Pleasing Drive
Car Concept
post တွေဆက်တိုက်မတင်ပေးနိူင်လို့ followers တွေကို အားနာရပါတယ်။
ကားနဲ့ပက်သက်တဲ့ဗဟုသုတပိုစ့်တွေနဲ့ပြန်လာခဲ့ပါမယ်။
Pleasing Drive
21/06/2025
Mid-Size Crossover SUV
Crossover ခေတ်ရဲ့အစကနဦးကားတစ်စီး
မိသားစုစီးလမ်းသိပ်မရွေးတဲ့ကားတစ်စီး
အဲ့ဒီကားက ....
Toyota Kluger...
Global market မှာတော့ Highlander လို့ပဲခေါ်တာ။
Mid-size Crossover SUV အမျိုးအစားဆိုတော့ Body on frame မဟုတ်ဘူး။Unibody Chassis ကိုယ်ထည်နဲ့ဆိုတော့ မောင်းလို့စီးလို့ပိုကောင်းတယ်။အဲ့တာကြောင့်ပဲ Mid-size offroad SUV ဖြစ်ပြီး Body on frame နဲ့လာတဲ့ Hilux Surf လို့ခေါ်တဲ့ 4 runner ကို အလဲထိုးနိူင်ခဲ့တဲ့ကားတစ်စီးပဲဖြစ်တယ်။
Kluger က Crossover တွေရဲ့ ခေတ်ဦးပိုင်းကားတစ်စီးလည်းဖြစ်တယ်။
Kluger ကို Japan Market အတွက် 2000 ကနေ 2007 အထိပဲထုတ်ထားတယ်။အဲ့ထက်မော်ဒယ်မြင့်ရင် Highlander နာမည်နဲ့ဖြစ်သွားပြီ။
4wheels drive နဲ့ front wheel drive နှစ်မျိုးရှိတဲ့ဒီကားဟာ အင်ဂျင်ပါဝါသုံးမျိုးနဲ့လာတယ်။
2.4L 2AZ အင်ဂျင် 3.0L 1MZ အင်ဂျင် 3.3L 3MZ အင်ဂျင် နဲ့လာပြီး 2.4နဲ့3.0 အင်ဂျင်တွေမှာ 4speeds transmission နဲ့ တွဲပြီး 3.3အင်ဂျင်မှာတော့ 5speeds transmission ဖြစ်သွားပြီ။3.3L အင်ဂျင်မှာ Hybrid optionပါရနိူင်သေးတယ်။
3.0L 1MZ အင်ဂျင်ကို 2003 အထိပဲထုတ်ခဲ့ပြီး ခုံသုံးတန်းပါတဲ့အပြင်အဆင်ကို 2004 မှာစထုတ်ခဲ့တာပါ။
2.4L အင်ဂျင်ကိုတော့ 2007 အထိအသုံးပြုခဲ့ပါတယ်။
2.4L အင်ဂျင်နဲ့ဆိုရင် ACU20 နဲ့ chassis number လာပြီး 3.0L အင်ဂျင်နဲ့ဆို MCU20 နဲ့လာပါတယ်။ 4wheels drive ဆို 20နေရာမှာ 25 ဖြစ်သွားပါတယ်။
Crossover mid-size SUV ဖြစ်တာကြောင့် မိသားစုစီး လမ်းမရွေးသွားလို့ရတာကြောင့် ရွေးချယ်သင့်တဲ့ကားတစ်စီးဖြစ်ပါတယ်။
Pleasing Drive
05/06/2025
VSC System က ဘာအတွက်လဲ
Vehicle Stability Control System (VSC) ဆိုတာ မော်တော်ယာဉ်ကို လမ်းချော်ခြင်းနဲ့ထိန်းချုပ်မှုဆုံးရှုံးခြင်းမှ ကာကွယ်ပေးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
ဒီစနစ်က မော်တော်ယာဉ်မောင်းနှင်နေတဲ့ဦးတည်ရာနှင့်စတီယာရင်ရဲ့ဦးတည်ရာတွေကို တွက်ချက်ပြီး အင်ဂျင်ရဲ့စွမ်းအားကိုအလိုလျောက်လျော့ချပြီး ဘရိတ်အုပ်ရန်လိုအပ်သော ဘီးတစ်ဘီးချင်းကိုသိရှိပြီး လိုအပ်သလိုဘရိတ်အုပ်ပြီး ယာဉ်ကိုတည်ငြိမ်အောင်ထိန်းညှိပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
Traction Control လို့ခေါ်တဲ့ ဘီးတွေကိုချော်တာကိုအာရုံခံပြီးယာဉ်ကိုထိန်းညှိပေးတဲ့စနစ်နဲ့လည်း လိုက်လျောညီထွေပေါင်းစပ်အလုပ်လုပ်ပါသေးတယ်။
ဒီစနစ်ကို အသုံးမပြုချင်ရင် VSC Off ဆိုတဲ့ခလုပ်ကိုနှိပ်လိုက်ရင် ဒိုင်ခွက်မှာ VSC off မီးလင်းပြီး အလုပ်မလုပ်တော့ပါဘူး။
Pleasing Drive ✅
30/05/2025
JDM ကားလည်းဖြစ်ရမယ်....
မော်ဒယ်ကလည်းမနိမ့်ရဘူး...
ဆီစားလည်း Hybrid တွေလောက်နီးပါးအထိကိုသက်သာရမယ်....
မိသားစုလိုက်စီးလို့လည်းအဆင်ပြေမယ်.....
စျေးကလည်း တအားမများရဘူး....
အိုကေပါ အဲ့လိုကားမျိုးရှိပါတယ်
အဲ့တာကတော့ Toyota Premio ပါ
သူက compact car သို့မဟုတ် small family car ဖြစ်ပြီး first gen က 2001 ကနေ 2006 ၊ second gen က 2007 ကနေ 2021 ခုနှစ် အထိဖြစ်တယ်။
Toyota Premio နဲ့ Allion က အတူတူပဲ အမွှာညီကိုတွေ
ကျနော်ပြောချင်တာက Premio ရဲ့ Second gen အကြောင်း...
second gen မှာ အင်ဂျင်ပါဝါ 1.5L ,1.8 L နဲ့ 2.0 L သုံးမျိုးရှိတယ်။
2.0L မှာ 3ZR-FAE အင်ဂျင်က Vlave matic technology နဲ့ဖြစ်ပြီး 1.5L 1NZ-FE အင်ဂျင်နဲ့ 1.8 2ZR-FE အင်ဂျင်ကတော့ သာမန်
VVT-i အင်ဂျင်တွေပဲဖြစ်တယ်။
2010 ခုနှစ်အရောက်မှာတော့ 1.8L 2ZR-FE အင်ဂျင်ကို 2ZR-FAE valve matic အင်ဂျင်အဖြစ်ပြောင်းလဲပြီးတပ်ဆင်ခဲ့တယ်။
2007 ကနေစတင်ခဲ့တဲ့ ဒီမျိုးဆက်မှာ 2010 မှာတစ်ကြိမ်နဲ့ 2016 မှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်သာ facelift လုပ်ခဲ့တယ်။
အင်ဂျင်ပါဝါသုံးမျိုးလုံးမှာ CVT ဂီယာဘောက်သာတပ်ဆင်ထားပြီး 2010 မှာမော်ဒယ်နဲ့အထက်မှာ 2.0L အင်ဂျင်ရဲ့ဆီစားနှုန်းဟာ 16km/L ၊ 1.8L အင်ဂျင်ဟာ 18 km/L နဲ့ 1.5 L အင်ဂျင်ဟာ 20km/Lအထိကို ရတာပါ။
29/05/2025
ဒီအမဲဘူးလေးက ဘာလေးလဲဖြေကြည့်ပါ။
ကားမှာပါတဲ့ အဲ့ဒီအမဲဘူးကိုသိရင် သင့်ရဲ့ကားအကြောင်းသိတဲ့စကေးက အတော်ကောင်းနေပြီလို့ပြောလို့ရတယ်။
27/05/2025
3GR-FSE Engine
Toyota ရဲ့ GR family line up ထဲက 3.0L Gasoline engine
60‘ V6 အင်ဂျင်ဆိုတော့ Piston 3လုံးစီ cylinder block နှစ်ခု နဲ့ အင်ဂျင် Head နှစ်ခု V ပုံစံ ပါရှိတယ်။
အင်ဂျင်ရဲ့ Head မှာ Dual Camshaft ဆိုတော့ စုစုပေါင်း Camshaft လေးချောင်းပါပြီး piston တစ်လုံးအတွက် intake airနဲ့ exhaust gas အဝင်အထွက်အတွက် Valve လေးချောင်းဆိုတော့ piston6လုံးအတွက် စုစုပေါင်း valve 24 ချောင်းပါရှိပါတယ်။
