Pyae Sone Car Rental Services

Pyae Sone Car Rental Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Car Rental Services, 51 st/bet;Manawhari Road & Hnin Zi Road, Mandalay.

10/06/2020

https://www.facebook.com/Excellent-106508281075611/

Excellent Travels & Tours ခရီးသွားခြင်းဆိုင်ရာများ တိုင်ပင်ဆွေးနွေးရန်အတွက် Page လေးကို like လုပ်ပေးပါဦးနော်

27/01/2020

🚐 မင်္ဂလာဆောင်
🚐 ဘွဲ့ယူအခမ်းအနား
🚐 လေဆိပ် ကြို /ပို့
အချိန်ပိုင်း သုံးချင်ပါသလား ......

🏢 မန္တလေးမြို့တွင်း / နယ်ဝေး အလည်အပါတ်အတွက်သုံးချင်ပါသလား.....
စီးပွားရေးကိစ္စအတွက်သုံးချင်ပါသလား......

🚘 မိသားစု / မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူ သီးသန့်ခရီးစဉ်လေး တစ်ခု စီစဉ်ဖန်တီးချင်ပါသလား.......

🚍 မိမိ ကုမ္ပဏီ ရုံးဝန်ထမ်းများ ၊ ကျောင်းသား ကျောင်းသူများနဲ့ အတူ လူများများသွားရာမှာ ကားရှာရ ခက်ခဲနေပါသလား ........

🎈Saloon Type
🎈Hiace
🎈Super Custom
🎈20seater
🎈29seater
🎈33seater
🎈45seater
🎈49seater
🎈53seater
ကားမျိုးစုံကို သက်သာသော စျေးနှုန်း ၊ အထူးကောင်းမွန်တဲ့ ဝန်ဆောင်မှု ၊ စိတ်ရှည်သော ယာဉ်မောင်းဆရာများနှင့် အတူ ငှားရမ်းနေပါတယ် ခင်ဗျာ ။

Pyae Sone Car Rental Services

☎☎ 09 957572281

21/01/2020

မင်္ဂလာပါ...
ဇလုံတောင်တော် ဘုရားဖူးခရီးစဉ်များ လက်ခံနေပါပြီ
ကားအသေးမှစပြီး ကားအကြီးအထိ
လူကြီးမင်းတို့ လိုအပ်သလို ငှားရမ်းနိုင်ပါပြီ

#ခရီးသွားလမ်းညွှန်တစ်ချို့
ဇလုံတောင်တက်ကားခ
အတက် ၄၀၀၀
အဆင်း ၃၀၀၀
လူ ၁၆ ယောက်ပြည့်မှ တစ်စီးထွက်ပါတယ်
စီးလုံးငှားချင်ရင် ၆၄၀၀၀ ကျသင့်ပါတယ်

ဇလုံတောင်တော်ထိပ်မှာ ညအိပ်လို့ရပါတယ်(တော်တော်တော့ အေးပါတယ်)
စောင်တွေအိပ်ယာလိပ်တွေယူသွားရမှာပါ

ဗန်းမောက်မြို့ပေါ်မှာအိပ်ချင်ရင်တော့ တည်းခိုခန်းတွေ မိသားစုတည်းခိုဆောင်တွေ အများကြီးရှိပါတယ်
စျေးအနည်းဆုံးမှာ ၅၀၀၀ ကျပ်ခန့်ရှိပါတယ်

မန္တလေးမြို့ မှ ဗန်းမောက်မြို့ ဇလုံတောင်​ခြေရင်းကားကွင်းသို့ ကားမောင်းချိန် ၁၀ နာရီခန့် ကြာပါတယ်

ဆက်သွယ်ရန်(ကားငှားရန်)
09-957572281
09-969729854

08/05/2019

2019 Price List

16/01/2019

ယေ့ယေ့ 😌😝😝😝
စတာနော် တစ်ကယ်မဟုတ်ဘူး
အိမ်ထိလာပြီး ဂဲနက်ထုကြမှာကြောက်လို့ 😂

Photos from Pyae Sone Car Rental Services's post 15/01/2019

Photo
Behind Kalaw & Phyoe Chit Nyein
ပြဒါးလင်းဂူ
ရှေးနှစ်ပေါင်း ၁၃၀၀၀ က လူနေထိုင်ရာအောင်ပန်းမြို့နယ် ရွာငံရွာမြို့ ဓနုအုပ်ချုပ်ခွင့်ဒေသ🌲

ပြဒါးလင်းဂူက မြန်မာပြည်ရဲ့အလယ်ဗဟိုဖြစ်တဲ့ ပြက္ခရွေ့တောင်ရဲ့အရှေ့ဘက်၊ ရှမ်းကုန်ပြင်မြင့်ရဲ့ အနောက်ဘက်အစွယ်အနီး မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့ အနီး ကင်းတားဆည်ရဲ့ တောင်ဘက်အခြမ်းမှာတည်ရှိပါတယ် ။
နှစ်ပေါင်း ၁၃၀၀၀ကျော်က ကျောက်ခေတ်လူသား တွေ နေထိုင်ခဲ့တဲ့အထောက်အထားတွေရှိနေတဲ့ ရှေးဟောင်းကျေးမှုအမွေအနှစ်မြေတစ်ခုပါ...🤾‍🏌️‍♀️🏌️‍♀️

ခရီးစဉ်ကတော့ ကူမဲမြို့အနီး ကင်းတားဆည်အထိ
ကားနဲ့ သွားရပြီး ဆည်ရဲ့တစ်ဖက်မှာရှိတဲ့ဂူကို
စက်လှေနဲ့ မိနှစ်နှစ်ဆယ်လောကပျော်ပျော် ပါးပါး ရေလမ်း သွားရပါတယ်ဗျ ...
ဟိုဘက်ကမ်းကိုရောက်ရင် ဂူကိုရောက်ဖို့ ၂မိုင်ကျော်လမ်းလျှောက်ရဦးမယ်?

