Clean Pro - Mandalay

Clean Pro - Mandalay

Share

Clean Pro - Mandalay is a branch office of Clean Pro - Yangon.

We offer all kind of cleaning services like deep cleaning, project cleaning, construction cleaning, high rise cleaning, residential cleaning, move in - move out cleaning, glass cleaning etc..

28/05/2026

Happy Eid Mubarak

အစ္စလာမ်ဘာသာဝင်များအားလုံး ပြည့်စုံသောအီးဒ်နေ့ အချိန်အခါလေးဖြစ်ပါစေကြောင်း Clean Pro-Mandalay မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🩵

25/05/2026

စက်ရုံကြမ်းခင်းပေါ်က ဖယ်ရှားရခက်တဲ့ အညစ်အကြေးတွေက လုပ်ငန်းခွင်ရဲ့ "ဘေးကင်းရေး" ကို ခြိမ်းခြောက်နေပြီလား?

စက်ရုံ၊ အလုပ်ရုံတွေမှာ ရေရှည်စွဲထင်နေတဲ့ စက်ဆီခဲတွေ၊ ချောဆီနဲ့ ဓာတုအဆီကွက်တွေဟာ ကြမ်းခင်းကို ချောကျိစေပြီး ဝန်ထမ်းတွေ ချော်လဲတာ၊ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ Forklift စက်တွေ ဘရိတ်ပေါက်/ချော်ထွက်တာမျိုးအထိ ကြီးမားတဲ့ လုပ်ငန်းခွင်မတော်တဆမှု (HSE Risks) တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတင်မကဘဲ ပြည်တွင်း/ပြည်ပ Compliance Audit တွေဝင်တဲ့အခါမှာလည်း လုပ်ငန်းခွင်သန့်ရှင်းမှုစံနှုန်းမမီလို့ အမှတ်လျှော့ခံရတာမျိုး ကြုံရတတ်ပါတယ်။

သာမန်ရေဖြန်း၊ ကြမ်းတိုက်ရုံလောက်နဲ့တော့ ဒီလို ဆီချေးအနှစ်တွေကို လုံးဝ အမြစ်ပြတ် မဖယ်ရှားနိုင်ပါဘူး။ ပြင်းအားလွန်ကဲတဲ့ အက်ဆစ်တွေ သုံးမိရင်လည်း ကြမ်းခင်းတွေ ပျက်စီးပြီး ကွာကျတတ်ပါသေးတယ်။

ဒီလို အလုပ်ခွင်အန္တရာယ်တွေကို ကာကွယ်ပြီး သင့်စက်ရုံကြမ်းခင်းတွေကို နိုင်ငံတကာစံနှုန်းမီ ပြန်လည်သန့်ဖို့ရှင်းဖို့ Clean Pro ရဲ့ Industrial Floor Deep Cleaning ဝန်ဆောင်မှု ရှိပါတယ်။

Clean Pro က ဘာတွေ ကာကွယ်ပေးမှာလဲ?

🧼 စက်ရုံသုံး အထူးထုတ် ဆီချေးချွတ်ဆေးရည်များနှင့် စနစ်တကျ SOP များအတိုင်း ကြမ်းခင်းကို မထိခိုက်စေဘဲ စက်ဆီခဲများကို အမြစ်ပြတ် ချွတ်ထုတ်ပေးခြင်း။

🚜 ကမ္ဘာကျော် Nilfisk အဆင့်မြင့် စက်မှုဇုန်သုံး Heavy-Duty Scrubber စက်ကြီးများဖြင့် စက်ရုံအကျယ်အဝန်းအလိုက် Downtime (အလုပ်ကြန့်ကြာမှု) မရှိအောင် အမြန်ဆုံး သန့်စင်ပေးခြင်း။

🛡️ ဝန်ထမ်းအားလုံးမှာ စနစ်တကျ Trained ထားပြီးသားဖြစ်လို့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပေးခြင်း။

📊 ISO 9001:2015 အရည်အသွေးစီမံခန့်ခွဲမှုအတိုင်း လုပ်ဆောင်တာကြောင့် စက်ရုံ လုပ်ငန်းခွင်ကို အမြဲတမ်း Audit Ready ဖြစ်စေခြင်း။

မတော်တဆမှုတွေ ကာကွယ်ဖို့နဲ့ လုပ်ငန်းခွင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ Clean Pro ကိုဆက်သွယ်လိုက်ပါ။

ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

21/05/2026

ရုံးမှာ ဝန်ထမ်းတွေ မကြာခဏ နေမကောင်းဖြစ်ပြီး ခွင့် (Leave) တွေ ဆက်တိုက်ယူနေပြီလား?