valveအဖွင့်အပိတ်timingအတွက် camshaft ကို belt ကြိုးနဲ့မဆွဲတော့ဘဲ chain နဲ့ဆွဲတာဆိုတော့ beltကြိုးပြတ်မှာမပူရတော့ဘဲ ပိုပြီးစိတ်ချရလာတယ်။Direct Injection စနစ်နဲ့ ဆီဖျန်းပေါက်ကွဲစေတဲ့စနစ်သုံးထားလို့ ဆီစားနှုန်းနဲ့စာရင် ပိုကောင်းနဲ့စွမ်းဆောင်မှုအရည်အသွေးရစေမှာပါ။
256hpစွမ်းအားရှိပြီး 314Nm torque ရုန်းအားရှိတဲ့ ဒီအင်ဂျင်ဟာ Supercharger modified လုပ်လိုက်ရင် 314 hp နဲ့ 412 Nm အထိ စွမ်းဆောင်ရည်ရပါတယ်။
အင်ဂျင်ဝိုင်ကို 5W-30 နဲ့ 5W-30 ကို သာ အကြံပြုထားပြီး အင်ဂျင်ရဲ့သက်တမ်းဟာလည်း ကီလိုလေးသိန်းအထိလို့ပြောထားပါသေးတယ်။
ဒီအင်ဂျင်ကို Toyota ရဲ့ Crown MarkX နဲ့ Lexus
ရဲ့ GS300
မှာတွေ့နိူင်ပါတယ်။
Supercharger modified ကို MarkXရဲ့ Supercharger gradeမှာတပ်ဆင်ထားတာပါ။
Pleasing Drive
25/05/2025
မင်္ဂလာပါအမျိုးတို့ရေ
suspension system categories တွေအများကြီးရှိပါတယ်။အဲ့ထဲကမှ အသုံးအများဆုံး categories တွေကို နည်းနည်းရှင်းပြပါ့မယ်။
indepentent suspension အမျိုးအစားတွေထဲက Double Wishbone Suspension အကြောင်းကို သေချာပြောပြထားပါတယ်။
Double Wishbone suspension
ဒီစနစ်ဟာ တီထွင်မှုတွေထဲမှာအဆန်းပြားဆုံးဖြစ်ပြီး လျင်မြန်မှု၊တည်ငြိမ်မှု၊သက်တောင့်သက်သာရှိမှုတွေကြောင့် ဇိမ်ခံကားတွေနဲ့ပြိုင်ကားတွေမှာ အသုံးပြုပါတယ်။ဒီစနစ်မှာ ငှက်ရင်အုပ်ရိုးကဲ့သို့ A ပုံစံလက်မောင်းနှစ်ခုပါရှိပါတယ်။ဘီးကဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုအားကို ကားရဲ့အပေါ်မှာတည်ငြိမ်မှုရှိအောင် ဖြန့်ဖြူးထိန်းညှိပေးမှုမှာ အကောင်းဆုံးစနစ်ဖြစ်ပါတယ်။ဒီစနစ်ကိုကားရဲ့ရှေ့ဘီးမှာရော နေက်ဘီးမှာရော အသုံးပြုပါတယ်။
Double Wishbone Suspension ကို Off Road ကားတွေရဲ့ ရှေ့ဘီး နဲ့ Luxury Car တွေရဲ့ ရှေ့နောက်အတွက်အသုံးပြုလေ့ရှိပါတယ်။
Pleasing Drive
24/05/2025
1G-FE Engine အကြောင်း......
