရတာ မိဘဖြစ်ရခြင်းရဲ့ ဆုလာဘ်တစ်ခုပါပဲ။ မိဘတွေနှင့် အပြန်အလှန်ဆက်ဆံရေး၊ သူတို့ကိုယ်သူတို့ ဘယ်လို ပြုမူနေထိုင်လဲ၊ အရည်အချင်းအသစ်တွေကို ဘယ်လို သင်ယူလဲ။ ကမ္ဘာကြီးနဲ့ ဘယ်လိုဆက်ဆံနေထိုင်လဲ။ ခံစားချက်အသစ်တွေ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းလဲ အစရှိတဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတတ်မှု အကြောင်းတွေကို လေ့လာရတာက မိဘဖြစ်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒါတွေ အားလုံးကို သိရှိနားလည်ကိုင်တွယ်နိုင်ဖို့က လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။
ဘာကြောင့် Child Psychology( ကလေးစိတ်ပညာ)ကို လေ့လာသင့်တာလဲ?
မိဘတိုင်းက ကိုယ့်ကလေးကို ကျန်းကျန်းမာမာနဲ ဘက်စုံဖွံဖြိုးမှုမျိုး ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ကလေးက သူဖွံဖြိုးရမယ့် အဆင်တိုင်း ကောင်းစွာ ဖွံဖြိုးရဲ့လား၊ ဘယ်နေရာတွေမှာ ပုံမှန်ဖွံဖြိုးမှု မရှိနေလဲ။ ဖွံဖြိုးနောက်ကျနေလဲဆိုတာ သေချာရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။ ဒါတွေကို သေချာသိအောင် ကလေးစိတ်ပညာရှင်တွေက ကူညီပေးနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ပုံမှန်ရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံများနဲ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံ (normal and abnormal psychological patterns) တွေကို သိရှိနားလည်ထားခြင်းအားဖြင့် မိဘတွေအတွက်
ကိုယ်ကလေးနဲ့ ဘယ်လိုမျိုး အကောင်းဆုံး(communicate) ဆက်ဆံပြောဆိုမလဲ?
ကိုယ်ကလေးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ဘယ်လိုတည်ဆောက်မလဲ?
ကလေးကို သူတို့လေးတွေရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖြေရှင်းနေထိုင်နိုင်အောင် သင်ပေးခြင်း၊
ကလေးရဲ့ ဖွံဖြိုးမှုအဆင့်တိုင်းမှာ မိဘအနေနဲ့ ဘယ်လို ကူညီမလဲဆိုတာ အစရှိတဲ့အချက်တွေကို သိရှိနားလည်ပြီး ကလေးကို အကောင်းဆုံး ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။
Child Psychology( ကလေးစိတ်ပညာ)က Physical Development(ရုပ်ခန္ဓာပိုင်းဆိုင်ရာဖွံဖြိုးမှု)၊ Cognitive Development( သိမှုဆိုင်ရာ ဖွံဖြိုးမှု)၊ Emotional social development( စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံဖြိုးမှု) စတဲ့ကဏ္ဍတွေကို အထူးပြုလေ့လာကြပါတယ်။
Physical Development (ရုပ်ခန္ဓာပိုင်းဆိုင်ရာဖွံဖြိုးမှု)
