The First Learning Preschool
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The First Learning Preschool, Nursery, No. 33, Part (7), Maharmyaing (1) Quarter, Shwe Zin Myit Tar Street, Between 39th&40th, Between 68th&69th, Chan Aye Tar Zan Township, Mandalay.
03/09/2017
Preschool လေးဖွင့်မိတဲ့ ရည်ရွယ်ချက်လေး ရင်ဖွင့်ပါရစေ
ကျွန်မရဲ့professional life က teacher ပါ ဝါသနာအရ English စာလေ့လာရင်း သင်ကြားရေးအတွက်အထောက်အကူပြုမဲ့ သင်တန်းတွေတက်ရင်း Horizon International Kindergarten (Mandalay)မှာ ဘွဲ့မရခင် ဒုတိယနှစ်မှာပဲ အလုပ်ရခဲ့ပါတယ်. Assistant teacher ဘဝနဲ့ လိုအပ်တဲ့မွမ်းမံသင်တန်းဖြစ်တဲ့ ECCD သင်တန်းလည်း တက်ရောက်အောင်မြင်ခဲ့ပါတယ်
ကိုယ်ရွေးချယ်ထားတဲ့ life အတွက်ကို Horizon ကျောင်းက ပညာတွေအများကြီးပေးခဲ့ပါတယ် ပြောရရင် တရားဝင် ထမင်းစားလက်မှတ်ရခဲ့ပါတယ် အဲ့ဒီအတွက်လည်း အဲ့ကျောင်းရဲ့ကျေးဇူး သင်ကြားပြသပေးခဲ့တဲ့ main teachers တွေ senior လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျေးဇူးလဲ မမေ့ပါဘူး အခုအချိန်အထိလည်း ကျေးဇူးတင်လျှက်ပါ
လုပ်သက်၎နှစ်ကျော် ၅နှစ်ပြည့်ခါနီးမှာ co-lead teacher ရာထူးနဲ့ Ayeyarwaddy International School (Mandalay) မှာ အလုပ်ဝင်ခွင့်အောင်မြင်ခဲ့ပါတယ် တချိန်တည်းမှာပဲ Center of Montessori Studies,Califonia (U.S.A) မှ Montessori Education ကို ၁နှစ်ခွဲကြာ တက်ရောက်အောင်မြင်ခဲ့ပါတယ် ထိုကျောင်းမှ လုပ်သက်၃နှစ်မြောက်မှာ အလုပ်မှ maternity leave ဖြင့် ရပ်နားခဲ့ပါတယ်
နောက်ပိုင်းမှာ Young Learner Teacher အဖြစ် Part time လုပ်ရင်း အတွေးတစ်ခုဝင်ခဲ့ပါတယ် အလုပ်တစ်ဖက်နဲ့မိခင်ဘဝဟာ တော်တော်တော့မလွယ်တာ အမေတိုင်းသိကြမှာပါ အဓိကကတော့ သားသမီးကို အိမ်မှာထားခဲ့ရတာပါပဲ အဲ့ခံစားချက်ကိုလည်း ခံစားဖူးမှသိမှာပါ
အခုသားကြီး၃နှစ်ပြည့်ခါနီးအချိန် ကျွန်မသားကို ကျွန်မအလုပ်လုပ်တဲ့ ကျောင်းမှာထားချင်တဲ့စိတ်ဆန္ဒပါ သူ့ပါတစ်ခါတည်းခေါ် ကိုယ်လဲအလုပ်လုပ်ပေါ့ စိတ်ကူးလေ
ဒါပေမဲ့ အခြေအနေအရပ်ရပ်က ကိုယ်ဖြစ်စေချင်သလိုမဖြစ်လာတဲ့အခါ ကိုယ်ကိုတိုင်က preschool teacher တစ်ယောက်အနေနဲ့လုပ်ခဲ့ဖူးတဲ့အတွက် သူ့အတွက် homeschooling လုပ်ပေးဖို့ရည်ရွယ်ခဲ့ပါတယ် တစ်ဖက်မှာ အတွေးကလည်း ကိုယ့်လိုဘဝတူ International School တွေကို မထားနိုင်တဲ့ ဝန်ထမ်းမိသားစုမှ preschool အရွယ် ကလေးလေးတွေအတွက်ပါ ကိုယ်တတ်စွမ်းတာလေးနဲ့ သင်ယူစေချင်တဲ့ဆန္ဒလေးပါ ဖြစ်ပေါ်ခဲ့ပါတယ်
အဲ့ဒီအတွက် ကျွန်မရဲ့ကျောင်းလေးဟာ ကျောင်းအကြီးကြီးမဟုတ်ပါ International School တွေပေးတဲ့ facilities အများကြီးလည်း မပေးနိုင်ပါ ကျောင်းကြီးတွေလို ကျောင်းသားအများကြီးလည်း လက်မခံနိုင်ပါ ကျွန်မ ခွန်အားရှိသလောက် ဥာဏ်စွမ်းရှိသလောက် အတွေ့အကြုံရှိသလောက်ဖြင့် ဝန်ထမ်းမိဘများတတ်နိုင်သောကျောင်းလခကိုသာ ကောက်ခံရင်း ဖွင့်လှစ်သင်ကြားပေးမည့်ကျောင်းလေးတစ်ကျောင်းသာ ဖြစ်ပါကြောင်း ကြေငြာအပ်ပါတယ်ရှင်။ ။
02/09/2017
မိဘများကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်
02/09/2017
02/09/2017
Phonic bus is fun to learn
02/09/2017
Knock happily game makes the child to develop his fine motor skills.
02/09/2017
Learning the name of the things in the farm
02/09/2017
Pretending to catch the sea animals
28/08/2017
Here is the way we set up the centers.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay