Chae Chae

Chae Chae

Share

Love you all my pretties!

Photos from Chae Chae's post 20/05/2026

Ok! I'm just bored🙂
me as Pisces : calm & chaotic at the same time♓

Photos from Chae Chae's post 19/05/2026

this n that 🎀🌺

Photos from Chae Chae's post 18/05/2026

ချဲ အသုံးဖြစ်ဆုံး Body Sunscreen lotion တွေပါ

ချဲ body care လေးတွေ ပြောပြဖြစ်တော့ body sunscreen ရော ဘာတွေသုံးနေလဲမေးတော့မှ
ချဲ သိပ်မပြောပြဖြစ်တာ သတိရသွားတယ်😅

မပြောဖြစ်ဆို ဘာမှ သိပ်ပြီး ပြောင်းပြောင်းလဲလဲ မသုံးဖြစ်တာလည်း ပါပါတယ်

ပုံမှန်သုံးဖြစ်နေတဲ့ လက်ရှိသုံးနေတဲ့ SPF ပါတဲ့ lotion (3) ခုက ဒါပါပဲ

-NIVEA Extra Protect Daily Moist (SPF 50 PA+++)
-Purevive Booster White (SPF 30 PA+++)
-Derma:B Everyday Sun Block (SPF 50+ PA++++)

ဒီ (3) ခုလုံးက texture ပါးပါးလေးတွေနဲ့ lightweight ဖြစ်တာတွေချည်းပဲ
Body sunscreen လိမ်းရင် ထူပူပြီး လက်က မွေးညင်းလေးတွေမှာပါ ကပ်ကုန်တာ
white-cast ကျန်တာတွေ လုံးဝမဖြစ်တာတွေပေါ့

နေ့ခင်းမှာ တစ်ခုတည်း လိမ်းလည်းရသလို
ချဲလို moisturizing body lotion ပေါ်မှာ layer ထပ်လိမ်းလည်း အဆင်ပြေတယ်တဲ့ type တွေပါပဲ

ချဲအမြဲသုံးပြီး သဘောကျတာတွေဖြစ်လို့
ခုထိ body sunscreen ဘာသုံးရမှန်းမသိဘဲ ရှာနေရင် အသုံးဝင်မယ်လို့ထင်ပါတယ်

Love you all my pretties💖

17/05/2026

an evening I've owned ✨🌿🪻

15/05/2026

ချဲပြောပြဖူးပေမယ့် ဒီ cleansing oil ကောင်းတာကို ဆက်သုံးနေရင်းနဲ့မှ ပိုသိလာတာရှင် 💯

Axis -Y ရဲ့ Biome Resetting Moringa Cleansing oil ပါ
သုံးဖူးသမျှ cleansing oil တွေထဲမှာ texture တော်တော်ပါးပြီး lightweight ဖြစ်တယ်

သဘောအကျဆုံးက full makeup တွေ တောက်လျှောက်လိမ်းဖြစ်ပြီး ရက်တွေဆက်ပြီး သုံးဖြစ်တာကို
skin က ပွန်းတာမျိုး ခံစားရတာ တင်းခြောက်သွားတာမျိုးမရှိတာပဲ

water-proof ဘာproof ညာproof ၊ အရမ်းစွဲတဲ့ tint တွေပါ အကုန် သာသာလေးပြောင်သွားတာ
ချွေးပေါက်တွေထဲထိ သန့်ပြီး ဆားဝက်ခြံတွေလည်း ခဏခဏမဖြစ်တော့ဘူး

ပြီးတော့ after cleansing ခံစားချက်ကို ချဲက ကြိုက်တာ
cleansing လုပ်ထားတဲ့ ခံစားချက်မဟုတ်ဘဲ skincare လုပ်ထားသလိုပဲ skin က အိအိချောချောလေး ကျန်ခဲ့တာ
but လုံးဝ greasy မဖြစ် !!

cleansing product တွေဆိုရင် မမတို့ ညီမလေးတို့က တခြား skincare product တွေလောက် စိတ်မဝင်စားကြဘူးဆိုတာ (ပြီးမှ cleansing မနိုင်လို့ skin problem တွေ ဖြစ်ကြတာလည်း)
တို့သိပေမယ့်
ဒီ တစ်ခုကတော့ တကယ် တကယ်ကို သုံးကြည့်စေချင်တဲ့ cleansing oil ပါ
oil ဆို ကြောက်တဲ့သူတွေပါ ကြိုက်မှာမို့
အထူးသဖြင့် အမြဲ makeup လိမ်းဖြစ်တဲ့သူလေးတွေအတွက် သေချာပေါက် try ကြည့်စေချင်ကြောင်းပါရှင်🫶

14/05/2026

အခုပြောပြထားတဲ့ (5) ချက်ကိုပဲ လုပ်ဖြစ်ရင် သေချာပေါက် ညီညာကြည်လင်တဲ့ Healthy Glow skin ကို ရမှာပါနော် ✨🫶

12/05/2026

ဆပ်ပြာအခဲပုံစံကို မသုံးဖြစ်တာ အတော်ကြာပြီဆိုပေမယ့်
face & body သုံးလို့ရတဲ့ ဒီဆပ်ပြာခဲလေးတွေကို သုံးပြီး သဘောကျရတဲ့ အကြောင်းလေးတွေရှိတယ်