❤ပထမဆုံးကူမဲကနေကင်းတားဆည်ကိုသွားတဲ့ လမ်းမှာ တောင်တန်းအထပ်ထပ်တွေရဲ့အလှကို မြင်ရမှာပါ ။တောင်တန်းတွေချစ်တတ်တဲ့သူတွေ အတွက် ကတော့ တအားကိုမြင်ကွင်းကောင်းပါ ။

❤ဆည်ကြီးက တောင်အထပ်ထပ်ကြားမှာ ရှိတာမို့ viewအရမ်းလှပြီး ဓာတ်ဖမ်းလို့ အရမ်းကောင်းပါတယ်😇

❤ဆည်ရဲ့ဟိုဘက်ကမ်းကို စက်လှေနဲ့ကူးတဲ့ အချိန်မှာတော့ ရေပြင်နဲ့တောင်တန်းတွေကြားမှာ
ရောက်နေရတဲ့အခိုက်အတန့်ဆိုတော့ ရေပြင်ကို ကိုင်ကြည့်လိုက် တောင်တန်းတွေငေးလိုက်နဲ့ အရမ်းပျော်ဖို့ကောင်းတယ်😇

❤ဟိုဘက်ကမ်းရောက်ပြီဆိုရင် ဂူဆီကို လမ်းလျှောက်ရတော့မှာပါ...လမ်းကတော့
တောလမ်းဆိုတော့နည်းနည်းကြမ်းတယ်..အတက် အဆင်းလေးတွေရှိတယ်..ဒါပေမဲ့ တောတောင်ထဲ က အလှတွေလိုက်ကြည့်ရင်းသွားရင် ပျော်ဖို့ကောင်းပါတယ်...လမ်းနှစ်ခွတွေရှိပေမဲ့ ဂူသို့ဆိုပြီး မြှားလေးတွေတော့ပြထားပေးတယ် ။
လမ်းမှာ အမှိုက်ပုံးလေးတွေ စနစ်တကျ ထားပေးထားလို့ အမှိုက်တွေကိုတော့ စနစ်တကျ စွန့်ပစ်ဖို့လိုပါတယ်။

❤ဂူရောက်ပြီဆို အာ့နားမှ မန္တလေးရှေးဟောင်းက
ခန့်ထားတဲ့အစောင့်ဦးလေးကြီးရှိပါတယ်..သူက
သိချင်တာတွေရှင်းပြပေးပြီး ဂူ၁ကိုသွားချင်ရင်
လိုက်ပို့ပေးပါတယ် ။ အစောင့်ဦးလေးကြီးက အရမ်းသဘောကောင်းပါတယ် ။ ဂူ ၁မှာက ကျောက်ခေတ်က ပန်းချီအနည်းငယ်ရှိနေတာမို့ မပျက်စီးရအောင် တံခါးပိတ်ထားပြီး ကြည့်ချင်မှဖွင့်ပေးတာမျိုးပါ ။
ဂူ ၂ကတော့ ဂူထဲဝင်လို့ရပြီး ဓာတ်ကောင်း ကောင်းဖမ်းလို့ရပါတယ်..ကျောက်ဂူဖြစ်လို့ အထဲမှာ အေးစိမ့်နေပြီး ဂူအမိုးကနေ နေရောင်ခြည်တချို့ဝင်လေ့ရှိပါတယ်.ဂူထဲက သက်တမ်းရင့်ကျောက်တချို့ကတော့ အရောင်တဖိတ်ဖိတ်ထွက်နေတာကို တွေ့ရပြီး အာ့တာကြောင့် ပြဒါးလင်းဂူလို့ခေါ်တယ်လို့ သိရပါတယ် .ဂူကအပြန်မှာအစောင့်ဦးလေးကြီးဆီမှာ ဂူနဲ့ပတ်သက်ပြီး ဘယ်လို tripမျိုးဖြစ်လဲဆိုတဲ့
မှတ်တမ်းလေးတော့ပြန်ရေးပေးခဲ့ရပါတယ်..
ရှေးဟောင်းအမွေမနှစ်မြေဆိုတော့ လာလည်တဲ့ သူတွေကို ဘယ်လိုခံစားရလဲဆိုတဲ့ပုံစံမျိုးပါ...

💜ကျောက်ခေတ်လူတွေနေခဲ့တဲ့ အဖိုးဖြတ်မရတဲ့ ရှေးဟောင်းအမွေ အနှစ်ဖြစ်လို့ အာ့လိုခရီးမျိုးသဘောကျတဲ့သူတွေ အာ့လိုအမွေအနှစ်တွေကို တန်ဖိုးထားတဲ့သူတွေ တစ်ခေါက်လောက်တော့ သွားရောက်လေ့လာ
ကြည့်ကြပါလို့ အကြံပြုပေးချင်ပါတယ်💜
Pyoe Chit Nyein

Pyae Sone Car Rental နဲ့သွားချင်တယ်ဆိုရင်တော့
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး
အသေးစိတ် မေးမြန်းနိုင်ပါတယ်ဗျာ
📱09957572281
📞09894046320

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

51 St/bet;Manawhari Road & Hnin Zi Road
Mandalay
9