PRIDE Of Kennel Pyinoolwin

PRIDE Of Kennel Pyinoolwin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PRIDE Of Kennel Pyinoolwin, Pet breeder, Maymyo.

25/11/2025
14/07/2023

💥ဘယ်‌နေရာကဝယ်ရင် စိတ်ချရမလဲ ?

🤷ကားဝယ်တဲ့ ရင် Show Room ကြီးတွေက ဝယ်မှ စိတ်ချရတယ်ဆိုလို့ ယုံကြည်ပြီး
Show Room က ဝယ်လိုက်ကာမှ
ဂျင်းထည့်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ ကြားဖူးကြမှာပါ။

🤷Authorized Distributor Company က ဝယ်ဝာာတောင် ပြောတဲ့အတိုင်း တာဝန်မယူတာတွေ
ဝန်ဆောင်မှုမကောင်းတာတွေ ကြားဖူးကြုံဖူးကြမှာပါ။

🤷ဒီလိုပါပဲ ခွေးဝယ်တဲ့ အခါမှာလည်း
KENNEL တွေက ဝယ်တိုင်းလည်း
စိတ်ချရတယ်လို့ မဆိုနိုင်ပါ။

🤷တာဝန်ယူမှု/တာဝန်ခံမှု ရှိဖို့လိုပါတယ်။
ဆိုင်ရာအတတ်ပညာ ဝမ်းစာမပြည့်ဘဲ
ဝါသနာပါပြီး ငွေချမ်းသာလို့
KENNEL ထောင်ထားတာမျိုးလည်း ရှိနိုင်ပါတယ်။

🤷မြန်မာပြည်မှာမှ မဟုတ်ဘူးနိုင်ငံတကာမှာလည်း ဒီတိုင်းပါပဲ။ အာရပ်သူဌေးတွေဆို ဥရောပမှာ KENNEL တွေ လုပ်ထားတာမှ အများကြီးပဲ "ပေါကျလို့"။
ကိုယ်နဲ့အနီးဆုံး ယိုးဒယားမှာလည်း ဒီတိုင်းပါပဲ။

🤷အဲ့ဒါကြောင့် KENNEL တွေကဝယ်မှစိတ်ချရတယ် နိုင်ငံခြားကဝယ်မှ ကောင်းတယ်ဆိုတာ
ယေဘုယျသာမှန်ပြီး အလုံးစုံမမှန်ကန်ပါဘူး။

🤷တာဝန်ယူမှု/တာဝန်ခံမှု အပြည့်နဲ့
ဝါသနာ‌ရော စေတနာပါထားပြီး အခြေအနေအရ
တစ်ပိုင်တစ်နိုင် လုပ်နေတဲ့သူတွေလည်း ရှိ‌နေပါတယ်။

🤷ဒါကြောင့် ဘယ်လိုနေရာက ဝယ်ရင် စိတ်ချရလဲဆိုရင်
⚠️KENNEL ကြီးတာ/ဆိုင်ကြီးတာက အဓိက မကျဘဲ ကြော်ငြာကောင်းလို့ အပြောကောင်းလို့
ဆယ်လီတွေကြောင့် နာမည်ကြီးတာ မဟုတ်တဲ့
တကယ်ဝယ်ယူမွေးမြူထားသူ တွေရဲ့
Feedback အမှန်အကန်ကြောင့်
Image ကောင်း၊ Review ကောင်းတဲ့နေရာ
အတတ်ပညာရှိပြီး စေတနာပါထားတဲ့နေရာ
ပြောရင်ပြောတဲ့အတိုင်းတာဝန်ယူမှု/တာဝန်ခံမှု ရှိတဲ့ နေရာက ဝယ်ယူမှသာလျင် စိတ်ချရပါမယ် ခဗျာ 👌

Photos from PRIDE Of Kennel Pyinoolwin's post 25/04/2023

🙏KPOL customers များကို
ကျေးဇူးတုန့်ပြန်သောအားဖြင့်

🤷 တစ်နိုင်ငံလုံး ဘယ်မှာမှ မရတဲ့ဈေးနဲ့
KPOL Telegram Channel မှာ
Promotion တွေ ပေးနေပြီနော်

