Heart Shape Collection

Heart Shape Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heart Shape Collection, Digital creator, Mayan.

Photos from Heart Shape Collection's post 23/01/2026

Sweater Top လှလှလေးတွေ စျေးတန်တန်လေးနဲ့ရပါ့မယ်နော် ...
No Error ရန်ကုန်ကပါ... COD ရ...

22/01/2026

စီမံခန့်ခွဲမှု ဘိုးအေကြီးရှိတယ်။
အားလုံးလဲသိကြမှာပါ။
Peter Drucker ဆီက
လေ့လာခဲ့ရတဲ့ သင်ခန်းစာ ၂၁ ခုရှိတယ်။

၁။ ကိုယ့်ကိုယ်ကို အရင်စီမံခန့်ခွဲပါ။
တခြားသူတွေကို manage လုပ်နိုင်မလုပ်နိုင် မသေချာဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း manage လုပ်နိုင်တယ်။
တခြားသူတွေကို မျှော်လင့်မထားခင် ကိုယ့်ကိုယ်ကို အရင်မျှော်လင့်ပါ။

၂။ ကိုယ်တော်တဲ့ဟာကို လုပ်ပါ။
လူတိုင်းက အရာအများစုမှာ မတော်ဘူး။
မေးရမယ့်မေးခွန်းက "ဘာကို ထူးခြားတော်နိုင်သလဲ" ဆိုတာပဲ။
အားနည်းချက်ကို ပြင်နေမယ့်အစား အားသာချက်ကို တိုးချဲ့ပါ။

၃။ ကိုယ်အလုပ်ဖြစ်ဆုံးပုံစံနဲ့ အလုပ်လုပ်ပါ။
တချို့လူက မနက်ပိုင်းကောင်းတယ်။ တချို့က ညပိုင်း။
တချို့က ဖတ်မှနားလည်တယ်။ တချို့က နားထောင်မှ။
ကိုယ့် wiring ကို သိပြီး အဲ့အတိုင်းလုပ်ပါ။

၄။ အချိန်ကို တိုင်းတာပါ။
တိုင်းတာမှ စီမံခန့်ခွဲနိုင်မယ်။
ကိုယ့်အချိန် ဘယ်ကိုသွားလဲ မသိရင် ဘယ်လိုထိန်းမလဲ။
နေ့စဉ် ဘာလုပ်သလဲ မှတ်တမ်းတင်ပါ။

၅။ တစ်ခုတည်းကိုသာ အာရုံစိုက်ပါ။
ထိရောက်တဲ့လူတွေရဲ့ လျှို့ဝှက်ချက်က တစ်ခုတည်းကို လုပ်တာပဲ။
အချိန်ကို အစိတ်စိတ်အမွှာမွှာ မဖြန့်ပါနဲ့။
Block time ချပြီး အာရုံစိုက်လုပ်ပါ။

၆။ Efficiency နဲ့ Effectiveness မတူဘူး။
Efficiency က အမှန်လုပ်တာ။
Effectiveness က မှန်တဲ့အရာကို လုပ်တာ။
မလုပ်သင့်တဲ့အရာကို ထိထိရောက်ရောက်လုပ်နေတာ အချိန်ကုန်တာပဲ။

၇။ အနာဂတ်ကို ခန့်မှန်းချင်ရင် ဖန်တီးပါ။
နောက်ပြန်ကြည့်ပြီး ကားမောင်းလို့ မရဘူး။
စောင့်မနေနဲ့။
ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို ဖန်တီးပါ။

၈။ ဆုံးဖြတ်ချက် ရာနဲ့ချီမချပါနဲ့။
တစ်ခုနဲ့ ရရင် တစ်ခုပဲချပါ။
Pattern ကို ရှာပါ။ Generic decision ချပြီး replicate လုပ်ပါ။
ဆုံးဖြတ်ချက်တိုင်းမှာ overhead cost ရှိတယ်။

၉။ ပြဿနာမဖြေရှင်းပါနဲ့၊ အခွင့်အလမ်းကို ရှာပါ။
ပြဿနာကို ဖြေရှင်းနေတာက ယမန်နေ့ကို ပြုပြင်နေတာပဲ။
အခွင့်အလမ်းကို ရှာတာက မနက်ဖြန်ကို တည်ဆောက်တာ။
ပြဿနာထက် အခွင့်အလမ်းကို အချိန်ပိုပေးပါ။