ကလေးတွေရဲ့ Physical Developmentက ကြိုတင်ခန့်မှန်းစောင့်ကြည်လို့ရတဲ့ ဖွံဖြိုးမှုဖြစ်ပါတယ်။ ဘယ်အချိန်မှာ တွားသွားမှောက်လျက်သွားမယ်၊ ဘယ်အချိန်မှာ လေးဖက်ထောက်သွားမယ်၊ ဘယ်အချိန်မှာ လမ်းစလျှောက်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကလေးစိတ်ပညာကို လေ့လာထားရင် ဘယ်အချိန်မှာ ဘယ်ဖွံဖြိုးမှုတွေဖြစ်ရမယ်ဆိုတာသိနိုင်ပါတယ်။ ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေက အတော်လေး ရိုးရှင်းပြီး မြန်မာမိဘတော်တော်များများလည်း ရင်းနှီးပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။
Cognitive Development( သိမှုဆိုင်ရာ ဖွံဖြိုးမှု)
Cognitive Development ( သိမှုဆိုင်ရာ ဖွံဖြိုးမှု )ဆိုတာ ကလေးတွေရဲ့ စဉ်းစားတွေးတောခြင်း စူးစမ်းရှာဖွေခြင်း၊ အဖြေရှာဖော်ထုတ်ခြင်းတို ဖွံ့ဖြိုးတိုးတတ်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သိမြင်မှုဆိုင်ရာ ဖွံဖြိုးမှု ဆိုတာ ဗဟုသုတတွေတိုးလာတာ၊ စွမ်းရည်တွေမြှင့်လာတာ၊ ပြသာနာဖြေရှင်းနိုင်စွမ်း တိုးတတ်လာတာ၊ ကိုယ်ရည်ကိုယ်သွေး ဖွံဖြိုးလာတာ၊ ကလေးက သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ ကမ္ဘာကြီးအကြောင်း နားလည်လာတာဖြစ်ပါတယ်။မိဘတစ်ယောက်အနေနဲ့ ကလေးငယ်စဉ်အရွယ်မှာ သူတိုရဲ့ Cognitive Development ( သိမြင်မှုဆိုင်ရာ ဖွံဖြိုးမှု ) တိုးတတ်အောင် ကူညီပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ Cognitive Developmentက ကလေးရဲ့ ကျောင်းတက်ချိန်နှင့် အရွယ်ရောက်ချိန် ဘဝမှာ အောင်မြင်မှုတွေရဖိုအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်တာကြောင့်ပါ။ ဥပမာပြောရရင် သုတေသနတစ်ခုအရ ၆လအရွယ်မှာ အသံတွေကိုခွဲခြားနိုင်တဲ့ ကလေးငယ်က အသက်၄ နှစ်နဲ ၅ နှစ်အရွယ်ရောက်တဲ့အချိန်မှာ စာဖတ်နိုင်တဲ့ စွမ်းရည်ကို သင်ယူနိုင်တတ်မြောက်ဖို ပိုများပါတယ်တဲ့။
သင့်ကလေးရဲ့ Cognitive Developmentသိမြင်မှုဆိုင်ရာ ဖွံဖြိုးမှုဖြစ်အောင် ဘယ်လိုလုပ်မလဲ?
အောက်မှာ မျှဝေမယ့်အချက်တွေက မိဘတိုင်းလိုက်လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အချက်တွေဖြစ်ပါတယ်။ ရိုးရှင်းပေမဲ့ နေတိုင်းလုပ်ဖို့ လိုအပ်သလို Quality Interaction( အပြန်အလှန် Active)လည်းဖြစ်ဖိုလိုပါတယ်။
ကလေးနဲ စကားပြောပေးပါ၊ ပြီးတော့ အများဆုံးအသုံးများတဲ့ အရာဝတ္တုပစ္စည်းတွေရဲ့ နာမည်တွေလည်းပြောပါ။
ကလေးကို အရုပ်တွေနဲ ဆော့ပေးတာ၊ အရုပ်တွေကို စူးစမ်းတာမျိုး ခွင့်ပြုပေးပါ။
ကလေးကို သီချင်းဆိုပြပါ၊ စာဖတ်ပြပါ။
ကလေးကို စာအုပ်တွေ၊ ပဟေဋ္ဌိတွေကို ပြသပေးပါ။