အလုပ်ခွင်ထဲမှာ နေ့စဉ်ထိတွေ့နေရတဲ့ အလုပ်စားပွဲတွေ၊ ရုံးသုံးကော်ဇောတွေ၊ ဆိုဖာတွေထဲမှာ မျက်စိနဲ့မမြင်ရတဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးမွှားတွေ နေရာအနှံ့ ခိုအောင်းနေတတ်ပါတယ်။ ဒါတွေကို ပုံမှန် တံမြက်စည်းလှည်း၊ ကြမ်းတိုက်ရုံလောက်နဲ့တော့ မပြောင်စင်နိုင်ပါဘူး။

➡အဲဒီပိုးမွှားတွေဟာ ဝန်ထမ်းအချင်းချင်း ကူးစက်ရောဂါတွေကို လျင်မြန်စွာ ပြန့်ပွားစေပြီး Workplace Productivity ကို ကျဆင်းစေသလို၊ ရုံးခန်းတွင်း လေထုအရည်အသွေးကိုပါ ညစ်ညမ်းစေပါတယ်။

🦠ဒီလိုအခက်အခဲတွေကို အမြစ်ပြတ်ရှင်းလင်းပြီး ဝန်ထမ်းတွေအတွက် ကျန်းမာပျော်ရွှင်တဲ့ "Healthy Workplace" ဖြစ်သွားစေဖို့ Clean Pro ရဲ့ Office Deep Cleaning ဝန်ဆောင်မှု ရှိပါတယ်။

အလုပ်လုပ်ချင်စရာကောင်းပြီး သန့်းရှင်းတဲ့ ရုံးခန်းအဖြစ် ပြောင်းလဲဖို့ Clean Pro ကို အခုပဲ ဆက်သွယ်လိုက်ပါ။

📞 Site Survey ပြုလုပ်ရန်
ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

21/05/2026

ကျောင်းဖွင့်ချိန် မတိုင်ခင် စာသင်ခန်းတွေဟာ ကလေးငယ်တွေအတွက် တကယ်ပဲ ပိုးမွှားကင်းစင်ပြီး ဘေးကင်းရဲ့လား?

ကျောင်းတံခါးတွေ ပြန်ဖွင့်မယ့် အချိန်မှာ သာမန် ဖုန်ခါ၊ ကြမ်းတိုက်ရုံလောက်နဲ့တော့ ကလေးငယ်တွေအတွက် ရာနှုန်းပြည့် စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို မဖန်တီးပေးနိုင်ပါဘူး။

🔹အထူးသဖြင့် ခန်းမကြီးတွေ၊ စာကြည့်တိုက်တွေနဲ့ ကန်တင်းတွေမှာ ဘက်တီးရီးယားများနှင့် ပိုးမွှားများ အလွယ်တကူ ခိုအောင်းနေနိုင်ပြီး ကလေးငယ် မကြာခဏနေမကောင်းဖြစ်စေနိုင်ပါတယ်။

🔹ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် Clean Pro ရဲ့ Deep Cleaning Services က ခေတ်မီစက်ကိရိယာများနှင့် ကျွမ်းကျင်ဝန်ထမ်းများက စနစ်ကျသော SOP များအတိုင်း ကျောင်းစာသင်ခန်းသန့်ရှင်းရေးကို စနစ်တကျ ဆောင်ရွက်ပေးနေပါပြီ။

