NMT Mobile Service

NMT Mobile Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NMT Mobile Service, Mobile Phone Shop, 105 Street , Between 65 x 64, Mandalay.

Photos from NMT Mobile Service's post 28/02/2025

ကိုင်တဲ့သူတွေ တန်မဲ့ ဖုန်းဘေထုပ်လေးတွေ ❤️
Ai version ရတဲ့ အလုံးလေး ရောင်းပေးဦးမယ် ဗျာ ✅

iPhone 15 Pro 128Gb 🩶
ZP/A , eSIM
Battery - 94 %

အလုံးသန့် 99.99% အပွန်းအပဲ့ လုံးဝမရှိဘူးဗျာ
‼️ Back glass လေးလဲထားလို့ စျေးလေးချိုမယ်ဗျာ‼️

Price - 33***** ✔️

iPhone 15 Pro Max 🩶
CH/A , Dual Sim
Battery - 90%

ဒါလေးကတော့အကွဲလေး
‼️ရှေ့မှန် အောက်ထောင့်လေး ၂ ကြောင်းသေးသေးလေးကွဲတယ် နောက် Back Glass အောက်နားလေး တကြောင်းကွဲမယ် ‼️
အလုံးဘေးဘောင် လုံးဝသန့်တယ် မှန် touch ထောက် ဘာညာ ဘားမှမရှိဘူးဗျာ

Price - 31*****✔️

၂ လုံးလုံး စက်ပိုင်း error အာမခံပါတယ် ✅
စိတ်ကြိုက်သုံး❣️

📍 65 x 64 ကြား ၊ 105 လမ်း
မန္တလေး

📞 09442020973
09758224688
09770011243

Photos from NMT Mobile Service's post 24/02/2025

Note 9 Pro 5G လေး
Customer ကပါဝါမလာလို့ လာပြပေးထားတာ

ရှေ့မှာ တခြားဆိုင် ပြထားပြီး ပစ္စည်း လဲရမယ်ပြောလို့ ခုမှ ပြန်လာပြင်တာတဲ့ 🥰

CPU လေး ပြန် Reball ပေးလိုက်တယ်
Done ✅

ဆိုင်ပြန်အလုံးလေးကို သပ်ရပ်စွာ ပြန်လုပ်ပေးလိုက်ပါတယ် ဗျာ ❤️

ဖုန်း error ပိုင်းလေး နဲ့ပတ်သတ်ရင် သတိရပေးကြတဲ့ ကာကာ များကိုလည်း ကျေးဇူးတင်ပါတယ် 🥰

NMT Mobile Servic
09442020973
09698991944
09758224688

65x64 ကြား ၊ 105 လမ်း
မန္တလေးမြို့

Photos from NMT Mobile Service's post 12/02/2025

iPhone 14 Pro Max
256Gb / Deep purple
ZP/ A , ESim
Battery- 86%

ရိုးရာ မပျက် ဘေးဘောင် လျှော့မယ်ဗျာ 🖤
ဗူးပစ္စည်း အကုန်ပါမယ် ဗျာ 🤍
Org Seal ရေစိမ်ပြ လို့ရတယ် ဗျာ 🖤

အလုံးလေး လျှော့လို့ ပေါက်စျေးတွေထက်သက်သာမယ်ဗျာ 🥰
စျေးသက်သက်သာသာ နဲ့ org seal အောဖိုင်းလေး ကိုင်လိုက် 😍

မှန်မကွဲလက်ဆောင်ပါမယ် ဗျာ ❤️
Cover လေးလက်ဆောင်ပါမယ် ❤️‍🔥
အာမခံ ၁ လ စိတ်ကြိုက်စမ်းယူ 🥰