ကလေးစိတ်ဝင်စားတဲ့အရာကို တိုးအောင်လုပ်ပေးပါ။ ဥပမာ။ ကလေးက ဒိုင်နိုဆောတွေကို သဘောကျစိတ်ဝင်စားရင် ကလေးကို တိရိစ္ဆာန်ဥယျာဉ်ခေါ်သွားတာမျိုး၊ ရှေးဟောင်းပြတိုက် ခေါ်သွားတာမျိုးလုပ်ပေးပါ။
အရေးကြီးဆုံးက ကလေးမေးတဲ့ ‘’why ဘာကြောင့်လဲ’’ မေးခွန်းကို ဖြေပေးပါ။
Emotional social development( စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံဖြိုးမှု)
Emotional (စိတ်ခံစားချက်ပိုင်းဆိုင်ရာ)နှင့် Social( ဆက်ဆံရေးပိုင်းဆိုင်ရာ) ဖွံဖြိုးမှုက အပြန်အလှန် ဆက်နွယ်နေတာဖြစ်ပါတယ်။ Social Development ဆိုတာက ကလေးက မိဘတွေနဲ ဘယ်လိုဆက်ဆံလဲ၊ ရွယ်တူတွေနဲ ဆက်ဆံပုံ၊ ပတ်ဝန်းကျင်နဲဆက်ဆံရေး အစရှိတဲ့ဆက်ဆံရေးဖွံဖြိုးမှုဖြစ်ပါတယ်။Emotional Developmentဆိုတာ ကလေးက ဘယ်လိုခံစားမှုဖြစ်လဲ၊ ဘယ်လိုနားလည်လဲ၊ သူရဲ့ ခံစားမှုတွေကို ဘယ်လို ထုတ်ဖော်ပြသလဲဆိုတာဖြစ်ပါတယ်။
ဉပမာ အရမ်းငယ်သေးတဲ့ ကလေးလေးတွေမှာဆိုရင် ကြောက်တာ၊ ပျော်တာ၊ စိတ်တိုတာ၊ ဝမ်းနည်းတာ စတဲ့ အခြေခံစိတ်ခံစားချက်လေးတွေကို ဖော်ပြလေ့ရှိပြီး အသက်နည်းနည်းပိုကြီးတဲ့ ကလေးတွေမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ မျှော်လင့်ချက်၊ မာနအစရှိတဲ့ ပိုပြီး ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ ပေါ်ပေါက်လာနိုင်နေပါပြီ။ ကလေးတိုင်းကတော့ ဒီလို စိတ်ခံစားချက်တွေကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြတတ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဖေဖေမေမေတို့ အနေနဲ့ Child Psychology ကို သိရှိထားမှသာ သားသားမီးမီးတို့ စိတ်ခံစားချက်တွေကို ဘယ်လိုမျိုးကိုင်တွယ်ရမယ် ဘယ်လိုမျိုး အပြုသဘောဆောင်ပြီး ကောင်းတဲ့နည်းလမ်းနဲ့ ထုတ်ဖော်ပြသရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။
အတိုချုံးပြောရရင် Child Psychology က မိသားစုကျန်းမာရေးရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ မိမိ မိသားစု ကောင်းမွန်ကျန်းမာ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး အချင်းချင်းနားလည်မှုရှိလာဖို့နှင့် ကလေးကို အကောင်းဆုံး ပျိုးထောင်နိုင်ဖိုအတွက် Child Psychology( ကလေးစိတ်ပညာ)ကို လေ့လာကြတာ အကောင်းဆုံးပါပဲရှင်။
ကလေးတိုင်းတော်နိုင်လား
ကိုယ့်သားသမီး၊ တပည့် ဒါမှမဟုတ် အခြား သူတွေရဲ့ တပည့်တွေ ကလေးတွေထဲမှာ ဘယ်သူကတော့ ဆိုးတယ်၊ ဘယ်သူကတော့ တော်တယ်၊ ဘယ်သူကတော့ အနာဂါတ်အလားလာကောင်းမှာ၊ ဘယ်သူကတော့ သုံးစားမရဘူး.. စသည်ဖြင့် ကြားဖူးလား၊ ပြောဖူးလား။ ဒီလိုဆိုရင် ဒီစာကို ဖတ်ပါ။ ကိုယ့်သားသမီး၊ ကိုယ့်တပည့် တစ်ကယ် တော်စေချင်ရင်လည်း ဒီစာကိုဖတ်ပါ။ ကိုယ့်ကိုကိုယ်လည်း အသုံးမကျဘူး၊ သူများတွေလိုတောင် မတော်ဘူးလို့ တွေးဖြစ်ရင် ဒီစာကိုဖတ်ပါ။