🔹ကျောင်းအပ်နှံမယ့် ရာသီမှာ ကျောင်းဝင်းထဲကို ပထမဦးဆုံး လှမ်းဝင်လာမယ့် မိဘအုပ်ထိန်းသူများအတွက် သန့်ရှင်းပြီး သင်းပျံ့မွှေးကြိုင်နေတဲ့ ကျောင်းပတ်ဝန်းကျင်က ကျောင်းရဲ့ စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှု ချက်ချင်း ဖြစ်ပေါ်စေမှာပါ။

ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အားလုံး သန့်ရှင်းတဲ့ ကျောင်းပိတ်ဝန်းကျင်ကို ရရှိဖို့ Clean Pro ကို ဆက်သွယ်လိုက်ပါ။

ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

19/05/2026

F&B လုပ်ငန်းတစ်ခုမှာ ကြမ်းခင်းချောကျိနေတာဟာ သာမန်သန့်ရှင်းရေးအားနည်းရုံတင်မဟုတ်ဘဲ အချိန်မရွေး ခြေချော်လဲနိုင်တဲ့ "အကြီးမားဆုံး လုပ်ငန်းခွင်အန္တရာယ် (Hazard)" ဖြစ်ပါတယ်။

Kitchen ထွက်လာတဲ့ ဆီချေး (Grease) တွေဟာ သာမန်ကြမ်းတိုက်ဆပ်ပြာရည်တွေနဲ့ တိုက်ရုံရုံနဲ့ မပြောင်စင်တဲ့အပြင် ကြမ်းပြင်ပေါ်မှာ ပိုပြီး ပြန့်သွားတတ်ပါတယ်။ ဒါဟာ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို ဘေးအန္တရာယ်ဖြစ်စေရုံတင်မကဘဲ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားပြီး Food Safety Audit တွေမှာပါ အမှတ်လျော့ကျရှုံးရတဲ့ အဓိကအကြောင်းရင်းပါပဲ။

ဒီပြဿနာကို အမြစ်ပြတ်သွားစေဖို့အတွက် ၂၀၁၂ ခုနှစ်ကတည်းက လုပ်ငန်းသက်တမ်းရှိပြီး ISO 9001:2015 Certified ရရှိထားတဲ့ Clean Pro ရှိပါတယ်။

ကျွန်ုပ်တို့၏ Floor Maintenance & Deep Cleaning ဝန်ဆောင်မှုဟာ

✅ သာမန်ဆပ်ပြာများအစား ဆီအညစ်အကြေးများကို အိတ်စပတ် ဖြိုခွဲနိုင်သည့် အထူးသုံး Chemical များ အသုံးပြုခြင်း။
✅ အဆင့်မြင့် ကြမ်းတိုက်စက်ကြီးများဖြင့် ကြမ်းပြင်အောက်ခြေအလွှာထိ ရောက်အောင် ဂျေးချွတ် လှန်ထုတ်ပေးခြင်း။
✅ ဆီချေးများနှင့် အညစ်အကြေးများကို တစ်စက်မကျန် စုပ်ထုတ်ပြီး ခြောက်သွေ့သန့်ရှင်းမှုကို ချက်ချင်းရရှိစေခြင်း။

ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

သင့်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့နဲ့ အခုပဲ Clean Pro ရဲ့ Professional အဖွဲ့သားတွေကို အပ်နှံလိုက်ပါ။

15/05/2026

မိုးရာသီရောက်တိုင်း ဆိုဖာ၊ မွှေ့ရာနဲ့ ကော်ဇောတွေ မှိုစွဲပြီး အနံ့အသက်ဆိုးထွက်တာကို ဘယ်လိုကာကွယ်မလဲ? 🌧️🛋️🦠

မိုးရာသီမှာ ရာသီဥတုက စိုစွတ်ထိုင်းမှိုင်းနေတဲ့အတွက် အိမ်တွင်းမှာရှိတဲ့ ဆိုဖာ (Sofa)၊ မွှေ့ရာ (Mattress) နဲ့ ကော်ဇော (Carpet) တွေဟာ မှို (Mold & Mildew) နဲ့ ဖုန်မှုန့်ပိုးမွှား (Dust Mites) တွေ ခိုအောင်းပေါက်ဖွားဖို့ အကောင်းဆုံးနေရာတွေ ဖြစ်လာပါတယ်။