📍NMT Mobile Service
105 လမ်း ၊ 65 x 64 လမ်းကြား
MDY

📞09442020973
09758224688

Photos from NMT Mobile Service's post 09/02/2025

အားပေးမှု အတွက်ကျေးဇူး အထူးပါ ခဗျ 🥰🥰

Photos from NMT Mobile Service's post 07/02/2025

စျေးးတန်း ၂ သိန်းမကျော်တဲ့ အနိမ့်လေးထဲက ဖုန်းကောင်းကောင်းလေး

Oppo A8
Ram 4/64

Finger/Face ✅
ဖုန်းပြော လိုင်းသုံး အကုန်ရ
Camera / WiFi / Sim all ok ✅

Cover လေး လက်ဆောင်ပါတယ် 🤍
မှန်မကွဲလေး လက်ဆောင် ကပ်ပေးထားတယ် ဗျာ 🖤
ဆိုင် အာမခံ ၁ ပတ် (1 weak) ပေးပါတယ် ခဗျ 🤍

📍65x64 ကြား ၊ 105 လမ်း မန္တလေး

📞 09442020973
09698991944

29/01/2025

AI လောကမှာ မင်းမူနေတဲ့ ဘုရင်တွေကို ကျော်ခွလိုက်တဲ့ 😈Deepseek R1 AI 😈

🤳ဖုန်းတစ်လုံးကို ကိုင်ပြီး အသုံးပြုနေသူတစ်ယောက် အနေနဲ့လည်း နည်းပညာနဲ့တော့ မဝေးသင့်ဘူးဗျ။🙅🏻😎
တစ်နှစ် နဲ့ တစ်နှစ် ဖုန်းတွေမှာ update features🤙🏻 နဲ့ functions👾 တွေ အများကြီး ပိုပိုတိုးလာသလို
🤖 Ai 🤖တွေဟာ နေရာတော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ 🥰

‼️Smart phone တစ်လုံးကို Smart ကျကျနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါတယ်။‼️🙆🏻‍♂️

🔹Deepseek ရဲ့အကြောင်း 🔹

-AI App တွေ၊ AI Chat Assistant တွေလို့ဆိုလိုက်ရင် လက်ရှိအချိန်အထိ ChatGPT/OpenAI ၊ Microsoft Copilot ၊ Google Gemini တွေဟာ လူသိများတဲ့ နာမည်ကြီး ဆရာကြီးတွေဖြစ်ပါတယ်။အခုကြတော့ တရုတ်နိုင်ငံကုမ္ပဏီ DeepSeek ကနေ US AI ကုမ္ပဏီတွေကို ကျော်တက်သွားပါပြီ။​

-ဇန်နဝါရီလ (၂၀) ရက်နေ့ကမှ DeepSeek ကုမ္ပဏီကနေ DeepTink လို့နာမည်ပေးထားတဲ့ R1 Model ကို ထုတ်ပြလိုက်တာဖြစ်ပြီး အခု အချိန် (၁) ပါတ်အတွင်းမှာ US Apple App Store မှာ နံပါတ် (၁)​ နေရာကို ယူထားလိုက်ပါတယ်။ စမ်းသုံးတဲ့သူတွေအကုန်လုံးကလည်း ChatGPT တို့ထက် အများကြီး ပိုမြန်ဆန်တယ်၊ လုံးဝကို Natural ပိုဖြစ်ပြီး Innovative ဖြစ်တဲ့ အဖြေတွေကို ထုတ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

-DeepSeek R1 AI Model က လက်ရှိ OpenAI ရဲ့ o1 Model ကို သွားယှဉ်နိုင်လောက်ထိကို ကြမ်းတယ်။ ဒါ့အပြင် OpenAI လို ChatGPT ကို ပိုက်ဆံပေးစရာမလိုတဲ့အပြင် 100% Open-Source ဖြစ်တယ်။ MIT License ရထားပြီးသားဖြစ်တဲ့အတွက် Personal Use အပြင် Commercial အနေနဲ့ပါ စိတ်ကြိုက်သုံးလို့ရမယ်။​ OpenAI/ChatGPT ကို သုံးရတာထက် ငွေကြေးပိုင်းမှာလဲ ၉၆ ရာခိုင်နှုန်းကျော် ပိုတန်တယ်၊ ပိုသက်သာပါတယ်။

