KMTmobile
ရတနာသုံးပါး ဂုဏ် နှင့် ကျေးဇူးများ
12/06/2026
B.A part 1
မေး။ ။ အာသောကဘုရင်ကြီးသည် မြန်မာနိုင်ငံ(သုဝဏ္ဏဘူမိ) အပါအဝင် ကိုးတိုင်းကိုးဌာန သာသနာပြုခရီးကြီးကို မည်သည့်သာသနာတော်နှစ်တွင် စေလွှတ်ခဲ့ပါသနည်း? ဖြေဆို၍၊
သီဟိုဠ်ကျွန်းသို့ သာသနာပြုရန် စေလွှတ်ခဲ့သော ရဟန်းတော်တို့၏ အမည်နာမကိုလည်း ဖော်ပြပါ။
••••••••
မန့်တွင် အစမ်းဖြေဆိုနိုင်ပါတယ် ခင်ဗျာ
08/06/2026
C ရိုနယ်ဒို ကမ္ဘာ့ဖလား ရပါစေ
ရိုနယ်ဒို ဟာ
အသက်(၄၀) ကျော် အရွယွ်မှာ
သူ့နိုင်ငံ (ပေါ်တူဂီ) အတွက်
ကမ္ဘာ့ဖလားကြီး ရနိုင်ဖို့
ကြိုးစား လုံးပမ်းနေပါတယ်။
ကြိုးစားအားထုတ်မှုနဲ့ သူ့ရဲ့ ဇွဲဆန္ဒကလည်း
တကယ့်ကို လေးစားစရာပါ။
ဘရူနိုဖာနန်ဒက် ၊ ဗီတင်ညာ ၊ နီဗက် တို့လို
ကွင်းလယ်တန်း အသိုင်းအဝိုင်းနဲ့ ဆိုတော့လည်း
2026 ကမ္ဘာ့ဖလားကြီး
ရနိုင်ခြေလည်း အတော်လေး ရှိနေပါတယ်။
ဒါပေမဲ့
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့
ခြေစမ်း ပွဲစဉ်အတွင်းမှာတော့
ရော်နယ်ဒိုကို သိသိသာသာကို မောပန်းနွမ်းနယ်နေတဲ့ အခြေအနေမျိုးနဲ့ မြင်တွေ့ခဲ့ရပါတယ် ။
အသက်အရွယ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာအရ အားအင်ကုန်ခမ်းမှုတွေ ရှိနေပေမယ့် ပင်ကိုယ် စိတ်ဓာတ်ခွန်အားကတော့ လုံးဝလျော့ပါးသွားခြင်းမရှိဘူးဆိုတာကိုလည်း ကြည့်ရှုရပါတယ်။
အသင်းအတွက်ဆို
အသက်အရွယ်ကိုတောင် မငဲ့ညှားအားပဲ
ကွင်းအတွင်းမှာ
အစွမ်းကုန် အားသွန်ခွန်စိုက် လှုပ်ရှားရုန်းကန်နေတဲ့ ရော်နယ်ဒို ပါ။
အခုလိုမျိုး တွန်းအားပေးပြီး ကစားနေရခြင်းဟာ ကစားသမားဘဝ သက်တမ်းတစ်လျှောက် နောက်ဆုံးအကြိမ် ဖြစ်လာနိုင်တဲ့ ယခုတစ်ကြိမ်
2026 ကမ္ဘာ့ဖလားကို
အမိအရ ဆွတ်ခူးပေးရမယ်ဆိုတဲ့ ပြင်းပြလွန်းလှတဲ့ အောင်နိုင်လိုစိတ်တစ်ခုတည်းကြောင့် လို့ သုံးသပ်ရပါတယ်။
တကယ်တော့ မက်ဆီအတွက်လည်းပဲ
ကမ္ဘာ့ဖလား ရပါစေလို့ ကြည့်ရှုအားပေးခဲ့ရတာ
ဆုတောင်းခဲ့ရတာ
နှစ်ပေါင်းများစွာ ကြာအောင်ဘဲဆိုတာ အားလုံးအသိပါ။ ဆယ်ကျော်သက်အရွယ်က စပြီး အပွဲပွဲ လွဲခဲ့ရတာကနေ
သူ့ အသက် (၃၄)နှစ် ကျော်မှသာ
မက်ဆီလည်း ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့် ရခဲ့တာပါ။
ဒီတစ်ခါတော့ (၄၀) ကျော် အရွယ်