ဒါတင်မကဘဲ တစ်အိမ်လုံးကို "အနံ့အသက်ဆိုး" တွေပါ ထွက်လာပြီး ဓာတ်မတည့်မှု (Allergy) တွေပါ ဖြစ်ပွားစေနိုင်ပါတယ်။ သာမန်နေလှန်းရုံ၊ အမွှေးဆီဖျန်းရုံနဲ့တင် မလုံလောက်တဲ့ မိုးရာသီရဲ့ ပြဿနာတွေကို Clean Pro ရဲ့ အဆင့်မြင့် Shampooing & Deep Extraction ဝန်ဆောင်မှု နဲ့ ကြိုတင်ကာကွယ်လိုက်ပါခင်ဗျာ။

Clean Pro က ဘယ်လိုကာကွယ်ပေးလဲ?

✅ မှိုပိုးမွှားများနှင့် ဘက်တီးရီးယားများကို အမြစ်ပြတ်ဖယ်ရှားပေးပြီး ဆိုဖာ/ကော်ဇောသားကို မပျက်စီးစေမယ့် အထူးပိုးသတ်ဆေးရည်များဖြင့် လျှော်ဖွတ်ပေးခြင်း။

✅ အဆင့်မြင့် Moisture Extraction စက်ကြီးများဖြင့် အထူးစုပ်ထုတ်ပေးတာကြောင့် အတွင်းပိုင်းအနက်ဆုံးအထိ ကပ်ငြိနေတဲ့ အစိုဓာတ်နဲ့ အညစ်အကြေးများကို ပါအောင် စုပ်ယူဖယ်ရှားပေးပါတယ်။

✅ မိုးရာသီမှာ အခြောက်လှန်းရခက်တဲ့ ပြဿနာမရှိစေဘဲ သန့်ရှင်းရေးလုပ်ပြီးနောက် အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်အောင် အခြောက်ခံစက်ဖြင့် ဆောင်ရွက်ပေးပါတယ်။

မိုးရာသီမှာလည်း သင့်အိမ်တွင်းက ဆိုဖာ၊ မွှေ့ရာနဲ့ ကော်ဇောတွေ မှိုကင်းစင်ပြီး မွှေးပျံ့သန့်ရှင်းနေဖို့ Clean Pro ကို အခုပဲ ဆက်သွယ်လိုက်ပါ

ဝန်ဆောင်မှုရယူရန် ဆက်သွယ်ပါ

ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

13/05/2026

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ပြီးစီးသွားတဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ ဆောက်လုပ်ရေးဖုန်မှုန့် (Fine Dust) တွေ၊ မှန်ချပ်နဲ့ ကြမ်းပြင်တွေပေါ်က ဆေးစက်တွေ၊ ကော်စက်တွေနဲ့ ဘိလပ်မြေကွက်တွေက နေရာအနှံ့ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒါတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ရုံနဲ့တော့ မပြောင်နိုင်ပါဘူး။

အဲ့ဒီဆောက်လုပ်ရေးဖုန်မှုန့်တွေဟာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သလို၊ မှန်နဲ့ ကြမ်းပြင်ပေါ်က အစွန်းအထင်း အချွန်အတက်တွေကို စနစ်တကျ မဖယ်ရှားရင် သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေ ပျက်စီးနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေကို အမြစ်ပြတ် ရှင်းလင်းပြီး "Handover Ready" ဖြစ်သွားစေဖို့ Clean Pro ရဲ့ Construction Cleaning ဝန်ဆောင်မှု ရှိပါတယ်။

