Sadly Truth

Sadly Truth

Share

ဘဝခရီးသွားတစ်ဦး

07/05/2024

လူတွေက ပြတ်တာမှ မကြာသေးဘူး
ဘယ်လိုမှမနေသလိုပဲတဲ့
၅နှစ်ဆိုတဲ့ သံယောဇဥ်က နည်းသလား
ရှင်းရှင်းပြောရင် အိမ်မှာမွေးတဲ့ ခွေးလေးတွေ ကြောင်လေးတွေတောင် သံယောဇဥ်မဖြစ်ရှိလား
အခုက ကိုယ့်နောင်လာမယ့်အနာဂတ်မှာ ပါဝင်နေတဲ့ လူသားတစ်ယောက်
မိသားစု ဘဝထိ ရည်ရွယ်တဲ့သူ
တော်ရုံသံယောဇဥ်လား တော်ရုံချစ်ခြင်းတွေလား
ဒါပေမယ့် ဆက်ဆံရေးတစ်ခုဆိုတာ ဘယ်တော့မှ တိကနဲ မပြတ်ဘူး ဒီဆက်ဆံရေးပေါ်မှာ ကုစားမှုတွေ
လိုအပ်မှုတွေပို ဖြည့်ဆည်းတာတွေ တောင်းဆိုတာ
ပြင်ဆင်တာတွေက ရှိပြီးသား
ဘာလို့ပြတ်တောက်လဲဆိုတော့ တဖက်က အစစအရာရာ အရိပ်တကြည့်ကြည့်နဲ့ လိုက်ဖြည့်ဆည်းနေတဲ့ အချိန်မှာ
တဖက်က ဘာကြိုးစားအားထုတ်မှုမှ မရှိ ဘာအနာဂတ်မှ မရှိနေတဲ့အချိန်မှာ တဖက်က ပင်ပန်းရတယ်
ချစ်ရင်ချစ်သလောက်ပိုဆိုးလာတယ် ပိုခက်ခဲလာတယ်
လှေကို အတူတူစီးနေပေမယ့်
လှော်တက်နဲ့ ကိုယ်တစ်ဖက်တည်း လှော်နေတော့ ဒီနေရာမှာတင် လည်နေရောပေါ့ ရောက်ချင်တဲ့နေရာ ရောက်ဖို့မရှိပေါ့
အဲ့လိုကြာလာတာနဲ့ အမျှ အခုလုပ်နေတာ
အခုချစ်နေတာ အခုငိုနေတာ
အခုကြိုးစားနေတာ မှန်ရဲ့လားပေါ့
ဒီလိုနဲ့ စုဆောင်းထားတာတွေ များလာပြီးမှ
အကြိမ်ကြိမ်ဖြစ်ပြီးမှ ပြတ်တောက်တာပါ
ပြတ်မယ်လို့ ​မပြောခင်အရှေ့မှာ ပြတ်ဖို့
အကြိမ်၁သောင်းမက ဖြစ်ပြီး ခံစားငိုကြွေးခဲ့ရတာ
ဘယ်သူများသိနိုင်မလဲ

07/05/2024

လောကကြီးက ညီမျှပါတယ်
တစ်ချိန်က ချစ်ရင်ချစ်ခဲ့သလောက်
ဝမ်းနည်းခဲ့ရတယ် ကြေကွဲခဲ့ရတယ်
အခုချိန်မှာတော့ ဝမ်းနည်းခဲ့ရသလောက်
ကြေကွဲခဲ့ရသလောက် ချစ်ရမှာကို ကြောက်နေတယ်
အရာရာက equal ပါပဲ

07/05/2024

ကိုယ်တွေချစ်နေရင်တော့ မင်းက ဘုရင် မင်းက အရှင်သခင်ပဲ
အေ.....
မချစ်တော့ရင်တော့ မင်းက မှုန်နေတဲ့ မျက်စိနဲ့ကြည့်တဲ့
လမ်းသွားလမ်းလာတစ်ယောက်အပြင် မပိုဘူးရယ်

07/05/2024

မင်းတကယ်ချစ်တတ်လာတဲ့နေ့ကျရင်
ကိုယ်တွေ ဘာလို့ ငိုကြွေးခဲ့တယ်
ဘာလို့ ဝမ်းနည်းကြေကွဲခဲ့တယ်
ဘာကြောင့် ကိစ္စသေးသေးလေးကို အကျယ်တဝန့် ခံစားခဲ့တယ် ဆိုတဲ့ အဖြေကို
ကိုယ်တိုင်ကိုယ်ကျသိလာလိမ့်မယ်
Zar

Want your public figure to be the top-listed Public Figure in Mogok?
Click here to claim your Sponsored Listing.

Category

Website

Address

Mogok