-DeepSeek ကို လောလောဆယ် Web ကနေရော၊​ App ကနေပါ သုံးလို့ရမယ်။ သုံးရတာလည်း တော်တော်လေးကို လွယ်တယ်။​မြန်ချက်ကလဲ လက်လန်တယ်🥹🥹

🔹ကိုတရုတ်ကြီးရဲ့ US ပေါ် ရိုက်ခက်မှု🔹

-Ai စျေးကွက်ကြီးမှာ အမေရိကန်က စိုးမိုးထားတာကနေ တရုတ်ရဲ့ Deepseek ကြောင့် အကုန်ဝရုန်းသုန်းကားတွေ ဖြစ်ကုန်ပါတယ်။ Apple App Store မှာ Deep Seek ထိပ်ဆုံးနေရာရောက်နေပါပြီ။ အမေရိကန်ဘက်က Nvidia အဆင့်မြင့် Chip တွေ တရုတ်ကို တင်ပို့တာ တားမြစ်ထားတဲ့ကြားကနေ တရုတ်ပညာရှင်တွေက Nvidia ပုံမှန် Chip တွေသုံးပြီး လုပ်ပြသွားတာ တကယ်ကြမ်းပါတယ်။

-ဒီလိုမျိုး တကယ့် နောက်ဆုံးပေါ် AI Chip တွေ၊ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံစရာမလိုပဲ DeepSeek R1 လို AI Model ပေါ်လာတော့ ဒီ​ US အခြေစိုက် AI ကုမ္ပဏီကြီးတွေကို လုံးဝရိုက်ခတ်သွားစေခဲ့ပါတယ်။

-အဆိုးရွားဆုံးရိုက်ခတ်သွားတာကတော့ ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်တဲ့ Nvidia ပါ။ DeepSeek ကြောင့် Nvidia ဟာ တနေ့တည်းမှာတင် စျေးကွက်ရှယ်ယာ ၁၆.၉၇ ရာခိုင်နှုန်း - တန်ကြေး ဒေါ်လာ ၅၈၉ ဘီလီယံအထိ ဆုံးရှုံးမှုသွားခဲ့ပါတယ်။

-အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကတောင် တရုတ်ကုမ္ပဏီ DeepSeek ကို လူတွေအာရုံစိုက်လာမှုဟာ အမေရိကန်နည်းပညာနယ်ပယ်အတွက် နိုးကြားဖို့ သတိပေးချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မိတ်ဆွေတို့လဲ Ai အကြောင်း ChatGPT တို့လိုမျိုး ပိုက်ဆံပေးစရာမလိုတဲ့ တကယ်ကောင်းတဲ့ Deepseek ကိုစမ်းကြည့်လိုက်ပါ🤷🏻

💁🏻‍♂️ဖုန်းနဲ့ ပတ်သက်တဲ့ အခက်ခဲ မှန်သမျှ ဖြေရှင်းပေးဖို့ N.M.T မှ အသင့်ရှိနေပါပြီ💁🏻‍♂️

အသေးစိတ် မေးမြန်း အဖြေရှာလိုပါက Page Messenger မှ ဖြစ်စေ
🔹09-442020973
🔹09-758224688
မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါပြီ…။

၁၀၅လမ်း၊ ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့…။

25/01/2025

‼️သင့်ဖုန်း ရေစိုသွားရင် (ဒါမှမဟုတ်) ရေထဲကျသွားခဲ့ရင်‼️🤷🏻🤷🏻

လူတွေ အများသိထားကြပြီးသားဖြစ်တဲ့
❌ဆန်အိုးထဲထည့်တာ
❌Dryer နဲ့မှုတ်တာ စသည်ဖြင့်……..
ဒါဟာ လုံးဝ မလုပ်သင့်တဲ့ အချက်တွေပါ🙅🏻🙅🏻
-အခုလို 🚫ရှောင်ရန်🚫 အချက်တွေ မပြောခင် အရင် ဆောင်ရန် အချက်လေးတွေ တချက်ကြည့်ကြရအောင်

🔴ပထမ အချက်-ရေထဲမှပြန်ဆယ်ပြီး ချက်ချင်း Power Off လိုက်ပါ

-ရေထဲကျသွားပြီ ဒါမှမဟုတ် ရေစိုသွားပြီ ဆိုတာနဲ့ ဖုန်းကို လုံးဝအသုံးမပြုဘဲ Power Off (power shut down) ချလိုက်ပါ 🚫ရေစိုပီးအချိန်မှာ ဖုန်းအသုံးမပြုဖို့၊ အားမသွင်းဖို့ စတဲ့ ဖုန်းကိုလျှပ်ကူးမှုများ မဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်🚫🙅🏻

🔴ဒုတိယအချက်-Sim card, Memory card များထုတ်ပါ

-ဖုန်းကို Power ပိတ်ပြီးတာနဲ့ တပြိုင်နဲ့ အရေးကြီးတဲ့ Sim card နဲ့ Memory card များ အမြန်ဆုံးထုတ်ပါ 🚫အရေးကြီး Data များ မလိုလားဘဲ ပျက်စီးဆုံးရှုံးမှု မဖြစ်စေဖို့အတွက် အရေးကြီးပါတယ်🚫🤷🏻

🔴တတိယ အချက်-Service ဆိုင်သို့ အမြန်ဆုံးပြေးပါ🏃🏻‍➡️🏃🏻‍➡️

-Sim card နဲ့ Memory card များ ထုတ်ပြီးပြီဆိုတာနဲ့ ဖုန်းကို မတ်မတ်အနေအထားနဲ့ ထောင်လျက်ထားပါ ပြီးလျှင်စိတ်ချရတဲ့ နီးစပ်ရာ Mobile Service သို့ အမြန်ဆုံးပြေးလိုက်ပါ🏃🏻‍➡️ 🚫အချိန်မှီ Service ဆိုင်သို့ အမြန်ဆုံး ရောက်ရှိဖို့ လိုအပ်ပါတယ်🚫

ကျွန်တော်တို့ရဲ့ N.M.T Mobile Service မှာလဲ ရေဝင်အလုံးများကို စိတ်အချရဆုံး နဲ့ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနေပါပြီ…။💁🏻‍♂️💁🏻‍♂️

🚫🚫 ဆန်အိုးထဲထည့်ခြင်း ၊ Dryer နဲ့မှုတ်ခြင်းများက ထိရောက်တဲ့ကုသနည်း မဟုတ်ပါ!!! အကယ်၍ ဖုန်းက ထိုနည်းများအတိုင်း လုပ်လိုက်လို့ အဆင်ပြေသွားသည် ဆိုရင်တောင် ရေရှည်မှာ နောက်ဆက်တွဲ Error များစွာ ဖြစ်လာနိုင်ပါတယ်(ဥပမာ-အပြင်ပိုင်းတွင် ရေခြောက်သွားပေးမဲ့ အတွင်းပိုင်းမှာ ရေများကျန်ရှိပြီး Shock ဖြစ်နိုင်ခြင်းများ)🚫🚫

‼️Service ဆိုင်သို့ အမြန်ဆုံးပြဖို့ လိုအပ်ပါတယ် မပေါ့ဆသင့်ပါ‼️

💁🏻‍♂️ဖုန်းနဲ့ ပတ်သက်တဲ့ အခက်ခဲ မှန်သမျှ ဖြေရှင်းပေးဖို့ N.M.T မှ အသင့်ရှိနေပါပြီ💁🏻‍♂️

အသေးစိတ် မေးမြန်း အဖြေရှာလိုပါက Page Messenger မှ ဖြစ်စေ
🔹09-442020973
🔹09-758224688
မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါပြီ…။

၁၀၅လမ်း၊ ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့…။

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Website

Address

105 Street , Between 65 X 64
Mandalay
05041

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30