၁၀။ မစလိုက်သင့်တာကို ရပ်ပါ။
ဒီနေ့ ဆုံးဖြတ်ချက်ချရမယ်ဆိုရင် စမှာလား။
မစမယ်ဆိုရင် ဘာကြောင့် ဆက်လုပ်နေရတာလဲ။
Stop doing list က To do list လောက် အရေးကြီးတယ်။

၁၁။ Business ရဲ့ ရည်ရွယ်ချက်က Customer ဖန်တီးဖို့ပဲ။
Product မဟုတ်ဘူး။ Profit မဟုတ်ဘူး။
Customer ဖန်တီးပြီး ထိန်းထားနိုင်ဖို့ပဲ။
ကျန်တာအကုန် ဒီအတွက် support လုပ်တာပဲ။

၁၂။ Marketing နဲ့ Innovation ပဲ ငွေရှာပေးတယ်။
ကျန်တာအကုန်လုံးက cost ပဲ။
Business မှာ function နှစ်ခုပဲရှိတယ်။
Marketing နဲ့ Innovation။

၁၃။ Management က လုပ်ရိုးလုပ်စဉ်မဟုတ်ဘူး။
Management ဆိုတာ liberal art ပဲ။
Psychology, philosophy, history, ethics အကုန်ပါတယ်။
လူတွေကို အကောင်းဆုံးဖြစ်အောင် ကူညီတာ။

၁၄။ ကောင်းတဲ့လူတွေကို ငှားပါ။
B-player တွေနဲ့ စိတ်ချရတယ်ထင်ရင် မှားပြီ။
A-player တစ်ယောက်ရဲ့ ရလဒ်က B-player ဆယ်ယောက်ထက် များတယ်။
လူကို အချိန်ပေးပါ။ People decision က အရေးကြီးဆုံး။

၁၅။ Meeting ကို ပြင်ဆင်ပါ။
Meeting များရင် organization မကောင်းတာ။
Meeting တိုင်း ရည်ရွယ်ချက်ရှိရမယ်။
ပြင်ဆင်ချိန်က meeting ထက် ပိုများသင့်တယ်။

၁၆။ Lean ဖြစ်အောင် ထားပါ။
Organization ကြီးလာရင် internal mass ပိုများလာတယ်။
ပြင်ပထက် အတွင်းပိုင်းကို အချိန်ကုန်လာတယ်။
လူနည်းနည်းနဲ့ အများကြီးလုပ်ပါ။

၁၇။ Communication မှာ မပြောတာကို နားထောင်ပါ။
ပြောတာကို နားထောင်တာ လွယ်တယ်။
မပြောတာကို ကြားနိုင်မှ အစစ်အမှန်ပဲ။
Subtext ကို ဖတ်တတ်ရမယ်။

၁၈။ ပြောင်းလဲမှုကို အခွင့်အလမ်းအဖြစ် မြင်ပါ။
စွန့်ဦးတီထွင်သူက ပြောင်းလဲမှုကို ရှာတယ်။
တုံ့ပြန်တယ်။ အခွင့်အလမ်းအဖြစ် အသုံးချတယ်။
ပြောင်းလဲမှုကို ကြောက်ရင် အခွင့်အလမ်းကို လွတ်သွားမယ်။

၁၉။ Innovation က ရိုးရှင်းရမယ်။
ထိရောက်တဲ့ innovation က ရိုးရှင်းတယ်။
တစ်ခုတည်းကိုသာ focus လုပ်တယ်။
"ဒါ obvious ပဲ၊ ဘာလို့ ငါမတွေးမိတာလဲ" ဆိုတဲ့ ချီးမွမ်းစကားက အကောင်းဆုံး။

၂၀။ Knowledge ကို အမြဲတိုးချဲ့နေရမယ်။
Knowledge ကို ပြုစုမထိန်းရင် ပျောက်သွားတယ်။
Challenge လုပ်နေရမယ်။ တိုးချဲ့နေရမယ်။
သင်ပေးတဲ့သူက အများဆုံး သင်ယူရတယ်။

၂၁။ အသုံးဝင်အောင် နေပါ။
အောင်မြင်ဖို့ မကြိုးစားနဲ့။
အသုံးဝင်ဖို့ ကြိုးစားပါ။
ဒါက Drucker ပေးခဲ့တဲ့ အကြီးမားဆုံး သင်ခန်းစာ။
"ဘယ်လိုအောင်မြင်မလဲ ဆိုတာ မှားနေတဲ့မေးခွန်း။
မေးရမယ့်မေးခွန်းက ဘယ်လိုအသုံးဝင်မလဲ ဆိုတာပဲ။"

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

Want your business to be the top-listed Media Company in Mayan?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Mayan
11062