ဆရာတွေကို ဥယျာဉ်မှူးတွေလို့ ခိုင်းနှိုင်းကြရင်၊ ကလေးတွေကို အပင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ အပင်တွေရဲ့ သဘာဝကိုက တစ်ပင်နဲ့တစ်ပင်၊ အမျိုးစားတစ်ခုနဲ့တစ်ခု၊ ဒေသတစ်ခုကအပင်နဲ့ နောက်ဒေသ အပင်၊ စသည်ဖြင့် မတူကြဘူး။ တစ်ချို့အပင်တွေက ရေများများကြိုက်တယ်၊ အချို့အပင်တွေက နေပူပူကို ကြိုက်တယ်၊ အချို့အပင်တွေက ရေထဲမှာ နေချင်တယ်၊ အချို့အပင်တွေက အေးအေးလေးပဲနေလိုတယ်။ ဒါပေမယ့် ဘယ်အပင်က ဘယ်အပင်ထက် တန်ဖိုးကြီးသလဲ ဆိုရင် ဘာအတွက် သုံးမလဲဆိုတဲ့အပေါ်မှာမူတည်သလို အဖြေဖြေတဲ့သူအပေါ်မှာလဲမူတည်တယ်။ ဆေးဖေါ်မယ့်သူက ဆေးဖက်ဝင်အပင်ကို ပိုနှစ်သက်သလို ပန်းပန်ချင်သူက ပန်းကိုရွေးမှာပေါ့။ တွေ့ရှိချက်တွေအရ သုံးစားလို့မရဘူးဆိုတဲ့ အပင်ဆိုတာမရှိဘူး။ အပင်တစ်ပင်ဟာ တစ်နေရာရာမှာတော့ အသုံးဝင်တာကြည့်ပါပဲ။
အပင်တွေလိုပဲ ကလေးတွေကို ကြည့်ကြမယ်ဆိုရင် ကလေးတိုင်းဟာ မတူညီကြဘူး။ တူညီတာတော့ ရှိတယ် အဲဒါဟာ ကလေးတိုင်းမှာ ထူးခြားချက်တွေ၊ ပါရမီတွေ ပါတာပဲ။ ဒါပေမယ် ဖွေးဖွါးလာရာ ဒေသ၊ မိသားစု၊ ကြီးပြင်းရာပုံစံ၊ ပံ့ပိုးမှုအတိုင်းအရာ၊ ရရှိတဲ့ အထောက်အပံ့ စတာတွေ မတူညီကြတဲ့အခါ မွေးဖွါးကတည်းက ပါလာတဲ့ ထူးခြားချက်တွေ ပါရမီတွေဟာ ပြောင်မြောက်သင့်သလောက် မပြောင်မြောက်နိုင်ကြဘူး၊ အချို့ဆို လုံးဝ ပေါ်မလာတော့ဘူး။
တော်တဲ့ကလေးတွေကို ကျွန်မတို့တစ်တွေက Genius လေးတွေ၊ ပါရမီရှင်လေးတွေလို့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။ Genius (ဂျီးနီးယက်စ်)(ပါရမီရှင်) ဆိုတဲ့စကားလုံးက လက်တင်(Latin)ဘာသာစကားကနေ ဆင်းသက်လာတယ်။ မွေးဖွါးလာသူတစ်ယောက်ကို စောင့်ရှောက်တဲ့နတ် (ကိုယ်စောင့်နတ်)လို့ ပြောကြတယ်။ လူတိုင်းဟာ ထူးခြားတယ် (Unique)ဖြစ်တယ်၊ စောင့်ရှောက်သူရှိတယ်လို့ ဆိုလိုချင်တာပါ။ နောက်တော့ Genius လို့ပြောရင် တမူထူးခြားပြီးတော်တဲ့သူတွေ၊ ပါရမီရှင်တွေလို့ ပြောင်းလဲ ရည်ညွှန်းလာကြတယ်။