Clean Pro က ဘာတွေ လုပ်ဆောင်ပေးမှာလဲ?
🔹 မျက်နှာကြက်ကနေ ကြမ်းပြင်အထိ နေရာအနှံ့ကပ်နေတဲ့ ဆောက်လုပ်ရေးဖုန်မှုန့်တွေကို အဆင့်မြင့်စက်များဖြင့် စုပ်ထုတ်သန့်စင်ပေးခြင်း။
🔹 မှန်နဲ့ ကြမ်းခင်းတွေကို မထိခိုက်စေဘဲ ကပ်ညှိနေတဲ့ ဆေးစက်၊ ကော်စက်နဲ့ ဘိလပ်မြေကွက်များကို စနစ်တကျ ဖယ်ရှားပေးခြင်း။
🔹 သန့်ရှင်းရေးပြီးတာနဲ့ အထုပ်အပိုးပြင်ပြီး ချက်ချင်းနေထိုင်/အသုံးပြုနိုင်တဲ့အထိ စင်ကြယ်တောက်ပအောင် ဆောင်ရွက်ပေးခြင်း။
🔹 နိုင်ငံတကာစံနှုန်းမီ ISO Certified Standard နည်းစနစ်များဖြင့် ဆောင်ရွက်တာကြောင့် အဆောက်အအုံသစ်ကြီးကို တောက်ပသွားစေမှာပါ။

ဆောက်လုပ်ရေးဖုန်မှုန့်တွေကြားကနေ အသင့်နေထိုင်နိုင်တဲ့ အိမ်သစ်/ရုံးသစ်လေးအဖြစ် ပြောင်းလဲပေးဖို့ Clean Pro ကို ဆက်သွယ်လိုက်ပါ။

📞 Site Survey ပြုလုပ်ရန်
ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

11/05/2026

အထပ်မြင့်အဆောက်အအုံတွေရဲ့ ပြင်ပမှန်နဲ့ နံရံသန့်ရှင်းရေး (High-Rise Cleaning) ဆိုတာ ကျွမ်းကျင်မှုတင်မကဘဲ ဘေးကင်းလုံခြုံရေး (Safety) စံနှုန်းတွေအပေါ်မှာ ရာနှုန်းပြည့် တည်ဆောက်ထားရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဘာကြောင့် Clean Pro အနေနဲ့ Safety ပိုင်းကို အထူးအလေးပေးရတာလဲဆိုရင်...

၁။ အမြင့်ပေရာချီတဲ့နေရာမှာ အလုပ်လုပ်ရတဲ့အတွက် အမှားအယွင်းအသေးအမွှားလေးကအစ အသက်အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ IRATA (Rope Access) စံနှုန်းတွေကို တိကျစွာလိုက်နာပြီး ဝန်ထမ်းတိုင်းရဲ့ ဘေးကင်းရေးကို ပထမဦးစားပေး ဆောင်ရွက်ပါတယ်။

၂။ လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုဖြစ်ပွားခြင်းဟာ လုပ်ငန်းရှင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ Clean Pro ရဲ့ ခိုင်မာတဲ့ Safety စနစ်က လူကြီးမင်းတို့ရဲ့ လုပ်ငန်းပုံရိပ်ကို အကာအကွယ်ပေးထားပါတယ်။

၃။ အမြင့်မှ ပစ္စည်းကိရိယာများ ပြုတ်ကျခြင်းကြောင့် လမ်းသွားလမ်းလာများနှင့် ယာဉ်များကို ထိခိုက်မှုမရှိစေရန် Safety Zones များ သတ်မှတ်ခြင်းနှင့် ပစ္စည်းများကို ကြိုးဖြင့် ချည်နှောင်ခြင်း (Tool Tethering) စနစ်များကို စနစ်တကျ အသုံးပြုပါတယ်။

၄။ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ရှိတဲ့ ဝန်ထမ်းတစ်ယောက်ဟာ အလုပ်အပေါ်မှာ ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ဒီတည်ငြိမ်မှုကပဲ သင့်အဆောက်အအုံရဲ့ မှန်တွေကို ပိုမိုပြောင်စင် တောက်ပစေမှာ ဖြစ်ပါတယ်။

Safety First, Quality Always ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Clean Pro ရဲ့ ကျွမ်းကျင် Rope Access အဖွဲ့က လူကြီးမင်းတို့ရဲ့ အထပ်မြင့်အဆောက်အအုံများအတွက် အသင့်ရှိနေပါတယ်။

