Engr Computer & Training

Engr Computer & Training

Share

ကြိုးစားက ဘာမဆိုဖြစ်နိုင်၏

Photos from Engr Computer & Training 's post 25/04/2025

အမိုးနှစ်ထပ်တစ်ထပ်အိမ်လေး

30/10/2023

Desktop screen ပေါ်မှာ ကိုယ်အသုံးပြုထားတဲ့ fileတွေ software တွေကို This PC ထဲမှာကြည့်လို့ရပါတယ်
အကယ်၍ This PC မတွေ့ခဲ့ရင်တော့😁
Screen​ ​ပေါ်မှာ Right click နှိပ်ပါ personalization ထဲကို ဝင်ပါ themes ဆိုတာထဲထပ်ဝင်ပါ desktop icon ကိုတွေ့ပြီဆို Tis PCကို အမှန်ခြစ်ပေးပါ Ok 🤗🤗
ဒါဆိုရင် This PCလေးပေါ်ပါပြီ

28/10/2023

Laptop အသုံးပြုသူတိုင်း သတိပြုရန်အချက်များ
===============================

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင်လည်ပတ်နေသည့် Harddiskရှိပါသည။ ်တစ်ခါတစ်ရံအနည်းငယ်လှုပ်ခြင်းသည်ပြဿနာ မရှိနိုင်သော်လည်းအမြဲတစေလှုပ်ခါနေခြင်းကHarddiskကမကြိုက်ပါမျက်နှာပြင်မညီသည့်နေရာတွင်တင်ပါကကွန်ပျူတာ
သုံးနေစဉ်တစ်လျှောက်လုံးလှုပ်နေပါမည်Harddiskအသက်တိုနိုင်ပါသည်ကွန်ပျူတာသုံးခါနီးတိုင်း ခြေထောက်လေး
ချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ်မကြာခဏမပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptopcomputerတို့သည်အလွန်ကျဉ်းမြောင်းသောအကန့်ထဲတွင်အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချ
ရသည် ဖြစ်ရာအပူချိန်တက်လွယ်ပါသည်။အပူချိန်ကြောင့်အများဆုံးထိခိုက်မည်မှာ processor နှင့်Harddrive ဖြစ်
ပါသည်။ထို့ကြောင့်Laptopcomputerသုံးလျှင် အောက်ခံပန်ကာတပ်ပြီးသုံးပါ။ကွန်ပျူတာ အောက်ဘက်မျက်နှာပြင်
တွင် ဖောက်ထားသော လေပေါက်များပိတ်စေမည့်အပြုအမူကို ရှောင်ပါထိုအပေါက်များတွင်ဖုန်နှင့် အမှိုက်သရိုက်
များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည်Laptopcomputer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊
ရုပ်မြင် သံကြားစက်၊အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၄။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

LaptopComputerသည်ပြင်ပတွင်သယ်ဆောင်အသုံးပြုရန်တည်ဆောက်ထားခြင်းဖြစ်ပါသည်။သို့သော်နေရောင်
အောက်တွင်သုံးစွဲရန်ပြုလုပ်ထားခြင်းမဟုတ်ပါ ။နေရောင်ကစက်၏အပူချိန်ကိုမြင့်တက်စေနိုင်ပါသည် ။နေရောင်
ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟုဆို
ပါသည်။ပုံမှန်အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော်
ခဏတဖြုတ်ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်
ကျနိုင်ခြေ ရှိမရှိသတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏အပြင်ဘက်သို့
ယူဆောင်အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေ
သောအချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်
လည်း ထမင်းဟင်းချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို
ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်
ပြည်မှဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို
sparayဖြင့်တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အဝတ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့
ဆေးကြောအရည်ကို ဖျန်းပီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။
သို့သော် အဆိုပါမျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ
တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသောဘက်ထရီကို ကွန်ပျူတာတွင်တပ်ဆင်ထားပါကဘက်
ထရီအသက်တို စေပါသည်။ ထို့အပြင်ကွန်ပျူတာပိတ်ထားစဉ်တွင်လည်းဘက်ထရီတပ်ထားပါကအတွင်းဓာတ်စီးပတ်
လမ်းဖြစ်ပေါ်နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန်မလိုအပ်
ချိန်တွင်ဖြုတ်ထားပါ။မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင်..........
Desktop computerများသုံးနေသလိုLaptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင်အတွင်းအစိတ်အပိုင်းများ
အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်
ပျူတာသုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