ဒိုလေးကို ရစေပါတယ်။
ဒါမှသာ #ကြိုးစားရင်နောက်ကျတယ်ဆိုတာမရှိဘူး လို့
ကမ္ဘာသက်သေတစ်ခု ထပ်တိုးလာမှာ
ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ သူကိုယ်တိုင်အတွက် ကြိုးစားလိုစိတ်ရော၊
နိုင်ငံအသင်းအပေါ် ပေးဆပ်လိုစိတ်ရော၊
ဇွဲလုံ့လ အရည်အသွေးရော က
တကယ့်ကို လေးစားအတုယူစရာ ကောင်းလှပါတယ်။
ဒါကြောင့်မို့လို့
C ရိုနယ်ဒို ကမ္ဘာ့ဖလား ရပါစေလို့ ဆုတောင်းပါတယ်။
မက်ဆီ နဲ့ အာဆင်နယ်ဖန်ပါ
05/06/2026
2026ခုနှစ်အတွက်
PFAတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း
Top six
Bruno Fernandes (မန်ယူ)
Rayan Cherki (မန်စီးတီး)
Declan Rice ( အာဆင်နယ်)
Haa Land (မန်စီးတီး)
David Raya (အာဆင်နယ်)
Gabriel Magalhaes (အာဆင်နယ်)
……….
PFA ရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်
ကစားသမားဆု ဆန်ခါတင် စာရင်း
Young Top Six
Rayan Cherki
Max Dowman
Junior Kroupi
Kobbie Mainoo
Rio Ngumoha
Nico O'Reilly
ဘောလုံးချစ်သူများအနေနဲ့
ဘယ်သူ့ကို ရစေချင်ပါသလဲ ?
04/06/2026
အာဆင်နယ်အသင်း အပေါ် ပေါလ်စခိုးလ် အမြင်
“လူတွေက အာဆင်နယ်အနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ဖလားလေးရယူနိုင်ယုံနဲ့ အခုအချိန်ကစပြီး ဒီလိဂ်ကို လွှမ်းမိုးထားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပေမယ့် ကျနော်ကတော့ အဲဒီလိုမျိုး လုံးဝမမြင်ပါဘူး။
ဒီအသင်းကို ကြည့်ပြီး နောက်ထပ် လေးနှစ်၊ ငါးနှစ်လောက်အထိ ထူးထူးခြားခြား အင်အားကြီးမားနေမယ့် အသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့ တွေးရတာ ကျနော့်အတွက် တော်တော်ခက်ခဲပါတယ်။”
“ရိုးရိုးသားသားပြောရရင် လာမည့်ရာသီမှာ အာဆင်နယ်အသင်း အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ နေရာနဲ့ပဲ အဆုံးသတ်သွားမယ်ဆိုရင်တောင် ဒါဟာ ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခုအနေနဲ့ ဖြစ်လာမှာမဟုတ်ပါဘူး။
ယူနိုက်တက်က သူတို့ကိုကျော်ပြီး ချန်ပီယံဆုစိန်ခေါ်လာနိုင်ပါလိမ့်မယ်။”
🗣️ပေါလ်စခိုးလ်
#လအကြောင်း
31/05/2026
#တစ်ခါမှားတာနဲ့ စိတ်မပျက်ပါနဲ့
နောက်တစ်ကြိမ်အခွင့်အရေးအတွက်
ရုန်းထပါ #ဂါဘရီရယ် ရေ…
……..