1988ခုနှစ်ကစတင်ထုတ်လုပ်ထားပြီး မျိုးဆက်သုံးခုရှိတဲ့အနက် အခုပြောမှာက 1998ခုနှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ တတိယမျိုးဆက်အကြောင်းပါ။
1G-FE Engineရဲ့ တတိယမျိုးဆက်က Toyota ရဲ့ BEAMS အုပ်စုဝင်အမျိုးအစားတစ်မျိုးဖြစ်ပြီး သူ့ကို BEAMS 2000 အင်ဂျင်လို့လည်းခေါ်ပါတယ်။
BEAMS ရဲ့အဓိပ္ပါယ်က Breakthrough Engine with Advanced Mechanism System။ ဆန်းသစ်သောစက်ကိရိယာစနစ်နဲ့ထိုးဖောက်ကျော်လွှားမယ့် အင်ဂျင်လို့ ပြောချင်တာပဲဖြစ်ပါတယ်။
2.0L(1988CC) ရှိတဲ့ ဒီ1G-FE Engine ဟာ inline 6 (၆လုံးထိုး) 24 valves အင်ဂျင်ပဲဖြစ်ပါတယ်။6200rpm မှာ 158hp ထိထွက်ပါတယ်။torqueကလည်း 4400rpm မှာ 200Nm ရှိပါတယ်။
Toyota ရဲ့ G family ဖြစ်တဲ့ ဒီအင်ဂျင်ဟာ Belt ကြိုးနဲ့ဆွဲတဲ့ DOHCလို့ခေါ်တဲ့ အင်ဂျင်ရဲ့ Head ပေါ်မှာ intake နဲ့ Exhause အဖွင့်အပိတ်လုပ်ပေးတဲ့ Camshaft နှစ်ချောင်းပါတဲ့ Multipoint fuel injection အမျိုးအစားပဲဖြစ်ပါတယ်။
ဒီအင်ဂျင်ကို Toyota ရဲ့ Mark2 ,Crown ,Chaser, Cresta, Altezza နဲ့ Lexus ရဲ့ IS 200 ကားတွေမှာတွေ့ရပါတယ်။
17/05/2025
မင်္ဂလာပါအမျိုးတို့ရေ
suspension system categories တွေအများကြီးရှိပါတယ်။အဲ့ထဲကမှ အသုံးအများဆုံး categories တွေကို နည်းနည်းရှင်းပြပါ့မယ်။
indepentent suspension အမျိုးအစားတွေထဲက MacPherson Suspension အကြောင်းကို သေချာပြောပြထားပါတယ်။
MacPherson Suspensionဆိုတာ
ကမ္ဘာပေါ်မှာအကျယ်ပြန့်ဆုံးသုံးကြတဲ့ အမေရိကန်အင်ဂျင်နီယာ Earle MacPherson တီထွင်ခဲ့တဲ့ ဒီဇိုင်းပါ။ရိုးရှင်းပြီး ကောင်းမွန်လို့အသုံးများတာပါတဲ့။စတီယာတိုင်အတွက်အသုံးပြုဖို့အဆင်ပြေလို့ ကားရဲ့ရှေ့suspensionမှာအသုံးများပါတယ်တဲ့။ဒီsuspensionအမျိုးအစားမှာ လျော့ဘားရယ်(shock absorber)၊စတီယာရင်အထိုင်ပါတဲ့ လက်ဂိုင်းရယ်၊လက်မောင်းတစ်ခု(lower arm)ရယ် ပါဝင်ပါတယ်။လက်ဂိုင်း(wheel hub)ရဲ့အပေါ်မှာ ရှော့ဘားအထိုင်ပါပြီး၊လက်ဂိုင်းရဲ့အောက်မှာ လက်မောင်းတန်း(lower arm)အထိုင်ရယ်ပါပြီး၊စတီယာရင်အတွက်က လက်ဂိုင်းမှာပါပါတယ်။ဘီးကိုလက်ဂိုင်းမှာချိတ်ပြီး၊ရှော့ဘားရယ် လက်မောင်းရယ်က ကားရဲ့ကိုယ်ထည်မှာချိတ်ပါတယ်။(ပုံမှာကြည့်ပါ)။
Luxuryကားတွေမှာတော့သိပ်သုံးလေးမရှိပါဘူး။ independent suspension သုံးထားတဲ့ sub compact ကားတွေနဲ့ compact ကားတွေရဲ့ ရှေ့ဘီးမှာအသုံးများတဲ့ suspension အမျိုးအစားတစ်ခုပါ။
Pleasing Drive
Stop immediately
Click here to claim your Sponsored Listing.