ရန်ကုန်ရုံးချုပ် - 09 256 637 932
မန္တလေးရုံးခွဲ - 09 765 683 916

11/05/2026

ဆောက်လုပ်ရေး Project တစ်ခု ပြီးသွားတဲ့အခါ အပြင်ပန်းကြည့်ရင် လှပနေပေမဲ့ ကြမ်းခင်းတွေပေါ်မှာ ကပ်ညှိနေတဲ့ ဘိလပ်မြေကွက်တွေ၊ ဆေးစွန်းထင်းမှုတွေနဲ့ ဘယ်လောက်သန့်ရှင်းရေးလုပ်လုပ် မပြောင်နိုင်တဲ့ ဆောက်လုပ်ရေးဖုန်မှုန့်တွေက အဓိက စိန်ခေါ်မှုပဲဖြစ်ပါတယ်။

ဒီအညစ်အကြေးတွေကို စနစ်တကျမဟုတ်ဘဲ ခြစ်ထုတ်မိရင် အဖိုးတန်ကြွေပြားတွေနဲ့ ကျောက်ပြားတွေမှာ အစင်းရာတွေထင်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါ့အပြင် သာမန်တံမြက်စည်းလှည်း၊ ရေပတ်တိုက်ရုံနဲ့ မပြောင်စင်တဲ့ ဖုန်မှုန့်တွေက ကျန်းမာရေးပြဿာနာတွေကို ယူဆောင်လာနိုင်သလို Project လက်လွှဲပေးတဲ့အခါမှာလည်း လုပ်ငန်းရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို အားနည်းစေပါတယ်။

ဒီပြဿနာအားလုံးကို အမြစ်ပြတ်ဖြေရှင်းပြီး Move-in Ready ဖြစ်သွားစေဖို့ Clean Pro ရဲ့ Post-Construction Cleaning ဝန်ဆောင်မှု ရှိပါတယ်။

🛠️ Clean Pro ရဲ့ အထူးဝန်ဆောင်မှုများ
✅ ကြမ်းခင်းနှင့်နံရံပေါ်ရှိ ဘိလပ်မြေ၊ ထုံးနှင့် ဆေးစွန်းထင်းမှုများကို မျက်နှာပြင်မပျက်စီးစေဘဲ အသေးစိတ် ဖယ်ရှားပေးပါတယ်။
✅ အဲကွန်းအပေါ်ဘက်၊ မီးဆိုင်းများနှင့် နံရံကပ် ဗီဒိုအတွင်းပိုင်းများအထိ ခိုအောင်းနေသော ဆောက်လုပ်ရေးဖုန်မှုန့်များကို အဆင့်မြင့်စက်များဖြင့် စုပ်ထုတ်သန့်စင်ပေးပါတယ်။
✅ သာမန်တိုက်ချွတ်ရုံနဲ့ မပြောင်တဲ့ ဂျီးများကို အဆင့်မြင့်စက်များဖြင့် ဂျီးချွတ်ပေးပါတယ်။
✅ ပြုတင်းပေါက်မှန်များ၊ ရေချိုးခန်းနှင့် အိမ်သာများအပါအဝင် အဆောက်အအုံတစ်ခုလုံးကို စံချိန်မီ သန့်ရှင်းပေးပါတယ်။

Project အဆုံးသတ်မှာ အပြစ်ပြောစရာမရှိတဲ့ သန့်ရှင်းမှုနဲ့အတူ အဆောက်အအုံရဲ့ တန်ဖိုးကို Clean Pro နဲ့ မြှင့်တင်လိုက်ပါ။

📞 Site Survey ပြုလုပ်ရန် ဆက်သွယ်ပါ
ရန်ကုန်ရုံးချုပ် - 09 256 637 932
မန္တလေးရုံးခွဲ - 09 765 683 916