30.5.2026 ည
ချန်ပီယံလိဂ်ဖိုင်နယ်မှာ
အာဆင်နယ် ရှုံးသွားခဲ့တယ်…
ဟုတ်ပါတယ် အာဆင်နယ် ရှုံးလို့
ကမ္ဘာတစ်ဝန်း ဂန်နားဖန်တွေ စိတ်မကောင်းဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ဘောလုံးလောကဆိုတာ ၂ သင်းကစားရတဲ့အတွက်
ဗိုလ်လုပွဲတွေမှာဆိုရင်
တစ်သင်းနိုင်ပြီး တစ်သင်းရှုံးရတာ သဘာဝပါပဲ။
နှစ်သင်းလုံး နိုင်လို့ မရသလို
နှစ်သင်းလုံးရှုံးတာဆိုတာလည်း မရှိပါဘူး
အခိုက်အတန့်အသေးလေးရဲ့ မြူပမာသေးငယ်တဲ့ကာလအခွင့်အရေးလေးကို အမှားအယွင်းမရှိ အသုံးချနိုင်သူပဲ
အနိုင်အောင်ပွဲကို ခံစားရစမြဲပါ။
အနိုင်ရတဲ့အသင်းကို ထိုက်တန်တဲ့ ဂုဏ်ပြုမှု ပေးရသလို၊ ရှုံးနိမ့်သွားတဲ့ အသင်းရဲ့ ကြိုးစားအားထုတ်မှုကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။
ဒီရာသီတစ်လျှောက် အာဆင်နယ်က ပရိသတ်တွေအတွက် မျှော်လင့်ချက်တွေ၊ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေ အများကြီး ဖန်တီးပေးခဲ့ပါတယ်။ ဒီနေ့ရလဒ်တစ်ခုတည်းနဲ့ အသင်းရဲ့ တန်ဖိုးကို တိုင်းတာလို့ မရပါဘူး။
အနိုင်ရတဲ့ PSG အသင်းကို ဂုဏ်ပြုပါတယ်။
ဒုတိယရတဲ့ အာဆင်နယ်ကိုလည်း ဆက်လက်အားပေးနေဦးမှာပါ။
ရှုံးနိမ့်မှုက အဆုံးသတ်မဟုတ်ပါဘူး…
နောက်ထပ် အောင်မြင်မှုတွေအတွက် သင်ခန်းစာအသစ်တစ်ခုပဲ ဖြစ်တယ်။
ဖိုင်နယ်ပွဲကြီးတွေရဲ့ နတ်ကြီးမှုက
ကမ္ဘာ့အကောင်းဆုံး (၈) ကြိမ်ရ မက်ဆီလို
ဂုတ်ကြီးတွေတောင် ဒုတိယအကြိမ်ကြိမ်ဖြစ်ရလို့
ခံစားခဲ့ရတာ အကြိမ်ကြိမ်ပါ။
ဒါပေမဲ့ မက်ဆီက (၂၀၂၂) ကမ္ဘာ့ဖလားမှာ
ပြန်ရုန်းပြနိုင်ခဲ့ပါတယ်။
ညက ပွဲမှာ အာဆင်နယ်ကစားသမား (၂) ယောက်တောင်
ပင်နယ်တီ လွဲခဲ့ကြပါတယ်။
🚨 ဒီကလန် ရိုက်စ်က အဇီး နဲ့ ဂါဘရီရယ်တို့ ပင်နယ်တီ လွဲခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောသလဲ ဆိုရင်
“ဒီရာသီ သူတို့နှစ်ယောက် မပါရင် ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလားတောင် ရခဲ့မှာ မဟုတ်ဘူး၊ ဒါကတော့ သေချာတယ်”။
ပင်နယ်တီတစ်လုံး လွဲတာက ဘာမှမဟုတ်ဘူး။ တစ်ရာသီလုံး အသင်းအတွက် ပေးဆပ်ခဲ့တာက ပိုအရေးကြီးတယ် လို့ ရိုက်စ် ကထပ်မံပြောခဲ့ပါသေးတယ်။
ဒါကြောင့်မို့လို့
ပြန်ရုန်းထပါ ဂါဘရီရယ် နဲ့ အက်ဇီးရေ
ပွဲတွေဆိုတာ နောက်လည်း လာဦးမှာပါ
အနိုင်ရတဲ့ PSG အသင်းကို ဂုဏ်ပြုပါတယ်။
ဒုတိယရတဲ့ အာဆင်နယ်ကိုလည်း ဆက်လက်အားပေးနေဦးမှာပါ။