Photos from Chae Chae's post 11/05/2026

DEAR MARY Hair Professional ရဲ့ အသစ်ထွက်တဲ့ Body Cream ကြီးကတော့ ချိုအီမွှေးစိမ့်ပြီး
texture ကလည်း မိုက်လိုက်တာ🫠

product launch မလုပ်ခင်လေးက ချဲစမ်းသုံးဖြစ်နေတာ
first impression မှာ အရမ်း..သဘောကျမိတာလေးတွေရှိလို့😍

သူ့ရဲ့ scent !!! အရမ်း...ကောင်း
ချိုအီမွှေးစိမ့်နေတာမျိုးကိုမှ ambery ဖြစ်တာမျိုး
အရမ်းတွေ luxury ဖြစ်ပြီး vanilla girl vibe လေး
Dear Mary ကလေ သူ့ရဲ့ hair care တွေမှာရော
shower oil မှာရော အနံ့တွေ luxury ,premium ဖြစ်တဲ့အပိုင်းမှာ တကယ်ပိုင်နိုင်တာ
ကျန်တာတွေ ခဏထား အနံ့နဲ့တင် သုံးချင်မိတာ

texture ကျတော့ body cream ဆိုပြီး တစ်စက်မှ ထူတာ စေးကပ်တာမရှိဘဲ အေးပြီးအသားမှာ ချက်ချင်း အကုန်စိမ့်ဝင်သွားတာရှင်
body cream လားတောင် မေးယူရမယ့် texture မျိုး😯

တကယ်..တကယ်ကို အနံ့ရော texture ရော so gooooooood
Dear Mary ရဲ့ ကျန်တဲ့ product တွေ သဘောကျရင် ဒါကိုလည်း သေချာပေါက် သဘောကျမှာ 💯

First impression မှာ ချဲမပြောနိုင်သေးတာ တစ်ခုပဲ
သူက Bright Complete Booster လို့ ပြောထားပြီး brightening ingredients တွေ အများကြီးပါတာ တွေ့ရတယ်
အဲ့ဒီအတွက်က အချိန်ယူပြီး သုံးရဦးမှာဆိုတော့ သိရမှ ပြန်ပြောပြမယ်နော်🫶
လောလောဆယ်တော့ brightening body cream လို့ မှတ်ထားရင် ရပါပြီ

body cream ကို တကယ် luxury texture , premium scent နဲ့ သုံးချင်တယ်ဆိုရင်တော့ ဝယ်လို့ရပြီ
ချဲအတွက်တော့ ဒီနှစ်ချက်နဲ့တင် သုံးဖြစ်မယ့် product ပါပဲ✅

Dear Mary မှာ ဒီနေ့ညထိ early birds အစီအစဉ်ကလည်း မီသေးတယ်ရှင်🙌

10/05/2026

My kwisi kwasa haul ..again(and again 🙊)🐰🍓🎀

Photos from Chae Chae's post 08/05/2026

ပြာမှာတွေ ထူမှာတွေ ထည့်တွက်စရာတွေမလိုဘဲ protection အပြည့်ရအောင် လိမ်းလို့ရမယ့် sunscreen များ ☀️

Sunscreen သုံးရင် ပမာဏပြည့်အောင်လိမ်းပြီး ထူထူပြာပြာ ဖြစ်ကုန်တာတွေ ကြုံဖူးကြမယ် ဟုတ်?
မထူအောင် မပြာအောင် လိမ်းတော့လည်း protection က မပြည့်ပြန်နဲ့ 😩

အဲ့လို သံသရာလည်မနေအောင်
ချဲက နေ့တိုင်း ပုံမှန်သုံးတဲ့ sunscreen ကို chemical sunscreen , hybrid sunscreen လေးတွေ ပိုသုံးဖြစ်တယ်
အရောင်လုံးဝမပါဘဲ lightweight ပိုဖြစ်ကြလို့ personally အရလည်း ပိုသဘောကျတာပေါ့နော်✅

ဒီနေ့ ချဲရွေးထားတဲ့ sunscreen brand (3) ခုလုံးကလည်း
sunscreen လိမ်းထားပေမယ့် လိမ်းထားတယ်လို့ မခံစားရလောက်အောင်
ပေါ့ပါးကြည်လင်တဲ့ finished မျိုးကိုပေးတဲ့ chemical sunscreen တွေ ဖြစ်ပါတယ်
SPF အပိုင်းမှာလည်း ပြည့်ဝစိတ်ချရတဲ့ brand တွေပါ

ချဲ လက်ရှိ သုံးဖြစ်နေတဲ့ထဲက ဒီ (3) မျိုးကို ညွှန်းချင်ပါတယ်

🧡Purito Daily Soft Touch Sunscreen
🤍MD's PICK tecateca Calming Aqua Sunscreen
💚Sooné Cica Hydra Daily Sun Cream

မတူတဲ့ brand တွေကနေ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် တစ်ခုကို ရွေးလို့ရအောင်
ပုံလေးတွေအောက်မှာ အသေးစိတ် ဖတ်လို့ရပါတယ်⬇️

မြန်မာနိုင်ငံ ရာသီဥတုနဲ့ အကိုက်ညီဆုံး type နဲ့ finish တွေကို ရွေးထားတာဖြစ်လို့
ချဲလို chemical sunscreen သဘောကျတဲ့သူလေးတွေအတွက် ရွေးချယ်စရာ တိုးမယ်ထင်ပါတယ်💖

ချဲညွှန်းထားတဲ့ (3) မျိုးလုံးကို TWO STEPS ONE မှာ ဝယ်လို့ရပါတယ်ရှင်📍

Love u all my pretties 💖

06/05/2026

Somebymi Myanmar ရဲ့ တကယ် Coolest PR gift ပါပဲ🧊💦❄️

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mandalay