11/05/2026

လုပ်ငန်းသုံးနေရာ (Commercial Space) တွေဖြစ်တဲ့ ရုံးခန်း၊ Showroom နဲ့ ဆိုင်ခန်းတွေမှာ လူဝင်လူထွက် များတဲ့အတွက် ပုံမှန်တံမြက်စည်းလှည်း၊ ကြမ်းတိုက်ရုံနဲ့တင် "မျက်မြင်သန့်ရှင်းမှု" ရနိုင်ပေမဲ့ "ကျန်းမာရေးနဲ့ လုပ်ငန်းပုံရိပ်ပိုင်းဆိုင်ရာ စံနှုန်း" အရတော့ မလုံလောက်နိုင်ပါဘူး။

ဘာကြောင့် Commercial Space တွေမှာ Professional Deep Cleaning လိုအပ်တာလဲ?

၁။ မမြင်နိုင်သော ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ (Hidden Danger)
ပုံမှန်သန့်ရှင်းရေးက မျက်နှာပြင်ပေါ်က အညစ်အကြေးကိုပဲ ဖယ်ရှားနိုင်တာပါ။ ဆိုဖာအတွင်းပိုင်း၊ ကော်ဇောကြားထဲနဲ့ အဲကွန်းအပေါ်ဘက်တွေမှာ ခိုအောင်းနေတဲ့ ဖုန်မှုန့်တွေ၊ ပိုးမွှားတွေက ဝန်ထမ်းတွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ မကြာခဏ ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။

၂။ လုပ်ငန်း၏ ပုံရိပ် (First Impression)
Showroom တစ်ခု ဒါမှမဟုတ် ဧည့်ကြိုခန်း (Lobby) ရဲ့ ကြမ်းခင်းက အရောင်မှိန်နေတာ၊ ဆိုဖာတွေမှာ အစွန်းအထင်းရှိနေတာက သင့်လုပ်ငန်းရဲ့ Professional ဆန်မှုကို ထိခိုက်စေပါတယ်။ စက်ကြီးတွေနဲ့ ဂျီးချွတ်၊ အရောင်တင် (Polishing) ထားတဲ့ ကြမ်းပြင်ကသာ သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တာပါ။

၃။ ရေရှည်ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာခြင်း (Asset Protection)
ပုံမှန်သန့်ရှင်းရေးပဲ လုပ်ပြီး Deep Cleaning မလုပ်တဲ့အခါ အဖိုးတန် မာဘယ်ကျောက်ပြားတွေ၊ ကော်ဇောတွေနဲ့ ဆိုဖာသားတွေဟာ ဂျီးစွဲပြီး ပျက်စီးလွယ်တတ်ပါတယ်။ Professional စနစ်နဲ့ ပုံမှန်ထိန်းသိမ်းပေးခြင်းက ပစ္စည်းတွေကို အသစ်အတိုင်း ကြာရှည်ခံစေလို့ အသစ်လဲလှယ်ရမယ့် ကုန်ကျစရိတ်ကို လျှော့ချပေးပါတယ်။

၄။ စံချိန်မီ Report နှင့် တာဝန်ယူမှု (Accountability)
Commercial Space တွေမှာ Standard တစ်ခု ထိန်းသိမ်းတဲ့အခါ ပုံမှန်ဝန်ထမ်းက Report တိတိကျကျ မထုတ်ပေးနိုင်ပါဘူး။ Clean Pro လို ISO Certified ရထားတဲ့ အဖွဲ့ကတော့ လုပ်ငန်းစဉ်တိုင်းအတွက် Report တွေ၊ စစ်ဆေးမှုမှတ်တမ်းတွေနဲ့ စနစ်တကျ တာဝန်ယူပေးနိုင်ပါတယ်။

မျက်မြင်သန့်ရုံတင်မဟုတ်ဘဲ ကျန်းမာဘေးကင်းပြီး Professional ဆန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ဆိုရင်တော့ ပုံမှန်သန့်ရှင်းရေးအပြင် Deep Cleaning ဝန်ဆောင်မှုက မရှိမဖြစ် လိုအပ်ပါတယ်။

📞 Commercial Space များအတွက် Site Survey ပြုလုပ်ရန် ဆက်သွယ်ပါ
ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

Want your business to be the top-listed Cleaning Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

Mandalay