FuYu Japanese Language Class
Go To Japan
Level အလိုက်အောင်မှတ်များနှင့် သတ်မှတ်အမှတ်ပေးစည်းမျဉ်း
⭕️N1
ပေးမှတ် 180
အောင်မှတ် 100
⭕️N2
ပေးမှတ် 180
အောင်မှတ် 90
⭕️N3
ပေးမှတ် 180
အောင်မှတ် 95
⭕️N4
ပေးမှတ် 180
အောင်မှတ် 90
⭕️N5
ပေးမှတ် 180
အောင်မှတ် 80
အပေါ်ကပြောကြထားတာက Total အောင်မှတ်တွေဖြစ်ပါတယ်။ Total အောင်မှတ်ဆိုတာ
စာမေးပွဲတစ်ခုလုံးပေါင်းရရမယ့် အမှတ်ပါ။
သတိပြုရန် 🚨🚨🚨
N1/N2 / N3 ဆို သုံးပိုင်းခွဲဖြေရမှာဖြစ်ပြီး
တစ်ပိုင်းချင်းစီအတွက် 19 မှတ်ရကိုရရမှာပါ။
တစ်ပိုင်းပိုင်းမှာ အမှတ်များသွားလို့ Total အောင်မှတ်ပြည့်နေတယ်ဆိုရင်တောင် တစ်ပိုင်းပိုင်းမှာ 19 မှတ်မှမရရင် အကျပဲသတ်မှတ်မှာပါ။
N4/ N5 ဆိုနှစ်ပိုင်းခွဲဖြေရမှာဖြစ်ပြီး
တစ်ပိုင်းချင်းစီအတွက် ပထမအပိုင်း 38 မှတ် / ဒုတိယပိုင်း 19 မှတ်ရကိုရရမှာပါ။
တစ်ပိုင်းပိုင်းမှာ အမှတ်များသွားလို့ Total အောင်မှတ်ပြည့်နေတယ်ဆိုရင်တောင် တစ်ပိုင်းပိုင်းမှာ သတ်မှတ်အမှတ် 38 မှတ် / 19 မှတ်မှမရရင် အကျပဲသတ်မှတ်မှာပါ။
တစ်ပိုင်းချင်းစီအတွက်အနိမ့်ဆုံးရမှတ်ရမှအောင်မြင်မည်ဖြစ်သည့်အတွက် တစ်ပိုင်းထဲမှာအားသာပြီးအမှတ်များနေလည်း မအောင်နိုင်ပါ
Crd::
MAY Japanese Language School
22/05/2023
edit:
Sat (27.5.2023) စမှာပါနော်
(ဝန်ထမ်းအလိုရှိသည်)
Post-Japanese Teacher
(ကျား/မ) 2ယောက်
မင်းလှမြို့တွင်တာဝန်ထမ်းဆောင်ရန်
သင်ကြားရေးစိတ်ဝင်စားသူ ကျား/မ မရွေး
ဂျပန်စာ Level-N3 passed/အောင်ပြီးသောသူများ
လာရောက်လျှောက်ထားနိုင်ပါသည်
လစာ-ညှိနိူင်း
လိပ်စာ
အမှတ်(363)-သစ်တောလမ်း-မင်းလှမြို့
ph:09988899923
09679881882
အတန်းများ တနလာ်နေ့မှ
ပြန်ဖွင့်ပါမယ်နော်🙂🙂
11/01/2023
■ ဂျပန်စာ...🇯🇵📚
တာစထွက်ချိန်မှာတော့
အချိန်တွေ၊ငွေတွေပေးပြီး
သင်တန်းတက်ရပေမယ့်
တနေ့ကျ မင်းအတွက်...
ငွေတွေပြန်ရှာပေးနိုင်မယ့်
လမ်းကြောင်းကောင်းတစ်ခုပြန်ဖြစ်လာမှာပါ။
#တန်ဖိုးထားသင်ယူပါ။
🌵 #大切にしないと
09/01/2023
#ဂျပန်ပြည်မှပိတ်ရက်များ
🔴9-1- 2023 ( တနင်္လာနေ့) အရွယ်ရောက်သူများနေ့(လူကြီးဖြစ်တဲ့နေ့) 🎊
成人の日(せいじんのひ)
🔴ဂျပန်မှာ တော့ ဒီနေ့က ရုံး၊ကျောင်းတွေပိတ်ရက်ဖြစ်ပြီဂျပန်လူငယ်တွေအတွက် ဘဝအမှတ်တရ အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။
🔴ဒီနေ့ကို ဂျပန်လို 成人の日(seijin no hi)(Coming of Age Day)seijin no hi အရွယ်ရောက်သူများနေ့ | လူကြီးဖြစ်ပြီလို့ သတ်မှတ်ခံရတဲ့နေ့ လို့ ခေါ်ပါတယ်။
🔴ဂျပန်နိုင်ငံမှာ နှစ်စဉ်ဇန်နဝါရီလရဲ့ ဒုတိယမြောက်တနင်္လာနေ့ဟာ ဆဲအိဂျင်းနော့ဟိ (Seijin no Hi) အရွယ်ရောက်သူများနေ့ဖြစ်ပြီး
အခုလိုအရွယ်ရောက်ပြီဆိုတာကို အသိအမှတ်ပြု ၊ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး အရွယ်ရောက်သူများနေ့ အခမ်းအနားများကို မြို့နယ်အလိုက်ကျင်းပလေ့ရှိကြပါတယ်။ တချို့မြို့နယ်တွေမှာ တစ်ရက်ကြိုပြီး မနေ့က ကျင်းပခဲ့ကြတာလညိးရှိခဲ့ပါတယ်။
🔴2022 / 4 လပိုင်းကစပြီး အရွယ်ရောက်သူအဖြစ်အသက်20 မှ အသက် (18 ) နှစ် အဖြစ် ပြောင်းလဲသတ်မှတ် ထားတာဖြစ်ပါတယ်။ အရက်၊ဆေးလိပ် နှင့် လောင်းကစား(မြင်းလောင်းခြင်းစတာတွေကတော့ အသက်20 မှသာ ပြုလုပ်ခွင့်ရမှာပါ)
🔴ဒီနှစ် 2023 ခုနှစ် အရွယ်ရောက်သူများနေ့အခမ်းအနားကို အသက် (20)ပြည့်သူများသာပါဝင် ဆင်နွှဲကြပါတယ်။
အောက်ပါ မြို့ ၃မြို့ကတော့ အသက် (၁၈) နှစ်ပြည့်သူတွေကိုအခမ်းအနားကျင်းပပေးဖို့အစီအစဉ်ရှိပါတယ်။
1. 大分県国東市 Oita ခရိုင် Kunisakishiမြို့ (မေလမှာကျင်းပရန်ရည်ရွယ်ထား)
2. 三重県伊賀市 Mieခရိုင် Iga မြို့ 、
3. 宮崎県美郷町 Miyazakiခရိုင် Misatochoမြို့
🔴လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီလို့ သတ်မှတ်လိုက်ရင် မိမိနာမည်နဲ့ Credit Card(အကြွေးနဲ့ စျေးဝယ်လို့ရတဲ့ကတ်)၊ ဖုန်းကို လပေးနဲ့ဝယ်လို့ရခြင်း တို့ကို မိမိအမည်နှင့် လျှောက်လို့ရပါတယ်။
ဂျပန်မှာ အသက် (၂၀) မှသာ အရက်၊ဆေးလိပ် တရားဝင် ဝယ်ခွင့်သောက်သုံးခွင့်ရတာဖြစ်ပါတယ်။
20歳 = はたち hatachi အသက်နှစ်ဆယ်
祝日 しゅくじつ shukujitsu နေ့ကြီးရက်ကြီး(အစိုးရရုံးပိတ် ရက်)
第2 だいに daini ဒုတိယမြောက်
月曜日 げつようび getsuyoobi တနင်္လာနေ့
1月 いちがつ ichigatsu ဇန်နဝါရီလ
🔴ဂျပန်နိုင်ငံရဲ့ ဥပဒေအရ အသက် ၂၀ ပြည့်ပြီးသူတွေသာ အရက်၊ ဘီယာနဲ့ဆေးလိပ် များကို ဝယ်ယူသုံးစွဲခွင့် ရရှိကြပြီး၊အသက်မပြည့်သူလို့ ယူဆခံရသူ ဝယ်ယူသူတွေကို အရက်၊ဆေးလိပ်ရောင်းချသူ တွေက သက်သေခံအထောက်အထားကဒ်ပြားများပြရန် တောင်းခံတတ်လေ့ရှိပါတယ်။
成人の皆さんおめでとうございます。💞🎉🎊
SU Myanmar
04/01/2023
✨✨✨✨ချစ်သော ဂျပန် တနေ့တော့ အရောက်လာမယ် မျှော်နေပါနော် ဆာကူရာ✨✨✨
02/01/2023
😊笑う (わらう)-ရယ်မောသည်
ဆိုတဲ့ kanji လေးကို ကျောင်းသားတွေကို သင်ပေးပြီးတော့
အတွေးထဲ ဝင်လာတာလေး တစ်ခု ‼️
ရယ်မောခြင်းကို လူတိုင်းက နှစ်သက်ကြတယ်နော်
ဒါပေမယ့် ရယ်မောတိုင်း ကောင်းသလား ဆိုတော့
မဟုတ်ပြန်ဘူး
ကောင်းသောရယ်ခြင်း ၊ မကောင်းသောရယ်ခြင်းဆိုတာမျိုးလည်းရှိပြန်တော့
笑う နဲ့ ပတ်သတ်တဲ့ ဂျပန်အဆိုစကားလေး သွားပြီး သတိရမိတယ်
➡️何(なに)を笑う(わらう)かで その人柄(ひとがら)が わかる。
လူတွေ ဘာကို ရယ်မောကြတာလဲ ဆိုတာပေါ်မူတည်ပြီး
အဲ့ဒီ့လူရဲ့ စိတ်နေစိတ်ထား ကို သိနိုင်ပါတယ် တဲ့
တခြားသူတစ်ယောက်ရဲ့ အားနည်းချက်ကို ရယ်တာလား
သူတစ်ပါးကျရှုံးနေတာမျိုးကို ရယ်မောနေမိတာလား
အဲ့ဒါဆိုရင်တော့
ရယ်မောခြင်းရဲ့ အဓိပ္ပာယ် ပျက်ဆီးကုန်တော့မှာနော်
ကောင်းသော ရယ်မောခြင်းများနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ် ဖြစ်ကြရအောင်ပါ
良い笑いの絶えない一年でありますように❤️💌
_千冬
26/12/2022
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Minhla