⚠️နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃

👉https://t.me/+NaiVU7q-ZFVmZGVl

Photos from PRIDE Of Kennel Pyinoolwin's post 13/04/2023

💥ရှယ်ဆိုမှ ရှယ်
အကောင်းကြိုက်တဲ့ လောပန် တို့အတွက်
"ဥ" Quality လေးတွေလာပါပြီ
👇👇👇

https://t.me/+NaiVU7q-ZFVmZGVl

Photos from PRIDE Of Kennel Pyinoolwin's post 24/03/2023

🤷 More details

Please 👇👇👇👇👇👇

https://t.me/+NaiVU7q-ZFVmZGVl

Photos from PRIDE Of Kennel Pyinoolwin's post 12/12/2022

🤷ဆားဗီးယား Rott အကြောင်းနဲနဲပြောပြမယ် 😎

🔥Rottweiler လောကမှာ
ဆားဗီးယား Rottweiler လို့ ပြောလိုက်တာနဲ့
နှာတိုခေါင်းကြီး တဲ့ Rottweiler တွေကို
မျက်စိထဲ တန်းမြင်ကြပါလိမ့်မယ်။
🔥အဲ့ဒါမှားလား ဆိုတော့ မမှားပါဘူး။
မှန်လား ဆိုတော့လည်း မမှန်ပြန်ပါဘူး။

☝️ဘာလို့ မမှားဘူးလို့ ‌‌ပြောတာလဲဆိုတော့
မြန်မာပြည်မှာမှ မဟုတ်ပါဘူး
တခြားနိုင်ငံတွေမှာလဲ
ထို့နည်းလည်းကောင်းအတိုင်းပါပဲ
ဆားဗီးယား Rottweiler လို့ ပြောလိုက်တာနဲ့
နှာတိုခေါင်းကြီး တဲ့ Rottweiler တွေကို
ပြေးမြင်ကြတာပါပဲ။

☝️ဒါဆို ဘာလို့ မမှန်ဘူးလို့ပြောတာလဲလို့
မေးစရာရှိပါတယ်။
🤷ဟုတ်ကဲ့ ဖြေပါ့မယ်။
ဘာလို့လဲဆိုတော့
ဆားဗီးယား Rottweiler ဆိုတိုင်းလဲ
နှာတိုခေါင်းကြီး မဟုတ်ကြလို့ပါ။
☝️ပိုပြီးတိတိကျကျပြောမယ်ဆို
ဆားဗီးယားမှာ ရှိတဲ့ Rottweiler အားလုံးရဲ့
၅၀% လောက်တောင်
နှာတိုခေါင်းကြီး မဟုတ်ကြလို့ပါ။
(ဒီနေရာ နှာတိုတယ်ဆိုတာကို
ဦးခေါင်းနဲ့နှာတံ အချိုး ၃း၁ နဲ့အောက်
ရှိခြင်းကို နှာတိုသည်ဟု သတ်မှတ်ပါသည်)။

💥ဆားဗီးယား Rottweiler လောက ကို
ထဲထဲဝင်ဝင် မသိတဲ့လူတွေကသာ
ဆားဗီးယား Rottweiler အားလုံးကို
နှာတိုခေါင်းကြီးဖြစ်ကြသည်ဟု
ထင်နေကြခြင်းဖြစ်ပါသည်။

🤷ဒီလို ထင်ရခြင်းကလည်း
အကြောင်းအရင်းများစွာရှိပါသည်။
☝️ဒီလိုထင်ရတဲ့ အဓိကအကြောင်းရင်းများမှာ ⬇️
(၁) ဆားဗီးယား တို့သည်
ဆိုရှယ်မီဒီယာကို ကျွမ်းကျင်စွာ အသုံးပြု၍
လူအများ စိတ်ဝင်စား အောင်ပြုလုပ်နိုင်ခြင်း။
(၂) Marketing ကောင်းခြင်း။
(၃) ဓာတ်ပုံပညာ၊ ဒီဇိုင်းပညာ၊
photoshop ပညာများအသုံးပြုပြီး
လူများ၏ အမြင်အာရုံကို လှည့်စားနိုင်ခြင်း။
(ဆားဗီးယားမှာ ခွေးပုံသီးသန့် ရိုက်တဲ့
ဓာတ်ပုံ၊ဒီဇိုင်း၊photoshop ပညာရှင်များရှိပါသည်
ကင်မရာပတ်သတ်တဲ့ နည်းပညာ/ဂီယာ/တန်ဆာပလာ
အစုံအလင်နဲ့ ခွေးပုံသီးသန့် ရိုက်တာပါ။
တခြားတိရိစ္ဆာန်ပုံတောင်မရိုက်ပါဘူး။
ခွေးတစ်မျိုးတည်း သီးသန့်ရိုက်တာပါ)။

ပြီးတော့
🔥ဆားဗီးယားမှာလည်း ဂျာမန်တွေနဲ့ နီးစပ်ပြီး
ဂျာမန် ADRK Bloodline သီးသန့် မွေးတဲ့အုပ်စုနဲ့
🔥အလယ်အလတ်လမ်းစဉ်လိုက်ပြီး
ADRK Bloodline ရော၊ Serbia Bloodlineပါ
ဘာလာလာဒေါင်းပြီး နှစ်မျိုးစလုံးမွေးတဲ့
အုပ်စုတွေလည်း အများအပြားရှိပါတယ်။

🤷ဒါကြောင့်
✅နှာတိုခေါင်းကြီး Rottweiler တွေကို
ဆားဗီးယား Rottweiler လို့
ယေဘုယျပြောလို့ရနိုင်ပေမယ့်
❎ဆားဗီးယား Rottweiler တိုင်းကိုတော့
နှာတိုခေါင်းကြီး လို့ ပြောလို့မနိုင်ပါ။

🤷တကယ်တမ်း
ဆားဗီး‌ယား Rottweiler အကြောင်းကို
ပြည့်ပြည့်စုံစုံပြောမယ်ဆို
ဆားဗီးယား တစ်ခုတည်း ကွက်ပြီး
ပြောလို့မရနိုင်ပါ။
☝️ဆားဗီးယားနိုင်ငံမဖြစ်လာခင်
ယူဂိုဆလားဗီးယားခေတ်
☝️ဒုတိယကမ္ဘာစစ်မှ စတင်ခဲ့သည့်
ယူဂိုနဲ့ ဂျာမနီတို့ရဲ့ ကျောင်းတော်က ရန်စ ၊
☝️မဟာမိတ်ဆိုဗီယက်ပြည်ထောင်စု နှင့်
မဟာဗျူဟာအရ ပတ်သတ်ဆက်နွယ်မှု၊
☝️ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက်
ဖြစ်ပေါ်လာတဲ့ ဆားဗီးယား၊ ‌ဘော့စနီးယား၊
ခရိုအေးရှား တို့မှာရှိတဲ့ Rottweiler တွေ
အကြောင်းကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ။
🤷အဲ့ဒီ အကြောင်းတွေကိုတော့
ဒီမှာ မပြော‌တော့ပါဘူး။🥰
🍺ဘီယာဆိုင်ရောက်မှပဲ ဆက်ပြောပြပါ‌တော့မယ် 😁

အနှစ်ချုပ်ပြန်ပြောရရင်
⚠️ဆားဗီးယား Rottweiler ဆိုတိုင်း
နှာတိုခေါင်းကြီးမဟုတ်ပါ။
⚠️နှာတိုခေါင်းကြီး Rottweiler ဆိုတိုင်းလည်း
ဆားဗီးယားမျိုး မဟုတ်ပါ။

🤷Rottweiler နဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့
သိချင်တာများရှိရင်လည်း လာမေးလို့ ရပါတယ်။
ဆရာကြီးတော့မဟုတ်ပါဘူး
ပေါက်ကရတွေ လျောက်ပြောမှာပါ 😁😁😁

📸ပိုမိုရှင်းလင်းစွာ သိရှိလိုပါက
ဓာတ်ပုံများနှင့် ပုံထဲမှစာများအား
သေချာစွာ ကြည့်ရှုပေးပါရန် 🙏🙏🙏

ိုသန့်

22/05/2022

💥KENNEL တည်ထောင်ပြီး KENNEL ပိုင်ရှင်ကြီးဖြစ်ဖို့
ဘာ‌တွေရှိဖို့လိုအပ်ပါသလဲ ?

KENNEL တည်ထောင်ပြီး
KENNEL ပိုင်ရှင်ကြီးဖြစ်ဖို့ဆိုရင်
သင့်မှာ ဝတ်ကျွေးကြီးကြီးမားမားရှိဖို့ပဲလိုပါတယ်။
ဝတ်ကျွေးကြီးကြီးမားမားမရှိဘဲ
KENNEL ပိုင်ရှင်ကြီး မဖြစ်နိုင်ပါဘူးလေ 😂

Want your business to be the top-listed Pet Store/pet Service in Maymyo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Maymyo