30/05/2026
#စိတ်ဝင်စားစရာအကောင်းဆုံး
#ရင်ခုံစရာအကောင်းဆုံ
#ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကြီး
PSG vs ARSENAL
ဒီပွဲက တကယ်ကို “တန်းတူနီးပါး” ပွဲပါ။
တစ်ဖက်မှာ experience + attacking chaos အရမ်းကောင်းတဲ့ Paris Saint-Germain ၊
တစ်ဖက်မှာ structure + pressing + defense အကောင်းဆုံးထဲက တစ်သင်းဖြစ်တဲ့ Arsenal ပါ။
အခု ကျွန်တော်မြင်တဲ့အတိုင်း ကျယ်ကျယ်ဝန်းဝန်း သုံးသပ်ရမယ်ဆိုရင်—
⸻
ဒီပွဲရဲ့ အဓိက Theme ကတော့
“PSG ရဲ့ တိုက်စစ်စွမ်းရည်နဲ့
Arsenal ရဲ့ ထိန်းချုပ်မှုစွမ်းရည် ကို ရှုစားရမှာ ဖြစ်တယ်
PSG က transition attack တွေ၊ wing overload တွေ၊ one-vs-one dribble တွေ အရမ်းကြောက်ဖို့ကောင်းတယ်။
Arsenal ကတော့ game rhythm ကို control လုပ်တတ်တယ်။
Ball possession ရော pressing structure ရော disciplined ဖြစ်တယ်။
ဒါကြောင့် ဒီပွဲဟာ “ဘယ်သူ style impose လုပ်နိုင်မလဲ” ဆိုတာက အဓိက။
⸻
PSG ဘက်က အားသာချက်ကို ပြောရမယ်ဆိုရင်
1. Big-game experience
PSG က ချန်ပီယံကာကွယ်သူ ဖြစ်နေတယ်။
Champions League final pressure ကို သူတို့ ခံပြီးသား။သိပြီးသား။
⸻
2. Individual brilliance
PSG မှာ
* Khvicha Kvaratskhelia
* Ousmane Dembele
* Vitinha
ဒီလို match-winner type players တွေ ရှိတယ်။
အထူးသဖြင့် Kvaratskhelia က knockout stage မှာ insane form ဆိုပြီး analyst တွေ အများကြီး praise လုပ်နေကြတယ်။
တစ်ခါတလေ final တွေမှာ tactic ထက် “individual magic” က ပိုအရေးကြီးတတ်တယ်။
⸻
3. Arsenal right side ကို target လုပ်နိုင်တယ်
Arsenal ဘက်မှာ
Ben White out ဖြစ်နိုင်ပြီး
Jurrien Timber ကလည်း fitness doubt ရှိနေတယ်။
PSG wing attackers တွေက အဲ့ဒီနေရာကို repeat attack လုပ်နိုင်တယ်။
အထူးသဖြင့် Dembele vs makeshift fullback ဖြစ်လာရင် PSG အတွက် အရမ်းအန္တရာယ်ရှိနိုင်တယ်။
⸻
Arsenal ဘက်က အားသာချက်ကို ပြောရမယ်ဆိုရင်
1. Europe မှာ အကောင်းဆုံး defense ထဲက တစ်ခု
Arsenal ရဲ့ defensive structure က အရမ်း stable ဖြစ်တယ်။
* William Saliba
* Gabriel Magalhaes
* Declan Rice
ဒီ spine က world-class level နီးနီး ဖြစ်နေတယ်။