#လေးစားလျက်ပါ

Photos from Engr Computer & Training 's post 25/09/2023

Computer စက်ရှင်းနည်း
(1)windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့
1-temp
ရိုက်ထည့်ပါ ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။
2-%temp%
3-prefetch
4-recent

အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို
rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ်
(2) disk cleanupလုပ်ခြင်း
ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ
disk cleanup မလုပ်ခြင်းလည်းပါပါတယ်။
disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။
အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။
>> start>>all programs>> accessories>> system tools>>
disk cleanup နှိပ် ။
Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
•Download program files, Temporary Internet files, Thumbnails okပေး delete files
(3)disk defragmenter လုပ်ခြင်း
programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင်
ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင်
စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က
လေးနေမယ် တော်တော်လေးကြာမှာပွင့်လာတတ်တယ်
ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်
စက်ကပိုပြီးမြန်ဆန်သွက်လက်လာပါလိမ့်မယ်။
start>> all programs>> accessories>> system tools>>
disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။
>>> ၁လကို ၁ကြိမ် defragment လုပ်ပေးပါ Check now > Yes > Automatically .
ကို အမှန်ခြစ်ဖြုပါ > Scan for and . . . အမှန်ခြစ်ပေးပြီး
Start ပေါ့ဗျာ ပီးတဲ့ထိ Wait ပေးလိုက်ပါ။
ပြီးရင် Defragment now ကိုလဲ ပြောခဲ့သလိုပဲ လုပ်ပေးပါ။
>>> programs များကိုပိတ်ထားမယ် > msconfig Ok. Restart ချပေးလိုက်ပါ။
Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို
အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။
နောက်တစ်နည်း
-------------------------
(1) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
(2)registry editor window ပေါ်လာရင် HKEY LOCALMACHINE\
SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး
အဆင့်ဆင့်သွားလိုက်ပါ။
(3)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable
Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို
ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(4)နောက်ထပ် Large System Cache ကိုရှာပြီး double click
လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(5) PC Desktop ပေါ်မှာ software များအကုန်လုံးပျောက်ဆုံးနေရင်
screen မျက်နှာပြင်မှာ ပဲ Mouse ကို right click နှိပ်ပြီး View က show desktop icons နှိပ်လိုက်လျှင် ပြန်ပေါ်လာပါလိမ့်မယ်။

09/08/2023

ဘာနှိပ်မိမှန်းမသိဘူး အက်လိုမီးလေးပေါ်လာရင်🤔🤔
အဲ့မီးလေးပေါ်ကိုပဲနှစ်ချက်နှိပ်ပေးလိုက်ပါ😁
တစ်ခါတစ်လေ လွယ်ပေမယ့် အချိန်ကုန်ခံပြီး
စားနေရတာမျိုး မဖြစ်ရအောင် pageလေးကို Follow 👇👇

02/03/2023

မိမိ computer laptop screen က ပုံထဲကအတိုင်း fix မဖြစ်တော့ဘူးဆိုပါစို့😔
Desktop ပေါ် right click ပီးရင် Display setting ပီးရင် အဲ့ထဲက display resolution ထဲကိုဝင် အပေါ်ဆုံးက (recommend )ပါတဲ့sizeကို ရွေးလိုက်ပါ ပြီးရင်
keep changesလိုက်ပါ
ဒါဆို Computer display full screen problem ကိုဖြေရှင်းနိုင်ပါပြီ
အားလုံးအဆင်ပြေကြပါစေ။

26/02/2023

မိမိ Computer ကို ပိတ်တော့မယ်ဆိုရင်
Windows keyကနေ Power button နောက်ပြီး
Shutdown or Restart အဆင့်တွေနဲ့ ပိတ်နေတုန်းပဲလား
🙄
Shortcut လေးနဲ့ ပိတ်လို့ရပါတယ်နော်
Alt နဲ့ F4 လေးကိုတွဲနှိပ်လိုက်ပါ
ပြီးရင် ထုံးစံတိုင်း
Shutdown ဆိုရင် Enterခေါက်လိုက်ရုံပဲ
Restart ဆိုရင်တော့ ဘေးက
down arrow လေးမှာ ရွေးပြီးမှ Ok😊
အော် ဒါနဲ့ တစ်ခါတစ်လေ updated shutdown မိသွားရင်တော့ 100%ပြည့်အောင်စောင့်ဖို့လိုမယ်နော်
ဘာမှစိတ်မပူပါနဲ့ 100%ပြည့်တာနဲ့ auto shutdown ဖြစ်သွားလိမ့်မယ်
#စက်ပိတ်တော့မယ်ဆိုမှShortcutလေးသုံးနော်တကယ်တော့AltF4ကExitသဘောပါပဲ
အားလုံးအဆင်ပြေကြပါစေ။

24/02/2023

မိမိ PCက Windows ဘယ်လောက်လဲ? သိထားရမယ်နော်
See all Windows 10 keyboard shortcuts
Copy: Ctrl + C
Cut: Ctrl + X
Copy ပဲဖြစ်ဖြစ် Cut ပဲဖြစ်ဖြစ် Paste ပြန်ထားပေးရမယ်
Paste: Ctrl + V

Maximize Window: F11 or Windows logo key + Up arrow

Open Task View: Windows logo key + Tab

Display and hide the desktop: Windows logo key + D

Switch between open apps: Alt + Tab

Open the Quick Link menu: Windows logo key + X

Lock your PC: Windows logo key + L

Depending on your hardware, you can use Windows logo key + PrtScn to take a screenshot, or use Fn + Windows logo key + Spacebar.

ဒီ Page​ လေးက Computer နဲ့ပတ်သက်တဲ့ General Knowledge
လေးတွေ မျှဝေပေးနေပါတယ်

20/02/2023

Keyboard ရဲ့ အလွယ်ဆုံး shortcuts လေးတွေပြောပြပေးမယ်

15/01/2023

မိမိ Laptop ရဲ့ Screen ကြီးများ ပြေားပြန်ဖြစ်သွားခဲ့ရင် မစိုးရိမ်ပါနဲ့ နော်👇👇👇👇👇

CTRL + ALT + Up Arrow for landscape.

CTRL + ALT + Right Arrow for portrait.

CTRL + ALT + Down Arrow for reverse-landscape.

CTRL + ALT + Left Arrow for reverse-portrait.
တခုခုတော့အဆင်ပြေမှာပါ

25/12/2022

Keyboard Symbols Names များရောနေသူတွေအတွက်ပါ။
အားလုံး Marry Christmas ပါ🎄🎄

19/12/2022

ကွန်ပျူတာမှာ Windows ဆိုတာဘာလဲ?။
💻💻
Windows သည် Microsoft မှ ဒီဇိုင်းထုတ်ထားသော Operating System တစ်ခုဖြစ်သည်။ လည်ပတ်မှုစနစ်သည် သင့်အား ကွန်ပျူတာကို အသုံးပြုခွင့်ပေးသည့် အရာဖြစ်သည်။ Windows သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး operating system ဖြစ်လာစေရန် ကူညီပေးသည့် ကိုယ်ပိုင်ကွန်ပျူတာအသစ်များ (PCs) တွင် ကြိုတင်ထည့်သွင်းထားသည်။
အများစုကတော့ မိမိ PCပေါ်မှုတည်ပြီး အဆင်ပြေမယ့် Windows update တင်ကြတယ်။
ရုံးသုံး၊ကျောင်းသုံးအတွက် Laptop ဝယ်မယ်ဆို Windows 10လောက်ဆို အဆင်ပြေနိုင်ပါတယ်။
Windows အနေနဲ့ပြောတာနော် Laptop brands တွေကတော့ မိမိအဆင်ပြေသလို​ ကြိုက်နှစ်သက်ရာပေါ့နော့😁😁

Want your business to be the top-listed Computer & Electronics Service in Meiktila?
Click here to claim your Sponsored Listing.

Telephone

Website

Address

Meiktila To TaungGyi Highway Road Near By Computer University
Meiktila
01518