ကလေးတစ်ယောက်ဟာ ဉာဏ်အရမ်းကောင်းတာမျိုးရှိနိုင်တယ်။ ဒါပေမယ့် အဲဒီ့ ငယ်စဉ်က ဉာဏ်ကောင်းခြင်းဟာ သူအနာဂါတ်မှာ လုံးဝအောင်မြင်မှုရလိမ့်မယ်လို့ တသားမတ်ထဲ ပြောလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူရဲ့ ဉာဏ်ကောင်းမှုဆိုတဲ့ ထူးခြားချက်ကို ပံ့ပိုးတဲ့ ပတ်ဝန်းကျင်၊ သူကိုယ်တိုင် သင်ယူလေ့လာတိုးတက်ချင်တဲ့စိတ် စတာတွေ ရှိမနေဘူးဆိုရင် ဉာဏ်ကောင်းပေသော်ငြားလည်း အောင်မြင်နိုင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။ အဲဒီ့လိုပဲ ဉာဏ်မကောင်းဘူး၊ မတော်ဘူးလို့ သတ်မှတ်ထားပေမယ့် ဇွဲလုံ့လဝီရိယနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုအပေါ် သေချာ လေ့လာရင်လည်း အောင်မြင်သွားနိုင်ခြေရှိတယ်။
လက်တွေ့ဖြစ်ရပ်မှန် ဥပမာ လေးတစ်ခုပေးချင်ပါတယ်။ ကလေးတစ်ယောက်ဟာ ဉာဏ်မကောင်းဘူးလို့ သတ်မှတ်ခြင်းခံရတယ်။ အကိုကလည်း တော်တယ်၊ အဖေကလည်း တော်တယ်။ အဖေလို ဆရာဝန်ကြီးဖြစ်စေချင်လို့ တိုက်တွန်းတယ်။ သင်္ချာတွေလည်းညံ့မှညံ့။ ကျောင်းမှာဆိုလည်း ဘာမှမဟုတ်။ စာအုပ်ဖတ်ပြီး သင်ရတာလည်း အဲ့ဒီ့ကလေးက စိတ်မဝင်စားဘူး။ အပြင်ထွက်ပြီး သားကောင်တွေဖမ်းမယ်၊ အပင်တွေခူးမယ်၊ ပစ္စည်းတွေကောက်ပြီးစုမယ် ဒါတွေပဲသူစိတ်ဝင်စားတယ်။ သူတွေ့လာတဲ့ အကောင်တွေ၊ အပင်တွေ၊ ပစ္စည်းတွေကို သေချာကြည့်ပြီး လေ့လာရတာဟာ သူ့အတွက်ပျော်စရာအချိန်တွေပဲ။ နောက် ဆေးကျောင်းကို အဖေကပို့တယ်၊ သားက သွေးကြောက်လို့ ထွက်ခဲ့တယ်။ အခြား ဘယ်လိုကျောင်းပို့ပို့ သူက ကျောင်းစာကို သိပ်ပြီး စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာက ဒီပတ်ဝန်းကျင်ကအရာတွေကို လိုက်ကြည့်ပြီး လေ့လာချင်တာပဲ။ နောက်တော့ လေ့လာဖို့ အခွင့်လမ်းတစ်ခုရတယ်။ လေ့လာတယ်။ အခက်အခဲတွေအများကြီးကြုံရတယ်။ ကိုယ်စိတ်ဝင်စားတာလုပ်နေရတော့ ခံသာတယ်။ နောက်မှာသူဟာ ကမ္ဘာကျော် သီအိုရီတစ်ခုကို ထုတ်တဲ့ Charles Darwin ဆိုပြီး ဖြစ်လာခဲ့တယ်။
Charles Darwin ရဲ့ ကျောင်းပညာကို စိတ်မဝင်စားတာကို ပြောချင်တာထက် သူဟာ သူလေ့လာချင်တဲ့အရာ၊ သူ့စိတ်ဝင်စားမှုကို သူဇွဲရှိရှိနဲ့ သေချာလေ့လာဆည်းပူးတာကို ထောက်ပြချင်တာပါ။ သာမာန်ကလေးလို့ သတ်မှတ်ခံရပေမယ့် တစ်ကယ်ကို စိတ်ဝင်တစားနဲ့ အလုပ်တစ်ခုမှာ ဇွဲရှိရှိ ကြိုးစားလေ့လာရင် အဲဒီ့ ပညာရပ်တစ်ခုကို သေချာ ကျွမ်းကျင်ပိုင်နိုင်သွားနိုင်ပါတယ်။
Leonado da Vinci ဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီကို စိတ်ဝင်စားတယ်၊ ပတ်ဝန်းကျင်ကအရာတွေကို အမြဲ အသေးစိတ် လေ့လာစောင့်ကြည့်တယ်။ သူ့ရဲ့ သင်ယူမှုမှာ ထူးခြားတာက ဘယ်အရာကိုလုပ်လုပ် အဆန်းထွင်ကြည့်တယ်။ အသက် ၁၄ နှစ်လောက်မှာ ဖလောရင့်စ်မြို့က ပန်းချီပညာရှင် Andrea del Verrocchioဆိုမှာ ပညာသင်တယ်။ ဆရာက အသေးစိတ်သင်တယ်၊ သူကဘယ်တော့မှ တစ်ထပ်တည်းလိုက်မလုပ်ဘူး။ ဘယ်လို အသစ်ဆန်းဖြစ်အောင် လုပ်ရမလဲလို့ အမြဲတွေးပြီးလုပ်တယ်။ တစ်ခါက ဆရာက