PSG လို fast attack team တွေကို defend လုပ်ဖို့ physicality + positioning အရမ်းလိုတယ်။ Arsenal မှာ အဲ့ဒါရှိတယ်။
⸻
2. Midfield control
Arsenal midfield က game tempo ကို control လုပ်တတ်တယ်။
Martin Odegaard နဲ့
Declan Rice combination က press resistance ကောင်းတယ်။ PSG ကို open game ဖြစ်ခွင့်မပေးဘဲ slow control game လုပ်နိုင်ရင် Arsenal သိသိသာသာ အသာစီးရသွားမယ်။
⸻
3. Set-piece danger
Final တွေမှာ set-piece က match winner ဖြစ်တတ်တယ်။
Arsenal က corners/free-kicks တွေမှာ အရမ်းအန္တရာယ်ရှိတယ်။
Gabriel, Saliba, Rice တို့ aerial duel အားကောင်းတယ်။
PSG open play ကောင်းပေမယ့် defensive set-piece မှာ တခါတလေ vulnerable ဖြစ်တတ်တယ်။
⸻
Tactical Battle
PSG #ဘာလုပ်မလဲ?
* ဧရိယာတွေ ကျယ်ကျယ်ရအောင် ထိုးဖောက်တိုက်စစ်ဆင်မယ်
* Fast transitions ပွဲအပြောင်းအလဲဖြစ်အောင် အမြန်ဆုံး အဟုန်တွေနဲ့ လှုပ်ရှားမယ်
* Arsenal ရဲ့ ကွင်းလယ်ခံစစ်နဲ့ နောက်တန်းအမာလိုင်းတွေထဲမှာ space ရအောင် ထိုးဖောက်လိမ့်မယ်
Luis Enrique က overload + fluid movement.သမား။
⸻
Arsenal #ဘာလုပ်မလဲ?
* အလယ်တန်းမှာ ကျစ်ကျစ်လစ်လစ် သေသေသပ်သပ် ကစားမယ်
* Possession control ကောင်းအောင် ကစားမယ်
* PSG မြန်နှုံးကို ထိန်းဖို့ tempo ချပြီး ကစားမယ်
* Rice ကို အဓိကထားကာ ဒိုင်းလို ဝန်းရံပြီး ကာကွယ်ကစားကြမယ်
Arteta က emotional game မဖြစ်အောင် ထိန်းချင်သူ။
⸻
Final ပွဲကြီးမှာ 70-minute နောက်ပိုင်း သက်လုံနဲ့ ဇွဲ က အရေးကြီးတယ်။
⸻
#အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်
တချို့အချိန်မှာ hunger (ဖလားဆာလောင်မှု)
ရှိတဲ့အသင်းက ပိုကြောက်ဖို့ကောင်းတယ်။
Arsenal fans တွေအတွက် ဒီ final က emotional weight ကြီးတယ်။
အဲ့ဒီ အခြေအနေကို စိတ်စွမ်းအားအဖြစ် ပွဲထဲမှာ မှန်မှန်ကန်ကန် အသုံးတည့်သွားပြီဆိုရင်တော့
အာဆင်နယ်က ကြောက်စရာကောင်းတဲ့ အသင်း ဖြစ်သွားမယ်။
⸻
ကျွန်တော့် အထင်အမြင်အရတော့
* First half = ပထမပိုင်းမှာ သတိကြီးကြီးနဲ့ ကစားကြရင်း
Arsenal က control possession ရအောင်လုပ်မယ်
PSG က counter threat ရအောင် လုပ်မယ်
* Second half = ဒုတိယပိုင်းမှာတော့ ချန်ပီယံဖလားကြီးအတွက် တိုက်စစ်ဆင်ကစားကြမယ် ထင်တယ်
