Faith Legacy
Through faith in God's promises, we can overcome every obstacle and trial.
06/05/2026
စိတ်ရှည်ခြင်းနှင့် ဇွဲရှိခြင်း
ကလေးများသည် အလုပ်တစ်ခုကို စိတ်အားထက်သန်စွာ စတင်လေ့ရှိသော်လည်း ရှုပ်ထွေးခြင်း သို့မဟုတ် ငြီးငွေ့လာသောအခါ အခြားအရာအသစ်ကို ကိုင်တွယ်လိုကြသည်။ ထို့ကြောင့် အရာများစွာကို ကိုင်တွယ်မိကြပြီး အနည်းငယ် စိတ်ဓာတ်ကျကာ စွန့်လွှတ်ကြသည်။ ဤသို့ဖြင့် အရာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားကြပြီး ဘာမျှမပြီးမြောက်ကြပေ။ မိဘများသည် အပြောင်းအလဲ နှစ်သက်ခြင်းကို မိမိတို့၏ သားသမီးများကို လွှမ်းမိုးချုပ်ကိုင်ခွင့် မပြုသင့်ပါ။ သူတို့၏ စိတ်နေသဘောထားကို ဖွံ့ဖြိုးလာစေရန် အချိန်တန်မှ အနည်းငယ် အားပေးစကား သို့မဟုတ် ချီးမွမ်းခြင်းဖြင့် သူတို့၏ အခက်အခဲနှင့် စိတ်ပျက်အားငယ်မှုကို ကျော်လွှားနိုင်စေပြီး၊ မိမိအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ခြင်းကြောင့် ရရှိသော ပျော်ရွှင်မှုက ပိုမိုအားတက်စွာ ဆက်လက်လုပ်ကိုင်ရန် တွန်းအားပေးလိမ့်မည်။
ကလေးအများအပြားတို့သည် ၎င်းတို့၏ ကြိုးပမ်းမှုများ၌ အားပေးစကား အနည်းငယ်နှင့် အကူအညီ အနည်းငယ် မရရှိသောကြောင့် စိတ်ဓာတ်ကျကာ အရာတစ်ခုမှ တစ်ခုသို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ဤဝမ်းနည်းဖွယ် ချို့ယွင်းချက်ကို လူကြီးဘဝသို့ သယ်ဆောင်သွားကြသည်။ ဤမကောင်းသောအကျင့်ကို ပြုစု ပျိုးထောင်လာကြပြီး အနည်းငယ်ခက်ခဲသော အလုပ်၌ပင် ဇွဲရှိရှိ ကြိုးစားရန် သင်ကြားခြင်း မခံရသောကြောင့် သူတို့သည် မည်သည့်အရာ၌မျှ အောင်မြင်နိုင်မည် မဟုတ်ပေ။
ဤသို့ဖြင့် လူအများတို့၏ တစ်သက်တာလုံးသည် ငယ်စဉ်က မှန်ကန်သော ဆုံးမပဲ့ပြင်မှုကို မခံခဲ့ရသောကြောင့် ကျရှုံးခြင်းဖြစ်ရလေသည်။ ကလေးဘဝနှင့် လူငယ်ဘဝက ရရှိခဲ့သော ပညာရေးသည် လူကြီးဘဝတွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလုံးကို သက်ရောက်မှုရှိသည်။
ဆရာ၊ ဆရာမများသည် ကျောင်းသားများ၏ ကျန်းမာရေးကို မည်သို့စောင့်ရှောက်ရမည်ကို နားလည်သဘောပေါက်ထားသင့်သည်။ သူတို့သည် ကျောင်းသားများကို စာကိုများစွာကြိုးစား၍ စိတ်ကိုပင်ပန်းအောင် မပြုလုပ်စေဘဲ ထိန်းချုပ်ပေးရမည်။ ပညာရပ်ဆိုင်ရာ အသိပညာများရှိသော်လည်း ကျန်းမာရေးချို့တဲ့ပျက်စီးကာ ကောလိပ်ကျောင်းမှ ထွက်လာရလျှင် ထိုကျောင်းသို့လုံးဝမဝင်ခြင်းကသာ ပိုကောင်းပါလိမ့်မည်။ အချို့မိဘများက မိမိတို့ကလေးများအား ကုန်ကျစရိတ်များစွာပေးပြီး ပညာသင်ပေးနေသည်ဟု ခံစားမိကြသဖြင့် ကလေးများကို စာပိုကြိုးစားရန် တွန်းအားပေးတတ်ကြသည်။ ကျောင်းသားများကလည်း ပညာရေးကို အတတ်နိုင်ဆုံးတိုတောင်းသောကာလအတွင်း ပြီးဆုံးစေလိုသည့်ဆန္ဒဖြင့် ဘာသာရပ်များစွာယူလေ့ရှိကြသည်။ဆရာ၊ဆရာမ များကလည်း အချို့ကျောင်းသားများကို အလွန်အမင်းမြန်ဆန်စွာ တိုးတက်ခွင့်ပြုမိကြသည်။ အချို့သောကျောင်းသားများအတွက် တွန်းအားပေးရန် လိုအပ်သကဲ့သို့ အခြားသူများအတွက်မူ ဆိုင်းငံ့ထိန်းချုပ်ပေးရန် လိုအပ်ပါသည်။
ကျောင်းသားများသည် အမြဲတမ်းလုံ့လဝီရိယရှိသင့်သော်လည်း ဉာဏ်ရည်ဖွံ့ဖြိုးမှု အစာမကြေဖြစ်လောက်အောင် စိတ်ကိုအလွန်အမင်းဖိစီးမှုမပေးသင့်ပေ။ စာပေလေ့လာခြင်းကို ထုံးစံဓလေ့များကိုပြုစုပျိုးထောင်ရန် လျစ်လျူရှုသည်အထိ ဖိအားပေးခံရမည် မဟုတ်ပေ။ အထူးသဖြင့် မိမိတို့၏ဆုတောင်းချိန်များကို မည်သည့်အရာကမျှ အနှောင့်အယှက်မဖြစ်စေရန် ဂရုစိုက်ရမည်
များစွာသော ကျောင်းသားများသည် မိမိတို့၏စာလေ့လာခြင်းကို ပထမဦးစားပေးအရာအဖြစ် သတ်မှတ်ကာ ဆုတောင်းခြင်းကိုလျစ်လျူရှု၍ ဥပုသ်နေ့ကျောင်းနှင့် ဆုတောင်းအစည်းအဝေးများသို့ တက်ရောက်မှုမရှိဘဲ နေတတ်ကြသည်။ ထို့ကြောင့် ဘာသာရေးဆိုင်ရာ တာဝန်များကို လျစ်လျူရှုခဲ့ရာမှ ဘုရားသခင်ထံမှ နောက်ပြန်လှည့်သွားကာ မိမိတို့အိမ်များသို့ ပြန်ရောက်လာတတ်ကြသည်။ သူတို့၏ပညာရေး၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်သော ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်သောအရာကို ဒုတိယနေရာသို့ ရောက်အောင် ပြုလုပ်ခဲ့ခြင်းမျိုး မဖြစ်သင့်ပေ။ "ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာ၏အစပေတည်း" (ဆာလံ ၁၁၁:၁၀)။ "ဦးစွာသော်ကား၊ ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ဖြောင့်မတ်ခြင်းတရားကိုရှောင်၍၊ ဤအရာတို့ကို သင်တို့၌ထပ်မံပေးတော်မူလတံ့" (မဿဲ ၆:၃၃)။ ဤအရာကို နောက်ဆုံးနေရာတွင်ထားခြင်း မဟုတ်ဘဲ ပထမဦးစားပေးနေရာတွင်သာ ထားရှိရမည်။
30/01/2026
30/01/2026
သမ္မာကျမ်းစာ၏ အစွမ်းတန်ခိုးနှင့် လမ်းညွှန်မှု
ဆာ ၁၀၃:၃ ( သင် ၏ အ ပြစ် အ လုံး စုံ တို့ ကို ဖြေ လွှတ် ၍၊ သင် ၏ အ နာ ရော ဂါ ရှိ သ မျှ တို့ ကို လည်း ပျောက် စေ တော် မူ ၏။ )
ဝိညာဉ်ရေးရာ အနာရောဂါများအတွက် ကုထုံး
ခရစ်တော်သည် လူသားတို့အား ဝိညာဉ်ရေးရာ ရောဂါဝေဒနာအားလုံးအတွက် ကုထုံးများ အပြည့်အစုံရှိစေရန် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ပေးသနားထားပါသည်။ နှုတ်ကပတ်တော်သည် လူတို့၏ စရိုက်လက္ခဏာကို စစ်ဆေးသည့် စံနှုန်းတစ်ခုဖြစ်သည်။ ၎င်းသည် ရောဂါကို ထောက်ပြပြီး ဆေးညွှန်းကို ပေးပါသည်။ သမ္မာကျမ်းစာထဲတွင် ဝိညာဉ်ရေးရာ အားနည်းချက်တိုင်းအတွက် ဆေးညွှန်းများ ပါရှိပါသည်။ ဘုရားသခင်၏ ရှင်းလင်းသော ပညတ်တော်များသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးအပေါ် ကျန်းမာစေသော သြဇာသက်ရောက်မှုရှိစေမည်။ အကယ်၍ ယုံကြည်ခြင်းဖြင့် ခံယူပြီး တည်ကြည်စွာ ကျင့်သုံးမည်ဆိုပါက ၎င်း၏ကုထုံးများသည် မှားယွင်းမှုမရှိ (အမှန်တကယ် ပျောက်ကင်းစေမည်) ဖြစ်သည်။
ဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
အနှိမ့်ချဆုံးသော သူများရှေ့တွင်ပင် ဘုရားသခင်၏ ကတိတော်များ ပွင့်လင်းလျက်ရှိသည်။ ဘုရားသခင်က “သင်တို့တွင် အကြင်သူသည် ပညာကိုလိုချင်၏၊ ထိုသူသည် ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် နှမြောခြင်းမရှိဘဲ ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင်ရလိမ့်မည်” (ယာကုပ် ၁:၅) ဟု မိန့်တော်မူသည်။ ထိုသူသည် မည်သည့်အခါမျှ လက်ဗလာနှင့် ပြန်သွားရမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းဖြင့် အသက်ရှင်သောသူသည် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စွမ်းရည်များ တိုးတက်လာမည်ဖြစ်သည်။ သူသည် သမ္မာတရားကို မိမိနှလုံးသားထဲသို့ မဖိတ်ခေါ်မီကထက် ပိုမိုရှင်းလင်းသော နားလည်သဘောပေါက်မှု ရှိလာမည်ဖြစ်သည်။ ဉာဏ်ပညာနှင့် အသိပညာ၏ အသက်ရှင်သော အရင်းအမြစ်နှင့် ယုံကြည်ခြင်းအားဖြင့် ဆက်သွယ်ထားပါက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများသည် ကြီးထွားကျယ်ပြန့်လာမည်ဖြစ်သည်။ အသိဉာဏ်စွမ်းအားများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေစဉ်အခါက လူတစ်ကိုယ်လုံးသည် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့သည်။ သို့သော် သမ္မာတရား၏ တန်ဖိုးကို နှလုံးသားထဲသို့ သွင်းယူလိုက်သောအခါ ၎င်းသည် တစ်ကိုယ်လုံးကို ပြောင်းလဲစေပါသည်။
ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။- ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။- တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။- ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။-
ရောမ 6:3-6
ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။
ဟေရှာယ 53:5-6
အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။
ဆာလံ 8:1, 3-4
မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍၊ တစ်ညကိုတစ်ည သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကိုမကြားရသော်လည်း၊ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။
ဆာလံ 19:1-4
ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
ကမ္ဘာဦး 1:3
Click here to claim your Sponsored Listing.
Category
Contact the place of worship
Telephone
Website
Address
05081