နတ်မိမယ်ပုံဆွဲခိုင်းတယ်။ ဆရာဆွဲခိုင်းတဲ့ပုံအတိုင်းမဆွဲဘဲ သူဖာသာ စမ်းတယ်။ စမ်းတဲ့အခါ ရမ်းသမ်းပြီးတော့ ဗရုတ်သုတ်ခတော့မလုပ်ဘူး။ နတ်မိမယ်မှာ အတောင်ပံ တတ်ပေးချင်တော့ – စျေးက ငှက်မွှေးတွေကို သေချာဝယ်ပြီးလေ့လာတယ်၊ စိတ်ကို နှစ်ပြီးသေချာလေ့လာပြီး ဆက်လုပ်တယ်။ မှားသွားရင်၊ လွဲသွားရင်လည်း စိတ်မပျက်ဘူး၊ မှားသွားရာကနေ တစ်ခုခုသင်ယူနိုင်တယ်ဆိုပြီး အမြဲ တွေးတယ်။ တစ်နေရာမှာ ပညာသေချာသင်တယ်၊ စမ်းသပ်တယ်၊ နောက်ထပ်တစ်နေရာမှာ နောက်ထပ်တစ်မျိုးသင်တယ်၊သေချာလုပ်တယ်၊ စမ်းသပ်တယ်။ သူ့ဘဝတစ်လျှောက်လုံး သင်ယူမှုအပြည့်နဲ့ရှင်သန်ခဲ့တယ်။
သင်ယူမှုဟာ အမြဲမပြတ်ရှာဖွေနိုင်တဲ့အရာဖြစ်တယ်။ အသက်အရွယ်မရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး သင်ယူနိုင်တယ်။ မှားရာကနေလည်း သင်နိုင်တယ်၊ အမျိုးမျိုးပြောင်းလဲဆန်းသစ်ခြင်းကနေလဲ သင်ယူနိုင်တယ်၊ မတူညီတဲ့ဆရာတွေဆီကလည်း သင်ယူနိုင်တယ်။ သင်ယူချင်စိတ်သာလိုတယ်။
တိုးတက်အောင်မြင်ခဲ့တဲ့သူတွေကို လေ့လာကြည့်ရင်… ငယ်စဉ်က ရရှိလာခဲ့တဲ့ ပံ့ပိုးမှု၊ ကြီးပြင်းခဲ့ပုံတွေမတူညီကြပါဘူး။ ဒါပေမယ့် အောင်မြင်သူတွေ၊ တော်တယ်လို့ သတ်မှတ်ခြင်းခံရသူတွေတိုင်းမှာ… သင်ယူလိုစိတ်တွေရှိတယ်၊ သူတို့ရဲ့ ရင်ဘတ်ထဲကလာတဲ့ စိတ်ဝင်စားမှု၊ ထူးခြားမှုကို သူတို့ ရှာဖွေတွေ့ရှိကြတယ်၊ တိုးတက်အောင်မြင်အောင် သင်ယူလိုစိတ်၊ လေ့လာလိုစိတ်နဲ့ ကြိုးစားတယ်။
ကျွန်မတို့ရဲ့ ကလေးတွေမှာလည်း ထူးခြားမှုဆိုတဲ့ မျိုးစေ့လေးဟာ မွေးကတည်းက ပါလာပြီးသားပါ။ အဲဒီ့မျိုးစေ့လေးဟာ ဘယ်လိုမျိုးစေ့လဲ၊ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာ သိဖို့ အဲဒီ့ကလေးကိုယ်တိုင် ရှာဖွေဖို့လိုသလို ကလေးရဲ့ ပတ်ဝန်းကျင်က မိဘ၊ဆရာတွေကလည်း စောင့်ကြည့်လေ့လာ ပံ့ပိုးပေးဖို့လိုပါတယ်။ ရေမကြိုက်တဲ့ အပင်မျိုးကို ရေဖိလောင်းရင် မျိုးစေ့လေးရှင်သန်ဖို့အခွင့်အလမ်းနည်းသွားနိုင်သလို ကလေးတွေရဲ့ ထူးခြားမှု၊စိတ်ဝင်စားမှုတွေနဲ့ ဆန့်ကျင်တဲ့ တွန်းအားပေးမှုတွေဟာ ကလေးတွေအတွက် အကောင်းမွန်ဆုံးအရာ၊ အအောင်မြင်ဆုံးအရာ၊ အပျော်ရွှင်စေဆုံးအရာတွေကို ယူဆောင်ပေးလာနိုင်မှာမဟုတ်ပါဘူး။
အချုပ်မှာ ကျွန်မပြောချင်တာကတော့ ကလေးတိုင်းတော်သလားဆိုရင်၊ ကလေးတိုင်း တော်နိုင်ပါတယ်၊ တော်ဖို့အခွင့်အရေး၊ တော်စေမယ့် မျိုးစေ့လေး ကလေးတိုင်းမှာရှိတယ်။ ဘယ်လိုနေရာမှာ ထူးချွန်မယ်၊ ဘယ်လိုနေရာမှာတော်မယ်ဆိုတာ ပံ့ပိုးမှု၊ အခွင့်အလမ်းပေးစွမ်းမှုတွေအပေါ်မှာမူတည်တာမို့ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ မတော်ဘူးလို့ပြောတဲ့အခါ ကိုယ်တိုင်က ဘာပံ့ပိုးမှုတွေ မပေးမိလို့လဲ၊ ကလေးရဲ့ ထူးခြားမှုအစစ်အမှန်ကို ရှာဖွေလေ့လာပြီးပြီလားဆိုတာ မေးခွန်းပြန်မေးစေချင်တယ်။ ကလေးတွေတင်မကဘူး ကျွန်မတို့လူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ ထူးခြားမှု မျိုးစေ့လေးကို ပြန်လည် ရှာဖွေပြီး ပြုစုပျိုးထောင်ဖို့လိုတယ်။ နောက်ကျသွားပြီဆိုတာ မရှိဘူးလို့လည်းပြောချင်ပါတယ်။ မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်က လူကြီးတွေကလေးတွေရော သူ့နေရာနဲ့သူထူးခြားထက်မြက်သူတွေဖြစ်အောင် ပံ့ပိုးနိုင်ကြပါစေ
26/12/2023
Homophones VS Homographs VS Homonyms
26/12/2023
Learn Homophones
သားသားမီးမီးတို့ right brain development အတွက် လုပ်ဆောင်ပေးဖို့ အကောင်းဆုံး အချိန်ကတော့ အသက် ၇ နှစ် မတိုင်ခင်မှာပါ။ အကြောင်းကတော့ ဒီကာလက ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို ကျန်းမာစွာနဲ့ အကောင်းဆုံးဖွံ့ဖြိုးလာစေနိုင်ဖို့ အရေးအပါဆုံး ကာလဖြစ်နေလို့ပါပဲ။
ကလေးရဲ့ right brain development အတွက် လုပ်ဆောင်ပေးမှုကို စောစော လုပ်ဆောင်ပေးနိုင်လေလေ ကောင်းလေလေပါ။
သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ
သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ
Visual memory gameတွေ ဆော့ပေးပါ
ဒီကစားနည်းက လွယ်ကူရိုးစင်းသလို ကလေးကိုလည်း ပျော်ရွှင်စေမှာပါ။ ဒီကစားနည်းမှာ ကလေးကို ပုံစံမတူ အရောင်မတူတဲ့ ပုံလေးတွေကို ကြည့်ခိုင်းပြီး အရောင်လေးတွေကိုလည်း မှတ်ထားခိုင်းပါ။ ကလေးက ပုံဆွဲနိုင်တဲ့ အရွယ်ရောက်ပြီဆိုရင် ပုံတူ ကူးဆွဲခိုင်းတာမျိုး လုပ်ပေးပါ။ ကလေးကို ပြန်ပြီး မေးပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်နော်။
Flash card တွေ မြန်မြန်ကြည့်ရင်း ပြောခိုင်းပါ
သားသားမီးမီးတို့ရဲ့ right brain ကျန်းမာစေဖို့ Flash card တွေကို အသုံးပြုပေးလို့ ရပါတယ်။ ကလေးကို ဘာအကောင်လေး၊ ဘာအရောင်လေးဆိုတာကို မြန်မြန်လေး ပြောရင်း ပြရင်း လုပ်ဆောင်သွားပါ။ မြန်မြန်လေးပြောပေး ပြပေးတာက ကလေးရဲ့ right brain ကို လှုံ့ဆော်ပေးတာပါပဲ။ ကလေးကို ပြီးရင် ပြရင်း ပြန်မေးပါ။ ဒီလိုမေးတာက ကလေးကို right brain ဖွံ့ဖြိုးမှု ကောင်းအောင် လုပ်ဆောင်ပေးတာပါပဲ။
Tangram Puzzles ကစားခိုင်းပါ
ပဟေဠိ ဖြေခိုင်းတာကလည်း ကလေးရဲ့ right brain ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကစားနည်းမှာ သစ်သားတုံးလေးတွေနဲ့ သစ်သားတုံးပုံလေးတွေအတိုင်း ဆွဲထားတဲ့ ပုံကားချပ်လေး တစ်ခုလည်း ပါမှာပါ။ ဒီကားချပ်ပေါ်မှာ ကလေးက အရွယ်အစား ကိုက်ညီမယ့် အတုံးလေးတွေကို ဆက်တတ်အောင် လုပ်ဆောင်ခိုင်းတာပါ။ ကလေးကို ပျော်ရွှင်စေမှာ ဖြစ်သလို သိမြင်မှု စွမ်းရည်၊ မျက်လုံးနဲ့ လက်လှုပ်ရှားမှု ဟန်ချက်ညီမှုကိုရော လက်လေးတွေကို ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
သီချင်းနားထောင်ခိုင်းပါ
ကလေးတိုင်းက သီချင်းကို စိတ်ဝင်စားကြပါတယ်။ သီချင်းက ကလေးတွေရဲ့ အမျိုးမျိုးသော ခံစားချက်တွေကို ဖော်ပြနိုင်စေဖို့ ထောက်ကူပေးတဲ့ မိတ်ဆွေတွေပေါ့။ သီချင်းနားထောင်တာက ကလေးကို စိတ်ရောကိုယ်ပါ အနားရစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှုပိုင်းမှာပါ ထိန်းချုပ်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပုံပြင်ပြောပြပါ
ပုံပြင်ပြောပြတာက စိတ်ပိုင်းဆိုင်ရာကိုရော ပညာသင်ယူမှုမှာပါ အများကြီး အကျိုးရစေနိုင်ပါတယ်။ ကလေးတွေက စူးစမ်းလိုစိတ် ပြင်းထန်ကြပြီး ပုံပြင်မှာ နောက်တစ်ခန်းက ဘာဖြစ်မလဲဆိုတာကို အရမ်း သိချင်စိတ် များကြပါတယ်။ ကလေးကို ပုံပြင်ပြောပြတာက ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေသလို ဘာသာစကား စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဝေါဟာရ ကြွယ်ဝစေပြီး အလေ့အကျင့်ကောင်းလေးတွေကို ရရှိစေပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေဖို့အတွက်ကတော့ ပုံပြောပြရင်း မေးခွန်းလေးတွေ ပြန်မေးသွားဖို့လည်း မမေ့နဲ့နော်။
အခုဆိုရင် right brain trainingအတွက် ကျောင်းတွေလည်း ရှိနေပါပြီ။ ဒါပေမယ့် right brain training ယူလိုက်တိုင်း ကလေးက တော်သွားမှာလားဆိုတာက ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါ။ တချို့ မိဘတွေက သူတို့ရဲ့ ကလေးက ကျောင်းစာမှာ သင်ယူရလွယ်ပြီး အာရုံစူးစိုက်မှု ပိုကောင်းတယ်လို့ ဆိုကြသလို တချို့ကလည်း ဒီလောက်ကြီး တိုးတက်လာတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ Right brain trainingတွေ လူတွေကြားမှာ ပျံ့နှံ့လာတာ မကြာသေးတဲ့အတွက် ဒါက တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကို ပြောဖို့ရာ ခက်နေဆဲပါပဲ။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ဒီလို trainingပေးတာအပြင် အာဟာရ၊ အိပ်စက်မှုပုံစံ၊ မျိုးဗီဇစတာတွေကလည်း လွှမ်းမိုးနေပါသေးတယ်။
ဒါကြောင့် ဉာဏ်ကောင်းပြီး ထက်မြတ်တဲ့ ကလေးဖြစ်ဖို့ဆိုရင် မိဘတွေက အဘက်ဘက်က ဂရုစိုက်ပေးဖို့ လိုပါတယ်။
Click here to claim your Sponsored Listing.