Score Prediction
PSG 2-1 Arsenal
သို့မဟုတ်
PSG 1 - 2 Arsenal
သို့မဟုတ်
1-1 ဖြစ်ပြီး အချိန်ပို သွားရမယ် လို့ မြင်တယ်။
ဒါပေမယ့်—
Arsenal သာ အဖွင့်ဂိုး အရင်ဦးဆုံး သွင်းနိုင်ခဲ့ရင်
ပွဲက လုံးဝပြောင်းသွားနိုင်တယ်။
⸻
#စိတ်ဝင်စားစရာအကောင်းဆုံးအချက်
ဒီဖိုင်နယ်ပွဲက
အကောင်းဆုံး တိုက်စစ်အသင်း နဲ့
ဖွဲ့စည်းပုံ အကောင်းဆုံးအသင်း တို့ရဲ့
အပြိုင်းအရိုင်း ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့သလို ချန်ပီယံလုပွဲကြီးဖြစ်နေတဲ့ အတွက်
ဘောလုံးချစ်သူတို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး
ရင်ခုံစရာ အကောင်းဆုံ
final ပွဲ စစ်စစ်ကြီး ဖြစ်နိုင်တယ်။
25/05/2026
ကမ္ဘာတစ်ဝှမ်းက fan တွေ
နိုင်ငံပေါင်း (၁၀၀) ကျော် အောင်ပွဲခံခဲ့ကြတဲ့
ချန်ပီယံ အာဆင်နယ်
………
Arsenal F.C. အသင်း
ဖလားရတဲ့ဒီအခွင့်အရေးကြောင့်
ကမ္ဘာတစ်ဝှမ်းက fan တွေ အောင်ပွဲခံကြတာက တကယ်ကို ကြီးမားပါတယ်။
အတိအကျ “နိုင်ငံ ဘယ်နှနိုင်ငံ” လို့တော့
ရေတွက်ထားတဲ့ စာရင်း မရှိပေမဲ့ —
Arsenal fan club တွေ၊ supporters group တွေ ရှိတဲ့နိုင်ငံတွေကို ကြည့်ရင်
အနည်းဆုံး နိုင်ငံပေါင်း (၁၀၀)ကျော် လောက်မှာ Arsenal fan တွေ ရှိနေပါတယ်။
အထူးသဖြင့် —
* United Kingdom
* Myanmar
* Thailand
* India
* Nigeria
* Kenya
* United States
* Indonesia
* Malaysia
လို နိုင်ငံတွေမှာ fan base အရမ်းကြီးပါတယ်။
ဖလားရတဲ့ညကနေ အခုရက်ပိုင်းအထိ
လမ်းပေါ်ထွက်အောင်ပွဲခံတာ၊
Facebook post တင်တာ၊
pub တွေမှာစုကြည့်တာ၊
fireworks ဖောက်တာတွေကို ကမ္ဘာအနှံ့ တွေ့ရတတ်ပါတယ်။
ဟုတ်ပါတယ်
“အာဆင်နယ် ဖလားရတဲ့အတွက်
ကမ္ဘာတစ်ဝှမ်း fan တွေ လှုပ်ခတ်သွားခဲ့ပါတယ်”🔥
24/05/2026
အင်္ဂလန်၊ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံး
….
24.5.2026 တနင်္ဂနွေညမှာပဲ
လူကြိုက်အများဆုံး
အင်္ဂလန်၊ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ
ပြီးဆုံးသွားခဲ့ပါပြီ
အတိုဆုံးအနှစ်ချုပ်မှတ်တမ်းကတော့
ချန်ပီယံဆု = အာဆင်နယ်အသင်း
တစ်နှစ်တာလုံး အကောင်းဆုံးကစားသမားဆု = ဘရူနိုဖာနန်ဒက် (မန်ယူ)
အကောင်းဆုံး လူငယ်ကစားသမားဆု = အို ရိုင်းလေ (မန်စီးတီး)
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay